(Unicode)
အခုဆိုလျှင် မင်္ဂလာပွဲအပြီးမောင်နဲ့ရသနှစ်ဦးနေရန် ပန်းမေလက်ဖွဲ့ထားသော အိမ်လေးသို့ ရောက်ရှိခဲ့လေပြီ။ အိမ်အပြန်လမ်းမှာ တစ်လမ်းလုံး မောင်ကသူ့ကိုစကားပင်မပြောခဲ့သလို သူကလည်းမောင့်အား အရိပ်တကြည့်ကြည့်နှင့် စကားပင်မပြောခဲ့ပါ။တိတ်ဆိတ်နေခြင်းတို့ဖြင့် အေးစက်ကာ အကြည့်လေးတစ်ချက်တောင် သူ့အားမစွန့်ကြဲခဲ့ပါ။ကိုယ်မချစ်မနှစ်သက်တဲ့သူနဲ့ လက်ထပ်လိုက်ရတာဆိုတော့မင်းဘယ်ပျော်ပါ့မလဲ။ ငါ့အမှားပါ နှိုင်းခစေတန်...။
မင်းရသကရော? အင်း...ရသက ဘယ်လိုခံစားရသလဲဆိုတော့ ပျော်တာပေါ့။အရမ်းပျော်တာပေါ့။ ကိုယ်ချစ်ရတဲ့ လူသားနဲ့လက်ထပ်လိုက်ရတော့ ဘယ်မပျော်ပဲရှိပါ့မလဲ။ တစ်ခုလေးပဲ ခြွင်းချက်ပါ။ချစ်ခြင်းမေတ္တာကို မရခဲ့လေခြင်းပေါ့...။ မင်းရသ ချစ်ရသူအနားမှာ နေရခြင်းကိုပင် အကြိမ်ကြိမ်အခါခါ ကံတရားအားကျေးဇူးတင်နေမိသည်။ ဒီလောက်လေးပဲ...အင်း ဒီလောက်လေးပါပဲ။
ပါးပြင်ပေါ်သို့ မျက်ရည်တွေကလည်း မငိုပါပဲနှင့် ကျဆင်းလာလေသည်။ တစ်ယောက်သောသူ အကြောင်းတွေးလိုက်တိုင်း ဟောဒီမျက်ရည်တွေက မငိုပါပဲ ကျကျလာတတ်တာ။သိပ်မုန်းဖို့ကောင်းလိုက်တာ...။ ငါလည်း ကိုယ့်ကိုကိုယ် သူများဘဝကို ချုပ်နှောင်တဲ့ ဗီလိန်ကြီးမဖြစ်ချင်ပါဘူး မောင်။ မင်းရသဆိုတဲ့ကောင်ကလေ ဒီတစ်ကြိမ်လေးပဲ အတ္တကြီးမိတာပါ...။ မင်းကိုချစ်လို့။
မင်းရသ အိမ်ရှေ့ဒန်းပေါ်မှာ ထိုင်နေတုန်း အိမ်ထဲမှ ခြေနင်းသံတဒုန်းဒုန်းတို့အား ကြားလိုက်ရသည်။ မကြာမီမှာပင် နှိုင်းခစေတန်က အိမ်ပြင်သို့ ကားသော့ဆွဲကာထွက်လာသည်။ အချိန်ကလည်း ညခုနှစ်နာရီပင်ထိုးပေတော့မည်...။ဘယ်သွားမလို့ပါလိမ့်? ကားတံခါးအား ဖွင့်ရန်ပြင်နေသော နှိုင်းခစေတန်အား မင်းရသက...
"မင်းဘယ်သွားမလို့လဲ?''
နှိုင်းခစေတန်က မဖြေပဲ ကားပေါ်သို့သာ တက်သွားသည်မို့ မင်းရသကလည်း အပြေးသွားလိုက်ကာ ပိတ်ခါနီးတံခါးကို ကန့်လန့်ကိုင်လျက်...
" ငါမင်းကိုမေးနေတယ်လေ...''
သူ့အားစိတ်ပျက်ဟန်တစ်ချက်ကြည့်ကာ ကျွတ်စုတ်သပ်လိုက်သူ...။ ထို့နောက် ကားတံခါးပေါ်က သူ့လက်အားဖယ်ချကာ...
" မင်းနဲ့မဆိုင်ဘူးထင်တယ် မင်းရသ။ ''
" ဆိုင်တယ်လေ...ငါက''
" မင်းဒီနေရာမှာတင် စကားကိုရပ်လိုက်ရင် ကောင်းမယ်။ ငါတို့ပက်သက်မှုက စာချုပ်ပေါ်ကပဲ။ မင်းနဲ့ငါနဲ့က အရမ်းချစ်ကြလို့ တစ်ယောက်နဲ့တစ်ယောက်မြတ်နိုးလွန်းလို့ လက်ထပ်ထားကြတာ မဟုတ်ဘူးဆိုတာ မင်းမမေ့နဲ့ မင်းရသ။''
စကားနာတွေကြောင့် ရသဝမ်းနည်းစွာ ကြည့်နေစဥ်မှာပဲ မောင်က ကားကိုဝူးခနဲမောင်းထွက်သွားလေသည်။ ဘာလို့အမြဲတမ်း ငါဒီလိုချန်ရစ်ခံခဲ့ရတာလဲ? ငါ့ဘဝမှာ အမြဲတမ်း...။
ထိုနေရာလေးမှာပဲ ရသထိုင်ချကာ မျက်ရည်ကျမိသည်။ထိုလူနှင့်ပက်သက်လျှင် ယောက်ျားတန်မဲ့ မျက်ရည်ကျတတ်သည့် ကိုယ့်ကိုကိုယ်မုန်းသည်။ အခုဆိုလျှင် ဒီအိမ်ကြီးမှာ သူ့တစ်ယောက်ထဲ။ဘယ်အချိန်ပြန်လာမလဲမသိသူက သူ့အားစွန့်ခွာသွားလေသည်။အားငယ်သည်ဟူသော ခံစားချက်က ရင်ဘတ်ထဲအရှိန်တစ်ခုဖြင့်တိုးဝင်လာခဲ့သည်။ အရာအားလုံးက ငါမင်းကို အရူးစိတ်ပေါက်လောက်အောင်၊ ငါ့ဘဝငါတန်ဖိုးမထားတတ်အောင် ချစ်မိလို့။ မင်းကိုချစ်မိလို့...။
တစ်နေ့နေ့တစ်ချိန်ချိန်မှာတောင် ဒီဝဋ်ကကျွတ်နိုင်မယ်လို့ ငါမထင်ဘူး...။ မင်းကို နောက်နောင်ဘဝထိတောင် ချစ်သွားချင်မိတဲ့ငါ့မှာ ဝဋ်ကြွေးဆိုတာ နောက်ဘဝအထိ သယ်သွားရမယ့်အရာ...။ မကြေနိုင်တော့ပါပဲလား...။
____________
နှိုင်းခစေတန်ရဲ့ရှေ့သို့လာပြီး မိမိလက်ထဲက ဝီစကီခွက်ကို ယူကာမော့သောက်လိုက်ပါသော သူမ...။ နှိုင်းခစေတန်သည် သရဖီဆောင်းအား တစ်ချက်မျှသာ ကြည့်လိုက်ပြီး ရှေ့ကိုသာပြန်ပြီးအကြည့်ပို့လိုက်သည်။ပက်သက်လိုစိတ်မရှိပေမယ့် အခုချိန်မှာ သူလည်းမငြင်းဆန်နိုင်။သူမက နှိုင်းပုခုံးပေါ်သို့ လက်တစ်ဖက်တင်လိုက်ကာ...
" သရဖီထင်တာမလွဲဘူးပဲ...စေတန်ဒီကိုလာမယ်ထင်လို့စောင့်နေတာ''
ချထားသော ဆံပင်ရွှေဝါရောင်တွေကို ပုခုံးနောက်သို့ ဟန်ပါပါပို့လွှတ်လိုက်ရင်း ပြောလာပါသော သရဖီ။ ပြိုးပြိုးပြက်ပြက် အလင်းရောင်အချို့က သူမခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေသည်။ ပေါင်လယ်သာရှိသော စကပ်အကျပ်နှင့်ရင်ဟိုက်အင်္ကျီက သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကို လှစ်ပြနေသလို...။
" ဆိုတော့...စေတန့်ရဲ့အသစ်စက်စက် ခင်ပွန်းလေးကရော...''
အထာပါပါပြုံးပြကာ ဆိုလာသော သရဖီ့စကားကြောင့် နှိုင်းခစေတန် ကျွတ်စုတ်သပ်မိသည်။
"ကိုယ်နဲ့ဘာဆိုဘာမှ မသက်ဆိုင်တဲ့သူသို ဘာလို့ဂရုစိုက်နေရမှာလဲ?''
" အို...စေတန်ကလည်း...အဲ့ဒီကောင်လေး အိမ်မှာတစ်ယောက်ကျန်ခဲ့တာမလား။ တော်ကြာ မတော်တရော် တစ်ခုခုများဖြစ်သွားမှဖြင့်...''
" ဘာဖြစ်မှာမို့လို့လဲ?''
ဖန်ခွက်အသစ်တစ်ခွက်ကိုယူကာ ပုလင်းထဲမှဝီစကီတွေကိုအကုန်ထည့်လိုက်ပြီး တစ်ကျိုက်မော့သောက်မိသလို လည်ချောင်းတစ်လျှောက်ပြင်းရှနေသည်။
" စေတန်က သူ့ကိုမချစ်ဘူးမလား။ကောင်လေးက ချစ်စရာလေးရယ်...အဲ့ဒီတော့ မသကာ သူ့ကိုများချစ်နေတဲ့သူတစ်ယောက်ယောက်က စေတန်မရှိတုန်း...''
" အခုချိန်က သူနဲ့ဆိုင်တဲ့အကြောင်းတွေပြောနေရမယ့်အချိန်မဟုတ်ဘူး သရဖီ။ သူနဲ့ပက်သက်တာကိုယ်ဘာမှမသိချင်ဘူး...။''
"အိုကေပါရှင်...''
ထို့နောက် ခဏလောက်ငြိမ်သွားပြီးနောက် သရဖီ့ရဲ့လက်တွေက နှိုင်းခစေတန်ရဲ့ ပေါင်ပေါ်သို့ရောက်လာသည်။ သူမတစ်ချက်ကြည့်လိုက်တော့ သူမကလည်း ခပ်ညုညုပြန်လည်ကြည့်ကာ...
" စေတန့်ကို အရင်ထဲက သရဖီစိတ်ဝင်စားနေတာ သိတယ်မဟုတ်လားဟင်''
နှိုင်းဘာမှပြန်မပြောပဲ ပြုံးသာပြုံးနေလိုက်သည်။ ဘယ်လောက်အတိုင်းအတာထိသွားနိုင်မလဲ...အလိုက်သင့်စီးမျောရတာပေါ့။
"စေတန့်ရဲ့ မင်္ဂလာဦးညကိုလေ မချစ်မနှစ်သက်တဲ့ မျိုးတူယောက်ျားတစ်ယောက်ဆီမှာ ကုန်ဆုံးရမယ့်အစား ဒီညသရဖီနဲ့ပဲ ကုန်ဆုံးရအောင်...''
". . . "
" စေတန်...သရဖီက စေတန့်အတွက်ဆို ဘဝတစ်ခုလုံးကိုပါ ပုံပေးတာပါ။ စေတန့်ကို အရမ်းသဘောကျလို့ အခုလိုစေတန်က အိမ်ထောင်သည်တစ်ယောက်ဖြစ်သွားတာတောင် ကိုယ့်ကိုကိုယ်ပုံအပ်ချင်နေမိတာ...''
နှိုင်းခစေတန်ရဲ့ စိတ်ထဲတွင် ဘာဆိုဘာမှကိုပင် မခံစားရ...။ မိမိရှေ့မှ သရဖီကလည်း မျက်နှာလေးအား ချစ်စဖွယ်လုပ်ပြီး ညှို့သလိုကြည့်နေသည်။ သို့သော် သူ့အတွက်တော့ မြောက်မြားစွာသော မိန်းမတွေထဲမှ တစ်ယောက်ပါပင်...။မျက်လုံးထဲပေါ်လာသည့် မျက်နှာနုနုကြောင့် သက်ပြင်းချမိသလို စိတ်ကရှုပ်ထွေးလာရသည်။ဘယ်လိုအတင့်ရဲမှုမျိုးနဲ့ ငါ့အာရုံထဲပေါ်လာရဲရတာလဲ မင်းရသ။
" အိုကေလေ...သရဖီ။ သွားကြတာပေါ့''
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<
[အတိတ်ရပ်ဝန်း-ပျော်ရွှင်မှုဆီလှမ်းရာ]
အခုဆိုလျှင် မင်းရသရော၊ မြတ်ပန်းမေရော ၊ ဝဏ္ဏမင်းထင်ပါ ရှစ်တန်းကျောင်းသားများအရွယ်သို့ ရောက်ကြပြီဖြစ်သည်။ နှစ်ပြောင်းလဲသွားသည့်တိုင် မပြောင်းလဲသည်က မိမိနှင့်ပက်သက်လျှင် ရန်ဖြစ်တတ်ကြပါသော ဝဏ္ဏနဲ့ပန်းမေ၊ မင်းရသဘေးမှာသာ ထိုင်တုန်းဖြစ်သည့် ဝဏ္ဏမင်းထင်...။ အရာရာက မပြောင်းလဲပါ။ပြောင်းလဲသည်ဆိုရင်လည်း မိမိတို့အရွယ်တွေသာ ရှိလိမ့်မည်ဟု ထင်ပါသည်။ ပန်းမေကတော့ ခပ်စွာစွာနေသည့်ကြားမှ သဘောကျတဲ့သူတွေ ပိုများလာတာကလွဲလို့ပေါ့...။ မင်းရသကတော့ မိန်းကလေးတွေကြိုက်လျှင်တောင် ပြန်လှည့်မကြည့်သည့် အစားမျိုးပေမို့...။
မိမိစာလုပ်နေတုန်း ဘေးမှတစ်ချိန်လုံးမေးထောက်ကာ ကြည့်နေသော ဝဏ္ဏမင်းထင်...။ မင်းရသလည်း အတော့်ကိုနေရခက်လာသည်။ သူက လမ်းမလယ်ခေါင်မှာ လူတွေကြည့်ဖို့ ပြထားတဲ့ ပန်းပုရုပ်ထုလည်းမဟုတ်။ ဘာလို့များ အဲ့ဒီလောက်စိုက်ကြည့်နေရတာလဲ။ မိမိအား ဝဏ္ဏအဲ့ဒီလိုကြီး စိုက်ကြည့်နေတော့ မင်းရသလည်း လုံးဝကို မနေတတ်တော့ပါ...။
မတတ်နိုင်တော့သည့်အဆုံး ဘောပင်ကိုဆောင့်ချကာ ဝဏ္ဏမင်းထင်အား ခပ်ဆတ်ဆတ်ကြည့်ပေးလိုက်ပါသည်...။ အဲ့ဒီထိကို အဲ့ဒီသတ္တဝါက အပြုံးမပျက်ကြည့်နေဆဲ...။
" ဝဏ္ဏမင်းထင်...ဘယ်လိုဖြစ်နေတာလဲ?''
" ဘယ်လိုမှမဖြစ်ပါဘူး...ဘာဖြစ်လို့လဲ''
တကယ်ကို မင်းရသရဲ့ အထင်ကြီးက လုံးဝမှားယွင်းခဲ့တာပါ။ ကိုယ့်မှာတော့ ငယ်ငယ်က ကိုယ့်ကိုအနိုင်ကျင့်ခဲ့တဲ့သူဆိုပြီး မျက်လုံးချင်းပင်မဆုံနိုင်အောင် ကြောက်ခဲ့ရ၊ သူ့ရှေ့ရောက်ရင် စကားတွေထစ်ခဲ့ရနှင့်။ နောက်ဆုံးတော့ ပေါင်းကြည့်မှပင် တကယ်ကို အမြင်ကတ်စရာကောင်းအောင် သူထင်နေတာနှင့် မတူသည်ကို တွေ့ရပေတော့သည်...။
"မင်းအခုငါ့ကိုတစ်ချိန်လုံးစိုက်ကြည့်နေတာ မဟုတ်လို့ဘာလဲ''
" အင်း...အဲ့ဒါလေးပဲလေ။ ဘာဖြစ်လို့လဲ''
" ဘာ...။ဘာ အဲ့ဒါလေးပဲ။ မင်းငါ့ကိုအဲ့ဒီလိုကြီးစိုက်ကြည့်နေတော့ ငါမနေတတ်ဘူး...ကိုယ့်ဘာသာလုပ်စရာရှိတဲ့စာ မလုပ်နေပဲနဲ့ ငါ့ကိုများ လာကြည့်နေရတယ်လို့...''
ဝဏ္ဏမင်းထင်က လက်နှစ်ဖက်အားဆန့်တန်းလိုက်ကာ...
" ငါလုပ်စရာရှိတဲ့စာကိုလုပ်နေပါတယ်...''
" ဘယ်နားမှာ မင်းလုပ်နေတာလဲ...ငါ့ကိုပဲ မေးထောက်ပြီးစိုက်ကြည့်နေတာလေ...''
ဝဏ္ဏက ပြုံးကာ...
" အဲ့ဒါကိုက ငါ့အတွက်လုပ်စရာရှိတဲ့ စာပဲလေ...''
မင်းရသက ပြန်ပြောမယ်လုပ်ကာ သူ့အနားသို့ တဖြည်းဖြည်းတိုးလာပါသော ဝဏ္ဏမင်းထင်...။ နီးကပ်လွန်း၍ ခန္ဓာကိုယ်နှစ်ခုပင် ထိနေလေပြီ။
" ငါ့အတွက် မင်းရဲ့မျက်နှာပေါ်က ချစ်စရာအစိတ်အပိုင်းလေးတွေ တစ်ခုချင်းစီကို လိုက်မှတ်ပြီး ကြည့်နေရတာကိုက လုပ်ရမယ့်စာပဲ...''
မိမိနား,နားကပ်ကာ ပြောလိုက်ပါသော ဝဏ္ဏ၏ စကားအဆန်းကြောင့် မင်းရသရင်ထဲလှပ်ခနဲ တစ်မျိုးကြီး ခံစားသွားရသည်။ ဘေးခုံက သူတွေကလည်းသူတို့အာရုံနှင့်သူတို့မို့ မင်းရသနဲ့ ဝဏ္ဏမင်းထင်အား လှည့်ပင်မကြည့်ကြမပါ။ မင်းရသမျက်နှာရဲ့ အနီးမှာရှိသည့် ဝဏ္ဏမင်းထင်မျက်နှာကတော့ သူ့အားစူးရှရှစိုက်ကြည့်ကာ ပြုံးလို့နေလေ၏...။ ဘယ်လိုတွေ လာကြည့်နေတာလဲ...ဒီသတ္တဝါတော့။
"ဖယ်ကွာ''
ကိုယ့်နားကပ်နေသော သူ့ခန္ဓာကိုယ်အား မင်းရသ အားဖြင့်တွန်းလိုက်ကာ မျက်စောင်းထိုးမိသည်။
" ငါ့ကိုမင်းဘယ်လိုတွေ လာဆက်ဆံနေတာလဲ ''
" မင်းရသကို မင်းရသလို့ပဲ ဆက်ဆံတာပါ''
မိမိစကားကို လှည့်ကာကွေ့ပတ်ရင်း ပြန်ပြန်ပြောတတ်သော ဝဏ္ဏမင်းထင်အား မင်းရသ ကိုင်ပင်ဆောင့်လိုက်ချင်ပါတော့သည်။
" မင်း...ငါပြောမယ်။မင်းက...''
" ဘာပြောမလို့လဲ...ကောင်ချောလေးခင်ဗျ''
သူ့ကိုလက်ညှိုးထိုးလိုက်ပါသော မင်းရသ၏ လက်ညှိုးကိုကိုင်ကာ သူ့ရင်ဘတ်နှင့်ကပ်လိုက်ပါသော ဝဏ္ဏမင်းထင်...။ ဒီကာလနာကတော့ တကယ်ပါပဲ...။
"လုပ်ပြန်ပြီ...တကယ်ပဲ ဘယ်လိုဖြစ်နေတာလဲလို့ဆို''
"ချစ်လို့... အဲလေ ယောက်ျားကြီးက ဟောဒီက ယောက်ျားလေးကို ချစ်လို့...''
ဝဏ္ဏမင်းထင် ပြောချလိုက်သည့်စကားကြီးကြောင့် မင်းရသမျက်နှာတစ်ခုလုံး ရေနွေးပူပူပက်ခံလိုက်ရသလို ဖြန်းခနဲ ပူသွားရသလို ခရမ်းချဥ်သီးလိုပါ နီမြန်းလာသည်။
" ဝ ဏ္ဏ မင်း ထင်''
မင်းရသစိတ်တိုတိုနှင့် စားပွဲခုံပေါ်က ရေဘူးနှင့် ကောက်ထုဖို့ပြင်တော့...
" ယောက်ျားလေးက ကိုယ့်ယောက်ျားကြီးကို လုပ်ရက်လို့လား?''
" မင်း...''
လက်ကို ထပ်ရွယ်ချိန်မှာပဲ....
''မဂ်လာပါ...ဆရာမ ''
အတန်းထဲသို့ ဆရာမဝင်လာသဖြင့် မင်းရသလည်း လက်ထဲမှ ရေဘူးကိုချလိုက်ရသည်။ သို့သော် မျက်လုံးတို့မှ ဝဏ္ဏမင်းထင်အား ကြည့်နေသည့် ခပ်စူးစူးမျက်စောင်းတွေကတော့ မာန်မကျသွားပါ။ စာအုပ်ထုတ်နေရင်းနှင့်ပင်...
" မင်းငါ့နားကပ်မလာနဲ့။ လာလည်းလာမခေါ်နဲ့... ထပ်ခေါ်ရင် ဖိနပ်နဲ့ကောက်ပေါက်ပစ်မှာ...''
အလေးပြုသည့်ပုံစံလုပ်ကာ အခွက်လာပြောင်နေသော ဝဏ္ဏမင်းထင်၏ လက်မောင်းအား စာအုပ်နှင့်ရအောင်ပင် ရိုက်လိုက်ပါသေးသည်...။ တကယ်ကို အမြင်ကတ်ဖို့ကောင်းလိုက်တာထပ်ကို ပိုပိုပြီးအမြင်ကတ်ဖို့ကောင်းတဲ့ သတ္တဝါ...။
TBC.
Thank you all.
(Zawgyi)
အခုဆိုလွ်င္ မဂၤလာပြဲအၿပီးေမာင္နဲ႔ရသႏွစ္ဦးေနရန္ ပန္းေမလက္ဖြဲ႕ထားေသာ အိမ္ေလးသို႔ ေရာက္ရွိခဲ့ေလၿပီ။ အိမ္အျပန္လမ္းမွာ တစ္လမ္းလုံး ေမာင္ကသူ႔ကိုစကားပင္မေျပာခဲ့သလို သူကလည္းေမာင့္အား အရိပ္တၾကည့္ၾကည့္ႏွင့္ စကားပင္မေျပာခဲ့ပါ။တိတ္ဆိတ္ေနျခင္းတို႔ျဖင့္ ေအးစက္ကာ အၾကည့္ေလးတစ္ခ်က္ေတာင္ သူ႔အားမစြန္႔ႀကဲခဲ့ပါ။ကိုယ္မခ်စ္မႏွစ္သက္တဲ့သူနဲ႔ လက္ထပ္လိုက္ရတာဆိုေတာ့မင္းဘယ္ေပ်ာ္ပါ့မလဲ။ ငါ့အမြားပါ ႏႈိင္းခေစတန္...။
မင္းရသကေရာ? အင္း...ရသက ဘယ္လိုခံစားရသလဲဆိုေတာ့ ေပ်ာ္တာေပါ့။အရမ္းေပ်ာ္တာေပါ့။ ကိုယ္ခ်စ္ရတဲ့ လူသားနဲ႔လက္ထပ္လိုက္ရေတာ့ ဘေယၼပ္ာၸဲ႐ြိပါ့မလဲ။ တစ္ခုေလးပဲ ႁခြင္းခ်က္ပါ။ခ်စ္ျခင္းေမတၱာကို မရခဲ့ေလျခင္းေပါ့...။ မင္းရသ ခ်စ္ရသူအနားမွာ ေနရျခင္းကိုပင္ အႀကိမ္ႀကိမ္အခါခါ ကံတရားအားေက်းဇူးတင္ေနမိသည္။ ဒီေလာက္ေလးပဲ...အင္း ဒီေလာက္ေလးပါပဲ။
ပါးျပင္ေပၚသို႔ မ်က္ရည္ေတြကလည္း မငိုပါပဲႏွင့္ က်ဆင္းလာေလသည္။ တစ္ေယာက္ေသာသူ အေၾကာင္းေတြးလိုက္တိုင္း ေဟာဒီမ်က္ရည္ေတြက မငိုပါပဲ က်က်လာတတ္တာ။သိပ္မုန္းဖို႔ေကာင္းလိုက္တာ...။ ငါလည္း ကိုယ့္ကိုကိုယ္ သူမ္ားဘဝကို ခ်ဳပ္ေႏွာင္တဲ့ ဗီလိန္ႀကီးမျဖစ္ခ်င္ပါဘူး ေမာင္။ မင္းရသဆိုတဲ့ေကာင္ကေလ ဒီတစ္ႀကိမ္ေလးပဲ အတၱႀကီးမိတာပါ...။ မင္းကိုခ်စ္လို႔။
မင္းရသ အိမ္ေရွ႕ဒန္းေပၚမွာ ထိုင္ေနတုန္း အိမ္ထဲမွ ေျခနင္းသံတဒုန္းဒုန္းတို႔အား ၾကားလိုက္ရသည္။ မၾကာမီမွာပင္ ႏႈိင္းခေစတန္က အိမ္ျပင္သို႔ ကားေသာ့ဆြဲကာထြက္လာသည္။ အခ်ိန္ကလည္း ညခုႏွစ္နာရီပင္ထိုးေပေတာ့မည္...။ဘယ္သြားမလို႔ပါလိမ့္? ကားတံခါးအား ဖြင့္ရန္ျပင္ေနေသာ ႏႈိင္းခေစတန္အား မင္းရသက...
"မင္းဘယ္သြားမလို႔လဲ?''
ႏႈိင္းခေစတန္က မေျဖပဲ ကားေပၚသို႔သာ တက္သြားသည္မို႔ မင္းရသကလည္း အေျပးသြားလိုက္ကာ ပိတ္ခါနီးတံခါးကို ကန္႔လန္႔ကိုင္လ်က္...
" ငါမင္းကိုေမးေနတယ္ေလ...''
သူ႔အားစိတ္ပ်က္ဟန္တစ္ခ်က္ၾကည့္ကာ ကြၽတ္စုတ္သပ္လိုက္သူ...။ ထို႔ေနာက္ ကားတံခါးေပၚက သူ႔လက္အားဖယ္ခ်ကာ...
" မင္းနဲ႔မဆိုင္ဘူးထင္တယ္ မင္းရသ။ ''
" ဆိုင္တယ္ေလ...ငါက''
" မင္းဒီေနရာမွာတင္ စကားကိုရပ္လိုက္ရင္ ေကာင္းမယ္။ ငါတို႔ပက္သက္မႈက စာခ်ဳပ္ေပၚကပဲ။ မင္းနဲ႔ငါနဲ႔က အရမ္းခ်စ္ၾကလို႔ တစ္ေယာက္နဲ႔တစ္ေယာက္ျမတ္ႏိုးလြန္းလို႔ လက္ထပ္ထားၾကတာ မဟုတၻဴးဆိုတာ မင္းမေမ့နဲ႔ မင္းရသ။''
စကားနာေတြေၾကာင့္ ရသဝမ္းနည္းစြာ ၾကည့္ေနစဥ္မွာပဲ ေမာင္က ကားကိုဝူးခနဲေမာင္းထြက္သြားေလသည္။ ဘာလို႔အၿမဲတမ္း ငါဒီလိုခ်န္ရစ္ခံခဲ့ရတာလဲ? ငါ့ဘဝမြာ အၿမဲတမ္း...။
ထိုေနရာေလးမွာပဲ ရသထိုင္ခ်ကာ မ်က္ရည္က်မိသည္။ထိုလူႏွင့္ပက္သက္လွ်င္ ေယာက္်ားတန္မဲ့ မ်က္ရည္က်တတ္သည့္ ကိုယ့္ကိုကိုယ္မုန္းသည္။ အခုဆိုလွ်င္ ဒီအိမ္ႀကီးမွာ သူ႔တစ္ေယာက္ထဲ။ဘယ္အခ်ိန္ျပန္လာမလဲမသိသူက သူ႔အားစြန္႔ခြာသြားေလသည္။အားငယ္သည္ဟူေသာ ခံစားခ္ကၠ ရင္ဘတ္ထဲအရွိန္တစ္ခုျဖင့္တိုးဝင္လာခဲ့သည္။ အရာအားလုံးက ငါမင္းကို အ႐ူးစိတ္ေပါက္ေလာက္ေအာင္၊ ငါ့ဘဝငါတန္ဖိုးမထားတတ္ေအာင္ ခ်စ္မိလို႔။ မင္းကိုခ်စ္မိလို႔...။
တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာေတာင္ ဒီဝဋ္ကကြၽတ္ႏိုင္မယ္လို႔ ငါမထင္ဘူး...။ မင္းကို ေနာက္ေနာင္ဘဝထိေတာင္ ခ်စ္သြားခ်င္မိတဲ့ငါ့မွာ ဝဋ္ေႂကြးဆိုတာ ေနာက္ဘဝအထိ သယ္သြားရမယ့္အရာ...။ မေၾကႏိုင္ေတာ့ပါပဲလား...။
____________
ႏႈိင္းခေစတန္ရဲ႕ေရွ႕သို႔လာၿပီး မိမိလက္ထဲက ဝီစကီျခကၠို ယူကာေမာ့ေသာက္လိုက္ပါေသာ သူမ...။ ႏႈိင္းခေစတန္သည္ သရဖီေဆာင္းအား တစ္ခ်က္မွ်သာ ၾကည့္လိုက္ၿပီး ေရွ႕ကိုသာျပန္ၿပီးအၾကည့္ပို႔လိုက္သည္။ပက္သက္လိုစိတ္မရွိေပမယ့္ အခုခ်ိန္မွာ သူလည္းမျငင္းဆန္ႏိုင္။သူမက ႏႈိင္းပုခုံးေပၚသို႔ လက္တစ္ဖက္တင္လိုက္ကာ...
" သရဖီထင္တာမလြဲဘူးပဲ...ေစတန္ဒီကိုလာမယ္ထင္လို႔ေစာင့္ေနတာ''
ခ်ထားေသာ ဆံပင္ေ႐ႊဝါေရာင္ေတြကို ပုခုံးေနာက္သို႔ ဟန္ပါပါပို႔လႊတ္လိုက္ရင္း ေျပာလာပါေသာ သရဖီ။ ၿပိဳးၿပိဳးျပက္ျပက္ အလင္းေရာင္အခ်ိဳ႕က သူမခႏၶာကိုယ္ေပၚသို႔ ျဖာက်ေနသည္။ ေပါင္လယ္သာရွိေသာ စကပ္အက်ပ္ႏွင့္ရင္ဟိုက္အက်ႌက သူမရဲ႕ ခႏၶာကိုယ္ေကာက္ေၾကာင္းအလွေတြကို လွစ္ျပေနသလို...။
" ဆိုေတာ့...ေစတန္႔ရဲ႕အသစ္စက္စက္ ခင္ပြန္းေလးကေရာ...''
အထာပါပါၿပဳံးျပကာ ဆိုလာေသာ သရဖီ့စကားေၾကာင့္ ႏႈိင္းခေစတန္ ကြၽတ္စုတ္သပ္မိသည္။
"ကိုယ္နဲ႔ဘာဆိုဘာမွ မသက္ဆိုင္တဲ့သူသို ဘာလို႔ဂ႐ုစိုက္ေနရမွာလဲ?''
" အို...ေစတန္ကလည္း...အဲ့ဒီေကာင္ေလး အိမ္မွာတစ္ေယာက္က်န္ခဲ့တာမလား။ ေတာ္ၾကာ မေတာ္တေရာ္ တစ္ခုခုမ်ားျဖစ္သြားမွျဖင့္...''
" ဘာျဖစ္မွာမို႔လို႔လဲ?''
ဖန္ခြက္အသစ္တစ္ခြက္ကိုယူကာ ပုလင္းထဲမွဝီစကီေတြကိုအကုန္ထည့္လိုက္ၿပီး တစ္က်ိဳက္ေမာ့ေသာက္မိသလို လည္ေခ်ာင္းတစ္ေလွ်ာက္ျပင္းရွေနသည္။
" ေစတန္က သူ႔ကိုမခ်စ္ဘူးမလား။ေကာင္ေလးက ခ်စ္စရာေလးရယ္...အဲ့ဒီေတာ့ မသကာ သူ႔ကိုမ်ားခ်စ္ေနတဲ့သူတစ္ေယာက္ေယာက္က ေစတန္မရွိတုန္း...''
" အခုခ်ိန္က သူနဲ႔ဆိုင္တဲ့အေၾကာင္းေတြေျပာေနရမယ့္အခ်ိန္မဟုတ္ဘူး သရဖီ။ သူနဲ႔ပက္သက္တာကိုယ္ဘာမွမသိခ်င္ဘူး...။''
"အိုေကပါရွင္...''
ထို႔ေနာက္ ခဏေလာက္ၿငိမ္သြားၿပီးေနာက္ သရဖီ့ရဲ႕လက္ေတြက ႏႈိင္းခေစတန္ရဲ႕ ေပါင္ေပၚသို႔ေရာက္လာသည္။ သူမတစ္ခ်က္ၾကည့္လိုက္ေတာ့ သူမကလည္း ခပ္ညဳညဳျပန္လည္ၾကည့္ကာ...
" ေစတန္႔ကို အရင္ထဲက သရဖီစိတ္ဝင္စားေနတာ သိတယ္မဟုတ္လားဟင္''
ႏႈိင္းဘာမွျပန္မေျပာပဲ ၿပဳံးသာၿပဳံးေနလိုက္သည္။ ဘယ္ေလာက္အတိုင္းအတာထိသြားႏိုင္မလဲ...အလိုက္သင့္စီးေမ်ာရတာေပါ့။
"ေစတန္႔ရဲ႕ မဂၤလာဦးညကိုေလ မခ်စ္မႏွစ္သက္တဲ့ မ်ိဳးတူေယာက္်ားတစ္ေယာက္ဆီမွာ ကုန္ဆုံးရမယ့္အစား ဒီညသရဖီနဲ႔ပဲ ကုန္ဆုံးရေအာင္...''
". . . "
" ေစတန္...သရဖီက ေစတန္႔အတြက္ဆို ဘဝတစၡဳလုံးကိုပါ ပုံေပးတာပါ။ ေစတန္႔ကို အရမ္းသေဘာက်လို႔ အခုလိုေစတန္က အိမ္ေထာင္သည္တစ္ေယာက္ျဖစ္သြားတာေတာင္ ကိုယ့္ကိုကိုယ္ပုံအပ္ခ်င္ေနမိတာ...''
ႏႈိင္းခေစတန္ရဲ႕ စိတ္ထဲတြင္ ဘာဆိုဘာမွကိုပင္ မခံစားရ...။ မိမိေရွ႕မွ သရဖီကလည္း မ်က္ႏွာေလးအား ခ်စ္စဖြယ္လုပ္ၿပီး ညႇိဳ႕သလိုၾကည့္ေနသည္။ သို႔ေသာ္ သူ႔အတြက္ေတာ့ ေျမာက္ျမားစြာေသာ မိန္းမေတြထဲမွ တစ္ေယာက္ပါပင္...။မ်က္လုံးထဲေပၚလာသည့္ မ်က္ႏွာႏုႏုေၾကာင့္ သက္ျပင္းခ်မိသလို စိတ္ကရႈပ္ေထြးလာရသည္။ဘယ္လိုအတင့္ရဲမႈမ်ိဳးနဲ႔ ငါ့အာ႐ုံထဲေပၚလာရဲရတာလဲ မင္းရသ။
" အိုေကေလ...သရဖီ။ သြားၾကတာေပါ့''
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<
[အတိတ္ရပ္ဝန္း-ေပ်ာ္႐ႊင္မႈဆီလွမ္းရာ]
အခုဆိုလွ်င္ မင္းရသေရာ၊ ျမတ္ပန္းေမေရာ ၊ ဝဏၰမင္းထင္ပါ ရွစ္တန္းေက်ာင္းသားမ်ားအ႐ြယ္သို႔ ေရာက္ၾကၿပီျဖစ္သည္။ ႏွစ္ေျပာင္းလဲသြားသည့္တိုင္ မေျပာင္းလဲသည္က မိမိႏွင့္ပက္သက္လွ်င္ ရန္ျဖစ္တတ္ၾကပါေသာ ဝဏၰနဲ႔ပန္းေမ၊ မင္းရသေဘးမွာသာ ထိုင္တုန္းျဖစ္သည့္ ဝဏၰမင္းထင္...။ အရာရာက မေျပာင္းလဲပါ။ေျပာင္းလဲသည္ဆိုရင္လည္း မိမိတို႔အ႐ြယ္ေတြသာ ရွိလိမ့္မည္ဟု ထင္ပါသည္။ ပန္းေမကေတာ့ ခပ္စြာစြာေနသည့္ၾကားမွ သေဘာက်တဲ့သူေတြ ပိုမ်ားလာတာကလြဲလို႔ေပါ့...။ မင္းရသကေတာ့ မိန္းကေလးေတြႀကိဳက္လွ်င္ေတာင္ ျပန္လွည့္မၾကည့္သည့္ အစားမ်ိဳးေပမို႔...။
မိမိစာလုပ္ေနတုန္း ေဘးမွတစ္ခ်ိန္လုံးေမးေထာက္ကာ ၾကည့္ေနေသာ ဝဏၰမင္းထင္...။ မင္းရသလည္း အေတာ့္ကိုေနရခက္လာသည္။ သူက လမ္းမလယ္ေခါင္မွာ လူေတြၾကည့္ဖို႔ ျပထားတဲ့ ပန္းပု႐ုပ္ထုလည္းမဟုတ္။ ဘာလို႔မ်ား အဲ့ဒီေလာက္စိုက္ၾကည့္ေနရတာလဲ။ မိမိအား ဝဏၰအဲ့ဒီလိုႀကီး စိုက္ၾကည့္ေနေတာ့ မင္းရသလည္း လုံးဝကို မေနတတ္ေတာ့ပါ...။
မတတ္ႏိုင္ေတာ့သည့္အဆုံး ေဘာပင္ကိုေဆာင့္ခ်ကာ ဝဏၰမင္းထင္အား ခပ္ဆတ္ဆတ္ၾကည့္ေပးလိုက္ပါသည္...။ အဲ့ဒီထိကို အဲ့ဒီသတၱဝါက အၿပဳံးမပ်က္ၾကည့္ေနဆဲ...။
" ဝဏၰမင္းထင္...ဘယ္လိုျဖစ္ေနတာလဲ?''
" ဘယ္လိုမွမျဖစ္ပါဘူး...ဘာျဖစ္လို႔လဲ''
တကယၠို မင္းရသရဲ႕ အထင္ႀကီးက လုံးဝမွားယြင္းခဲ့တာပါ။ ကိုယ့္မွာေတာ့ ငယ္ငယၠ ကိုယ့္ကိုအႏိုင္က်င့္ခဲ့တဲ့သူဆိုၿပီး မ်က္လုံးခ်င္းပင္မဆုံႏိုင္ေအာင္ ေၾကာက္ခဲ့ရ၊ သူ႔ေရွ႕ေရာက္ရင္ စကားေတြထစ္ခဲ့ရႏွင့္။ ေနာက္ဆုံးေတာ့ ေပါင္းၾကည့္မွပင္ တကယၠို အျမင္ကတ္စရာေကာင္းေအာင္ သူထင္ေနတာႏွင့္ မတူသည္ကို ေတြ႕ရေပေတာ့သည္...။
"မင္းအခုငါ့ကိုတစ္ခ်ိန္လုံးစိုက္ၾကည့္ေနတာ မဟုတ္လို႔ဘာလဲ''
" အင္း...အဲ့ဒါေလးပဲေလ။ ဘာျဖစ္လို႔လဲ''
" ဘာ...။ဘာ အဲ့ဒါေလးပဲ။ မင္းငါ့ကိုအဲ့ဒီလိုႀကီးစိုက္ၾကည့္ေနေတာ့ ငါေမနတတၻဴး...ကိုယ့္ဘာသာလုပ္စရာရွိတဲ့စာ မလုပ္ေနပဲနဲ႔ ငါ့ကိုမ္ား လာၾကည့္ေနရတယ္လို႔...''
ဝဏၰမင္းထင္က လက္ႏွစ္ဖက္အားဆန္႔တန္းလိုက္ကာ...
" ငါလုပ္စရာရွိတဲ့စာကိုလုပ္ေနပါတယ္...''
" ဘယၷားမြာ မင္းလုပ္ေနတာလဲ...ငါ့ကိုပဲ ေမးေထာက္ၿပီးစိုက္ၾကည့္ေနတာေလ...''
ဝဏၰက ၿပဳံးကာ...
" အဲ့ဒါကိုက ငါ့အၾတကႅဳပၥရာ႐ြိတဲ့ စာပဲေလ...''
မင္းရသက ျပန္ေျပာမယ္လုပ္ကာ သူ႔အနားသို႔ တျဖည္းျဖည္းတိုးလာပါေသာ ဝဏၰမင္းထင္...။ နီးကပ္လြန္း၍ ခႏၶာကိုယ္ႏွစ္ခုပင္ ထိေနေလၿပီ။
" ငါ့အတြက္ မင္းရဲ႕မ်က္ႏွာေပၚက ခ်စ္စရာအစိတ္အပိုင္းေလးေတြ တစ္ခုခ်င္းစီကို လိုက္မွတ္ၿပီး ၾကည့္ေနရတာကိုက လုပ္ရမယ့္စာပဲ...''
မိမိနား,နားကပၠာ ေျပာလိုက္ပါေသာ ဝဏၰ၏ စကားအဆန္းေၾကာင့္ မင္းရသရင္ထဲလွပ္ခနဲ တစ္မ်ိဳးႀကီး ခံစားသြားရသည္။ ေဘးခုံက သူေတြကလည္းသူတို႔အာ႐ုံႏွင့္သူတို႔မို႔ မင္းရသနဲ႔ ဝဏၰမင္းထင္အား လွည့္ပင္မၾကည့္ၾကမပါ။ မင္းရသမ်က္ႏွာရဲ႕ အနီးမွာရွိသည့္ ဝဏၰမင္းထင္မ်က္ႏွာကေတာ့ သူ႔အားစူးရွရွစိုက္ၾကည့္ကာ ၿပဳံးလို႔ေနေလ၏...။ ဘယ္လိုေတြ လာၾကည့္ေနတာလဲ...ဒီသတၱဝါေတာ့။
"ဖၾယၠာ''
ကိုယ့္နားကပ္ေနေသာ သူ႔ခႏၶာကိုယ္အား မင္းရသ အားျဖင့္တြန္းလိုက္ကာ မ်က္ေစာင္းထိုးမိသည္။
" ငါ့ကိုမင္းဘယ္လိုေတြ လာဆက္ဆံေနတာလဲ ''
" မင္းရသကို မင္းရသလို႔ပဲ ဆက္ဆံတာပါ''
မိမိစကားကို လွည့္ကာေကြ႕ပတ္ရင္း ျပန္ျပန္ေျပာတတ္ေသာ ဝဏၰမင္းထင္အား မင္းရသ ကိုင္ပင္ေဆာင့္လိုက္ခ်င္ပါေတာ့သည္။
" မင္း...ငါေျပာမယ္။မင္းက...''
" ဘာေျပာမလို႔လဲ...ေကာင္ေခ်ာေလးခင္ဗ်''
သူ႔ကိုလက္ညႇိဳးထိုးလိုက္ပါေသာ မင္းရသ၏ လက္ညႇိဳးကိုကိုင္ကာ သူ႔ရင္ဘတ္ႏွင့္ကပ္လိုက္ပါေသာ ဝဏၰမင္းထင္...။ ဒီကာလနာေကတာ့ တကယ္ပါပဲ...။
"လုပ္ျပန္ၿပီ...တကယ္ပဲ ဘယ္လိုျဖစ္ေနတာလဲလို႔ဆို''
"ခ်စ္လို႔... အဲေလ ေယာက္်ားႀကီးက ေဟာဒီက ေယာက္်ားေလးကို ခ်စ္လို႔...''
ဝဏၰမင္းထင္ ေျပာခ်လိုက္သည့္စကားႀကီးေၾကာင့္ မင္းရသမ်က္ႏွာတစ္ခုလုံး ေရေႏြးပူပူပက္ခံလိုက္ရသလို ျဖန္းခနဲ ပူၾသားရသလို ခရမ္းခ်ဥ္သီးလိုပါ နီျမန္းလာသည္။
" ဝ ဏၰ မင္း ထင္''
မင္းရသစိတ္တိုတိုႏွင့္ စားပြဲခုံေပၚက ေရဘူးႏွင့္ ေကာက္ထုဖို႔ျပင္ေတာ့...
" ေယာက္်ားေလးက ကိုယ့္ေယာက္်ားႀကီးကို လုပ္ရက္လို႔လား?''
" မင္း...''
လကၠို ထပ္႐ြယ္ခ်ိန္မွာပဲ....
''မဂႅာပါ...ဆရာမ ''
အတန္းထဲသို႔ ဆရာမဝင္လာသျဖင့္ မင္းရသလည္း လက္ထဲမွ ေရဘူးကိုခ်လိုက္ရသည္။ သို႔ေသာ္ မ်က္လုံးတို႔မွ ဝဏၰမင္းထင္အား ၾကည့္ေနသည့္ ခပ္စူးစူးမ်က္ေစာင္းေတြကေတာ့ မာႏၼက္ၾသားပါ။ စာအုပ္ထုတ္ေနရင္းႏွင့္ပင္...
" မင္းငါ့နားကပ္မလာနဲ႔။ လာလည္းလာမေခၚနဲ႔... ထပ္ေခၚရင္ ဖိနပ္နဲ႔ေကာက္ေပါက္ပစ္မွာ...''
အေလးျပဳသည့္ပုံစံလုပ္ကာ အခြက္လာေျပာင္ေနေသာ ဝဏၰမင္းထင္၏ လက္ေမာင္းအား စာအုပ္ႏွင့္ရေအာင္ပင္ ႐ိုက္လိုက္ပါေသးသည္...။ တကယၠို အျမင္ကတ္ဖို႔ေကာင္းလိုက္တာထပ္ကို ပိုပိုၿပီးအျမင္ကတ္ဖို႔ေကာင္းတဲ့ သတၱဝါ...။
TBC.
Thank you all.