My Essential Hoon

By _jaehoonpark_

42K 4.4K 2.5K

젴성 #JakeHoon Romance /Drama Age gap love More

Intro
01
02
03
04
05
06
07
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37

08

1K 138 23
By _jaehoonpark_

Unicode

ရှင်းဂျယ်ယွန်းတစ်ယောက် သူ့အစ်ကိုကို စိတ်ထဲကနေ
ကြိတ်ပီးအားရပါးရချီးကျူးနေမိသည်
မြင်ကွင်းရှေ့က စိတ်ရှုပ်နေတဲ့မျက်နှာပေးနဲ့ကောင်လေးကတော့ ဒီလူကြီးသက်သက် အကွက်တွေဆင်ထား
တယ်လို့ ထင်ကောင်းထင်နေမယ်

နေ့လယ်‌ကလောက်တောင် အနားကိုအကပ်မခံတော့ဘူး လူကိုရှောင်ရှောင်သွားတာ
ညစာစားတော့လဲ စကားတစ်ခွန်းမှမပြော အစားကိုပဲ
အာရုံစိုက်ပီးသူ့ကိုလျစ်လျူရှုနေလိုက်တာများ HeeSeung Hyungကို သူကတမင်အိမ်မပြန်ခိုင်းတာလို့ တကယ်ထင်ပီး စိတ်ဆိုးနေသလားပဲ

ခုလဲ ထိုခလေးဆိုးက သူ့ကိုတစ်ယောက်ထဲထားခဲ့ပီး အပေါ်တက်နှင့်သွားပီ
ကိုယ်တိုင်က ဒီလို အခြေနေမျိုးတွေကို ခုမှပထမဆုံးစကြုံဖူးတာဆိုတော့ တစ်ဖက်လူဘာဖြစ်ချင်နေလဲ ဘယ်လိုပြေလည်အောင်လုပ်ရမလဲဆိုတာကိုသေချာမသိ

စိတ်မွန်းကြပ်မှုတွေအကုန် ဆေးနေတဲ့ပန်ကန်လုံးတွေအပေါ်သာ ပုံချလိုက်မိတော့သည်

သူငယ်ချင်းမိတ်ဆွေတွေ သူတို့ရဲ့ရည်းစားတွေနဲ့
ပြဿနာတက်တဲ့အခါတိုင်း
ပြန်ပြေလည်အောင် ချော့တယ်ဆိုတာတွေကိုတော့ ခနခနမြင်ဖူးသည်
ကိုယ့်ထမင်းကိုယ်စားပီး တစ်ဖက်လူစိတ်ပြေတဲ့ထိ မနားတမ်းထိုင်တောင်းပန်ရတာမျိုးကချော့တာတဲ့

နေလာတဲ့သက်တမ်းတစ်လျှောက် အမြဲ လူတွေကို အထက်ကနေပဲ အမိန့်ပေးပြောဆိုဆက်ဆံလာခဲ့တဲ့
ကိုယ့်လိုလူက အခုတော့ တောင်းပန်ပါတယ်ဆိုတာကို
ပါးစပ်ကနေမချတမ်းပြောရတော့မယ့်
သနားစရာအခြေနေနဲ့ လာကြုံနေတာလား.......

ခပ်မြန်မြန်ပဲလုပ်စရာရှိတာတွေကိုအမြန်လက်စသတ်ပီး အပေါ်ထပ်သို့အပြေးတက်လာခဲ့သည်

ချော့ရအုံးမယ်လေ ~
သိပ်ကို သနားစရာကောင်းတဲ့ပုံစံပေါက်နေရင်တောင်မှ‌ပေါ့
တောင်းပန်လိုက်လို့ ပြန်ပြေလည်သွားမယ်ဆိုရင်
ဆယ်ဘဝလောက်ထိကူးပီးတောင် သူတောင်းပန်နိုင်ပါ
တယ်


အခန်းထဲဝင်သွားတော့ ကုတင်ပေါ်မှာမဟုတ်ပဲ ဘေးက ထိုင်ခုံပေါ်မှာထိုင်ပီး စာတွေလုပ်နေတဲ့မှဲ့လေး

"နေမကောင်းဖြစ်နေရင်းတောင် စာလုပ်ရမှဖြစ်မှာလား အိပ်တော့ မအိပ်ရင်လဲလှဲနေ"

လှမ်းဆွဲခါနီး သူ့လက်တွေကို ပြာပြာသလဲရှောင်တိမ်းလိုက်တဲ့ ဆောင်ဟွန်းရဲ့အမူအရာကြောင့် ဂျယ်ယွန်းရင်ထဲတော့ ဝမ်းနည်းမိသွားတာအမှန်ပင်

*ကိုယ့်ပုံစံက မင်းအတွက်လူဆိုးတစ်ယောက်လိုဖြစ်နေသလား
ကိုယ့်ကို ကြောက်စရာတစ်ခုလိုမြင်နေမိတာလားကလေးရယ်...*

"စာမလုပ်လို့မရဘူး မနက်ဖြန်ကျောင်းသွားမှာ ဒီညတော့စာလုပ်မှရမယ်"

ခပ်တည်တည်နဲ့ပြောလာတဲ့မှဲ့လေးကိုကြည့်ပီး သူ့ရင်ထဲကဝမ်းနည်းမှုတွေကိုမြိုသိပ်ထားလိုက်ရင်း ခုံဘေးကကုတင်ပေါ်မှာအသာလေးဝင်ထိုင်လိုက်သည်

"ဘာစာလုပ်မှာလဲ ကိုယ်ကူပေးလို့ရတာရှိလား"

"ရတယ် ဘာမှကူစရာမရှိဘူး ခင်ဗျား သွားအိပ်ရင်လဲအိပ်‌တော့"

စကားတွေကအေးစက်လိုက်တာ
မနက်ကမှ စကားချိုချိုတွေပြောထွက်တဲ့နူတ်ခမ်းဖူးလေးက သူမဟုတ်တဲ့အတိုင်းပဲ

ဂျယ်ယွန်းဘာမှဆက်မပြောတော့ပဲ မျက်မှန်နဲ့ ပုံမှန်ဖတ်
လက်စစာအုပ်ကိုယူကာ ကုတင်ပေါ်မှီနေလိုက်သည်
စာအုပ်ဖတ်သလိုနဲ့ ခိုးခိုးကြည့်မိတော့
မှဲ့လေးက သူ့ကိုနည်းနည်းလေးတောင်မှ အာရုံစိုက်ပုံမပြ

အိမ်ခေါင်မိုးပေါ်ကိုရွာကျနေတဲ့ မိုးရေစက်သံတွေကလွဲလို့ ငြိမ်လွန်းနေတဲ့ ဒီအခန်းအခြေနေဟာ အတော်တော့ အနေခက်စရာပင်

စိတ်မရှည်စွာပဲ လက်ထဲမှာဖွင့်ကိုင်ထားတဲ့စာအုပ်ကို ပိတ်ချလိုက်ပီး ကိုယ့်အား အတင်းလျစ်လျုရှုနေတဲ့ထိုအကြောတင်းလေးကို‌ ပေါ်တင်ပဲ ငေးမော စိုက်ကြည့်
ပစ်လိုက်တော့သည်

စိတ်ဆိုးခံရရင်လဲ ခံရပါစေတော့ ဒီလိုစိုက်ကြည့်လိုက်လို့ မျက်စောင်းလေးလှမ်းထိုးခံရလဲနည်းလားလေ....

ဒါပေမယ့်လဲ အတန်ငယ်ကြာတဲ့ထိ မှဲ့လေးက သူ့ကို တစ်ချက်တောင်မှလှည့်မကြည့်တော့ စိတ်ကအတော်
ပင်မွန်းကြပ်လာသည်

"ဟေ့ မင်းကိုယ့်အပေါ် မကျေနပ်စရာတစ်ခုခုရှိလို့လား"

"မရှိပါဘူး.."

ပြန်ဖြေတဲ့ပုံကြောင့် ရင်ထဲမှာ နင်သွားသလိုခံစားချက်ကြီး ဖြတ်ပြေးသွားသည်
သူ့ကို စိတ်ခုနေတာမှန်ရင်လဲ ဘာ‌ကြောင့်စိတ်ခုရသလဲ အကြောင်းအရင်းကိုတော့ ပွင့်ပွင့်လင်းလင်းပြောရမှာပေါ့

အခုတော့"မရှိပါဘူး " ဆိုတဲ့ခပ်ပြတ်ပြတ်စကားတစ်ခွန်းကိုတောင် လူကိုတစ်ချက်မှမကြည့်ပဲပြန်ပြောတဲ့
ဒီလို‌အေးစက်စက်အမူအရာကဘာလဲ.....ငရဲကျနေသလိုပဲ ဒီအခြေနေကြီးကို ဘယ်လိုအင်အားနဲ့ဆက်ပီး
သည်းခံရမှာလဲ...

*ဘေဘီ ကိုယ်သည်းခံနိုင်တယ်ဆိုတာတွေက မင်းကို
စိတ်ညစ်စေမယ့် ကိစ္စမျိုးတွေအတွက်ပဲ ဒါကြီးကတော့ မဟုတ်သေးဘူး *

စာရွက်လှန်နေတဲ့ လက်ရှည်ရှည်သွယ်သွယ်လေးတွေကို ဝင်ရောက်နှောင့်ယှက်လိုက်ပီး စာအုပ်ကိုပိတ်ချ
လိုက်တော့ သူ့ကို နားမလည်သလို မျက်နှာပေးနဲ့
ကြည့်လာတဲ့ ထိုကောင်လေး

ထပ်ပီးစိတ်ဆိုးလဲ မတတ်နိုင်တော့ဘူး

ရုတ်ချည်းဆိုသလိုပဲ ထိုင်နေတဲ့ ခုံလေးကိုပါ သူရှိရာ
ဘက်ဆီကို အနီးကပ်ဆုံး ဆွဲယူပစ်လိုက်သည်
3cmအကွာခန့်လောက်က နီးနီးကပ်ကပ်ကိုမြင်နေရသည့် မျက်နှာလှလှလေးမှာ သိပ်ကို မြတ်နိုးချင်စဖွယ်

ခပ်တင်းတင်းစေ့ထားတဲ့ နူတ်ခမ်းဖူးတို့မှာ အတန်ငယ်
ပွင့်အာလျက်
သူ့ရဲ့ရုတ်တရက်အပြုအမူတို့ကြောင့်ထင်ပါရဲ့ နီရဲနေတဲ့
မျက်နှာပေါ်မှာ အံ့ဩမှုအပြည့်နှင့်

*မင်းရော ကိုယ်နဲ့ ခံစားချက်ချင်းထပ်တူကျနေမလား*

ဝိုင်းစက်နေတဲ့မျက်ဝန်းအစုံကို သူတည့်တည့်ကြည့်ပစ်
လိုက်တော့
မဝံ့မရဲ မျက်တောင်ထူထူလေးတွေကို ပုတ်ခတ်ပုတ်
ခတ်လှုပ်ရှားကာ  သူ့အကြည့်တွေကို ရှောင်ဖယ်
ပစ်တယ်

"မရှောင်နဲ့ ကိုယ့်မျက်လုံးကို တည့်တည့်ကြည့်ပီးပြော
မင်း ကိုယ့်ကို စိတ်ဆိုးနေတာမလား? "

"ဟင့်အင် စိတ်မဆိုးဘူးဆိုတာကို ဘယ်နှစ်ခါပြောရမလဲ"

သူ့ကိုအကြည့်လွှဲရင်းပဲ ပြန်ပြောလာတဲ့ ကောင်လေးကို
ကြည့်ပီး ပေါက်ကွဲထွက်မိတော့မယ်
တကယ်ပဲ သူဘယ်လိုလုပ်မှ ပြန်အဆင်ပြေနိုင်မှာလဲ....

ရုတ်တရက်......


"Ahhhhhhhhhh ဒါကဘာကြီးတုန်း အမေ့ရေး
ပိုးဟပ်ကြီး!! "

ဘဝမှာ ပိုးဟပ်တစ်ကောင်ကို ကယ်တင်ရှင်တစ်ဦးလို
အမှတ်ရနေတော့မယ့်အဖြစ်အပျက်တွေရှိလာလိမ့်
မယ်လို့ တစ်ခါမှမတွေးမိခဲ့ဖူးပေမယ့်လဲ.....


ကျယ်လောင်တဲ့ အော်သံနှင့်အတူ သူ့ရင်ခွင်ထဲကို ရုတ်တရက်ကြီးရောက်လာတဲ့ကောင်ငယ်လေး

နှစ်ယောက်အတူ ‌မွေ့ယာပေါ်ကိုလဲကျသွားပီးတဲ့နောက်
သူ့ကိုယ်ပေါ်က မှဲ့လေးရဲ့ကိုယ်ငွေ့ခပ်နွေးနွေးလေးကို
အရင်ခံစားမိလိုက်သည်

နှာခေါင်းထိပ်သို့ တိုးဝှေ့ရစ်သီလာသောVanillaဆန်ဆန် ကိုယ်သင်းရနံ့လေးသည် ဂျယ်ယွန်းရဲ့ အသွေးအသားတွေကို ဗြောင်းဆန်သွားစေလျက်

သူ့ပုခုံးနှစ်ဖက်မှ အကျီစတို့အား
လက်ချောင်းသွယ်သွယ်လေးတွေနှင့် တင်းတင်းကြပ်
ကြပ်ဆုပ်ကိုင်ထားပုံမှာ အသည်းယားဖွယ်အတိ

နှစ်ယောက် မျက်နှာချင်းဆိုင်မိသွားတော့ ပြာပြာသလဲ အတင်းရုန်းပီးပြန်ထဖို့ပြင်တဲ့ကောင်လေးရဲ့ ကိုယ်လုံးလေးကို သူ့လက်တွေနဲ့ အချိန်မှီ ရစ်နှောင်ဖမ်းချုပ်
ပစ်လိုက်သည်

"ခုဖြေ ကိုယ်ဘယ်လိုလုပ်မှ မင်းစိတ်ဆိုးပြေမှာလဲ "

"ဘာ ဘာလုပ်တာလဲ ဖယ် "

"တစ်ညလုံး မဖြေရင် တစ်ညလုံးလွှတ်မပေးဘူး ပြော
ကိုယ်ဘယ်လိုလုပ်မှ စိတ်ဆိုးပြေမှာလဲ"

လက်ထဲကနေ အတင်းကိုရုန်းကန်နေသည့်
ထိုကောင်လေးကို သူ ပိုပီးတင်းတင်းကြပ်ကြပ်
ဖက်ထားပစ်လိုက်သည်

"ခင်ဗျားကို ကျွန်တော် ဖယ်လို့ပြောနေတယ်နော် ဒီလိုနဲ့ ကျွန်တော်တကယ်စိတ်ဆိုးမိလိမ့်မယ်"

အနည်းငယ်တင်းမာသွားတဲ့ ဆောင်ဟွန်းရဲ့လေသံကြောင့် ဂျယ်ယွန်း ခပ်တင်းတင်းပွေ့ဖက်ထားတဲ့ လက်တို့ကို လျှော့ပေးလိုက်သည်
သူ့ကိုယ်ပေါ်ကနေအတင်းထကာ ထိုင်ခုံ‌ပေါ်မှာ
ပြန်ထိုင်လျက် ဒေါသမျက်လုံးလေးနှင့် အကြည့်ခံရတော့ သူ့ရင်ဘတ်တွေနာကျင်ရပြန်ပီ



"ကိုယ်တောင်းပန်ပါတယ် ဘာပဲဖြစ်ဖြစ် အကုန်ကိုယ်ကပဲ တောင်းပန်ပါတယ် ကျေးဇူးပြုပီး
စိတ်ပြေပါတော့လား....."

"ကိုယ်ဘာလုပ်ရမလဲဟင် ဒူးထောက်ရမလား
မင်းမကြိုက်ဘူးဆိုတာတွေကို နှစ်ခါပြန်ထပ်မလုပ်မိစေရဘူး ကတိပေးပါတယ် ကျေးဇူးပြုပီး စိတ်ပြေပါတော့"

သူ့စကားဆုံးတော့ တင်းမာနေတဲ့ မျက်နှာအမူအရာလေးက အနည်းငယ် ငြိမ်ကျသွားကာ စက္ကန့်ဝက်လောက် သူ့ကိုစိုက်ကြည့်နေပြန်သည်
အတန်ငယ်ကြာမှ မျက်လွှာလေးကိုအောက်ချလျက်

" ခင်ဗျားကတောင်းပန်စရာဘာလိုလို့လဲ ‌ဒီတိုင်း အဖက်မလုပ်သလိုဖြစ်သွားမိတဲ့ ကျွန်တော့်အမှားပါ "

" ကိုယ်က အနေခက်စရာဖြစ်လို့လား
မင်းအဆင်ပြေအောင် ကိုယ်ဘာလုပ်ပေးရမလဲပြော
အကုန်လုပ်ပေးနိုင်တယ်
စိတ်ဆိုးနေတာရှိရင်လဲ အခုတစ်ခါထဲ ကိုယ့်ကိုဆဲဆိုထု
ရိုက်ပစ်လိုက်ကွာ မင်းကခုလိုပုံစံဖြစ်နေရင်
ကိုယ်တကယ်မနေတတ်ဘူး "

သနားစရာမျက်နှာပေး‌လေးနဲ့ ပြောလာတဲ့ ဂျယ်ယွန်းကိုကြည့်ပီး ပတ်ဆောင်ဟွန်းလဲ ဘာပြန်ပြောရမှန်းမသိ
တကယ်တော့ ရှောင်နေမိတဲ့ကိုယ့်အမှားပါပဲ
စိတ်ဆိုးတာလဲမဟုတ် ကိုယ့်စိတ်ကိုယ်မလုံမလဲတွေ
ဖြစ်နေမိတာပင် 

Driver ahjussi ပြန်သွားပီးထဲက
တစ်အိမ်လုံးမှာ သူရယ်ကိုယ်ရယ် နှစ်ယောက်ထဲရှိနေမှာ
အဲ့တာကလဲ တစ်ညလုံး ဆိုတာတွေကိုပဲတွေးနေမိပီး
ဆက်တိုက် တစ်ယောက်ထဲ မျက်နှာတွေပူ
အနေတွေခက်နေခဲ့တာ

နောက်ပီး အစထဲက ဒီလူနဲ့ပတ်သက်ရင်
ကိုယ့်မှာ ခံစားချက်တွေက ထူးဆန်းနေလို့ သတိကြီးကြီးထားပီးနေနေပါရဲ့နဲ့
ခုတော့ ဒီညဖြစ်သွားတာတွေကိုကြည့်အုံး ရှက်လွန်းလို့ မျက်နှာကြီးကိုပါ ဖြတ်ထုတ်ထားချင်တယ်

ကိုယ့်မှာတစ်ယောက်ထဲ ထူပူပီး ဘယ်လိုတုံ့ပြန်ရမှန်းမသိ လမ်းစပျောက်နေတုန်းမှာပဲ



ရုတ်တရက် ကုတင်‌ပေါ်ကဆင်းလာပီး
ကိုယ့်ထိုင်ခုံနားကို  ဒူးထောက်သယောင်လေး
လာထိုင်တဲ့ အဲ့ဒီလူကြီး
ပိုင်စိုးပိုင်နင်းနဲ့ ကိုယ့်ပေါင်နှစ်ဖက်ပေါ် လက်လေး
လာတင်ကာ လိုချင်တာရှိလို့ပိုင်ရှင်အနားကိုကပ်ပီး
ချွဲနေတဲ့ခွေးပေါက်လေးတစ်ကောင်လို လူကိုလာမော့
ကြည့်နေသည်

"ကိုယ့်ကို စိတ်မဆိုးဘူးမလားဟင် ဖြေပါအုံး...."




အပြုအမူတိုင်းက ရဲတင်းလွန်းတယ်
ရိုးသယောင် ဖြူစင်သယောင် မျက်နှာလေးက ဒီတိုင်း
မျက်နှာဖုံးသက်သက်ပဲ
မြင်နေရတယ်
ကိုယ့်ကိုမော့ကြည့်နေတဲ့အဲ့ဒီမျက်ဝန်းနက်တွေထဲမှာ
တစ်ခါကျပီးရင် ပြန်ရုန်းမထွက်နိုင်လောက်မဲ့
ထောင်ချောက်အနက်ကြီးတွေကို

ရှင်းဂျယ်ယွန်း....ခင်ဗျားဟာ သိပ်ကို
အန္တရာယ်များလွန်းသောပဲ
ဘယ်သူ့ခွင့်ပြုချက်နဲ့ လူကိုလာညို့နေရတာလဲ

*ရူးချင်တာပဲ ပတ်ဆောင်ဟွန်းရေ အသိစိတ်ကပ်ပါအုံး*








"ဘာမှမဖြစ်တော့ဘူးလို့ အဲ့တာကြောင့် အောက်မှာ
အဲ့တိုင်းကြီးထိုင်မနေနဲ့ ထတော့"

"မင်းက စိတ်ဆိုးနေသေးတာကို အခုထိ...."



ရှင်းဂျယ်ယွန်းသည် ကိုယ်နှင့်အသက်ကွာလှ အလွန်ဆုံး
နှစ်နှစ် သုံးနှစ်ခန့်ပဲရှိလောက်မည့်ပုံပင်
မျက်နှာအကျအနနှင့် အသားအရည်တို့က
ကိုယ့်လိုအထက်တန်းကျောင်းသားနီးနီးပင်
နုဖတ်ဖြူဖွေးကာ အရောင်လွင်လွင်ပေါ့ပေါ့ပါးပါး
out fitလေးများဝတ်လိုက်ရင် ရွယ်တူလို့တောင်
ထင်ရနိုင်သည်

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ထက်
အကြီးဖြစ်သည့်အပြင် တကယ်လဲ
လူကြီးတစ်ယောက်ဖြစ်နေပါသော်ငြား
ခုလုပ်နေတဲ့ပုံစံကတော့ လူကြီးနှင့် နည်းနည်းလေးမှမတူ


"ဒါနဲ့လေ မေးရတာ နည်းနည်းရိုင်းသလိုဖြစ်သွားရင်လဲအားနာပါတယ် ခင်ဗျားအသက်ကဘယ်လောက်လဲဟင်"

"28..."

What the hell!! ၂၈တဲ့လား...
*ဒါဆို ငါ့ထက် ကိုးနှစ်တောင် ကြီးတာပေါ့*


"ဘာပါလိမ့် အဲ့ဒီမျက်နှာထားက ကိုယ့်ကို အသက်ကြီးနေပီဆိုပီး စိတ်ထဲက ကြိတ်ဝေဖန်နေတာလားပြော.."

နူတ်ခမ်းလေးကိုမသိမသာဆူကာ မျက်မှောင်လေးကြုံ့လျက်ပြောလာတဲ့၂၈နှစ်အရွယ် ထိုလူကြီးသည်
အရွယ်နှင့်မလိုက်အောင်ကို ချစ်ဖို့ကောင်းတယ်ပြောရမလား ကိုယ်တိုင်တောင်မသိလိုက်ခင်မှာတင်
အလိုလိုပြုံးမိသွားသည်

တကယ်ပဲချစ်စရာကောင်းတာလား မူရာမာယာတွေနဲ့ပဲ
ထောင်ချောက်ဆင်နေသလား မဝေခွဲတတ်တော့ပါဘူး....

" အဲ့လိုမဟုတ်ပါဘူး ကျွန်တော့်ထက်ပိုအသက်ကြီးမယ်
မှန်းသိပေမယ့်၂၈နှစ်လို့တော့ထင်မထားတာ အင်းလေ...ကိုးရီယားလူမျိုးတွေက များသောအားဖြင့်
ရုပ်နုကြတာပဲ နောက်ပီး ခင်ဗျားက တစ်ချက်တစ်ချက်
ဆိုရင် ချစ်ဖို့လဲ...."

ရုတ်တရက်ပြောနေတဲ့စကားဘယ်ရောက်သွားလဲသတိ
ကပ်မိမှ မလွန်ခင် အမြန်ရပ်လိုက်ရသည်
ရူးချင်တယ် တကယ်....
ချစ်ဖို့ကောင်းတယ်လို့ ပြောထွက်ခါနီးထိဖြစ်သွားတာပဲ
အခု စကားကိုဘယ်လိုဆက်ရပါ့မလဲ

ရှက်လိုက်တာ သူ့ကလဲကိုယ့်ကိုမျက်လုံးလေးပြူးပီး
ကြည့်နေတယ် ကိုယ်ဆက်ပြောမှာကိုစိတ်ဝင်တစား
စောင့်နေတဲ့ပုံ

တော်ပါပီ ရိုးသားသလိုမျက်နှာဖုံးလေးနဲ့
ဘာတွေလာမျှော်လင့်ပြနေတာလဲ
ပီးရင် ကိုယ်ကိုကွယ်ရာအထင်သေးနေမှာ
အဖြစ်မခံနိုင်ဘူး အဲ့လို

*ပတ်ခ်ဆောင်ဟွန်း! အသိစိတ်ကပ် လုံးဝစကားမှားလို့
မဖြစ်ဘူး*






"ရီဖို့ကောင်းတယ်လို့ခင်ဗျားက တစ်ချက်တစ်ချက်ကို တကယ်ရီရတာသိလား ခုပုံစံတောင်တော်တော်ရီစရာကောင်းနေပီ ဟားဟားဟား....အမလေးရုတ်တရက်ကြီး
ရေဆာလာလိုက်တာ ရေဘယ်မှာပါလိမ့်.."

ဘာတွေပြောမိမှန်းလဲမသိတော့ပါဘူး ရှက်လွန်းလို့ သူနှင့်ဆန့်ကျင်ဘက်ကို ရေရှာသလိုလို မသိမသာလေးလှည့်
မည်အလုပ်

ထိုင်နေရာမှ ဆတ်ခနဲတန်းထကာ ကိုယ့်လက်ထဲကို
အဖုံးဖွင့်လျက်သားရေဘူးလေးကမ်းလာတဲ့
ရှင်းဂျယ်ယွန်း~

" ရေသောက်ပီးလှဲနေလိုက်တော့ ဒီညမိုးအေးတယ် ဒီလောက်စောင်အထူနဲ့မဖြစ်တော့ဘူး ကိုယ် ဒီထက်ထူတဲ့စောင်သွားယူလာပေးမယ် ခနစောင့်နော်"

အခန်းတံခါးပိတ်သွားပီး တစ်ယောက်ထဲကျန်ခဲ့တော့မှ ဆောင်ဟွန်းတစ်ယောက် လက်နှင့်ရင်ဘတ်ကိုဖိလျက် သက်ပြင်းတစ်ချက်ချကာ အသက်ဝဝရှူနိုင်တော့သည်

~~~~~~~~~~~

ပိုးဟပ်တစ်ကောင် ကောင်းမှုအကြောင်းပြုလို့
အခြေနေတွေက ဒီလောက်ထိအဆင်ပြေသွားတာပဲ
လွန်ခဲ့သော နာရီပိုင်းလောက်ကထိ ဂျယ်ယွန်းရူးမလိုတွေ
စိတ်ရှုပ်နေရပေမယ့် အခုတော့ကိုယ့်မျက်နှာပိုးကိုယ်မနည်းသတ်နေရသည်

ခုနက အခန်းထဲမှာမြင်လာခဲ့ရတဲ့ မှဲ့လေးရဲ့ချစ်စရာအမူအရာလေးတွေက ဂျယ်ယွန်းရဲ့လောင်မြိုက်နေတဲ့
ရင်ခွင်ကြီးကို အေးချမ်းဖွယ်အတိဖန်တီးပေးလိုက်
သည်လေ

သူ့ကိုချစ်ဖို့ကောင်းတယ်လို့ပြောလိုက်မှန်းသိပါတယ်
ရှက်လို့ ရီဖို့ကောင်းတယ်ဆိုပီးရောချလိုက်မှန်းလဲသိပ်သိသာတယ် အဲ့တာကြောင့်လဲ တမင်အပြင်ထွက်လာပေးခဲ့တာ မျက်နှာလေးကတအားကိုနီရဲနေပီလေ
ခနတိုင်းကိုစပစ်လိုက်ချင်တယ် ရှက်လာပီဆိုရင်
ရူးမတတ်ချစ်ဖို့ကောင်းလွန်းတဲ့ အဲ့ဒီကောင်လေးကို

ဘာပဲဖြစ်ဖြစ် စိတ်ရှုပ်စရာအခြေနေကနေတော့
ရုန်းထွက်လာနိုင်ခဲ့ပီ ထင်တာပဲ...



အခန်းထဲပြန်ဝင်လာတော့ ကောင်လေးက ကုတင်ပေါ်မှာ လှဲပီး အိပ်ပျော်နေသည်လား အိပ်ခြင်ယောင်​ဆောင်
နေသည်လား
သူအနားကပ်ပီး ကြည့်တော့ တမင်အိပ်ခြင်ယောင်
ဆောင်နေတာ
*ကိုယ်တို့ ဘေဘီက ခုထိအရှက်မပြေသေးဘူးပဲ *

ယူလာတဲ့စောင်လေးကိုအပေါ်ကနေထပ်ခြုံပေးလိုက်ရင်းကုတင်ဘေးကထိုင်ခုံလေးမှာပဲ ဝင်ထိုင်လိုက်သည်


"ခင်ဗျား ဒီညလဲ အဲ့ဒီခုံမှာပဲ ထပ်အိပ်အုံးမလို့လား"

ရုတ်တရက် အိပ်ခြင်ယောင်ဆောင်နေရာကနေ မျက်လုံးလေးဖွင့်လာပီး စကားတွေပြောလာတဲ့ကောင်လေး

"ဒါပေါ့.....ကိုယ်ကဒီမှာမအိပ်ရင်
မင်းနဲ့အတူကုတင်ပေါ်မှာလာအိပ်ရမှာလား"

"အဲ့လိုပြောတာမဟုတ်ဘူး ခင်ဗျားအိပ်ဖို့ တစ်ခြားအခန်းတွေမရှိတော့ဘူးလားလို့ ခုံပေါ်မှာအိပ်ရတာ ခင်ဗျားအစား ကျွန်တော်သက်သောင့်သက်သာမဖြစ်လို့ပြောတာ"

သူ့ကိုစိတ်ပူတဲ့ပုံစံလေးနဲ့ပြောလာတာမို့ ရင်ထဲမှာနွေးထွေးမှုတွေတစ်ပွေ့တစ်ပိုက်နှင့် ကြည်နူးစိတ်တို့ဖြစ်သွား
ရသည်

"ကိုယ်ကတော့ မင်းကိုမြင်နေရရင် အလိုလိုသက်သောင့်သက်သာဖြစ်တယ် မင်းကိုယ့်မျက်စိရှေ့ကနေပျောက်နေမှသာစိတ်တအားညစ်တာ"

"ခင်ဗျားလေ ဘာလို့ကျွန်တော့်ကို ဘာမှမဆိုင်ပဲအရမ်းဂရုစိုက်ပြနေရတာလဲဟင်   တကယ်ပဲကျွန်တော့်ဆီကနေလိုချင်တာက ဘာလဲ"

" လူတစ်ယောက်ကို ဂရုစိုက်တာမှာ သက်ဆိုင်မှရယ်ဆိုပီး စည်းမျဉ်းတွေကန့်သက်ချက်တွေ လိုလို့လား...
မင်းကို ဂရုစိုက်ပါဆိုပီး နှလုံးသားကခိုင်းစေလွန်းလို့ ဖြစ်လာတဲ့ဂရုစိုက်မှုတွေကို ဆိုင်သူမဟုတ်လို့ဂရုစိုက်စရာမလိုဘူးဆိုပီး ဦးနှောက်ကချပေးထားတဲ့စည်းမျဉ်းကြီးနဲ့ မသိခြင်ယောင်ဆောင်ပစ်လိုက်လို့မရဘူး"

"နောက်တစ်ခုက ကျွန်တော့်ဆီကလိုချင်တာဘာလဲဆိုတဲ့ မေးခွန်းကိုခနခနမမေးနဲ့ ကိုယ်တကယ်လိုချင်တာကို
တောင်းခဲ့ရင်ရော မင်းကပေးနိုင်မှာမလို့လား"

သူ့စကားတွေအတွက် ဆောင်ဟွန်းရဲ့တုံ့ပြန်မှုကတော့မျှော်လင့်ထားတဲ့အတိုင်းပါပဲ မျက်တောင်လေးတွေကို
ပုတ်ခတ်ပုတ်ခတ် လုပ်ပီး အကြည့်လွှဲကာ
ထပ်ရှောင်ပစ်သွားပြန်တယ်


"ဒီတိုင်း အိပ်ရတာ အဆင်မပြေမှာစိုးလို့ပြောပြရင်းကနေဘာကိုဒီလောက်အတည်ကြီးတွေပြန်ပြောနေတာလဲ တကယ်ပါပဲ စိတ်တိုင်းကျသာနေပါတော့ ကြိုက်တဲ့နေရာမှာအိပ် အဆင်ပြေပြေမပြေပြေခင်ဗျားအပိုင်းပဲ
ကျွန်တော်အိပ်ပီ"

ဘာမှမသိနားမလည်သလို အမူအရာလေးနှင့်စကားလမ်းကြောင်းတွေလွှဲပစ်တဲ့ကောင်လေးကိုကြည့်ပီး ဂျယ်ယွန်း ခပ်ဟဟရီလိုက်မိသည်

"မနက်ဖြန် ကျောင်းလိုက်ပို့မယ် အဆင်ပြေလား"

"ရတယ် မလိုက်ပို့နဲ့"

"မှဲ့လေးရယ် ဘာလို့ဒီလောက်ကတ်သီးကတ်သတ်နိုင်
လွန်းနေတာလဲကွာ မရဘူးကိုယ်ပဲလိုက်ပို့မယ်
တစ်ယောက်ထဲမသွားနဲ့"

စိတ်ထဲရှိတဲ့အတိုင်းလွှတ်ခနဲပြောထွက်သွားတဲ့စကားတွေမို့ "မှဲ့လေး" ဆိုတဲ့နာမ်စားလေးကိုပါသုံးမိသွားတော့ သူ့ကိုကျောပေးပီး အိပ်နေရာကနေပြန်လှည့်ကြည့်လာတဲ့
ကောင်လေး

" အစထဲက အဲ့နာမည်ကို ဆက်တိုက်ခေါ်နေတာပဲ
မဟုတ်ပါဘူးလို့ပြောလဲမရဘူး"

"Ok Ok! နောက်မခေါ်တော့ဘူးနော်
ဆောင်ဟွန်းရယ် တစ်ခါလောက်ပဲကိုယ်ပြောတာလေးကို လိုလိုလားလားခေါင်းငြိမ့်ပေးလို့မရဘူးလား"

"အဟင်း....တစ်ယောက်ထဲသွားလဲရတာကို
အတင်းလိုက်ပို့ချင်နေတော့လဲ အင်းပါ အိုခေပေါ့
ပြောစရာမရှိတော့ဘူးမလား အိပ်ပီ"


ပြူံးပြူံးကြီးငေးကြည့်နေမိတဲ့ သူ ဒီတစ်ခါတော့
မျက်စောင်းအထိုးမခံရတော့ပါ
နှစ်ယောက်ကြားကလေထုမှာ စိတ်ညစ်စရာအငွေ့အ
သက်တို့ပကတိကင်းမဲ့လျက် ပြေလည်ငြိမ်ချမ်းခြင်း ကြည်နူးခြင်းတို့အပြည့်နှင့်

အိပ်ပီဆိုပီး မျက်လွှာလေးအစုံကိုမှိတ်သွားတာ ဘယ်လောက်မှတောင်မကြာသေးဘူး တကယ်ပဲ
ခနလေးနဲ့ အိပ်ပျော်သွားပါရောလား
ကိုယ့်ကြောင့် ဒီညအများကြီးပင်ပန်းသွားခဲ့ရပီ

အော်....တကယ်ကိုရှည်လျားတဲ့တစ်ညတာကိုဖြတ်သန်းခဲ့ရတာပဲ ဒါပေမယ့်လဲ အဆုံးမှာ အခုလိုပြေလည်ပေးတဲ့
အတွက် ကျေးဇူးပါ ကိုယ်ရဲ့ကလေးလေး....*

သူ့ရဲ့ ပန်းနုရောင်နူတ်ခမ်းပါးလေးနှင့်တံဆိပ်ခပ်
နှိပ်ထားတဲ့ လက်ခုံဖြူဖြူလေးကို ဆောင်ဟွန်းရဲ့
နဖူးထိပ်သို့ထိကပ်ပေးလိုက်သည်

"Good night kiss babe~
နောက် မင်းခွင့်ပြုချက်ရှိလာတဲ့တစ်ချိန်မှ
ကိုယ်တိုင်ကိုယ်ကျ သေချာပေးပါ့မယ်
ကောင်းသောည ကလေးလေး~ အိပ်မက်လှလှမက်ပါစေ"

~~~~~~~~~~~~~





ကိုယ်လုံးပတ်လည်ကိုရစ်သိုင်းလာတဲ့ ချမ်းစိမ့်စိမ့်လေအေးတို့ကြောင့် ဂျယ်ယွန်း မျက်လုံးအစုံတို့ပွင့်လာခဲ့သည်
ညတုန်းက တံခါးကိုသေချာပေါက်ပိတ်ခဲ့ပါရက်နှင့် မနက်နိုးလာတော့ ပြတင်းပေါက်ကပွင့်နေသည်
ကုတင်ပေါ်ကိုကြည့်လိုက်တော့ အိပ်ပျော်နေတဲ့လူသားလေးကမရှိတော့ဘူး

တစ်ယောက်ထဲအိပ်ပျော်ပီးကျန်ရစ်ခဲ့ရပြန်တဲ့
နောက်ထပ်မနက်ခင်းတစ်ခု
ညတုန်းက ထိုင်ခုံပေါ်မှာပဲဒီတိုင်းအိပ်ပျော်သွားခဲ့ပေမယ့် ခုမနက်နိုးလာတော့ သူ့ကိုယ်ပေါ်မှာရောက်နေတဲ့
စောင်လေးတစ်ထည်

ဘယ်သူခြုံပေးသွားလဲကတော့ စဉ်းစားကြည့်စရာ
တောင်မလိုတော့ပါဘူး
အင်မတန်ကိုကျက်သရေရှိလွန်းတဲ့ မနက်ခင်းလေးပါပဲ

စားပွဲတင်ပေါ်က နာရီကိုလှမ်းကြည့်လိုက်တော့
ရှစ်နာရီတောင်ထိုးတော့မည်

"ဟာ နောက်ကျနေပီ ပြဿနာပဲ နိူးစက်ပေးထားလိုက်ရမှာကိုမေ့သွားတယ် shit! "

သူကကမန်းကတန်းနှင့် အောက်ကိုအပြေးဆင်းလာခဲ့
သည်
အောက်ရောက်တော့ ဧည့်ခန်းမှာဘယ်သူမှမရှိ TVကတော့ပွင့်နေသည်

မီးဖိုချောင်ဘက်ဆက်သွားတော့မှ တွေ့ရပီ
ထမင်းစားပွဲမှာ ထိုင်ပီးမုန့်စားနေတဲ့ဆောင်ဟွန်း...
သူ့ကိုမြင်တော့ လှမ်းရီပြသည်

မြင်တောင့်မြင်ခဲအပြူံးလေးကို မနက်နိုးနိုးခြင်းမြင်နေ
ရတာ ဒါအိပ်မက်တော့မဟုတ်ဘူးမလား....
ဂျယ်ယွန်း တောက်တောက်ပပလေးပြန်ပြူံးပြလိုက်ရင်း ကောင်ငယ်လေးရှိရာစားပွဲဆီကိုအပြေးသွားလိုက်သည်

"ဆောရီး အိပ်ယာထနောက်ကျသွားတယ် ဘယ်ချိန်ထသွားတာလဲ ကိုယ့်ကိုပါနိူးလိုက်ရောပေါ့ မနက်စာပြင်ပေး
ဖို့ကို စားတောင်နေပီပဲ"

"ရပါတယ် အိပ်ပျော်နေတာမို့တမင်မနိူးတာ ကျွန်တော်ကမနက်စာစားဖို့စောပီးထတာ မုန့်စားပီးရင်လာနိူးတော့မလို့ပဲ"

"ခုကျောင်းနောက်ကျနေပီလား ခနပဲစောင့်နော်
ကိုယ်အမြန်ပြင်လိုက်မယ်"

သူချာခနဲလှည့်ထွက်လာပီး အမြန်မျက်နှာသစ်ရေချိုးဖို့
ပြင်ရသည်
ကောင်လေးကတော့ လှမ်းအော်ပြောရှာပါတယ်
အေးဆေးလုပ်မှီတယ် တကယ်လို့ မမှီရင်လဲ
ကျောင်းလစ်လိုက်ကြတာပေါ့တဲ့
တကယ်ပဲ မနက်ခင်းမှာတောင် သူ့ကို အသည်းယား
အောင်လာလုပ်နေ​တော့တာပဲ





ရေချိုးပီးတာနဲ့ တစ်ခါထဲဆောင်ဟွန်းကို ကျောင်းပို့ဖို့
ပြင်ရသည် ကောင်လေးက မနက်စာတောင်အတင်းစား
ခိုင်းနေသေးတာ ညတုန်းကတော့ လူကိုစိတ်ညစ်အောင်
လုပ်ပီး မနက်ရောက်မှ ဂရုစိုက်သလိုတွေလုပ်ပြနေ
ပြန်တယ်

ကားထဲရောက်တော့လဲ radioဖွင့်ခိုင်းလို့ဖွင့်ပေး
လိုက်တော့ လမ်းတစ်လျှောက်သီချင်းတွေလိုက်ဆိုပီး
လန်းဆန်းတက်ကြွနေတဲ့ကောင်လေးကြောင့် သူ့ဆီကိုပါအပြူံးတွေကူးစက်ရပြန်ပါတယ်

"ညနေလဲ ကိုယ်ပဲလာကြိုမယ်နော် စောင့်နေ"

"အင်း..."

ခပ်မြန်မြန်လေးခေါင်းငြိမ့်ပီးပြောလာတဲ့ဆောင်ဟွန်းကိုကြည့်ပီး ဂျယ်ယွန်းမျက်လုံးလေးတွေမှေးသွားတဲ့အထိကိုပြူံးမိသည်

ကျောင်းရှေ့ရောက်တော့ ကားပေါ်ကမဆင်းခင်
သူ့ဘက်လှည့်ပီးပါးချိုင့်နက်နက်လေးကို
ထင်းနေအောင်ပြူံးပြပြန်သည်
သူသည်းမခံနိုင်တော့ဘူး လက်တို့က ဆံနွယ်အနက်
ရောင်လေးတွေဆီကိုရောက်သွားကာ ဆံပင်လေးတွေကို အသာထိုးဖွပစ်လိုက်သည်

"ကျောင်းမှာ ဘာပြဿနာပဲရှိရှိ ကိုယ့်ကိုဖုန်းလှမ်း
ဆက်နော် နံပါတ်တစ်ကိုနှိပ်လိုက်ရင် ရပီ"

"ဟင် ကျွန်တော့်ဖုန်းကို ယူသုံးထားသေးတာလား"

"ကိုယ်ကအဲ့လိုစည်းကမ်းမရှိတဲ့လူမဟုတ်ပါဘူး
ဖုန်းနံပါတ်ထည့်ရုံပဲ မယုံဘူးလား"

သူ့ကို ခပ်ဟဟလေးရီပြကာ ဖြည်းဖြည်းလေး
ခေါင်းခါရင်း ကားပေါ်ကဆင်းသွားသည်
အပြင်ရောက်တဲ့ထိ ကားထဲကသူ့ကို လက်တွေဝှေ့ယမ်းပြနေတုန်း အတန်းထဲထိလိုက်စောင့်ချင်စိတ်တွေမဝင်ခင် အမြန်သွားမှရတော့မယ်

သူကားမှန်ချကာ လှမ်းပြူံးပြလိုက်ပီးနောက်
မသွားချင်သွားချင်နဲ့ပဲ ကျောင်းရှေ့လေးကနေ
ကားကိုပြန်လှည့်လာခဲ့ရတော့သည်

~~~~~~

ထွက်သွားတဲ့ ကားအနက်လေးကို မြင်ကွင်းရှေ့က
ပျောက်သွားတဲ့အထိ တစ်ဆုံးကြည့်ပီးမှ
ဆောင်ဟွန်းတစ်ယောက် ကျောင်းအဝင်ဝဘက်သို့
ဦးတည်ရတော့သည်

(*ဖုန်းမြည်သံ.....)

"Hello ဂျောင်ဝန်းနီး မင်းဘယ်မှာလဲ ငါခုကျောင်းရှေ့
ရောက်နေပီ"

("ပတ်ခ်ဆောင်ဟွန်း တစ်မိနစ်အချိန်ပေးမယ်
ခုချက်ချင်းအမြန်ဆုံးနည်းနဲ့ ကျောင်းအဝင်ဝနားကို
လာခဲ့လိုက်တော့ ဒါပဲ")

ခပ်တင်းတင်းလေသံနဲ့ ထူးထူးဆန်းဆန်းစကားတွေပြောပီးဖုန်းကိုတိခနဲချသွားတဲ့ငနဲသားကြောင့် ဆောင်ဟွန်းလဲ ကြောင်တောင်တောင်
ဖြစ်သွားရသည်

"ဘာလဲသူ ရုတ်တရက်ကြီး ဘာထဖြစ်တာပါလိမ့်"






ကျောင်းအဝရောက်တော့ သူ့ကိုစူးစမ်းတဲ့မျက်လုံးတွေနဲ့
လှမ်းကြည့်နေတဲ့ JungWonနဲ့JongSeong
အနားရောက်မှ သူ့မျက်နှာကဒဏ်ရာတွေမြင်တော့ ချက်ချင်းကို ပြာပြာသလဲအမူအရာတွေနှင့်

"ရား...ပတ်ခ်ဆောင်ဟွန်း မျက်နှာကဘယ်လိုဖြစ်တာလဲ မနေ့ကနေမကောင်းဘူးဆိုတာ ဒီဒဏ်ရာတွေလား"

"မျက်နှာကိုကြည့်အုံး ငါ့ကိုဖုန်းလှမ်းဆက်လိုက်ပါတော့လားအရူးရယ် ပြော ဘယ်သူလုပ်တာလဲ ငါသွားထိုးမယ်ခုချက်ချင်း"

ပြာပြာသလဲစိတ်ပူပီးလူကိုလာတွဲတဲ့တစ်ယောက်ရယ်
ထိုးမယ်ကြိတ်မယ်တကဲကဲလုပ်နေတဲ့တစ်ယောက်ရယ်
ဒီသူငယ်ချင်းနှစ်ယောက်နဲ့တင် သူ့ကျောင်းသားဘဝက
အတော်ကိုပြည့်စုံနေပါပီ

"ဘယ်သူမှမလုပ်ပါဘူး စိတ်လျှော့ကြ ငါ့ဘာငါ အပြင်မှာချော်လဲတာကနေထိတာ ဘယ်သူမှမထိုးဘူး"

"ချော်လဲတာတဲ့လား မလိမ်နဲ့"

"ဟာ တကယ်ပါဆို ငါက ရန်ဖြစ်ပီးဒဏ်ရာရမယ့်ကျောင်းသားမျိုးလား စဉ်းစားပီးမှပြောအုံး"

ဆောင်ဟွန်းနည်းနည်းလေးငေါက်ပေးလိုက်တော့မှ နှစ်ယောက်သားငြိမ်ကျသွားသည် အကျိုးလဲရှိမည်
မဟုတ်တာကြောင့် လီဂျွန်ယောင်းတို့ဆီက အထိုးခံခဲ့ရတဲ့အကြောင်းကို ဒီတိုင်းပဲဖုံးထားလိုက်တော့မည်

"အေးပါချော်လဲတာဆိုရင်လဲပီးတာပဲ ငါတို့မှာစိတ်ပူသွားတာ....
အား.....ဟုတ်သား ဒဏ်ရာတွေကြောင့်
အဓိကပြောဖို့ကိုတောင်မေ့သွားတယ် ခုနကမင်းကို
ကျောင်းလိုက်ပို့တာ ဘယ်သူလဲဖြေလိုက်တော့
ဒို့နှစ်ယောက်လုံး ကြည့်နေတာ မြင်တယ်နော်"


ဘုရားရေ ခေါင်းနပမ်းကြီးရပီ
ဒီနှစ်ယောက် ရှင်းဂျယ်ယွန်းကိုမြင်များသွားလားမသိဘူး
ဆောင်ဟွန်းဘယ်လိုလိမ်ပြောရမလဲ အသည်းအသန်စဉ်းစားနေတုန်းမှာပဲ အနားကိုကပ်ပီး လာငေါက်တဲ့
Park JongSeong

"ဘယ်သူလဲလို့မေးနေတာကို ဘာတွေငိုင်ကြည့်နေတာလဲ
လိမ်မယ်မကြံနဲ့နော် ပတ်ခ်ဆောင်ဟွန်း"

"အိမ်ကdriverဦးလေးကြီးတော့မဟုတ်တာသေချာတယ် ဦးလေးကြီးကကားလဲရင်တောင် အဲ့လောက်ကောင်းတဲ့
ကား လဲနိုင်မှာမဟုတ်ဘူး"



"Ahh hahaha သူငယ်ချင်းတို့ကလဲ
မနက်အစောကြီးစားပီ ဦးလေးကြီးမဟုတ်ဘူး ငါ့အဖေရဲ့အသိပါဟ သိတဲ့အတိုင်း ဒီဒဏ်ရာရတာငါ့အမေသိသွား
ရင် ဆူခံရမှာကြောက်လို့ သူ့ဆီမှာသွားနေနေတာ ဒီမနက် သူ့အလုပ်သွားရင်းနဲ့ လမ်းကြုံလို့ငါ့ကိုလိုက်ပို့တယ်
ဒါပဲလေ"

JongSeong ကတော့ယုံသွားသည်ထင်ရဲ့
ထပ်မေးဖို့လမ်းစပျောက်သွားတဲ့ပုံဆိုပေမယ့် Yang JungWonဆိုတဲ့ ငနဲသားကတော့ အကျင့်အတိုင်းမပီး
နိုင်မစီးနိုင်ဆက်ရစ်နေသည်

"အော်ဟုတ်လား အဖေရဲ့အသိနဲ့က တအားရင်းနှီးပုံပဲ သွားကိုလေသုံးဆယ့်နှစ်ချောင်းလုံးပေါ်မတတ် ရီပြပီး
နူတ်ဆက်နေလိုက်တာ မသိတဲ့လူဆို ရည်စားကကျောင်းလိုက်ပို့တယ်ထင်နေအုံးမယ်"

"Ayeee ဂျောင်ဝန်းနီးကလဲ ဘာတွေဒီလောက်တွေးနေတာလဲ တကယ်ပဲ လာနောက်ကျနေပီ အထဲဝင်ကြရအောင်"

သူ့သူငယ်ချင်းတွေရစ်ပုံမျိုးနဲ့ စကားထပ်များနေရင်
အကုန်ပေါ်ကုန်တော့မည်မို့ စကားလမ်းကြောင်းမနည်း
လွှဲပီး အတင်းခေါ်လာခဲ့ရသည်

~~~~~~~~~

ပုံမှန်ဆို စာသင်ခန်းထဲရောက်တာနဲ့ စာကလွဲပီးကျန်တာ
မသိတော့တဲ့ ဆောင်ဟွန်းမှာ ခုတော့ကျောင်းဆင်းချိန်ကို လက်ချိုးရေတွက်နေမိသည်
သင်နေရတဲ့ စာတွေလဲလိုက်မှီအောင် မပါသည့်စိတ်ကိုအတင်းဆွဲခေါ်ကာ မနည်းကိုအာရုံထည့်နေရသည်
မြန်မြန်ကျောင်းဆင်းချင်လှပီ~

ထမင်းစားချိန်မှာတောင် ရစ်စိန်နှစ်ကောင်နဲ့ အရင်လိုစကားဖောင်ဖွဲ့မနေနိုင်တော့
ရှင်းဂျယ်ယွန်းဆိုတဲ့လူ ဒီအချိန် ဘာတွေများလုပ်နေမလဲဆိုတဲ့ မေးခွန်းတွေထဲမှာပဲချာချာလည်လျက်
ညနေမြန်မြန်ရောက်ပါတော့..........


~~~~~~~~~~~








ညနေအတန်းတွေအကုန်ပီးတော့
နေ့လည်ထဲကစဉ်းစားထားတဲ့အစီစဉ်အတိုင်း
Study roomမှာ စာလုပ်ကျန်ခဲ့မယ်ဆိုပီး
JungWonနဲ့ Jong Seongဆီကနေ လစ်ထွက်လာခဲ့သည်

ကျောင်းရှေ့ကိုရောက်တော့ လမ်းထောင့်နားမှာရပ်ထားတဲ့ကားအနက်ရောင်လေးကို မှီပီးရပ်စောင့်နေတဲ့ရှင်းဂျယ်ယွန်း သူ့ကိုမြင်တော့ပြူံးကာလက်လှမ်းပြသည်

"ဘာလို့ အပြင်ထွက်စောင့်နေတာလဲ ကားထဲမှာစောင့်လဲရတာကို"

"ဘာဖြစ်လဲ ကိုယ်ကဒီလိုစောင့်နေရတာကိုကြိုက်တယ်"

ထုံးစံအတိုင်း ပြောစရာစကားပျောက်ရင်
ရှက်လာတတ်တဲ့ မျက်နှာလေးကိုကြည့်ပီး
ဂျယ်ယွန်းရီမိသည်

"ဘာရီနေတာလဲ တက်တော့လေကားပေါ်ကို ပြန်ရင်းနဲ့ ဝယ်စရာရှိသေးတယ် mini martကို ခနဝင်ပေးအုံးနော်"

"ဟင့်အင် အိမ်တန်းမပြန်သေးဘူး ကိုယ်တို့သွားစရာ
ရှိတယ်"

"သွားစရာ? ဘယ်ကိုလဲ"

"ဆောင်ဟွန်း...ကိုယ်နဲ့အတူ ဟန်မြစ်dateလုပ်ကြမလား"

To be continued......

My Essential Hoon (08)
12:14 AM
Jul14/2021

Hello! ပြန်လာပါပီ
ဆိုဘေမယ့်လဲ Essential Hoonလေးကိုမေ့နေကြလောက်
မလားမသိဘူးㅠ ကြားထဲမှာ နိုင်ငံရေးကြောင့်ရော covidကြောင့်ရောစိတ်အခြေနေကဘလိုမှမကောင်းတာ
ရယ် ရေးပီးစိတ်တိုင်းမကျလို့ပြန်ပြန်ဖျက်မိနေတာ
ကြောင့်ရယ် ဆယ်ရက်ကျော်တောင်ကြာသွားပါ
တယ်အမလေးㅠ ㅠ အကောင်းဆုံးဖြစ်အောင်ရေးချင်မိပေမယ့် ဒီလောက်ပဲ ထွက်လာတယ် စိတ်တိုင်းသိပ်မကျပေမယ့်လဲ အရပ်အပ်ချင်လွန်းလို့ အပ်လိုက်ပါပီ><
09ကိုလဲ မနက်ဖြန်သို့မဟုတ် သန်ဘက်ခါတင်နိုင်
အောင်ကြိုးစားကြည့်ပါမယ်
အာလုံးပဲဂရုစိုက်ကြပါ အိပ်ရေးဝဝအိပ် အစားများများစားပီး covidရန်ကနေ ကာကွယ်နိုင်ကြပါစေ💙

စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ရင်ထဲကနေ
တကယ်ကျေးဇူးတင်ပါတယ်ရှင် 💓



Zawgyi

ရွင္းဂ်ယ္ယြန္းတစ္ေယာက္ သူ႔အစ္ကိုကို စိတ္ထဲကေန
ႀကိတ္ပီးအားရပါးရခ်ီးက်ဴးေနမိသည္
ျမင္ကြင္းေရွ႕က စိတ္ရႈပ္ေနတဲ့မ်က္ႏွာေပးနဲ႔ေကာင္ေလးကေတာ့ ဒီလူႀကီးသက္သက္ အကြက္ေတြဆင္ထား
တယ္လို႔ ထင္ေကာင္းထင္ေနမယ္

ေန႔လယ္‌ကေလာက္ေတာင္ အနားကိုအကပ္မခံေတာ့ဘူး လူကိုေရွာင္ေရွာင္သြားတာ
ညစာစားေတာ့လဲ စကားတစ္ခြန္းမွမေျပာ အစားကိုပဲ
အာ႐ုံစိုက္ပီးသူ႔ကိုလ်စ္လ်ဴရႈေနလိုက္တာမ်ား HeeSeung Hyungကို သူကတမင္အိမ္မျပန္ခိုင္းတာလို႔ တကယ္ထင္ပီး စိတ္ဆိုးေနသလားပဲ

ခုလဲ ထိုခေလးဆိုးက သူ႔ကိုတစ္ေယာက္ထဲထားခဲ့ပီး အေပၚတက္ႏွင့္သြားပီ
ကိုယ္တိုင္က ဒီလို အေျခေနမ်ိဳးေတြကို ခုမွပထမဆုံးစၾကဳံဖူးတာဆိုေတာ့ တစ္ဖက္လူဘာျဖစ္ခ်င္ေနလဲ ဘယ္လိုေျပလည္ေအာင္လုပ္ရမလဲဆိုတာကိုေသခ်ာမသိ

စိတ္မြန္းၾကပ္မႈေတြအကုန္ ေဆးေနတဲ့ပန္ကန္လုံးေတြအေပၚသာ ပုံခ်လိုက္မိေတာ့သည္

သူငယ္ခ်င္းမိတ္ေဆြေတြ သူတို႔ရဲ့ရည္းစားေတြနဲ႔
ျပႆနာတက္တဲ့အခါတိုင္း
ျပန္ေျပလည္ေအာင္ ေခ်ာ့တယ္ဆိုတာေတြကိုေတာ့ ခနခနျမင္ဖူးသည္
ကိုယ့္ထမင္းကိုယ္စားပီး တစ္ဖက္လူစိတ္ေျပတဲ့ထိ မနားတမ္းထိုင္ေတာင္းပန္ရတာမ်ိဳးကေခ်ာ့တာတဲ့

ေနလာတဲ့သက္တမ္းတစ္ေလၽွာက္ အျမဲ လူေတြကို အထက္ကေနပဲ အမိန႔္ေပးေျပာဆိုဆက္ဆံလာခဲ့တဲ့
ကိုယ့္လိုလူက အခုေတာ့ ေတာင္းပန္ပါတယ္ဆိုတာကို
ပါးစပ္ကေနမခ်တမ္းေျပာရေတာ့မယ့္
သနားစရာအေျခေနနဲ႔ လာၾကဳံေနတာလား.......

ခပ္ျမန္ျမန္ပဲလုပ္စရာရွိတာေတြကိုအျမန္လက္စသတ္ပီး အေပၚထပ္သို႔အေျပးတက္လာခဲ့သည္

ေခ်ာ့ရအုံးမယ္ေလ ~
သိပ္ကို သနားစရာေကာင္းတဲ့ပုံစံေပါက္ေနရင္ေတာင္မွ‌ေပါ့
ေတာင္းပန္လိုက္လို႔ ျပန္ေျပလည္သြားမယ္ဆိုရင္
ဆယ္ဘဝေလာက္ထိကူးပီးေတာင္ သူေတာင္းပန္နိုင္ပါ
တယ္


အခန္းထဲဝင္သြားေတာ့ ကုတင္ေပၚမွာမဟုတ္ပဲ ေဘးက ထိုင္ခုံေပၚမွာထိုင္ပီး စာေတြလုပ္ေနတဲ့မွဲ႕ေလး

"ေနမေကာင္းျဖစ္ေနရင္းေတာင္ စာလုပ္ရမွျဖစ္မွာလား အိပ္ေတာ့ မအိပ္ရင္လဲလွဲေန"

လွမ္းဆြဲခါနီး သူ႔လက္ေတြကို ျပာျပာသလဲေရွာင္တိမ္းလိုက္တဲ့ ေဆာင္ဟြန္းရဲ့အမူအရာေၾကာင့္ ဂ်ယ္ယြန္းရင္ထဲေတာ့ ဝမ္းနည္းမိသြားတာအမွန္ပင္

*ကိုယ့္ပုံစံက မင္းအတြက္လူဆိုးတစ္ေယာက္လိုျဖစ္ေနသလား
ကိုယ့္ကို ေၾကာက္စရာတစ္ခုလိုျမင္ေနမိတာလားကေလးရယ္...*

"စာမလုပ္လို႔မရဘူး မနက္ျဖန္ေက်ာင္းသြားမွာ ဒီညေတာ့စာလုပ္မွရမယ္"

ခပ္တည္တည္နဲ႔ေျပာလာတဲ့မွဲ႕ေလးကိုၾကည့္ပီး သူ႔ရင္ထဲကဝမ္းနည္းမႈေတြကိုၿမိဳသိပ္ထားလိုက္ရင္း ခုံေဘးကကုတင္ေပၚမွာအသာေလးဝင္ထိုင္လိုက္သည္

"ဘာစာလုပ္မွာလဲ ကိုယ္ကူေပးလို႔ရတာရွိလား"

"ရတယ္ ဘာမွကူစရာမရွိဘူး ခင္ဗ်ား သြားအိပ္ရင္လဲအိပ္‌ေတာ့"

စကားေတြကေအးစက္လိုက္တာ
မနက္ကမွ စကားခ်ိဳခ်ိဳေတြေျပာထြက္တဲ့ႏူတ္ခမ္းဖူးေလးက သူမဟုတ္တဲ့အတိုင္းပဲ

ဂ်ယ္ယြန္းဘာမွဆက္မေျပာေတာ့ပဲ မ်က္မွန္နဲ႔ ပုံမွန္ဖတ္
လက္စစာအုပ္ကိုယူကာ ကုတင္ေပၚမွီေနလိုက္သည္
စာအုပ္ဖတ္သလိုနဲ႔ ခိုးခိုးၾကည့္မိေတာ့
မွဲ႕ေလးက သူ႔ကိုနည္းနည္းေလးေတာင္မွ အာ႐ုံစိုက္ပုံမၿပ

အိမ္ေခါင္မိုးေပၚကိုရြာက်ေနတဲ့ မိုးေရစက္သံေတြကလြဲလို႔ ၿငိမ္လြန္းေနတဲ့ ဒီအခန္းအေျခေနဟာ အေတာ္ေတာ့ အေနခက္စရာပင္

စိတ္မရွည္စြာပဲ လက္ထဲမွာဖြင့္ကိုင္ထားတဲ့စာအုပ္ကို ပိတ္ခ်လိုက္ပီး ကိုယ့္အား အတင္းလ်စ္လ်ဳရႈေနတဲ့ထိုအေၾကာတင္းေလးကို‌ ေပၚတင္ပဲ ေငးေမာ စိုက္ၾကည့္
ပစ္လိုက္ေတာ့သည္

စိတ္ဆိုးခံရရင္လဲ ခံရပါေစေတာ့ ဒီလိုစိုက္ၾကည့္လိုက္လို႔ မ်က္ေစာင္းေလးလွမ္းထိုးခံရလဲနည္းလားေလ....

ဒါေပမယ့္လဲ အတန္ငယ္ၾကာတဲ့ထိ မွဲ႕ေလးက သူ႔ကို တစ္ခ်က္ေတာင္မွလွည့္မၾကည့္ေတာ့ စိတ္ကအေတာ္
ပင္မြန္းၾကပ္လာသည္

"ေဟ့ မင္းကိုယ့္အေပၚ မေက်နပ္စရာတစ္ခုခုရွိလို႔လား"

"မရွိပါဘူး.."

ျပန္ေျဖတဲ့ပုံေၾကာင့္ ရင္ထဲမွာ နင္သြားသလိုခံစားခ်က္ႀကီး ျဖတ္ေျပးသြားသည္
သူ႔ကို စိတ္ခုေနတာမွန္ရင္လဲ ဘာ‌ေၾကာင့္စိတ္ခုရသလဲ အေၾကာင္းအရင္းကိုေတာ့ ပြင့္ပြင့္လင္းလင္းေျပာရမွာေပါ့

အခုေတာ့"မရွိပါဘူး " ဆိုတဲ့ခပ္ျပတ္ျပတ္စကားတစ္ခြန္းကိုေတာင္ လူကိုတစ္ခ်က္မွမၾကည့္ပဲျပန္ေျပာတဲ့
ဒီလို‌ေအးစက္စက္အမူအရာကဘာလဲ.....ငရဲက်ေနသလိုပဲ ဒီအေျခေနႀကီးကို ဘယ္လိုအင္အားနဲ႔ဆက္ပီး
သည္းခံရမွာလဲ...

*ေဘဘီ ကိုယ္သည္းခံနိုင္တယ္ဆိုတာေတြက မင္းကို
စိတ္ညစ္ေစမယ့္ ကိစၥမ်ိဳးေတြအတြက္ပဲ ဒါႀကီးကေတာ့ မဟုတ္ေသးဘူး *

စာရြက္လွန္ေနတဲ့ လက္ရွည္ရွည္သြယ္သြယ္ေလးေတြကို ဝင္ေရာက္ေႏွာင့္ယွက္လိုက္ပီး စာအုပ္ကိုပိတ္ခ်
လိုက္ေတာ့ သူ႔ကို နားမလည္သလို မ်က္ႏွာေပးနဲ႔
ၾကည့္လာတဲ့ ထိုေကာင္ေလး

ထပ္ပီးစိတ္ဆိုးလဲ မတတ္နိုင္ေတာ့ဘူး

႐ုတ္ခ်ည္းဆိုသလိုပဲ ထိုင္ေနတဲ့ ခုံေလးကိုပါ သူရွိရာ
ဘက္ဆီကို အနီးကပ္ဆုံး ဆြဲယူပစ္လိုက္သည္
3cmအကြာခန္႔ေလာက္က နီးနီးကပ္ကပ္ကိုျမင္ေနရသည့္ မ်က္ႏွာလွလွေလးမွာ သိပ္ကို ျမတ္နိုးခ်င္စဖြယ္

ခပ္တင္းတင္းေစ့ထားတဲ့ ႏူတ္ခမ္းဖူးတို႔မွာ အတန္ငယ္
ပြင့္အာလ်က္
သူ႔ရဲ့႐ုတ္တရက္အျပဳအမူတို႔ေၾကာင့္ထင္ပါရဲ့ နီရဲေနတဲ့
မ်က္ႏွာေပၚမွာ အံ့ဩမႈအျပည့္ႏွင့္

*မင္းေရာ ကိုယ္နဲ႔ ခံစားခ်က္ခ်င္းထပ္တူက်ေနမလား*

ဝိုင္းစက္ေနတဲ့မ်က္ဝန္းအစုံကို သူတည့္တည့္ၾကည့္ပစ္
လိုက္ေတာ့
မဝံ့မရဲ မ်က္ေတာင္ထူထူေလးေတြကို ပုတ္ခတ္ပုတ္
ခတ္လႈပ္ရွားကာ  သူ႔အၾကည့္ေတြကို ေရွာင္ဖယ္
ပစ္တယ္

"မေရွာင္နဲ႔ ကိုယ့္မ်က္လုံးကို တည့္တည့္ၾကည့္ပီးေျပာ
မင္း ကိုယ့္ကို စိတ္ဆိုးေနတာမလား? "

"ဟင့္အင္ စိတ္မဆိုးဘူးဆိုတာကို ဘယ္ႏွစ္ခါေျပာရမလဲ"

သူ႔ကိုအၾကည့္လႊဲရင္းပဲ ျပန္ေျပာလာတဲ့ ေကာင္ေလးကို
ၾကည့္ပီး ေပါက္ကြဲထြက္မိေတာ့မယ္
တကယ္ပဲ သူဘယ္လိုလုပ္မွ ျပန္အဆင္ေျပနိုင္မွာလဲ....

႐ုတ္တရက္......


"Ahhhhhhhhhh ဒါကဘာႀကီးတုန္း အေမ့ေရး
ပိုးဟပ္ႀကီး!! "

ဘဝမွာ ပိုးဟပ္တစ္ေကာင္ကို ကယ္တင္ရွင္တစ္ဦးလို
အမွတ္ရေနေတာ့မယ့္အျဖစ္အပ်က္ေတြရွိလာလိမ့္
မယ္လို႔ တစ္ခါမွမေတြးမိခဲ့ဖူးေပမယ့္လဲ.....


က်ယ္ေလာင္တဲ့ ေအာ္သံႏွင့္အတူ သူ႔ရင္ခြင္ထဲကို ႐ုတ္တရက္ႀကီးေရာက္လာတဲ့ေကာင္ငယ္ေလး

ႏွစ္ေယာက္အတူ ‌ေမြ႕ယာေပၚကိုလဲက်သြားပီးတဲ့ေနာက္
သူ႔ကိုယ္ေပၚက မွဲ႕ေလးရဲ့ကိုယ္ေငြ႕ခပ္ေႏြးေႏြးေလးကို
အရင္ခံစားမိလိုက္သည္

ႏွာေခါင္းထိပ္သို႔ တိုးေဝွ႕ရစ္သီလာေသာVanillaဆန္ဆန္ ကိုယ္သင္းရနံ့ေလးသည္ ဂ်ယ္ယြန္းရဲ့ အေသြးအသားေတြကို ေျဗာင္းဆန္သြားေစလ်က္

သူ႔ပုခုံးႏွစ္ဖက္မွ အက်ီစတို႔အား
လက္ေခ်ာင္းသြယ္သြယ္ေလးေတြႏွင့္ တင္းတင္းၾကပ္
ၾကပ္ဆုပ္ကိုင္ထားပုံမွာ အသည္းယားဖြယ္အတိ

ႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္မိသြားေတာ့ ျပာျပာသလဲ အတင္း႐ုန္းပီးျပန္ထဖို႔ျပင္တဲ့ေကာင္ေလးရဲ့ ကိုယ္လုံးေလးကို သူ႔လက္ေတြနဲ႔ အခ်ိန္မွီ ရစ္ေႏွာင္ဖမ္းခ်ဳပ္
ပစ္လိုက္သည္

"ခုေၿဖ ကိုယ္ဘယ္လိုလုပ္မွ မင္းစိတ္ဆိုးေျပမွာလဲ "

"ဘာ ဘာလုပ္တာလဲ ဖယ္ "

"တစ္ညလုံး မေျဖရင္ တစ္ညလုံးလႊတ္မေပးဘူး ေျပာ
ကိုယ္ဘယ္လိုလုပ္မွ စိတ္ဆိုးေျပမွာလဲ"

လက္ထဲကေန အတင္းကို႐ုန္းကန္ေနသည့္
ထိုေကာင္ေလးကို သူ ပိုပီးတင္းတင္းၾကပ္ၾကပ္
ဖက္ထားပစ္လိုက္သည္

"ခင္ဗ်ားကို ကၽြန္ေတာ္ ဖယ္လို႔ေျပာေနတယ္ေနာ္ ဒီလိုနဲ႔ ကၽြန္ေတာ္တကယ္စိတ္ဆိုးမိလိမ့္မယ္"

အနည္းငယ္တင္းမာသြားတဲ့ ေဆာင္ဟြန္းရဲ့ေလသံေၾကာင့္ ဂ်ယ္ယြန္း ခပ္တင္းတင္းေပြ႕ဖက္ထားတဲ့ လက္တို႔ကို ေလၽွာ့ေပးလိုက္သည္
သူ႔ကိုယ္ေပၚကေနအတင္းထကာ ထိုင္ခုံ‌ေပၚမွာ
ျပန္ထိုင္လ်က္ ေဒါသမ်က္လုံးေလးႏွင့္ အၾကည့္ခံရေတာ့ သူ႔ရင္ဘတ္ေတြနာက်င္ရျပန္ပီ



"ကိုယ္ေတာင္းပန္ပါတယ္ ဘာပဲျဖစ္ျဖစ္ အကုန္ကိုယ္ကပဲ ေတာင္းပန္ပါတယ္ ေက်းဇူးျပဳပီး
စိတ္ေျပပါေတာ့လား....."

"ကိုယ္ဘာလုပ္ရမလဲဟင္ ဒူးေထာက္ရမလား
မင္းမႀကိဳက္ဘူးဆိုတာေတြကို ႏွစ္ခါျပန္ထပ္မလုပ္မိေစရဘူး ကတိေပးပါတယ္ ေက်းဇူးျပဳပီး စိတ္ေျပပါေတာ့"

သူ႔စကားဆုံးေတာ့ တင္းမာေနတဲ့ မ်က္ႏွာအမူအရာေလးက အနည္းငယ္ ၿငိမ္က်သြားကာ စကၠန္႔ဝက္ေလာက္ သူ႔ကိုစိုက္ၾကည့္ေနျပန္သည္
အတန္ငယ္ၾကာမွ မ်က္လႊာေလးကိုေအာက္ခ်လ်က္

" ခင္ဗ်ားကေတာင္းပန္စရာဘာလိုလို႔လဲ ‌ဒီတိုင္း အဖက္မလုပ္သလိုျဖစ္သြားမိတဲ့ ကၽြန္ေတာ့္အမွားပါ "

" ကိုယ္က အေနခက္စရာျဖစ္လို႔လား
မင္းအဆင္ေျပေအာင္ ကိုယ္ဘာလုပ္ေပးရမလဲေျပာ
အကုန္လုပ္ေပးနိုင္တယ္
စိတ္ဆိုးေနတာရွိရင္လဲ အခုတစ္ခါထဲ ကိုယ့္ကိုဆဲဆိုထု
ရိုက္ပစ္လိုက္ကြာ မင္းကခုလိုပုံစံျဖစ္ေနရင္
ကိုယ္တကယ္မေနတတ္ဘူး "

သနားစရာမ်က္ႏွာေပး‌ေလးနဲ႔ ေျပာလာတဲ့ ဂ်ယ္ယြန္းကိုၾကည့္ပီး ပတ္ေဆာင္ဟြန္းလဲ ဘာျပန္ေျပာရမွန္းမသိ
တကယ္ေတာ့ ေရွာင္ေနမိတဲ့ကိုယ့္အမွားပါပဲ
စိတ္ဆိုးတာလဲမဟုတ္ ကိုယ့္စိတ္ကိုယ္မလုံမလဲေတြ
ျဖစ္ေနမိတာပင္ 

Driver ahjussi ျပန္သြားပီးထဲက
တစ္အိမ္လုံးမွာ သူရယ္ကိုယ္ရယ္ ႏွစ္ေယာက္ထဲရွိေနမွာ
အဲ့တာကလဲ တစ္ညလုံး ဆိုတာေတြကိုပဲေတြးေနမိပီး
ဆက္တိုက္ တစ္ေယာက္ထဲ မ်က္ႏွာေတြပူ
အေနေတြခက္ေနခဲ့တာ

ေနာက္ပီး အစထဲက ဒီလူနဲ႔ပတ္သက္ရင္
ကိုယ့္မွာ ခံစားခ်က္ေတြက ထူးဆန္းေနလို႔ သတိႀကီးႀကီးထားပီးေနေနပါရဲ့နဲ႔
ခုေတာ့ ဒီညျဖစ္သြားတာေတြကိုၾကည့္အုံး ရွက္လြန္းလို႔ မ်က္ႏွာႀကီးကိုပါ ျဖတ္ထုတ္ထားခ်င္တယ္

ကိုယ့္မွာတစ္ေယာက္ထဲ ထူပူပီး ဘယ္လိုတုံ႔ျပန္ရမွန္းမသိ လမ္းစေပ်ာက္ေနတုန္းမွာပဲ



႐ုတ္တရက္ ကုတင္‌ေပၚကဆင္းလာပီး
ကိုယ့္ထိုင္ခုံနားကို  ဒူးေထာက္သေယာင္ေလး
လာထိုင္တဲ့ အဲ့ဒီလူႀကီး
ပိုင္စိုးပိုင္နင္းနဲ႔ ကိုယ့္ေပါင္ႏွစ္ဖက္ေပၚ လက္ေလး
လာတင္ကာ လိုခ်င္တာရွိလို႔ပိုင္ရွင္အနားကိုကပ္ပီး
ခၽြဲေနတဲ့ေခြးေပါက္ေလးတစ္ေကာင္လို လူကိုလာေမာ့
ၾကည့္ေနသည္

"ကိုယ့္ကို စိတ္မဆိုးဘူးမလားဟင္ ေျဖပါအုံး...."




အျပဳအမူတိုင္းက ရဲတင္းလြန္းတယ္
ရိုးသေယာင္ ျဖဴစင္သေယာင္ မ်က္ႏွာေလးက ဒီတိုင္း
မ်က္ႏွာဖုံးသက္သက္ပဲ
ျမင္ေနရတယ္
ကိုယ့္ကိုေမာ့ၾကည့္ေနတဲ့အဲ့ဒီမ်က္ဝန္းနက္ေတြထဲမွာ
တစ္ခါက်ပီးရင္ ျပန္႐ုန္းမထြက္နိုင္ေလာက္မဲ့
ေထာင္ေခ်ာက္အနက္ႀကီးေတြကို

ရွင္းဂ်ယ္ယြန္း....ခင္ဗ်ားဟာ သိပ္ကို
အႏၲရာယ္မ်ားလြန္းေသာပဲ
ဘယ္သူ႔ခြင့္ျပဳခ်က္နဲ႔ လူကိုလာညိဳ႕ေနရတာလဲ

*႐ူးခ်င္တာပဲ ပတ္ေဆာင္ဟြန္းေရ အသိစိတ္ကပ္ပါအုံး*








"ဘာမွမျဖစ္ေတာ့ဘူးလို႔ အဲ့တာေၾကာင့္ ေအာက္မွာ
အဲ့တိုင္းႀကီးထိုင္မေနနဲ႔ ထေတာ့"

"မင္းက စိတ္ဆိုးေနေသးတာကို အခုထိ...."



ရွင္းဂ်ယ္ယြန္းသည္ ကိုယ္ႏွင့္အသက္ကြာလွ အလြန္ဆုံး
ႏွစ္ႏွစ္ သုံးႏွစ္ခန္႔ပဲရွိေလာက္မည့္ပုံပင္
မ်က္ႏွာအက်အနႏွင့္ အသားအရည္တို႔က
ကိုယ့္လိုအထက္တန္းေက်ာင္းသားနီးနီးပင္
ႏုဖတ္ျဖဴေဖြးကာ အေရာင္လြင္လြင္ေပါ့ေပါ့ပါးပါး
out fitေလးမ်ားဝတ္လိုက္ရင္ ရြယ္တူလို႔ေတာင္
ထင္ရနိုင္သည္

ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္ထက္
အႀကီးျဖစ္သည့္အျပင္ တကယ္လဲ
လူႀကီးတစ္ေယာက္ျဖစ္ေနပါေသာ္ျငား
ခုလုပ္ေနတဲ့ပုံစံကေတာ့ လူႀကီးႏွင့္ နည္းနည္းေလးမွမတူ


"ဒါနဲ႔ေလ ေမးရတာ နည္းနည္းရိုင္းသလိုျဖစ္သြားရင္လဲအားနာပါတယ္ ခင္ဗ်ားအသက္ကဘယ္ေလာက္လဲဟင္"

"28..."

What the hell!! ၂၈တဲ့လား...
*ဒါဆို ငါ့ထက္ ကိုးႏွစ္ေတာင္ ႀကီးတာေပါ့*


"ဘာပါလိမ့္ အဲ့ဒီမ်က္ႏွာထားက ကိုယ့္ကို အသက္ႀကီးေနပီဆိုပီး စိတ္ထဲက ႀကိတ္ေဝဖန္ေနတာလားေျပာ.."

ႏူတ္ခမ္းေလးကိုမသိမသာဆူကာ မ်က္ေမွာင္ေလးၾကဳံ႕လ်က္ေျပာလာတဲ့၂၈ႏွစ္အရြယ္ ထိုလူႀကီးသည္
အရြယ္ႏွင့္မလိုက္ေအာင္ကို ခ်စ္ဖို႔ေကာင္းတယ္ေျပာရမလား ကိုယ္တိုင္ေတာင္မသိလိုက္ခင္မွာတင္
အလိုလိုျပဳံးမိသြားသည္

တကယ္ပဲခ်စ္စရာေကာင္းတာလား မူရာမာယာေတြနဲ႔ပဲ
ေထာင္ေခ်ာက္ဆင္ေနသလား မေဝခြဲတတ္ေတာ့ပါဘူး....

" အဲ့လိုမဟုတ္ပါဘူး ကၽြန္ေတာ့္ထက္ပိုအသက္ႀကီးမယ္
မွန္းသိေပမယ့္၂၈ႏွစ္လို႔ေတာ့ထင္မထားတာ အင္းေလ...ကိုးရီယားလူမ်ိဳးေတြက မ်ားေသာအားျဖင့္
႐ုပ္ႏုၾကတာပဲ ေနာက္ပီး ခင္ဗ်ားက တစ္ခ်က္တစ္ခ်က္
ဆိုရင္ ခ်စ္ဖို႔လဲ...."

႐ုတ္တရက္ေျပာေနတဲ့စကားဘယ္ေရာက္သြားလဲသတိ
ကပ္မိမွ မလြန္ခင္ အျမန္ရပ္လိုက္ရသည္
႐ူးခ်င္တယ္ တကယ္....
ခ်စ္ဖို႔ေကာင္းတယ္လို႔ ေျပာထြက္ခါနီးထိျဖစ္သြားတာပဲ
အခု စကားကိုဘယ္လိုဆက္ရပါ့မလဲ

ရွက္လိုက္တာ သူ႔ကလဲကိုယ့္ကိုမ်က္လုံးေလးျပဴးပီး
ၾကည့္ေနတယ္ ကိုယ္ဆက္ေျပာမွာကိုစိတ္ဝင္တစား
ေစာင့္ေနတဲ့ပုံ

ေတာ္ပါပီ ရိုးသားသလိုမ်က္ႏွာဖုံးေလးနဲ႔
ဘာေတြလာေမၽွာ္လင့္ျပေနတာလဲ
ပီးရင္ ကိုယ္ကိုကြယ္ရာအထင္ေသးေနမွာ
အျဖစ္မခံနိုင္ဘူး အဲ့လို

*ပတ္ခ္ေဆာင္ဟြန္း! အသိစိတ္ကပ္ လုံးဝစကားမွားလို႔
မျဖစ္ဘူး*






"ရီဖို႔ေကာင္းတယ္လို႔ခင္ဗ်ားက တစ္ခ်က္တစ္ခ်က္ကို တကယ္ရီရတာသိလား ခုပုံစံေတာင္ေတာ္ေတာ္ရီစရာေကာင္းေနပီ ဟားဟားဟား....အမေလး႐ုတ္တရက္ႀကီး
ေရဆာလာလိုက္တာ ေရဘယ္မွာပါလိမ့္.."

ဘာေတြေျပာမိမွန္းလဲမသိေတာ့ပါဘူး ရွက္လြန္းလို႔ သူႏွင့္ဆန္႔က်င္ဘက္ကို ေရရွာသလိုလို မသိမသာေလးလွည့္
မည္အလုပ္

ထိုင္ေနရာမွ ဆတ္ခနဲတန္းထကာ ကိုယ့္လက္ထဲကို
အဖုံးဖြင့္လ်က္သားေရဘူးေလးကမ္းလာတဲ့
ရွင္းဂ်ယ္ယြန္း~

" ေရေသာက္ပီးလွဲေနလိုက္ေတာ့ ဒီညမိုးေအးတယ္ ဒီေလာက္ေစာင္အထူနဲ႔မျဖစ္ေတာ့ဘူး ကိုယ္ ဒီထက္ထူတဲ့ေစာင္သြားယူလာေပးမယ္ ခနေစာင့္ေနာ္"

အခန္းတံခါးပိတ္သြားပီး တစ္ေယာက္ထဲက်န္ခဲ့ေတာ့မွ ေဆာင္ဟြန္းတစ္ေယာက္ လက္ႏွင့္ရင္ဘတ္ကိုဖိလ်က္ သက္ျပင္းတစ္ခ်က္ခ်ကာ အသက္ဝဝရႉနိုင္ေတာ့သည္

~~~~~~~~~~~

ပိုးဟပ္တစ္ေကာင္ ေကာင္းမႈအေၾကာင္းျပဳလို႔
အေျခေနေတြက ဒီေလာက္ထိအဆင္ေျပသြားတာပဲ
လြန္ခဲ့ေသာ နာရီပိုင္းေလာက္ကထိ ဂ်ယ္ယြန္း႐ူးမလိုေတြ
စိတ္ရႈပ္ေနရေပမယ့္ အခုေတာ့ကိုယ့္မ်က္ႏွာပိုးကိုယ္မနည္းသတ္ေနရသည္

ခုနက အခန္းထဲမွာျမင္လာခဲ့ရတဲ့ မွဲ႕ေလးရဲ့ခ်စ္စရာအမူအရာေလးေတြက ဂ်ယ္ယြန္းရဲ့ေလာင္ၿမိဳက္ေနတဲ့
ရင္ခြင္ႀကီးကို ေအးခ်မ္းဖြယ္အတိဖန္တီးေပးလိုက္
သည္ေလ

သူ႔ကိုခ်စ္ဖို႔ေကာင္းတယ္လို႔ေျပာလိုက္မွန္းသိပါတယ္
ရွက္လို႔ ရီဖို႔ေကာင္းတယ္ဆိုပီးေရာခ်လိုက္မွန္းလဲသိပ္သိသာတယ္ အဲ့တာေၾကာင့္လဲ တမင္အျပင္ထြက္လာေပးခဲ့တာ မ်က္ႏွာေလးကတအားကိုနီရဲေနပီေလ
ခနတိုင္းကိုစပစ္လိုက္ခ်င္တယ္ ရွက္လာပီဆိုရင္
႐ူးမတတ္ခ်စ္ဖို႔ေကာင္းလြန္းတဲ့ အဲ့ဒီေကာင္ေလးကို

ဘာပဲျဖစ္ျဖစ္ စိတ္ရႈပ္စရာအေျခေနကေနေတာ့
႐ုန္းထြက္လာနိုင္ခဲ့ပီ ထင္တာပဲ...



အခန္းထဲျပန္ဝင္လာေတာ့ ေကာင္ေလးက ကုတင္ေပၚမွာ လွဲပီး အိပ္ေပ်ာ္ေနသည္လား အိပ္ျခင္ေယာင္​ေဆာင္
ေနသည္လား
သူအနားကပ္ပီး ၾကည့္ေတာ့ တမင္အိပ္ျခင္ေယာင္
ေဆာင္ေနတာ
*ကိုယ္တို႔ ေဘဘီက ခုထိအရွက္မေျပေသးဘူးပဲ *

ယူလာတဲ့ေစာင္ေလးကိုအေပၚကေနထပ္ျခဳံေပးလိုက္ရင္းကုတင္ေဘးကထိုင္ခုံေလးမွာပဲ ဝင္ထိုင္လိုက္သည္


"ခင္ဗ်ား ဒီညလဲ အဲ့ဒီခုံမွာပဲ ထပ္အိပ္အုံးမလို႔လား"

႐ုတ္တရက္ အိပ္ျခင္ေယာင္ေဆာင္ေနရာကေန မ်က္လုံးေလးဖြင့္လာပီး စကားေတြေျပာလာတဲ့ေကာင္ေလး

"ဒါေပါ့.....ကိုယ္ကဒီမွာမအိပ္ရင္
မင္းနဲ႔အတူကုတင္ေပၚမွာလာအိပ္ရမွာလား"

"အဲ့လိုေျပာတာမဟုတ္ဘူး ခင္ဗ်ားအိပ္ဖို႔ တစ္ျခားအခန္းေတြမရွိေတာ့ဘူးလားလို႔ ခုံေပၚမွာအိပ္ရတာ ခင္ဗ်ားအစား ကၽြန္ေတာ္သက္ေသာင့္သက္သာမျဖစ္လို႔ေျပာတာ"

သူ႔ကိုစိတ္ပူတဲ့ပုံစံေလးနဲ႔ေျပာလာတာမို႔ ရင္ထဲမွာေႏြးေထြးမႈေတြတစ္ေပြ႕တစ္ပိုက္ႏွင့္ ၾကည္ႏူးစိတ္တို႔ျဖစ္သြား
ရသည္

"ကိုယ္ကေတာ့ မင္းကိုျမင္ေနရရင္ အလိုလိုသက္ေသာင့္သက္သာျဖစ္တယ္ မင္းကိုယ့္မ်က္စိေရွ႕ကေနေပ်ာက္ေနမွသာစိတ္တအားညစ္တာ"

"ခင္ဗ်ားေလ ဘာလို႔ကၽြန္ေတာ့္ကို ဘာမွမဆိုင္ပဲအရမ္းဂ႐ုစိုက္ျပေနရတာလဲဟင္   တကယ္ပဲကၽြန္ေတာ့္ဆီကေနလိုခ်င္တာက ဘာလဲ"

" လူတစ္ေယာက္ကို ဂ႐ုစိုက္တာမွာ သက္ဆိုင္မွရယ္ဆိုပီး စည္းမ်ဥ္းေတြကန္႔သက္ခ်က္ေတြ လိုလို႔လား...
မင္းကို ဂ႐ုစိုက္ပါဆိုပီး ႏွလုံးသားကခိုင္းေစလြန္းလို႔ ျဖစ္လာတဲ့ဂ႐ုစိုက္မႈေတြကို ဆိုင္သူမဟုတ္လို႔ဂ႐ုစိုက္စရာမလိုဘူးဆိုပီး ဦးေႏွာက္ကခ်ေပးထားတဲ့စည္းမ်ဥ္းႀကီးနဲ႔ မသိျခင္ေယာင္ေဆာင္ပစ္လိုက္လို႔မရဘူး"

"ေနာက္တစ္ခုက ကၽြန္ေတာ့္ဆီကလိုခ်င္တာဘာလဲဆိုတဲ့ ေမးခြန္းကိုခနခနမေမးနဲ႔ ကိုယ္တကယ္လိုခ်င္တာကို
ေတာင္းခဲ့ရင္ေရာ မင္းကေပးနိုင္မွာမလို႔လား"

သူ႔စကားေတြအတြက္ ေဆာင္ဟြန္းရဲ့တုံ႔ျပန္မႈကေတာ့ေမၽွာ္လင့္ထားတဲ့အတိုင္းပါပဲ မ်က္ေတာင္ေလးေတြကို
ပုတ္ခတ္ပုတ္ခတ္ လုပ္ပီး အၾကည့္လႊဲကာ
ထပ္ေရွာင္ပစ္သြားျပန္တယ္


"ဒီတိုင္း အိပ္ရတာ အဆင္မေျပမွာစိုးလို႔ေျပာျပရင္းကေနဘာကိုဒီေလာက္အတည္ႀကီးေတြျပန္ေျပာေနတာလဲ တကယ္ပါပဲ စိတ္တိုင္းက်သာေနပါေတာ့ ႀကိဳက္တဲ့ေနရာမွာအိပ္ အဆင္ေျပေျပမေျပေျပခင္ဗ်ားအပိုင္းပဲ
ကၽြန္ေတာ္အိပ္ပီ"

ဘာမွမသိနားမလည္သလို အမူအရာေလးႏွင့္စကားလမ္းေၾကာင္းေတြလႊဲပစ္တဲ့ေကာင္ေလးကိုၾကည့္ပီး ဂ်ယ္ယြန္း ခပ္ဟဟရီလိုက္မိသည္

"မနက္ျဖန္ ေက်ာင္းလိုက္ပို႔မယ္ အဆင္ေျပလား"

"ရတယ္ မလိုက္ပို႔နဲ႔"

"မွဲ႕ေလးရယ္ ဘာလို႔ဒီေလာက္ကတ္သီးကတ္သတ္နိုင္
လြန္းေနတာလဲကြာ မရဘူးကိုယ္ပဲလိုက္ပို႔မယ္
တစ္ေယာက္ထဲမသြားနဲ႔"

စိတ္ထဲရွိတဲ့အတိုင္းလႊတ္ခနဲေျပာထြက္သြားတဲ့စကားေတြမို႔ "မွဲ႕ေလး" ဆိုတဲ့နာမ္စားေလးကိုပါသုံးမိသြားေတာ့ သူ႔ကိုေက်ာေပးပီး အိပ္ေနရာကေနျပန္လွည့္ၾကည့္လာတဲ့
ေကာင္ေလး

" အစထဲက အဲ့နာမည္ကို ဆက္တိုက္ေခၚေနတာပဲ
မဟုတ္ပါဘူးလို႔ေျပာလဲမရဘူး"

"Ok Ok! ေနာက္မေခၚေတာ့ဘူးေနာ္
ေဆာင္ဟြန္းရယ္ တစ္ခါေလာက္ပဲကိုယ္ေျပာတာေလးကို လိုလိုလားလားေခါင္းၿငိမ့္ေပးလို႔မရဘူးလား"

"အဟင္း....တစ္ေယာက္ထဲသြားလဲရတာကို
အတင္းလိုက္ပို႔ခ်င္ေနေတာ့လဲ အင္းပါ အိုေခေပါ့
ေျပာစရာမရွိေတာ့ဘူးမလား အိပ္ပီ"


ျပဴံးျပဴံးႀကီးေငးၾကည့္ေနမိတဲ့ သူ ဒီတစ္ခါေတာ့
မ်က္ေစာင္းအထိုးမခံရေတာ့ပါ
ႏွစ္ေယာက္ၾကားကေလထုမွာ စိတ္ညစ္စရာအေငြ႕အ
သက္တို႔ပကတိကင္းမဲ့လ်က္ ေျပလည္ၿငိမ္ခ်မ္းျခင္း ၾကည္ႏူးျခင္းတို႔အျပည့္ႏွင့္

အိပ္ပီဆိုပီး မ်က္လႊာေလးအစုံကိုမွိတ္သြားတာ ဘယ္ေလာက္မွေတာင္မၾကာေသးဘူး တကယ္ပဲ
ခနေလးနဲ႔ အိပ္ေပ်ာ္သြားပါေရာလား
ကိုယ့္ေၾကာင့္ ဒီညအမ်ားႀကီးပင္ပန္းသြားခဲ့ရပီ

ေအာ္....တကယ္ကိုရွည္လ်ားတဲ့တစ္ညတာကိုျဖတ္သန္းခဲ့ရတာပဲ ဒါေပမယ့္လဲ အဆုံးမွာ အခုလိုေျပလည္ေပးတဲ့
အတြက္ ေက်းဇူးပါ ကိုယ္ရဲ့ကေလးေလး....*

သူ႔ရဲ့ ပန္းႏုေရာင္ႏူတ္ခမ္းပါးေလးႏွင့္တံဆိပ္ခပ္
ႏွိပ္ထားတဲ့ လက္ခုံျဖဴျဖဴေလးကို ေဆာင္ဟြန္းရဲ့
နဖူးထိပ္သို႔ထိကပ္ေပးလိုက္သည္

"Good night kiss babe~
ေနာက္ မင္းခြင့္ျပဳခ်က္ရွိလာတဲ့တစ္ခ်ိန္မွ
ကိုယ္တိုင္ကိုယ္က် ေသခ်ာေပးပါ့မယ္
ေကာင္းေသာည ကေလးေလး~ အိပ္မက္လွလွမက္ပါေစ"

~~~~~~~~~~~~~





ကိုယ္လုံးပတ္လည္ကိုရစ္သိုင္းလာတဲ့ ခ်မ္းစိမ့္စိမ့္ေလေအးတို႔ေၾကာင့္ ဂ်ယ္ယြန္း မ်က္လုံးအစုံတို႔ပြင့္လာခဲ့သည္
ညတုန္းက တံခါးကိုေသခ်ာေပါက္ပိတ္ခဲ့ပါရက္ႏွင့္ မနက္နိုးလာေတာ့ ျပတင္းေပါက္ကပြင့္ေနသည္
ကုတင္ေပၚကိုၾကည့္လိုက္ေတာ့ အိပ္ေပ်ာ္ေနတဲ့လူသားေလးကမရွိေတာ့ဘူး

တစ္ေယာက္ထဲအိပ္ေပ်ာ္ပီးက်န္ရစ္ခဲ့ရျပန္တဲ့
ေနာက္ထပ္မနက္ခင္းတစ္ခု
ညတုန္းက ထိုင္ခုံေပၚမွာပဲဒီတိုင္းအိပ္ေပ်ာ္သြားခဲ့ေပမယ့္ ခုမနက္နိုးလာေတာ့ သူ႔ကိုယ္ေပၚမွာေရာက္ေနတဲ့
ေစာင္ေလးတစ္ထည္

ဘယ္သူျခဳံေပးသြားလဲကေတာ့ စဥ္းစားၾကည့္စရာ
ေတာင္မလိုေတာ့ပါဘူး
အင္မတန္ကိုက်က္သေရရွိလြန္းတဲ့ မနက္ခင္းေလးပါပဲ

စားပြဲတင္ေပၚက နာရီကိုလွမ္းၾကည့္လိုက္ေတာ့
ရွစ္နာရီေတာင္ထိုးေတာ့မည္

"ဟာ ေနာက္က်ေနပီ ျပႆနာပဲ နိူးစက္ေပးထားလိုက္ရမွာကိုေမ့သြားတယ္ shit! "

သူကကမန္းကတန္းႏွင့္ ေအာက္ကိုအေျပးဆင္းလာခဲ့
သည္
ေအာက္ေရာက္ေတာ့ ဧည့္ခန္းမွာဘယ္သူမွမရွိ TVကေတာ့ပြင့္ေနသည္

မီးဖိုေခ်ာင္ဘက္ဆက္သြားေတာ့မွ ေတြ႕ရပီ
ထမင္းစားပြဲမွာ ထိုင္ပီးမုန္႔စားေနတဲ့ေဆာင္ဟြန္း...
သူ႔ကိုျမင္ေတာ့ လွမ္းရီျပသည္

ျမင္ေတာင့္ျမင္ခဲအျပဴံးေလးကို မနက္နိုးနိုးျခင္းျမင္ေန
ရတာ ဒါအိပ္မက္ေတာ့မဟုတ္ဘူးမလား....
ဂ်ယ္ယြန္း ေတာက္ေတာက္ပပေလးျပန္ျပဴံးျပလိုက္ရင္း ေကာင္ငယ္ေလးရွိရာစားပြဲဆီကိုအေျပးသြားလိုက္သည္

"ေဆာရီး အိပ္ယာထေနာက္က်သြားတယ္ ဘယ္ခ်ိန္ထသြားတာလဲ ကိုယ့္ကိုပါနိူးလိုက္ေရာေပါ့ မနက္စာျပင္ေပး
ဖို႔ကို စားေတာင္ေနပီပဲ"

"ရပါတယ္ အိပ္ေပ်ာ္ေနတာမို႔တမင္မနိူးတာ ကၽြန္ေတာ္ကမနက္စာစားဖို႔ေစာပီးထတာ မုန္႔စားပီးရင္လာနိူးေတာ့မလို႔ပဲ"

"ခုေက်ာင္းေနာက္က်ေနပီလား ခနပဲေစာင့္ေနာ္
ကိုယ္အျမန္ျပင္လိုက္မယ္"

သူခ်ာခနဲလွည့္ထြက္လာပီး အျမန္မ်က္ႏွာသစ္ေရခ်ိဳးဖို႔
ျပင္ရသည္
ေကာင္ေလးကေတာ့ လွမ္းေအာ္ေျပာရွာပါတယ္
ေအးေဆးလုပ္မွီတယ္ တကယ္လို႔ မမွီရင္လဲ
ေက်ာင္းလစ္လိုက္ၾကတာေပါ့တဲ့
တကယ္ပဲ မနက္ခင္းမွာေတာင္ သူ႔ကို အသည္းယား
ေအာင္လာလုပ္ေန​ေတာ့တာပဲ





ေရခ်ိဳးပီးတာနဲ႔ တစ္ခါထဲေဆာင္ဟြန္းကို ေက်ာင္းပို႔ဖို႔
ျပင္ရသည္ ေကာင္ေလးက မနက္စာေတာင္အတင္းစား
ခိုင္းေနေသးတာ ညတုန္းကေတာ့ လူကိုစိတ္ညစ္ေအာင္
လုပ္ပီး မနက္ေရာက္မွ ဂ႐ုစိုက္သလိုေတြလုပ္ျပေန
ျပန္တယ္

ကားထဲေရာက္ေတာ့လဲ radioဖြင့္ခိုင္းလို႔ဖြင့္ေပး
လိုက္ေတာ့ လမ္းတစ္ေလၽွာက္သီခ်င္းေတြလိုက္ဆိုပီး
လန္းဆန္းတက္ႂကြေနတဲ့ေကာင္ေလးေၾကာင့္ သူ႔ဆီကိုပါအျပဴံးေတြကူးစက္ရျပန္ပါတယ္

"ညေနလဲ ကိုယ္ပဲလာႀကိဳမယ္ေနာ္ ေစာင့္ေန"

"အင္း..."

ခပ္ျမန္ျမန္ေလးေခါင္းၿငိမ့္ပီးေျပာလာတဲ့ေဆာင္ဟြန္းကိုၾကည့္ပီး ဂ်ယ္ယြန္းမ်က္လုံးေလးေတြေမွးသြားတဲ့အထိကိုျပဴံးမိသည္

ေက်ာင္းေရွ႕ေရာက္ေတာ့ ကားေပၚကမဆင္းခင္
သူ႔ဘက္လွည့္ပီးပါးခ်ိဳင့္နက္နက္ေလးကို
ထင္းေနေအာင္ျပဴံးျပျပန္သည္
သူသည္းမခံနိုင္ေတာ့ဘူး လက္တို႔က ဆံႏြယ္အနက္
ေရာင္ေလးေတြဆီကိုေရာက္သြားကာ ဆံပင္ေလးေတြကို အသာထိုးဖြပစ္လိုက္သည္

"ေက်ာင္းမွာ ဘာျပႆနာပဲရွိရွိ ကိုယ့္ကိုဖုန္းလွမ္း
ဆက္ေနာ္ နံပါတ္တစ္ကိုႏွိပ္လိုက္ရင္ ရပီ"

"ဟင္ ကၽြန္ေတာ့္ဖုန္းကို ယူသုံးထားေသးတာလား"

"ကိုယ္ကအဲ့လိုစည္းကမ္းမရွိတဲ့လူမဟုတ္ပါဘူး
ဖုန္းနံပါတ္ထည့္႐ုံပဲ မယုံဘူးလား"

သူ႔ကို ခပ္ဟဟေလးရီျပကာ ျဖည္းျဖည္းေလး
ေခါင္းခါရင္း ကားေပၚကဆင္းသြားသည္
အျပင္ေရာက္တဲ့ထိ ကားထဲကသူ႔ကို လက္ေတြေဝွ႕ယမ္းျပေနတုန္း အတန္းထဲထိလိုက္ေစာင့္ခ်င္စိတ္ေတြမဝင္ခင္ အျမန္သြားမွရေတာ့မယ္

သူကားမွန္ခ်ကာ လွမ္းျပဴံးျပလိုက္ပီးေနာက္
မသြားခ်င္သြားခ်င္နဲ႔ပဲ ေက်ာင္းေရွ႕ေလးကေန
ကားကိုျပန္လွည့္လာခဲ့ရေတာ့သည္

~~~~~~

ထြက္သြားတဲ့ ကားအနက္ေလးကို ျမင္ကြင္းေရွ႕က
ေပ်ာက္သြားတဲ့အထိ တစ္ဆုံးၾကည့္ပီးမွ
ေဆာင္ဟြန္းတစ္ေယာက္ ေက်ာင္းအဝင္ဝဘက္သို႔
ဦးတည္ရေတာ့သည္

(*ဖုန္းျမည္သံ.....)

"Hello ေဂ်ာင္ဝန္းနီး မင္းဘယ္မွာလဲ ငါခုေက်ာင္းေရွ႕
ေရာက္ေနပီ"

("ပတ္ခ္ေဆာင္ဟြန္း တစ္မိနစ္အခ်ိန္ေပးမယ္
ခုခ်က္ခ်င္းအျမန္ဆုံးနည္းနဲ႔ ေက်ာင္းအဝင္ဝနားကို
လာခဲ့လိုက္ေတာ့ ဒါပဲ")

ခပ္တင္းတင္းေလသံနဲ႔ ထူးထူးဆန္းဆန္းစကားေတြေျပာပီးဖုန္းကိုတိခနဲခ်သြားတဲ့ငနဲသားေၾကာင့္ ေဆာင္ဟြန္းလဲ ေၾကာင္ေတာင္ေတာင္
ျဖစ္သြားရသည္

"ဘာလဲသူ ႐ုတ္တရက္ႀကီး ဘာထျဖစ္တာပါလိမ့္"






ေက်ာင္းအဝေရာက္ေတာ့ သူ႔ကိုစူးစမ္းတဲ့မ်က္လုံးေတြနဲ႔
လွမ္းၾကည့္ေနတဲ့ JungWonနဲ႔JongSeong
အနားေရာက္မွ သူ႔မ်က္ႏွာကဒဏ္ရာေတြျမင္ေတာ့ ခ်က္ခ်င္းကို ျပာျပာသလဲအမူအရာေတြႏွင့္

"ရား...ပတ္ခ္ေဆာင္ဟြန္း မ်က္ႏွာကဘယ္လိုျဖစ္တာလဲ မေန႔ကေနမေကာင္းဘူးဆိုတာ ဒီဒဏ္ရာေတြလား"

"မ်က္ႏွာကိုၾကည့္အုံး ငါ့ကိုဖုန္းလွမ္းဆက္လိုက္ပါေတာ့လားအ႐ူးရယ္ ေျပာ ဘယ္သူလုပ္တာလဲ ငါသြားထိုးမယ္ခုခ်က္ခ်င္း"

ျပာျပာသလဲစိတ္ပူပီးလူကိုလာတြဲတဲ့တစ္ေယာက္ရယ္
ထိုးမယ္ႀကိတ္မယ္တကဲကဲလုပ္ေနတဲ့တစ္ေယာက္ရယ္
ဒီသူငယ္ခ်င္းႏွစ္ေယာက္နဲ႔တင္ သူ႔ေက်ာင္းသားဘဝက
အေတာ္ကိုျပည့္စုံေနပါပီ

"ဘယ္သူမွမလုပ္ပါဘူး စိတ္ေလၽွာ့ၾက ငါ့ဘာငါ အျပင္မွာေခ်ာ္လဲတာကေနထိတာ ဘယ္သူမွမထိုးဘူး"

"ေခ်ာ္လဲတာတဲ့လား မလိမ္နဲ႔"

"ဟာ တကယ္ပါဆို ငါက ရန္ျဖစ္ပီးဒဏ္ရာရမယ့္ေက်ာင္းသားမ်ိဳးလား စဥ္းစားပီးမွေျပာအုံး"

ေဆာင္ဟြန္းနည္းနည္းေလးေငါက္ေပးလိုက္ေတာ့မွ ႏွစ္ေယာက္သားၿငိမ္က်သြားသည္ အက်ိဳးလဲရွိမည္
မဟုတ္တာေၾကာင့္ လီဂၽြန္ေယာင္းတို႔ဆီက အထိုးခံခဲ့ရတဲ့အေၾကာင္းကို ဒီတိုင္းပဲဖုံးထားလိုက္ေတာ့မည္

"ေအးပါေခ်ာ္လဲတာဆိုရင္လဲပီးတာပဲ ငါတို႔မွာစိတ္ပူသြားတာ....
အား.....ဟုတ္သား ဒဏ္ရာေတြေၾကာင့္
အဓိကေျပာဖို႔ကိုေတာင္ေမ့သြားတယ္ ခုနကမင္းကို
ေက်ာင္းလိုက္ပို႔တာ ဘယ္သူလဲေျဖလိုက္ေတာ့
ဒို႔ႏွစ္ေယာက္လုံး ၾကည့္ေနတာ ျမင္တယ္ေနာ္"


ဘုရားေရ ေခါင္းနပမ္းႀကီးရပီ
ဒီႏွစ္ေယာက္ ရွင္းဂ်ယ္ယြန္းကိုျမင္မ်ားသြားလားမသိဘူး
ေဆာင္ဟြန္းဘယ္လိုလိမ္ေျပာရမလဲ အသည္းအသန္စဥ္းစားေနတုန္းမွာပဲ အနားကိုကပ္ပီး လာေငါက္တဲ့
Park JongSeong

"ဘယ္သူလဲလို႔ေမးေနတာကို ဘာေတြငိုင္ၾကည့္ေနတာလဲ
လိမ္မယ္မႀကံနဲ႔ေနာ္ ပတ္ခ္ေဆာင္ဟြန္း"

"အိမ္ကdriverဦးေလးႀကီးေတာ့မဟုတ္တာေသခ်ာတယ္ ဦးေလးႀကီးကကားလဲရင္ေတာင္ အဲ့ေလာက္ေကာင္းတဲ့
ကား လဲနိုင္မွာမဟုတ္ဘူး"



"Ahh hahaha သူငယ္ခ်င္းတို႔ကလဲ
မနက္အေစာႀကီးစားပီ ဦးေလးႀကီးမဟုတ္ဘူး ငါ့အေဖရဲ့အသိပါဟ သိတဲ့အတိုင္း ဒီဒဏ္ရာရတာငါ့အေမသိသြား
ရင္ ဆူခံရမွာေၾကာက္လို႔ သူ႔ဆီမွာသြားေနေနတာ ဒီမနက္ သူ႔အလုပ္သြားရင္းနဲ႔ လမ္းၾကဳံလို႔ငါ့ကိုလိုက္ပို႔တယ္
ဒါပဲေလ"

JongSeong ကေတာ့ယုံသြားသည္ထင္ရဲ့
ထပ္ေမးဖို႔လမ္းစေပ်ာက္သြားတဲ့ပုံဆိုေပမယ့္ Yang JungWonဆိုတဲ့ ငနဲသားကေတာ့ အက်င့္အတိုင္းမပီး
နိုင္မစီးနိုင္ဆက္ရစ္ေနသည္

"ေအာ္ဟုတ္လား အေဖရဲ့အသိနဲ႔က တအားရင္းႏွီးပုံပဲ သြားကိုေလသုံးဆယ့္ႏွစ္ေခ်ာင္းလုံးေပၚမတတ္ ရီျပပီး
ႏူတ္ဆက္ေနလိုက္တာ မသိတဲ့လူဆို ရည္စားကေက်ာင္းလိုက္ပို႔တယ္ထင္ေနအုံးမယ္"

"Ayeee ေဂ်ာင္ဝန္းနီးကလဲ ဘာေတြဒီေလာက္ေတြးေနတာလဲ တကယ္ပဲ လာေနာက္က်ေနပီ အထဲဝင္ၾကရေအာင္"

သူ႔သူငယ္ခ်င္းေတြရစ္ပုံမ်ိဳးနဲ႔ စကားထပ္မ်ားေနရင္
အကုန္ေပၚကုန္ေတာ့မည္မို႔ စကားလမ္းေၾကာင္းမနည္း
လႊဲပီး အတင္းေခၚလာခဲ့ရသည္

~~~~~~~~~

ပုံမွန္ဆို စာသင္ခန္းထဲေရာက္တာနဲ႔ စာကလြဲပီးက်န္တာ
မသိေတာ့တဲ့ ေဆာင္ဟြန္းမွာ ခုေတာ့ေက်ာင္းဆင္းခ်ိန္ကို လက္ခ်ိဳးေရတြက္ေနမိသည္
သင္ေနရတဲ့ စာေတြလဲလိုက္မွီေအာင္ မပါသည့္စိတ္ကိုအတင္းဆြဲေခၚကာ မနည္းကိုအာ႐ုံထည့္ေနရသည္
ျမန္ျမန္ေက်ာင္းဆင္းခ်င္လွပီ~

ထမင္းစားခ်ိန္မွာေတာင္ ရစ္စိန္ႏွစ္ေကာင္နဲ႔ အရင္လိုစကားေဖာင္ဖြဲ႕မေနနိုင္ေတာ့
ရွင္းဂ်ယ္ယြန္းဆိုတဲ့လူ ဒီအခ်ိန္ ဘာေတြမ်ားလုပ္ေနမလဲဆိုတဲ့ ေမးခြန္းေတြထဲမွာပဲခ်ာခ်ာလည္လ်က္
ညေနျမန္ျမန္ေရာက္ပါေတာ့..........


~~~~~~~~~~~








ညေနအတန္းေတြအကုန္ပီးေတာ့
ေန႔လည္ထဲကစဥ္းစားထားတဲ့အစီစဥ္အတိုင္း
Study roomမွာ စာလုပ္က်န္ခဲ့မယ္ဆိုပီး
JungWonနဲ႔ Jong Seongဆီကေန လစ္ထြက္လာခဲ့သည္

ေက်ာင္းေရွ႕ကိုေရာက္ေတာ့ လမ္းေထာင့္နားမွာရပ္ထားတဲ့ကားအနက္ေရာင္ေလးကို မွီပီးရပ္ေစာင့္ေနတဲ့ရွင္းဂ်ယ္ယြန္း သူ႔ကိုျမင္ေတာ့ျပဴံးကာလက္လွမ္းျပသည္

"ဘာလို႔ အျပင္ထြက္ေစာင့္ေနတာလဲ ကားထဲမွာေစာင့္လဲရတာကို"

"ဘာျဖစ္လဲ ကိုယ္ကဒီလိုေစာင့္ေနရတာကိုႀကိဳက္တယ္"

ထုံးစံအတိုင္း ေျပာစရာစကားေပ်ာက္ရင္
ရွက္လာတတ္တဲ့ မ်က္ႏွာေလးကိုၾကည့္ပီး
ဂ်ယ္ယြန္းရီမိသည္

"ဘာရီေနတာလဲ တက္ေတာ့ေလကားေပၚကို ျပန္ရင္းနဲ႔ ဝယ္စရာရွိေသးတယ္ mini martကို ခနဝင္ေပးအုံးေနာ္"

"ဟင့္အင္ အိမ္တန္းမျပန္ေသးဘူး ကိုယ္တို႔သြားစရာ
ရွိတယ္"

"သြားစရာ? ဘယ္ကိုလဲ"

"ေဆာင္ဟြန္း...ကိုယ္နဲ႔အတူ ဟန္ျမစ္dateလုပ္ၾကမလား"

To be continued......

My Essential Hoon (08)
12:14 AM
Jul14/2021

Hello! ျပန္လာပါပီ
ဆိုေဘမယ့္လဲ Essential Hoonေလးကိုေမ့ေနၾကေလာက္
မလားမသိဘူးㅠ ၾကားထဲမွာ နိုင္ငံေရးေၾကာင့္ေရာ covidေၾကာင့္ေရာစိတ္အေျခေနကဘလိုမွမေကာင္းတာ
ရယ္ ေရးပီးစိတ္တိုင္းမက်လို႔ျပန္ျပန္ဖ်က္မိေနတာ
ေၾကာင့္ရယ္ ဆယ္ရက္ေက်ာ္ေတာင္ၾကာသြားပါ
တယ္အမေလးㅠ ㅠ အေကာင္းဆုံးျဖစ္ေအာင္ေရးခ်င္မိေပမယ့္ ဒီေလာက္ပဲ ထြက္လာတယ္ စိတ္တိုင္းသိပ္မက်ေပမယ့္လဲ အရပ္အပ္ခ်င္လြန္းလို႔ အပ္လိုက္ပါပီ><
09ကိုလဲ မနက္ျဖန္သို႔မဟုတ္ သန္ဘက္ခါတင္နိုင္
ေအာင္ႀကိဳးစားၾကည့္ပါမယ္
အာလုံးပဲဂ႐ုစိုက္ၾကပါ အိပ္ေရးဝဝအိပ္ အစားမ်ားမ်ားစားပီး covidရန္ကေန ကာကြယ္နိုင္ၾကပါေစ💙

စာဖတ္သူတစ္ေယာက္ခ်င္းစီတိုင္းကို ရင္ထဲကေန
တကယ္ေက်းဇူးတင္ပါတယ္ရွင္ 💓

Continue Reading

You'll Also Like

113K 3.3K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season
239K 11K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
955K 21.8K 49
In wich a one night stand turns out to be a lot more than that.
79.7K 3.5K 20
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...