My Essential Hoon

By _jaehoonpark_

44K 4.6K 2.5K

젴성 #JakeHoon Romance /Drama Age gap love More

Intro
01
02
03
04
05
06
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37

07

1.1K 140 27
By _jaehoonpark_

Unicode

"ဒီနေ့ ဘယ်မှမသွားပဲ ကျွန်တော်အနားမှာပဲ ရှိနေပေးလို့ရမလား...?"

~~~~~~~~~~~~~

မင်းက ကိုယ့်ရဲ့ အချစ်သံလိုက်လေး ~

လူကို ချစ်စရာအပြုအမူတွေနဲ့ တစ်စက္ကန့်လေးတောင် အနားက မခွာနိုင်အောင် ညို့ငင်တယ်
ပန်းနုရောင် နူတ်ခမ်းဖူးကနေ ထွက်လာတတ်တဲ့ စကားချိုချိုလေးတွေက သက်ရောက်မှု ပြင်းထန်လွန်းတယ်
ဝေးဝေးမသွားနိုင်တော့ဘူး
မင်းအနားမှာပဲ အချိန်တိုင်း တွယ်ကပ်ချင်နေမိတဲ့ရောဂါနဲ့ ဒီလူနာက ဘာဆေးမှ မတိုးတော့ဘူးထင်ပါရဲ့

"ကိုယ်နဲ့ ရင်းနှီးနေတဲ့ နေရာမဟုတ်တော့ တစ်ယောက်ထဲကျ နည်းနည်းအဆင်မပြေဖြစ်လို့ပါ တကယ်လို့ ခင်ဗျား အဆင်မပြေရင်လဲ....."

"ဘယ်သူက အဆင်မပြေဘူးပြောလို့လဲ ကိုယ်ဒီနေ့ အလုပ်လစ်ဖို့ စဉ်းစားထားပီးသား မပူနဲ့ မင်းကို တစ်ယောက်ထဲထားမသွားဘူး "

တစ်ယောက်ထဲထားမသွားဘူးဆိုတဲ့ စကားကြောင့် ဆောင်ဟွန်း အနည်းငယ်တော့ စိတ်သက်သာရာ ရသွားသည်
ရှင်းဂျယ်ယွန်းဆိုတဲ့ လူက ရံဖန်ရံခါ သူ့ကိုအနေခက်စေပေမယ့် ကိုယ်မသိတဲ့နေရာမှာ တစ်ယောက်ထဲနေရမှာထက်စာရင် ထိုလူနဲ့ အတူရှိနေတာက ပိုအန္တရာယ်ကင်းလိမ့်မည်ဟု ခံစားမိတာကြောင့်

ဒါပေမယ့်လဲ ဒီလူက သူ့ကိုဆက်တိုက်အနေခက်စေတာတော့ အမှန်ပင်
အကြောင်းမဲ့ သူ့ကို စိတ်ပူပေးတဲ့ ပုံစံတွေ အရမ်းပြသည်
ဆန်ပြုတ်ဆိုလဲ ကိုယ့်လက်နဲ့ကိုယ်မသောက်လိုက်ရ ဇွတ်ခွံ့ကျွေးသည် အခုလဲ ကိုယ့်ဟာကိုယ် သောက်ရမယ့် ဆေးကိုပါ ခွံ့တိုက်နေပြန်ပီ

ဒီလို အပြုအမူတွေ အတွက် သူအနေခက်ရပါသည် မကြိုက်တဲ့ခံစားချက်မျိုးဖြစ်မနေတာကြောင့်ပေါ့
ဂရုစိုက်သယောင်အပြုအမူတွေကြောင့် အလိုအလျောက် ဆူညံလာတဲ့ နှလုံးခုန်သံတွေက သူ့ကိုအနေခက်စေတယ်
ရှင်းဂျယ်ယွန်းဆိုတဲ့ အဲ့ဒီလူထူးဆန်းကြီး ရိပ်မိသွားမှာလဲ ရှက်တယ်
ကိုယ့်ခံစားချက်တွေကိုယ် မဝေခွဲတတ်တော့တဲ့ အရူးတစ်ယောက်လိုပါပဲ

×××××××××××

"Mr.Ethan Sim ကျွန်တော် ဒီနေ့ကစပီး သူ နေပြန်ကောင်းတဲ့ ရက်အထိ ခွင့်ယူပါရစေ"

"....."

"ဘာမှ ပြန်မပြောရင် ခွင့်ပေးတယ် မှတ်လိုက်ပီနော် အလုပ်သွားတော့မှာမလား ကောင်းကောင်းသွား"

"Ya!!! Shim JaeYun အရူးကောင် ဒီနေ့ မင်းသွားရမဲ့ meetingက ဘယ်သူသွားတော့မှာလဲ!!"

"Hyung သွားလိုက်လေ ကျွန်တော်အခု အထက်လူကြီးကို ခွင့်တိုင်ပီးပီနော် လာမခိုင်းနဲ့တော့ ဘာမှလုပ်မပေးနိုင်ဘူး"

စိတ်တိုင်းကျ တစ်ဇွတ်ထိုး ပြောချင်ရာပြော လုပ်ချင်လုပ်ပီး လှည့်ထွက်သွားတဲ့ ညီငယ်ရဲ့ ကျောပြင်အား ကြည့်ရင်း ခေါင်းတွေချည်ဆက်တိုက်ကုတ်နေရသော Shim Hee Seung

"25ကျော်မှ အချစ်ရူးပီး ငါ့ကိုသွေးတိုးအောင်လုပ်နေလိုက် Shim JaeYun!! "

သွားထိန်းချုပ်လို့ရနိုင်မယ့် လူမျိုးမဟုတ်မှန်းလဲ သိတာမို့ Hee Seung သက်ပြင်းရှည်တွေသာ ဆက်တိုက်ချနေမိတော့သည်

တစ်ယောက်ထဲကျန်ခဲ့ပီး စိတ်ညစ်နေတုန်း ရုတ်တရက် သက်ဆိုင်သူလေးဆီမှ ဝင်လာတဲ့ ph callကြောင့် အနည်းငယ် စိတ်သက်သာရာရသွားသည်

("Good morningကို အိမ်မှာလား အလုပ်သွားနေပီလား ဒီနေ့မနက် အချစ်အိပ်ယာထနောက်ကျသွားလို့ ကို့ကိုခုမှဖုန်းဆက်လိုက်ရတယ် ခုချိန်ထိ အိပ်ယာထဲမှာပဲလား")

မနက်ခင်းမှာ ချစ်သူရဲ့ အသံချိုချိုလေးကို ကြားလိုက်ရတော့ ခုနက စိတ်ညစ်စရာတွေတောင် ဘယ်ကမ္ဘာရောက်သွားလဲပဲ
မှုန်ကုပ်နေတဲ့ မျက်နှာပေါ်မှာ ရုတ်ချည်းဆိုသလို အပြူံးလှလှလေးတစ်ခု ဖြတ်ပြေးသွားသည်

"အိပ်ယာနိုးနေတာကြာပီ အိမ်မှာပဲရှိသေးတယ် မနက်စောစောစီးစီး စိတ်ညစ်နေရလို့ကွာ"

("ဟင်? ကို့ကို ဘယ်သူက စိတ်ညစ်အောင်လုပ်ပြန်ပီလဲ")

"ဂျယ်ယွန်းပေါ့ ပြဿနာရှာပြန်ပီ ကို ဒီနေ့တော့ နည်းနည်းအလုပ်များမယ် ဂျယ်ယွန်းအတွက်ပါ ပိုလုပ်ရမှာမလို့ ဒီညနေတော့ တွေ့လို့ရမယ်မထင်ဘူး
ပိတ်ရက်မှပဲ တွေ့ကြမလား"

တစ်ဖက်ကငြိမ်သွားတဲ့ အသံကြောင့် HeeSeung အနည်းငယ် စိတ်မကောင်းဖြစ်မိသွားသည်
သုံးနှစ်တာ ရည်းစားသက်တမ်းတစ်လျှောက် တွဲခါစ တစ်နှစ်လောက်‌သာ သေချာအချိန်ပေးနိုင်ခဲ့သည်
နောက်ပိုင်း တာဝန်ယူရတဲ့ အလုပ်ကိစ္စက ပိုပိုများလာတာကြောင့် ချစ်သူထက် အလုပ်နှင့်ပင် အချိန်ကုန်ရတာကပိုများလာသည်

ဒါပေမယ့်လဲ ချစ်ရသူက သူ့ကို ဒီအချိန်ထိ တစ်ခါ‌လေးတောင်မှ စိတ်ဆိုးစိတ်ကောက်ခြင်းမရှိခဲ့ အမြဲ ပြူံးနေတဲ့မျက်နှာလေးနဲ့ပဲ

"ဟုတ် ကို့ကို အချစ်နားလည်ပါတယ် "
ဒီတစ်ခွန်းကိုပဲ မပြောင်းမလဲ အမြဲပြောတတ်သူ
အချစ်တွေလဲပိုရသလို အားလဲနာရပါသည်
အခုလဲ ဆယ်ရက်လောက်အကြာမှ ပြန်တွေ့ရမယ့် ဒိတ်ကို ကိုယ်ကပဲ ဖျက်လိုက်မိပြန်ပီ

("ဟုတ် အချစ်နားလည်ပါတယ် ဒါဆိုလဲ ပိတ်ရက်ကျရင် တွေ့ကြမယ်နော် အပြင်ထွက်ရင် ကားကိုဖြည်းဖြည်းမောင်း အချစ်လဲ အလုပ်ရောက်ခါနီးပီ ဖုန်းချလိုက်တော့မယ် ချစ်တယ်! ")

စိတ်မကောင်းဖြစ်သွားတာ အသိအသာကြီးပါ ဒါပေမယ့်လဲ
ထုံးစံတိုင်း "နားလည်ပါတယ်" ဆိုတဲ့ ဒီစကားလေးပဲကြားရပြန်တယ် ဘာလို့များ သူ့အပေါ်ကို အမြဲတမ်း အပြစ်မဆိုရက်နိုင်ရတာလဲ

ဘာကိုမှ‌မျှော်ကိုးမနေပဲ အချစ်တစ်ခုပဲသိတဲ့ မင်းအတွက် ပျော်ရွှင်မှုတွေ အပြည့်အဝမပေးနိုင်တဲ့ ဒီကောင်ကို ရန်တွေ့ဆဲဆိုပစ်လိုက်စမ်းပါလားချစ်သူရယ်
နားလည်ပါတယ်လို့ပြောနေကျကနေ နားမလည်နိုင်တော့တဲ့ တစ်နေ့ရောက်လာမှာ သိပ်ကြောက်မိတယ်

တစ်ဖက်ကဖုန်းချသွားတာနဲ့အတူ သူလဲ သက်ပြင်းအရှည်ကြီးချလိုက်မိသည်
*ရှင်းဂျယ်ယွန်း မကောင်းတဲ့ကောင် မင်းလိုတစ်ဇွတ်ထိုး လုပ်ချင်ရာမလုပ်နိုင်လို့သာ ငါလဲ ချစ်တတ်တာပါပဲ သူတစ်ယောက်ထဲ ချစ်တတ်တယ် ထင်နေလားမသိဘူး*
စိတ်လေးလံစွာဖြင့် အလုပ်သွားရသွားတဲ့ Shim Hee Seungရဲ့မနက်ခင်းကတော့ လှပမနေတော့ပါ

××××××××××××

နေရောင်ခြည်ကင်းမဲ့ကာ မိုးတိမ်ထူတို့ ဖုံးနေသည့် ကောင်းကင်အောက်ဝယ် ခြံဝန်းအကျယ်ကြီးထဲမှ အိမ်အကြီးကြီးမှာလဲ တိမ်ထူထူကောင်းကင်နှင့် ထပ်တူ အုံ့မှိုင်းလျက်

ချမ်းစိမ့်စိမ့်လေတစ်ချက် တိုးဝင်လာအခိုက်မှာ ဆောင်ဟွန်း ကြက်သီးတို့ပင်ထမိသည်
အိမ်ထဲမှာပဲ ထိုင်နေရတာ နည်းနည်းကြောင်တောင်တောင်နိုင်လာတော့ လေညှင်းခံမယ်ဆိုပီး အပြင်ခနခိုးထွက်လာမိတာ သူ့ကိုပျောက်လို့ဆိုပီး ဟိုလူကြီး အိမ်ထဲမှာထပ်ပီး ဗြောင်းဆန်နေအုံးမလားပဲ

"ဘာလို့ အင်္ကျီပါးပါးလေးနဲ့ အပြင်ထွက်နေရတာလဲ တမင်အဖျားခံပီး ကိုယ်ဂရုစိုက်တာ ထပ်လိုချင်လို့လား"

ကိုယ်ပေါ်ကိုသိုင်းခြုံလာတဲ့ ခပ်နွေးနွေး စောင်ပါးတစ်ထည်နှင့်အတူ နောက်ကျောဘက်မှ ပေါ်လာတဲ့ အသံကြည်ကြည်ကြောင့် ရုတ်တရက်ဆိုတော့ လန့်သွားပီး ခပ်မြန်မြန်လှည့်အကြည့်မှာ ဆုံမိသွားပြန်တဲ့ အဲ့ဒီလူရဲ့ ကြည်လဲ့လဲ့မျက်ဝန်းနက်တွေ

တစ်နေကုန်ထိုင်ကြည့်ရင်တောင် ရိုးမသွားလောက်မဲ့ အဲ့ဒီမျက်နှာက အနီးကပ်မြင်ရလေ နှလုံးခုန်သံတွေပိုဆူညံလာလေမို့ ခပ်မြန်မြန်ပဲ အကြည့်လွှဲပီး နောက်ဆုတ်လိုက်သည်

"ဘာတွေလာပြောနေတာလဲ အိမ်ထဲနေရတာ မွန်းကြပ်လာလို့ ခနလေညှင်းခံထွက်လာတာ ဘာတွေပြောနေမှန်းမသိဘူး"

နီရဲနေတဲ့ မျက်နှာလေးနဲ့ ရန်တွေ့သယောင်လေး ပြန်ပြောတဲ့ ချစ်စရာကောင်ငယ်လေးကိုကြည့်ရင်း ဂျယ်ယွန်း ပြူံးမိသည်
ဒီကောင်လေးရဲ့ အပြောအဆို အပြုအမူမှန်သမျှက သူ့ကိုအမြဲ ရီပြူံးနေစေတော့တာပဲ

ရုတ်တရက် ဗိုက်ဆာနေတဲ့ အသံလေးထွက်လာတော့ ချောင်းလေးဟန့်ကာ လက်လေးအသာပိုက်ပီး သူ့နဲ့ဆန့်ကျင်ဘက်ကို ခပ်ဖြည်းဖြည်းလှည့်သွားသည်
ချစ်စရာကောင်းလွန်း‌လို့ သူ အသံထွက်ပီး ရီမိတဲ့အထိပဲ
ဒီလိုရီမိတော့ မျက်စောင်းလေးထိုးကာ လူတစ်ယောက် ဗိုက်ဆာတာ ရီစရာပါသလားတဲ့

ဆက်ပြူံးနေမယ်ဆိုရင် သူ့ကိုတကယ် စိတ်ဆိုးသွားတော့မည်မို့ မျက်နှာပိုးကို အတင်းမရမကပြန်သတ်လိုက်ရသည်

"ကိုယ် နေ့လည်စာလုပ်ထားပီးလို့ မင်းကိုလာခေါ်တာ လာ အိမ်ထဲဝင်ရအောင် အပြင်မှာအေးတယ် "

ခြုံပေးထားတဲ့ စောင်လေးကို ရစ်သိုင်းကာ သူ့နောက်ကို ယိမ်းတိမ်း ယိမ်းတိမ်းနဲ့ လိုက်လာတဲ့ မှဲ့လေးက ပင်ဂွင်းပေါက်လေးတစ်ကောင်လိုပဲ
သိပ်ချစ်စရာကောင်းလွန်းတဲ့ သူ့ရဲ့ပင်ဂွင်းလေး~








"ဒါတွေ အကုန်လုံးက ခင်ဗျားတစ်ယောက်ထဲချက်ထားတာလား"

သူ့ရဲ့ အတော်လေးလက်စွမ်းပြထားတဲ့ ထမင်းစားပွဲကိုကြည့်ရင်း အံ့ဩသွားပုံရသည်

"ဘယ်လိုထင်လို့လဲ ကိုယ့်ပုံစံက ဟင်းမချက်တတ်တဲ့ သူဌေးသားရေပေါ်စီပုံ ပေါက်နေလို့လား"

"အဲ့လိုပြောတာ မဟုတ်ပါဘူး chiefတွေကလွဲရင် တော်ရုံသာမန်ယောကျာ်းလေးတွေ ဟင်းချက်တတ်တာ သိပ်မမြင်ဖူးလို့ပါ နောက်ပီးတော့ ဟင်းပွဲတွေကလဲ အများကြီးဆိုတော့.."

"ကိုယ်တို့အိမ်ရဲ့ ပင်တိုင် chiefနဲ့က ငယ်ငယ်ထဲက ရင်းနှီးတယ် ကိုယ်ကအချက်အပြုတ်ပိုင်း စိတ်ဝင်စားလို့ သူ့ဆီက နည်းနည်းသင်ထားတာ စားကြည့် အန်မထွက်ဘူးလို့တော့ အာမခံပါတယ်"

တစ်မနက်လုံး တစ်ယောက်ထဲ မီးဖိုခန်းထဲဝင်ပီး အသည်းအသန်ချက်ပြုတ်ထားတဲ့ ဟင်းတွေကို လှလှပပ ကောင်းကောင်းကြီး စားပြနေတာမြင်ရတော့ သူ့ရင်ထဲ အပျော်တွေတိုးရသည်

"ဘယ်လိုလဲ စားလို့အဆင်ပြေလား"

"မဆိုးပါဘူး ပါးစပ်ထဲတော့ ထည့်လို့အဆင်ပြေသားပဲ"

အရသာရှိရှိ အားရပါးရစားနေပီးတော့ သူမေးခါမှ အိန္ဒြေလေးပြန်ဆယ်ပြနေသော ချစ်စရာလူသားလေး
ထိုလူသားလေး မမြင်အောင်ပဲ ခပ်ဟဟလေး ခိုးရယ်လိုက်မိပါသည် တော်ကြာမြင်သွားရင် စိတ်ကောက်ပီး ဆက်မစားပဲနေတော့မှခက်ရချည်ရဲ့

"ဒါနဲ့လေ တကယ် တစ်ယောက်ထဲ ချက်တာရောဟုတ်ရဲ့လား ဒီလောက်အများကြီးကို ကျွန်တော်အထင်ကြီးအောင် တမင်ညာပြောနေတာလား"

"ဟဟ မနက်ထဲက ဒီအိမ်ထဲမှာ မင်းရယ် ကိုယ်ရယ် ကိုယ့်အစ်ကိုရဲ့ အပြင်တစ်ခြားဘယ်သူ့ကိုမြင်သေးလို့လဲ နောက်ပီး ကိုယ့်အစ်ကိုကလဲ အလုပ်သွားပီဆိုတော့ ဒီအိမ်ထဲမှာ မင်းနဲ့ကိုယ် နှစ်ယောက်ပဲရှိတာလေ "

မျက်နှာနားကိုကပ်ကာပြောလာသောသူ့ကိုကြည့်ရင်း ဆောင်ဟွန်း မျက်နှာတွေရဲတက်လာမိသည်
ဒီအိမ်ထဲမှာ သူတို့နှစ်ယောက်ထဲပဲရှိတာတဲ့လား သတိမထားလိုက်မိဘူး ဒီလောက်အိမ်အကျယ်ကြီးထဲမှာ အကူတွေ အလုပ်သမားတွေ တစ်ယောက် နှစ်ယောက်လောက်တော့ရှိမယ်ထင်ခဲ့တာပေါ့

"မင်းနဲ့ကိုယ်နဲ့ နှစ်ယောက်ထဲပဲရှိတဲ့ ဒီအိမ်ထဲမှာ ကိုယ့်ကိုဘယ်သူက လာကူမှာမလို့လဲ ပြောလေ"

"အိမ်အကြီးကြီးထဲမှာ ခင်ဗျားတို့နှစ်ယောက်ထဲပဲနေကြတာလား တစ်ခြားအလုပ်သမားတွေရောမရှိတော့ဘူးလား "

"ရှိတယ်လေ Ahjummaက သူ့ညီမနေမကောင်းလို့ ဇာတိကိုပြန်သွားတယ် ဒါရိုက်ဘာဦးလေးကြီးက HeeSeung hyungနောက်ပါသွားတယ် ဒါပဲ လူများများစားစားမထားဘူး အိမ်မှာ "

အကောင်းအတိုင်းရှိနေတဲ့ Ahjummaညီမမှာလဲ နေရင်းထိုင်ရင်း နေမကောင်းဖြစ်သွားရသလို သူ့အချစ်ဆုံးဆိုတဲ့ ခွေးလေး laylaကိုပါ တစ်ခါထဲ သူငယ်ချင်းအိမ်ပို့ထားရတဲ့ အကြောင်းရင်းကတော့ ဒီကောင်လေးနဲ့ နှစ်ယောက်အတူ ခုလို အနှောင့်ယှက်ကင်းကင်းရှိ‌နေရဖို့အတွက်ပါပဲ

"အိမ်ကအရမ်းကြီးပီး နေတဲ့လူကနည်းနေလို့ မျက်လုံးထဲအဆင်မပြေဖြစ်‌နေရင် မင်းလာနေလိုက်ပါလား ဒီအိမ်က မင်းကိုသဘောကျတဲ့ပုံပဲ"

ရှင်းဂျယ်ယွန်းဟာ တကယ်ပဲ လူကိုအနေခက်အောင် လို့ စကားကိုမထိတစ်ထိတွေသိပ်ပြောတယ်
ရိုးရိုးတန်းတန်ပြောလဲရတဲ့စကားတွေက သူလုပ်လို့ အနေခက်စရာအခြေနေတွေဖြစ်ကုန်ပီမလား
ဆောင်ဟွန်း စိတ်တိုတို နှင့် မျက်နှာကိုလွှဲပစ်လိုက်သည်

"ဘာလဲ.....လူကို အိမ်ပြေးလို့ တကယ်မှတ်နေလားမသိဘူး မနေပါဘူး ဒဏ်ရာတွေပျောက်ရင်ပြန်မှာ "

သူ့ရဲ့မှဲ့လေးဟာ ရှက်နေရင် ပိုအသည်းယားစရာကောင်းသည်
မျက်နှာတွေရဲတက်လာပီး မျက်လုံးအကြည့်တွေကို သူရှိရာကနေ လွှဲပစ်တတ်တာမျိုး စကားတွေဆက်တိုက်ပြောကာ လူကိုကက်ကက်လန် ရန်တွေ့တတ်တာမျိူး
ဒီအမူအရာလေးတွေကို လွန်စွာမှ မြတ်နိုးလွန်းလို့ မှတ်ဉာဏ်ထဲမှာ အချိန်တိုင်းသတိရနေအောင် စွဲမှတ်ထားချင်မိသည်

~~~~~

သူချက်သမျှတွေ အကုန် အရသာရှိရှိ စားပီးသည့်နောက် TVရှေ့က ဆိုဖာပေါ်မှာ မှီပီးကျောပေးထိုင်နေတဲ့ မှဲ့လေးကို တစ်ချက်လှမ်းကြည့်လိုက်ကာ ပန်းကန်ဆေးလက်စတွေကို မြန်မြန်လက်စသတ်လိုက်သည်
ထမင်းစားပီးရင်တိုက်ဖို့ဆိုပီး အပူပေးထားတဲ့ ဂျင်ဆင်းရည် တစ်ခွက်ကို ယူလာကာ အနားရောက်တော့ ကလေးငယ်က ဆိုဖာပေါ်မှာ အိပ်ပျော်နေတာပဲ
မနိုးအောင် အသာပွေ့ချီကာ အပေါ်ထပ်သို့ခေါ်လာခဲ့လိုက်သည်

အိပ်မောကျနေသော မှဲ့လေးက တုပ်တုပ်တောင်မလှုပ် ကုတင်ပေါ်သို့ အသာချပေးလိုက်သည့်တိုင် မျက်လုံးအစုံကိုမှိတ်ကာ ငြိမ်ငြိမ်လေးအိပ်ပျော်နေတုန်း
ပြတင်းတံခါးကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ မိုးခပ်ဖွဲဖွဲလေးကနေ မိုးကအတော်သည်းအောင်ရွာနေပီ

စောင်‌ထူထူလေးကို လည်ပင်းအထက်နားထိရောက်အောင် အသာဆွဲခြုံပေးလိုက်သည်
အပြင်မှာရာသီဥတုက အုံ့မှိုင်းနေပေမယ့်လဲ သူ့အတွက်တော့ အတော်ကိုတောက်ပသာယာတဲ့ နေ့လေးတစ်နေ့ပါပဲ
ဒီလိုမျိုး သူရယ် မှဲ့လေးရယ် နှစ်ယောက်ထဲ ရှိနိုင်မယ့်အချိန်တွေကို သူပိုင်ဆိုင်သမျှအရာအားလုံးနဲ့ ပုံအောပီးလဲလို့ရရင် လဲပစ်လိုက်ချင်ပါရဲ့

လှပတဲ့အရာတိုင်းကို လိုက်ငေးကြည့်လေ့မရှိပေမယ့် သူ့ရှေ့က အလှတရားလေးကိုတော့ တစ်စက္ကန့်တောင် အကြည့်မလွှဲချင်လောက်အောင်ကို တစ်စိမ့်စိမ့်ငေးကြည့်‌တတ်တဲ့ဝါသနာတစ်ခု တိုးလာခဲ့ပီ

×××××××××

Hee Seungအတွက်တော့ ဒီနေ့က အတော်ကိုရှည်လျားတဲ့နေ့တစ်နေ့ပင်
ဂျယ်ယွန်းအလုပ်တွေပါ ဝင်လုပ်ပေးရသည့်အပြင်
မနက်က ချစ်သူအပေါ်အားနာစရာကိစ္စတွေ လုပ်မိတာကိုလဲ တစ်နေကုန် ခနခန ပြန်တွေးမိနေသည်

ကားထဲကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့
ဒီနေ့ကျမှ မိုးကလဲ အငြိုးတစ်ကြီးနဲ့ရွာချနေလိုက်တာများ သူ့စိတ်အခြေနေကို အဆုံးအစွန်ထိ အုံ့မှိုင်းအောင်တွန်းအားပေးနေသည့်အလားပဲ လန်းလန်းဆန်းဆန်းတစ်ခုမှကိုမရှိ

ဖုန်းကို ထုတ်ကြည့်လိုက်တော့ နေ့လည်ထဲက ပို့ထားတဲ့msg ကို ချစ်သူကခုထိseenမပြသေး
စိတ်ကောက်နေတာတော့မဖြစ်လောက်ဘူး တစ်ခုခုဖြစ်လို့များလား

သူဟိုဟိုဒီဒီ စဉ်းစားနေတုန်းမှာပဲ ချစ်သူလေးဆီမှ msgတွေ ဆက်တိုက်ဝင်လာသည်
တစ်နေကုန်အလုပ်ရှုပ်နေလို့ ဖုန်းခုမှကိုင်နိုင်တဲ့အကြောင်းကို စာတွေတစ်သီကြီးပြန်ပို့နေတာ စိတ်ကောက်မှာစိုးလို့တဲ့လေ

"Driver.Choi ကျွန်တော့ကို ဒီမှာပဲချပေးခဲ့လိုက်တော့"

ပြန်ပို့လာတဲ့Msgတွေကိုဖတ်ရင်း သေလောက်အောင်ကိုလွမ်းတဲ့စိတ်ကမူးရှုးထိုးဝင်လာသည်
ကားကအိမ်ပြန်လမ်းကိုမောင်းနှင်နေပေမယ့်လဲ သူ့မှာ
အိမ်ပြန်ဖို့ကိုဘယ်လိုမှစိတ်မပါတော့
Taxiအဖြူလေးကိုတားကာ ချစ်သူရှိရာဆီသို့သာ ဦးတည်ခဲ့ပါတော့သည်














တံခါးဝမှာ မိုးရေတွေရွှဲစိုနေတဲ့ HeeSeungကိုမြင်လိုက်ရတော့ ချစ်သူလေးမှာ အတော်လေးအံ့ဩသွားပုံပဲ တစ်ချိန်ထဲမှာပဲ သူလွမ်းစွတ်တမ်းတနေရတဲ့ မျက်နှာလှလှလေးပေါ်မှာ လှစ်ခနဲ ဖြတ်ပြေးသွားတဲ့ အပြူံးရိပ်တွေ

"ကို...ဘယ်လိုဖြစ်တာလဲ စာတွေပြန်မပို့တော့ စိတ်ကောက်နေတယ်မှတ်တာ ရုတ်တရက်ကြီးရောက်ချလာတယ်"

"စိတ်မကောက်ဘူး အရမ်းလွမ်းနေတာ ဒီမျက်နှာလေးကိုမြင်ရဖို့ ပိတ်ရက်အထိမစောင့်နိုင်တော့လို့"

ပါးဖောင်းဖောင်းလေးပေါ်ကို မိုးရေတွေစိုနေတဲ့ အနမ်းတစ်ခုပေးလိုက်တော့ နီခနဲရဲတက်လာတဲ့ မျက်နှာလေး

"ဘာလဲကွာ ရေတွေစိုကုန်ပီ ㅠ
လာ အရင်ဆုံးရေခြောက်အောင်သုတ်ရမယ် နေမကောင်းဖြစ်တော့မှာပဲ "

ရှက်ရမ်းရမ်းပီး သူ့လက်လေးကို အတင်းလာဆွဲတဲ့ ချစ်သူလေး သိပ်ချစ်စရာကောင်းတာပဲ

ရေစိုနေတဲ့ ဆံပင်ခပ်ကွေးကွေးလေးတွေကို towelနဲ့တစ်ယုတစ်ယ သုတ်ပေးနေတဲ့ ချစ်သူကိုငေးရင်း ရင်ထဲကအပူမီးတွေကို ငြိမ်းအေးစေသည်
သူ့ရှေ့မှာ စကားတွေမနားတမ်း ပေါက်ပေါက်ဖောက်ဖောက်နေတဲ့ ချစ်သူလေးက သူရုတ်တရက်ရောက်လာလို့ ပျော်နေမှန်းသိပ်သိသာသည်

ဆံပင်တွေကို သုတ်ပေးနေတဲ့ လက်ဖြူဖြူလေးကို လှမ်းဆွဲလိုက်ပီး ကိုယ်လုံးသေးသေးလေးအား ရင်ခွင်ကျယ်ထဲမှာမြုပ်နေအောင် ဖက်ထားပစ်လိုက်သည်

"ကိုကို ဒီနေ့အားမရှိဘူး အချစ်ကအားသွင်းပေးမှရမယ် ဒီတိုင်းငြိမ်ငြိမ်လေးနေပေး"

သူ့ခါးပေါ်ကို ခပ်ဖြည်ဖြည်းလေးတွယ်လာတဲ့ လက်လေးတစ်စုံ ~
ဘာမှမပြောဘာမှမမေးပဲ ရင်ခွင်ထဲမှာငြိမ်ငြိမ်လေးမှီနေရှာတဲ့ ချစ်သူလေးရဲ့ ဆံနွယ်တွေကို မြတ်နိုးစွာ နမ်းရှိုက်မိသည် ~
သူ့ဘဝရဲ့ ချိုမြိန်မှုမှန်သမျှဟာ ဒီလိုအခိုက်အတန့်လေးတွေမှာပဲလာရောက်ဖြစ်တည်လေ့ရှိသည်

ကို့ကို ဘယ်တော့မှထားမသွားဘူးမလား လို့မေးရင်
ကိုက အချစ်ဘဝကြီးလေ ကိုမရှိတော့ရင် အချစ်က ဘလို ဆက်အသက်ရှင်ရမလဲ လို့ပြန်ဖြေတတ်တဲ့အချွဲလေး

နွေးထွေး‌မှုရော လုံခြုံမှုကိုပါ လုံလောက်သည်ထက်ပို၍ ပေးနိုင်လွန်းတဲ့ သူ့ရဲ့ကမ္ဘာငယ်လေးပါပဲ

အချိန်မပေးနိုင်ခဲ့တာတွေအတွက် ကို့ကိုခွင့်လွှတ်ပေးပါချစ်သူ
နောက်ဆိုရင် ကိုက ဒီ့ထက်အများကြီးကောင်းပေးပါ့မယ်~



×××××××××××

ည‌နေဘက်ရောက်သည်တိုင် မှဲ့လေးက နိုးမလာသေး ဆေးရှိန်နှင့် အိပ်ပျော်နေတုန်း
အိမ်ရှေ့မှ ကားသံကြားတော့ ဂျယ်ယွန်း အောက်ဆင်းလာခဲ့သည်

"Driver.Choi ဘာလို့တစ်ယောက်ထဲ ပြန်လာတာလဲ hyungရော "

"Mr.Ethanက ဒီညအိမ်မပြန်ပါဘူးတဲ့ ရုတ်တရက်ကြီး ကားရပ်ခိုင်းပီး taxiနဲ့ထွက်သွားတာ ဘယ်ကိုသွားလဲ ကျွန်တော်လဲသေချာမသိဘူး"

"ဘာလဲ ခင်ဗျားအစ်ကိုက ဒီညအိမ်ပြန်မလာဘူးလား "

နောက်မှ ပေါ်လာတဲ့အသံက သူ့ရဲ့မှဲ့လေး

"ဟင် အိပ်ယာနိုးလာပီလား ကားသံကြောင့်နိုးသွားတာလား"

"ဒါဆိုAhjussi ကတော့
ဒီမှာအိပ်သွားမှာမလား "

"ကျွန်တော် ဒီမှာအိပ်လို့မရဘူးခင်ဗျ Mr.Ethanက အိမ်မှာဧည့်သည်ရှိလို့ ကားထားပီးတာနဲ့ ကိုယ့်အိမ်ကိုယ်ပြန်အိပ်ပါလို့မှာထားလို့ပါ ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါအုံး"

To be continued......

My Essential Hoon(07)
1:33pm
June30/2021



Zawgyi


~~~~~~~~~~~~~








×××××××××××


"....."




















××××××××××××



























အရသာရှိရှိ အားရပါးရစားနေပီးတော့ သူမေးခါမှ အိနြေ္ဒလေးပြန်ဆယ်ပြနေသော ချစ်စရာလူသားလေး











မျက်နှာတွေရဲတက်လာပီး မျက်လုံးအကြည့်တွေကို သူရှိရာကနေ လွှဲပစ်တတ်တာမျိုး စကားတွေဆက်တိုက်ပြောကာ လူကိုကက်ကက်လန် ရန်တွေ့တတ်တာမျိုး

~~~~~





×××××××××



































×××××××××××







"ဒါဆိုAhjussi ကတော့


To be continued......

My Essential Hoon(07)
1:33pm
June30/2021

Continue Reading

You'll Also Like

131K 2.3K 48
Alexis Piastri is Oscar Piastri's older sister. After feeling unfulfilled with her life, Alexis decides to drop everything to take a gap year and joi...
797K 48.1K 120
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...
135K 7.9K 94
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...
86.5K 2.4K 39
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...