(Unicode)
စကြဝဠာထဲတွင်ရှိသည့် သန်းပေါင်းများစွာသော ကြယ်တာရာတို့၏ တောက်ပမှုသည် လမင်းကြီး၏ နံဘေးတွင်သာ ထွန်းတောက်လျက်ရှိသော တာရာငယ်လေးအား မှီနိုင်ပါ့မလား? အစုအဝေးတောက်ပသော ကြယ်တာရာအုပ်စုတို့ထက် သူ့နံဘေးက တာရာငယ်လေးကသာ လမင်းကြီးအတွက် မတောက်ပဆုံးဟုမှတ်ယူခဲ့ပါသည်။ ထိုတာရာငယ်သည် လမင်းကြီးအတွက် တန်ဖိုးမဖြတ်နိုင်သော အရာလေးတစ်ခုပင်...။
______
မင်းရသ၏ မျက်ရည်တို့သည် မိမိအောက်က ပါးပြင်နှင့်ထိကပ်နေသော ခေါင်းအုံးလေးပေါ်တွင် စိုရွှဲနေလေပြီ...။ ဆောရီးပါ...ငါမင်းကို ငါ့မျက်ရည်တွေနဲ့ ဒုက္ခပေးမိပြီ။ ငါ့နာကျင်မှုတွေကို မင်းဆီပဲ ဖွင့်ပြလို့ရမယ်ထင်ပါရဲ့...။ ငါ့နှလုံးသားထဲက စကားသံတိုင်းမင်းနားထောင်ပေး ငါ့မျက်ဝန်းတွေထဲက အရည်ကြည်တွေကို မင်းနှစ်သိမ့်ပေး...။ ငါ့မှာ အဖော်မွန်ဆိုလို့ မင်းပဲရှိတာမလား...။ ငိုကြွေးစရာရင်ခွင်ဆိုလို့ မရှိတဲ့အခါ မင်းကိုပဲ မျက်နှာအပ်ပြီး ငါဖွင့်ချပါရစေ...။
ငါပျော်ခဲ့တယ်...သိလား ခေါင်းအုံးလေးရယ်။ ဒါပေမယ့် ကံကြမ္မာကြီးက ငါ့ကိုပျော်ခွင့်မပေးဘူးကွာ...။ ငါကလေ မောင့်ကိုသိပ်ချစ်တာ။ မောင့်ကိုသိပ်ချစ်ဖို့ မောင်ရှိရာဆီ လက်လှမ်းမိတယ်။ ဒါပေမယ့် မောင်က အကြိမ်ကြိမ်ကြိုးစားနေတဲ့ ငါ့ရဲ့ မောင့်ကိုမမှီတဲ့ လက်ကိုပုတ်ချတယ်။ စကားနာတွေနဲ့ပေါ့...။ ငါအကြိမ်ကြိမ်လဲပြိုတယ်။ ဒါပေမယ့် အဲ့ဒီထိတိုင် မောင့်ကိုဆက်လက်ချစ်နေဆဲပဲ...။ ငါကငတုံး...။
အခုချိန်မေမေများသာရှိနေသေးရင် မင်းရသအား ငယ်ငယ်က ဖေဖေရှိသည့်အိမ်သွားလို့ဆိုသလိုမျိုး ခြေသလုံးတွေကို အရှိုးလိုက်အရှိုးလိုက်ထင်နေအောင် ရိုက်မလား? သားရယ်လို့ သူ့ဆံနွယ်လေးတွေကို ဖွဖွပွတ်သပ်ပြီး သူမရင်ခွင်ထဲထည့်နှစ်သိမ့်စေမလား? ယောက်ျားတစ်ယောက်ကိုချစ်မိတဲ့ ယောက်ျားတစ်ယောက်မလို့ မျက်နှာချင်းမဆိုင်ပဲ ခေါင်းရှောင်နေမလား? အတိအကျပြောနိုင်သည့်တစ်ခုကတော့ မေမေသည် ဒီကမ္ဘာလောကတွင် မြူမှုန်လေးတွေအဖြစ်တောင် မရှိတော့ပါသော သူတစ်ဦး...။အချစ်ဆိုသည့်အရာအား နောက်တစ်ကြိမ်ပင်ကြုံလာလျှင် ကျောခိုင်းလှည့်သွားမည့်သူမျိုး...။ ရေစက်လွဲခဲ့သည့် အချစ်အတွက် နှလုံးသားကို အကွဲခံကာ အချစ်ကိုစွန့်ခွာခဲ့တဲ့ သူတစ်ဦး။
မေမေသည် အချစ်ရေးတွင် ဘဝတစ်ခုလုံးနှင့်ယှဥ်ကာ ပြတ်သားခဲ့သလောက် မင်းရသကတော့ အချစ်ရေးတွင် ဘဝတစ်ခုလုံးနှင့်ရင်းပြီးအချစ်နောက်သို့ အတ္တကြီးစွာ လိုက်မိသည်။ မိမိ၏ ဂုဏ်သိက္ခာများ အဖတ်ပင်ဆယ်မရအောင် ကျဆင်းပါလည်း ထိုလမ်းကိုပင် ဆက်လျှောက်နေသူ။ ဟုတ်ပါရဲ့နော်...ယောက်ျားတစ်ယောက်ဖြစ်တဲ့သူက ယောက်ျားတစ်ယောက်ဖြစ်တဲ့ မောင့်ကို လိုက်တွယ်ကပ်နေခဲ့တာလေ...။
ဘယ်အရာတွေက ဘယ်နေရာကနေ ဘယ်လိုမျိုး မှားခဲ့ကြတာပါလိမ့်...။ ကံဇာတ်ဆရာသည် မင်းရသ၏ ဘဝအားမောင့်စကားလုံးတွေအောက် နစ်မွန်းစေခဲ့လေသည်။
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<
[အတိတ်ရပ်ဝန်း-ပျော်ရွှင်မှုဆီလှမ်းရာ]
ရေခဲမင်းသားသည် အမြဲလိုလိုကျောင်းသို့စောရောက်နေတတ်ပြီး မျက်နှာမှာလည်း အရင်ကထက်တောင် ပိုတည်နေသယောင်ပင်။ ရသစိတ်ထဲ ထင်တာသက်သက်ပဲလား။ ဟိုတစ်နေ့က ပန်းမေနှင့်ကိစ္စဖြစ်ပြီးကတည်းက ဝဏ္ဏမင်းထင်သည် သူ့အားစကားပင်စမပြောတော့ပါသလို လှည့်၍ပင်လည်းမကြည့်ပါ။ ရသလည်း သူစကားမပြောသဖြင့် နေရထိုင်ရတာ ပိုသက်သာမည့်အစား ပို၍ပင် အခြေအနေက အေးစက်လာသည်။ တိတ်ဆိတ်နေခြင်းက လှုပ်ရှားနေခြင်းထက် ပိုကြောက်ရတယ်လေ...။
ပန်းမေသည်လည်း အရင်လိုမျိုး သူ့နံဘေးမှာ လာထိုင်မစားတော့...။ အဲ့ဒီအစားထမင်းစားချိန်တိုင်း ဝဏ္ဏမင်းထင်ကို စိုက်ကြည့်နေတဲ့ ဂြိုဟ်ကြည့်တွေ။ သူမ မလာချက်က ရသနားကိုပင် မလာတော့...။ အိမ်ပြန်ချိန်တွေ ရသမေးတော့ 'ငါလာရင် ဟိုကငါ့ကိုအမြင်ကတ်ပြီး နင့်ကိုတစ်ခုခုလုပ်လိုက်မှာစိုးလို့'တဲ့။ အဲ့ဒါလည်း တကယ်ကြောက်ရသည်။ တော်ကြာသူက ကိုယ့်အား ထထိုးနေမှ...။
မင်းရသလည်း အတွေးတွေကို ရပ်ကာကျောက်သင်ပုန်းမှာ ရေးထားသော စာများကိုသာ မိမိ၏စာအုပ်ထဲ ကူးနေလိုက်သည်။ ပေတံအယူမှာ လက်ထဲက ဘောပင်က ဟိုဖက်ခြမ်းစားပွဲအောက်သို့ ကျသွားသည်။ ကျမယ့်ကျ ထိုနေရာကလည်း ရေခဲမင်းသားစားပွဲအောက်...။ သက်ပြင်းသဲ့သဲ့ချ၊ခေါင်းကိုငုံ့ပြီး ယူရင်ကောင်းမလား ပြောရင်ကောင်းမလားစဥ်းစားနေချိန်မှာ မိမိမျက်စိရှေ့ကို ရောက်လာတဲ့ ဘောပင်လေး...။
" ဘာကြောင်ကြည့်နေတာလဲ...ယူမှာဖြင့်မယူပဲနဲ့''
ထိုသို့ဆိုကာ ဘောပင်အားစာအုပ်ပေါ်သို့ ဒေါက်ခနဲချသွားပါသော ရေခဲမင်းသား။
" ဟို...ကျေးဇူးပါ''
လှည့်ပင်မကြည့်ပါသော သူ...။ ချေလိုက်တာ ကျေးဇူးတင်တာတောင် လှည့်မကြည့်ဘူး။ အင်းဖြစ်ဖြစ် အေးဖြစ်ဖြစ် ရတယ်ဖြစ်ဖြစ် စကားလေးသုံးလေးခွန်းပြောလိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ...။ ပါးစပ်ကနေ အသံထွက်ရမှာကို နှမြောနေလိုက်တာ...။ ဟိုနေ့ကကျပန်းမေကိုပြန်ပြောတာ သူမဟုတ်တဲ့အတိုင်းပဲ...။ စိတ်ထဲမှ ပွစိပွစိ ရေရွတ်ကာ ဘေးမှသူမမြင်အောင် မျက်စောင်းတွေပင်လှိမ့်ထိုးပစ်လိုက်သည်။ အမြင်ကတ်ဖို့ကောင်းလိုက်တာ...။
ငါ့ဘေးမှာ သူပဲရှိပါတယ်။ အားတုန်းလေး စကားလေးဘာလေးပြောလို့ရမလားရှိသေး...လူက ချေနေတာ။ တခြားသူတွေနဲ့လည်း အနေအေးသလောက် မင်းရသကိုမှ သူကပိုအေးစက်နေသယောင်...။ မင်းရသလည်း ငယ်ငယ်က အနိုင်ကျင့်ခံရတာက သက်သက်၊ အချစ်ခံရတာက သက်သက်မို့ သူ့အားအမြင်ကတ်ပါသည်။ လူတိုင်းက မင်းရသအားမြင်လျှင် အကြည်ဓာတ်ရစေသည့် ကလေးလေးဟုပြောသွားကြတာ သူနဲ့ကျမှပဲ။ အင်း...သူအနိုင်ကျင့်ခဲ့တဲ့သူတစ်ယောက်မလို့ မခေါ်ချင်တာလား? မခေါ်ချင်ရင်လည်း ဘာလို့ငါ့နားလာထိုင်သေးတာလဲ...ရှုပ်ကိုရှုပ်တယ်။
" ကျက်သရေကိုတုန်းတယ်''
စိတ်ထဲမှ ရေရွတ်လိုက်သည့်စကားသည် နှုတ်မှအပြင်သို့ထွက်ကျလာသည်။ ပြောပြီးမှ မိမိပါးစပ်ကိုအလျင်အမြန်ပိတ်လိုက်သော်လည်း ကြားနာဖို့အသင့်ရှိနေသူက ကြားသွားခဲ့ပြီလေ...။
" မင်းဘာပြောလိုက်တာလဲ?''
" ဘာ...ဘာမှမပြောလိုက်ပါဘူး။ ''
" ငါသေချာကြားလိုက်ပါတယ်...မင်းစကားကို။ နောက်ဆိုငါ့မျက်နှာကြည့်ပြောပါ...''
" ငါက ဒီအတိုင်းပါးစပ်က လွှတ်ခနဲထွက်သွားတာပါ''
" သြော်...''
ဒီအတိုင်းနေနေလို့ လုံးဝမဖြစ်တော့။အခုချိန်မှမပြောရင် ဝဏ္ဏမင်းထင်ဆိုသည့်ရေခဲမင်းသားဟာ သူ့အားတစ်ချိန်လုံးအနေရခက်အောင် ရှိန်နေအောင် လုပ်သထက်လုပ်ပေတော့မည်။ ရသလည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်ထဲမှတွေးကာ...
" မင်းက ငါစကားပြောတော့လည်း ပြန်မပြောဘူး။ ဘေးနားမှာလာထိုင်ပြီးတော့လည်း ကျောက်ရုပ်လိုနေနေတယ်။ ငါ့သူငယ်ချင်းလာပြန်တော့လည်း မကြိုက်ဘူး။ မင်းကျတော့ ငါ့ကိုပြေပြေပြစ်ပြစ်ဆက်ဆံလားဆိုတော့လည်း မဆက်ဆံဘူး။ အစထဲက ငါနဲ့မပက်သက်ချင်ရင် ငါ့ဘေးလာမထိုင်နဲ့လေ...''
ဝဏ္ဏမင်းထင်သည် သူ့စကားများဆုံးသည်အထိ သူ့အားစိုက်ကြည့်နေလေသည်။ သူ့မျက်နှာကိုအကဲခတ်ကြည့်တော့လည်း ဘယ်လိုအရိပ်အယောင်မှ ပြေးမသွား။ ဒီကောင်ရူးနေတာလား?
" မင်းရူးနေတာလား....ဝဏ္ဏမင်းထင်''
". . .''
" ငါမေးနေတယ်လေ...လွတ်သွားပြီလားလို့''
". . .''
ဘာပြောပြော သူ့ကိုသာ စိုက်ကြည့်နေသော ထိုကောင်ကို ရသကြည့်မရတော့ပါ။
" မင်း...''
သူ့မျက်နှာနားအကပ်လာပါသောသူ...။ ရင်တထိတ်ထိတ်ဖြစ်နေတုန်း သုံးလက်မလောက်အကွာမှာ ရပ်လိုက်ပြီး...
" မင်းက...ငါနဲ့စကားပြောချင်တာလား?''
အေးစက်လွန်းသည်ဟုထင်သော သူ့မျက်ဝန်းတွေသည် ရသအား နီးကပ်သောအနေအထားတွင် စိုက်ကြည့်နေလေသည်။ တုန်လှုပ်သည်တော့ တုန်လှုပ်သည် သို့ပေမယ့် အရင်လိုမဟုတ်ပဲ တစ်မျိုးကြီးခံစားနေရသည်။ တကယ်ကို ဘယ်လိုပြောရမယ်မှန်းမသိပါသော ခံစားချက်ကြီး...။ ရင်တွေတော်တော်တုန်သည်။ဟာ...ဘယ်လိုပြောရမယ်မှန်းမသိတဲ့ ခံစားချက်ကြီးဖြစ်သွားတာက ဝဏ္ဏမင်းထင်ရဲ့အသံကနူးညံ့နေလို့လား ဒါမှမဟုတ် အနေအထားကနီးကပ်လွန်းနေလို့လား။
". . .''
" ဟင်...''
" ငါ...ငါက...''
မေးဆက်ပြကာ ပြောလေဆိုသည့် ပုံစံမျိုးလုပ်ပြတော့ ရသက မိမိနားတိုးနေသော သူ့အားရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် တွန်းလွှတ်လိုက်ကာ...
" ငါက ဒီအတိုင်းပျင်းလို့ သက်သက်ပဲ မင်းကိုပြောလိုက်တာ။ဒီလောက်ကြီးတော့ အနားတိုးမလာနဲ့လေ...။ ''
ရသ စကားကြောင့် ရေခဲမင်းသား၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်ထွန်းလာသည်။ တကယ်ကြီး သူပြုံးလိုက်တာလား။ အမြဲတမ်း မျက်နှာတည်ကြီးနဲ့ နေတဲ့သူ့လိုရေခဲတုံးကလေ...။
" အင်း...။ အဲ့ဒါဆို မင်းငါနဲ့ ဒီနေ့ကစပြီး သူငယ်ချင်းလုပ်မလား''
ရသကခေါင်းကို တယမ်းယမ်းလုပ်လိုက်တော့...
" မင်းပဲငါ့ကိုစကားမပြောလို့ဆို...''
" မင်းက ငါ့ကိုဆိုအမြဲရုပ်တည်ကြီးနဲ့ပဲ ဆက်ဆံတယ်လေ။ ပြီးတော့...မင်းက ငါ့ကိုငယ်ငယ်က အနိုင်ကျင့်ခဲ့တဲ့သူ...''
ပြောပြီးပြီးချင်း ခေါင်းငုံ့သွားပါသော မင်းရသ။ ဝဏ္ဏမင်းထင်သည် မင်းရသအားကြည့်သာကြည့်နေတော့သည်။ သူရသအား ငယ်ငယ်က အနိုင်ကျင့်ခဲ့သည်ဆိုမှာ သူများတွေလို အနိုင်လိုချင်စိတ်၊နှိမ်ချချင်စိတ်ကြောင့် မဟုတ်ပါ။ ဒီအတိုင်း...၊ ဒီအတိုင်းလေးသာ ချစ်ဖို့ကောင်းပြီး စချင်စရာကောင်း၍ပါ။ သူ့ရဲ့စိတ်ထဲတွင် ဘာဆိုဘာမှမရှိပါပဲ ချစ်ဖို့ကောင်းတာသာ မြင်၍ပင်...။ အခုလည်း သူ့အားနှုတ်ခမ်းတဆူဆူဖြင့် အရင်လိုမကြည့်ရဲသည့်ပုံစံလေး မဟုတ်ပဲ ပြန်ပြောနေသည်မှာ အသည်းယားဖွယ်အတိ...။
မင်းရသဆိုသော ကောင်လေးသည် ယောက်ျားလေးဟုသာ ပုံစံအရယုံရသည်။ မျက်နှာလေးက မိန်းကလေးတွေ ထက်ပင်ချစ်ဖို့ကောင်းနေသည့်အပြင် အသားလေးကလည်း လေတိုက်လျှင်ပင် လွင့်ပါသွားမည်စိုးရသည်။ ထိုသည်ကို သူ့အားသွားပြောလိုက်လျှင် စာအုပ်နှင့် ကောက်များအထုခံရလေမလား...။ ထိုကောင်လေးသည် ဝဏ္ဏမင်းထင်အား ကြောက်သလိုလိုနှင့် ပြန်လုပ်သတ်မည့်ပုံမျိုး...။
TBC.
Thanks a lot.
(Zawgyi)
စၾကဝဠာထဲတြင္ရွိသည့္ သန္းေပါင္းမ်ားစြာေသာ ၾကယ္တာရာတို႔၏ ေတာက္ပမႈသည္ လမင္းႀကီး၏ နံေဘးတြင္သာ ထြန္းေတာက္လ်က္ရွိေသာ တာရာငယ္ေလးအား မွီနိုင္ပါ့မလား? အစုအေဝးေတာက္ပေသာ ၾကယ္တာရာအုပ္စုတို႔ထက္ သူ႕နံေဘးက တာရာငယ္ေလးကသာ လမင္းႀကီးအတြက္ မေတာက္ပဆုံးဟုမွတ္ယူခဲ့ပါသည္။ ထိုတာရာငယ္သည္ လမင္းႀကီးအတြက္ တန္ဖိုးမျဖတ္နိုင္ေသာ အရာေလးတစ္ခုပင္...။
______
မင္းရသ၏ မ်က္ရည္တို႔သည္ မိမိေအာက္က ပါးျပင္ႏွင့္ထိကပ္ေနေသာ ေခါင္းအုံးေလးေပၚတြင္ စို႐ႊဲေနေလၿပီ...။ ေဆာရီးပါ...ငါမင္းကို ငါ့မ်က္ရည္ေတြနဲ႕ ဒုကၡေပးမိၿပီ။ ငါ့နာက်င္မႈေတြကို မင္းဆီပဲ ဖြင့္ျပလို႔ရမယ္ထင္ပါရဲ႕...။ ငါ့ႏွလုံးသားထဲက စကားသံတိုင္းမင္းနားေထာင္ေပး ငါ့မ်က္ဝန္းေတြထဲက အရည္ၾကည္ေတြကို မင္းႏွစ္သိမ့္ေပး...။ ငါ့မွာ အေဖာ္မြန္ဆိုလို႔ မင္းပဲရွိတာမလား...။ ငိုေႂကြးစရာရင္ခြင္ဆိုလို႔ မရွိတဲ့အခါ မင္းကိုပဲ မ်က္ႏွာအပ္ၿပီး ငါဖြင့္ခ်ပါရေစ...။
ငါေပ်ာ္ခဲ့တယ္...သိလား ေခါင္းအုံးေလးရယ္။ ဒါေပမယ့္ ကံၾကမၼာႀကီးက ငါ့ကိုေပ်ာ္ခြင့္မေပးဘူးကြာ...။ ငါကေလ ေမာင့္ကိုသိပ္ခ်စ္တာ။ ေမာင့္ကိုသိပ္ခ်စ္ဖို႔ ေမာင္ရွိရာဆီ လက္လွမ္းမိတယ္။ ဒါေပမယ့္ ေမာင္က အႀကိမ္ႀကိမ္ႀကိဳးစားေနတဲ့ ငါ့ရဲ႕ ေမာင့္ကိုမမွီတဲ့ လက္ကိုပုတ္ခ်တယ္။ စကားနာေတြနဲ႕ေပါ့...။ ငါအႀကိမ္ႀကိမ္လဲၿပိဳတယ္။ ဒါေပမယ့္ အဲ့ဒီထိတိုင္ ေမာင့္ကိုဆက္လက္ခ်စ္ေနဆဲပဲ...။ ငါကငတုံး...။
အခုခ်ိန္ေမေမမ်ားသာရွိေနေသးရင္ မင္းရသအား ငယ္ငယ္က ေဖေဖရွိသည့္အိမ္သြားလို႔ဆိုသလိုမ်ိဳး ေျခသလုံးေတြကို အရွိုးလိုက္အရွိုးလိုက္ထင္ေနေအာင္ ရိုက္မလား? သားရယ္လို႔ သူ႕ဆံႏြယ္ေလးေတြကို ဖြဖြပြတ္သပ္ၿပီး သူမရင္ခြင္ထဲထည့္ႏွစ္သိမ့္ေစမလား? ေယာက္်ားတစ္ေယာက္ကိုခ်စ္မိတဲ့ ေယာက္်ားတစ္ေယာက္မလို႔ မ်က္ႏွာခ်င္းမဆိုင္ပဲ ေခါင္းေရွာင္ေနမလား? အတိအက်ေျပာနိုင္သည့္တစ္ခုကေတာ့ ေမေမသည္ ဒီကမၻာေလာကတြင္ ျမဴမႈန္ေလးေတြအျဖစ္ေတာင္ မရွိေတာ့ပါေသာ သူတစ္ဦး...။အခ်စ္ဆိုသည့္အရာအား ေနာက္တစ္ႀကိမ္ပင္ႀကဳံလာလွ်င္ ေက်ာခိုင္းလွည့္သြားမည့္သူမ်ိဳး...။ ေရစက္လြဲခဲ့သည့္ အခ်စ္အတြက္ ႏွလုံးသားကို အကြဲခံကာ အခ်စ္ကိုစြန့္ခြာခဲ့တဲ့ သူတစ္ဦး။
ေမေမသည္ အခ်စ္ေရးတြင္ ဘဝတစ္ခုလုံးႏွင့္ယွဥ္ကာ ျပတ္သားခဲ့သေလာက္ မင္းရသကေတာ့ အခ်စ္ေရးတြင္ ဘဝတစ္ခုလုံးႏွင့္ရင္းၿပီးအခ်စ္ေနာက္သို႔ အတၱႀကီးစြာ လိုက္မိသည္။ မိမိ၏ ဂုဏ္သိကၡာမ်ား အဖတ္ပင္ဆယ္မရေအာင္ က်ဆင္းပါလည္း ထိုလမ္းကိုပင္ ဆက္ေလွ်ာက္ေနသူ။ ဟုတ္ပါရဲ႕ေနာ္...ေယာက္်ားတစ္ေယာက္ျဖစ္တဲ့သူက ေယာက္်ားတစ္ေယာက္ျဖစ္တဲ့ ေမာင့္ကို လိုက္တြယ္ကပ္ေနခဲ့တာေလ...။
ဘယ္အရာေတြက ဘယ္ေနရာကေန ဘယ္လိုမ်ိဳး မွားခဲ့ၾကတာပါလိမ့္...။ ကံဇာတ္ဆရာသည္ မင္းရသ၏ ဘဝအားေမာင့္စကားလုံးေတြေအာက္ နစ္မြန္းေစခဲ့ေလသည္။
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<
[အတိတ္ရပ္ဝန္း-ေပ်ာ္႐ႊင္မႈဆီလွမ္းရာ]
ေရခဲမင္းသားသည္ အၿမဲလိုလိုေက်ာင္းသို႔ေစာေရာက္ေနတတ္ၿပီး မ်က္ႏွာမွာလည္း အရင္ကထက္ေတာင္ ပိုတည္ေနသေယာင္ပင္။ ရသစိတ္ထဲ ထင္တာသက္သက္ပဲလား။ ဟိုတစ္ေန႕က ပန္းေမႏွင့္ကိစၥျဖစ္ၿပီးကတည္းက ဝဏၰမင္းထင္သည္ သူ႕အားစကားပင္စမေျပာေတာ့ပါသလို လွည့္၍ပင္လည္းမၾကည့္ပါ။ ရသလည္း သူစကားမေျပာသျဖင့္ ေနရထိုင္ရတာ ပိုသက္သာမည့္အစား ပို၍ပင္ အေျခအေနက ေအးစက္လာသည္။ တိတ္ဆိတ္ေနျခင္းက လႈပ္ရွားေနျခင္းထက္ ပိုေၾကာက္ရတယ္ေလ...။
ပန္းေမသည္လည္း အရင္လိုမ်ိဳး သူ႕နံေဘးမွာ လာထိုင္မစားေတာ့...။ အဲ့ဒီအစားထမင္းစားခ်ိန္တိုင္း ဝဏၰမင္းထင္ကို စိုက္ၾကည့္ေနတဲ့ ၿဂိဳဟ္ၾကည့္ေတြ။ သူမ မလာခ်က္က ရသနားကိုပင္ မလာေတာ့...။ အိမ္ျပန္ခ်ိန္ေတြ ရသေမးေတာ့ 'ငါလာရင္ ဟိုကငါ့ကိုအျမင္ကတ္ၿပီး နင့္ကိုတစ္ခုခုလုပ္လိုက္မွာစိုးလို႔'တဲ့။ အဲ့ဒါလည္း တကယ္ေၾကာက္ရသည္။ ေတာ္ၾကာသူက ကိုယ့္အား ထထိုးေနမွ...။
မင္းရသလည္း အေတြးေတြကို ရပ္ကာေက်ာက္သင္ပုန္းမွာ ေရးထားေသာ စာမ်ားကိုသာ မိမိ၏စာအုပ္ထဲ ကူးေနလိုက္သည္။ ေပတံအယူမွာ လက္ထဲက ေဘာပင္က ဟိုဖက္ျခမ္းစားပြဲေအာက္သို႔ က်သြားသည္။ က်မယ့္က် ထိုေနရာကလည္း ေရခဲမင္းသားစားပြဲေအာက္...။ သက္ျပင္းသဲ့သဲ့ခ်၊ေခါင္းကိုငုံ႕ၿပီး ယူရင္ေကာင္းမလား ေျပာရင္ေကာင္းမလားစဥ္းစားေနခ်ိန္မွာ မိမိမ်က္စိေရွ႕ကို ေရာက္လာတဲ့ ေဘာပင္ေလး...။
" ဘာေၾကာင္ၾကည့္ေနတာလဲ...ယူမွာျဖင့္မယူပဲနဲ႕''
ထိုသို႔ဆိုကာ ေဘာပင္အားစာအုပ္ေပၚသို႔ ေဒါက္ခနဲခ်သြားပါေသာ ေရခဲမင္းသား။
" ဟို...ေက်းဇူးပါ''
လွည့္ပင္မၾကည့္ပါေသာ သူ...။ ေခ်လိဳက္တာ ေက်းဇူးတင္တာေတာင္ လွည့္မၾကည့္ဘူး။ အင္းျဖစ္ျဖစ္ ေအးျဖစ္ျဖစ္ ရတယ္ျဖစ္ျဖစ္ စကားေလးသုံးေလးခြန္းေျပာလိုက္ရင္ ဘာျဖစ္သြားမွာမို႔လို႔လဲ...။ ပါးစပ္ကေန အသံထြက္ရမွာကို ႏွေျမာေနလိုက္တာ...။ ဟိုေန႕ကက်ပန္းေမကိုျပန္ေျပာတာ သူမဟုတ္တဲ့အတိုင္းပဲ...။ စိတ္ထဲမွ ပြစိပြစိ ေရ႐ြတ္ကာ ေဘးမွသူမျမင္ေအာင္ မ်က္ေစာင္းေတြပင္လွိမ့္ထိုးပစ္လိုက္သည္။ အျမင္ကတ္ဖို႔ေကာင္းလိုက္တာ...။
ငါ့ေဘးမွာ သူပဲရွိပါတယ္။ အားတုန္းေလး စကားေလးဘာေလးေျပာလို႔ရမလားရွိေသး...လူက ေခ်ေနတာ။ တျခားသူေတြနဲ႕လည္း အေနေအးသေလာက္ မင္းရသကိုမွ သူကပိုေအးစက္ေနသေယာင္...။ မင္းရသလည္း ငယ္ငယ္က အနိုင္က်င့္ခံရတာက သက္သက္၊ အခ်စ္ခံရတာက သက္သက္မို႔ သူ႕အားအျမင္ကတ္ပါသည္။ လူတိုင္းက မင္းရသအားျမင္လွ်င္ အၾကည္ဓာတ္ရေစသည့္ ကေလးေလးဟုေျပာသြားၾကတာ သူနဲ႕က်မွပဲ။ အင္း...သူအနိုင္က်င့္ခဲ့တဲ့သူတစ္ေယာက္မလို႔ မေခၚခ်င္တာလား? မေခၚခ်င္ရင္လည္း ဘာလို႔ငါ့နားလာထိုင္ေသးတာလဲ...ရႈပ္ကိုရႈပ္တယ္။
" က်က္သေရကိုတုန္းတယ္''
စိတ္ထဲမွ ေရ႐ြတ္လိုက္သည့္စကားသည္ ႏႈတ္မွအျပင္သို႔ထြက္က်လာသည္။ ေျပာၿပီးမွ မိမိပါးစပ္ကိုအလ်င္အျမန္ပိတ္လိုက္ေသာ္လည္း ၾကားနာဖို႔အသင့္ရွိေနသူက ၾကားသြားခဲ့ၿပီေလ...။
" မင္းဘာေျပာလိုက္တာလဲ?''
" ဘာ...ဘာမွမေျပာလိုက္ပါဘူး။ ''
" ငါေသခ်ာၾကားလိုက္ပါတယ္...မင္းစကားကို။ ေနာက္ဆိုငါ့မ်က္ႏွာၾကည့္ေျပာပါ...''
" ငါက ဒီအတိုင္းပါးစပ္က လႊတ္ခနဲထြက္သြားတာပါ''
" ေၾသာ္...''
ဒီအတိုင္းေနေနလို႔ လုံးဝမျဖစ္ေတာ့။အခုခ်ိန္မွမေျပာရင္ ဝဏၰမင္းထင္ဆိုသည့္ေရခဲမင္းသားဟာ သူ႕အားတစ္ခ်ိန္လုံးအေနရခက္ေအာင္ ရွိန္ေနေအာင္ လုပ္သထက္လုပ္ေပေတာ့မည္။ ရသလည္း ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး စိတ္ထဲမွေတြးကာ...
" မင္းက ငါစကားေျပာေတာ့လည္း ျပန္မေျပာဘူး။ ေဘးနားမွာလာထိုင္ၿပီးေတာ့လည္း ေက်ာက္႐ုပ္လိုေနေနတယ္။ ငါ့သူငယ္ခ်င္းလာျပန္ေတာ့လည္း မႀကိဳက္ဘူး။ မင္းက်ေတာ့ ငါ့ကိုေျပေျပျပစ္ျပစ္ဆက္ဆံလားဆိုေတာ့လည္း မဆက္ဆံဘူး။ အစထဲက ငါနဲ႕မပက္သက္ခ်င္ရင္ ငါ့ေဘးလာမထိုင္နဲ႕ေလ...''
ဝဏၰမင္းထင္သည္ သူ႕စကားမ်ားဆုံးသည္အထိ သူ႕အားစိုက္ၾကည့္ေနေလသည္။ သူ႕မ်က္ႏွာကိုအကဲခတ္ၾကည့္ေတာ့လည္း ဘယ္လိုအရိပ္အေယာင္မွ ေျပးမသြား။ ဒီေကာင္႐ူးေနတာလား?
" မင္း႐ူးေနတာလား....ဝဏၰမင္းထင္''
". . .''
" ငါေမးေနတယ္ေလ...လြတ္သြားၿပီလားလို႔''
". . .''
ဘာေျပာေျပာ သူ႕ကိုသာ စိုက္ၾကည့္ေနေသာ ထိုေကာင္ကို ရသၾကည့္မရေတာ့ပါ။
" မင္း...''
သူ႕မ်က္ႏွာနားအကပ္လာပါေသာသူ...။ ရင္တထိတ္ထိတ္ျဖစ္ေနတုန္း သုံးလက္မေလာက္အကြာမွာ ရပ္လိုက္ၿပီး...
" မင္းက...ငါနဲ႕စကားေျပာခ်င္တာလား?''
ေအးစက္လြန္းသည္ဟုထင္ေသာ သူ႕မ်က္ဝန္းေတြသည္ ရသအား နီးကပ္ေသာအေနအထားတြင္ စိုက္ၾကည့္ေနေလသည္။ တုန္လႈပ္သည္ေတာ့ တုန္လႈပ္သည္ သို႔ေပမယ့္ အရင္လိုမဟုတ္ပဲ တစ္မ်ိဳးႀကီးခံစားေနရသည္။ တကယ္ကို ဘယ္လိုေျပာရမယ္မွန္းမသိပါေသာ ခံစားခ်က္ႀကီး...။ ရင္ေတြေတာ္ေတာ္တုန္သည္။ဟာ...ဘယ္လိုေျပာရမယ္မွန္းမသိတဲ့ ခံစားခ်က္ႀကီးျဖစ္သြားတာက ဝဏၰမင္းထင္ရဲ႕အသံကႏူးညံ့ေနလို႔လား ဒါမွမဟုတ္ အေနအထားကနီးကပ္လြန္းေနလို႔လား။
". . .''
" ဟင္...''
" ငါ...ငါက...''
ေမးဆက္ျပကာ ေျပာေလဆိုသည့္ ပုံစံမ်ိဳးလုပ္ျပေတာ့ ရသက မိမိနားတိုးေနေသာ သူ႕အားရင္ဘတ္ကို လက္ႏွစ္ဖက္ျဖင့္ တြန္းလႊတ္လိုက္ကာ...
" ငါက ဒီအတိုင္းပ်င္းလို႔ သက္သက္ပဲ မင္းကိုေျပာလိုက္တာ။ဒီေလာက္ႀကီးေတာ့ အနားတိုးမလာနဲ႕ေလ...။ ''
ရသ စကားေၾကာင့္ ေရခဲမင္းသား၏ မ်က္ႏွာေပၚတြင္ အၿပဳံးတစ္ပြင့္ေပၚထြန္းလာသည္။ တကယ္ႀကီး သူၿပဳံးလိုက္တာလား။ အၿမဲတမ္း မ်က္ႏွာတည္ႀကီးနဲ႕ ေနတဲ့သူ႕လိုေရခဲတုံးကေလ...။
" အင္း...။ အဲ့ဒါဆို မင္းငါနဲ႕ ဒီေန႕ကစၿပီး သူငယ္ခ်င္းလုပ္မလား''
ရသကေခါင္းကို တယမ္းယမ္းလုပ္လိုက္ေတာ့...
" မင္းပဲငါ့ကိုစကားမေျပာလို႔ဆို...''
" မင္းက ငါ့ကိုဆိုအၿမဲ႐ုပ္တည္ႀကီးနဲ႕ပဲ ဆက္ဆံတယ္ေလ။ ၿပီးေတာ့...မင္းက ငါ့ကိုငယ္ငယ္က အနိုင္က်င့္ခဲ့တဲ့သူ...''
ေျပာၿပီးၿပီးခ်င္း ေခါင္းငုံ႕သြားပါေသာ မင္းရသ။ ဝဏၰမင္းထင္သည္ မင္းရသအားၾကည့္သာၾကည့္ေနေတာ့သည္။ သူရသအား ငယ္ငယ္က အနိုင္က်င့္ခဲ့သည္ဆိုမွာ သူမ်ားေတြလို အနိုင္လိုခ်င္စိတ္၊ႏွိမ္ခ်ခ်င္စိတ္ေၾကာင့္ မဟုတ္ပါ။ ဒီအတိုင္း...၊ ဒီအတိုင္းေလးသာ ခ်စ္ဖို႔ေကာင္းၿပီး စခ်င္စရာေကာင္း၍ပါ။ သူ႕ရဲ႕စိတ္ထဲတြင္ ဘာဆိုဘာမွမရွိပါပဲ ခ်စ္ဖို႔ေကာင္းတာသာ ျမင္၍ပင္...။ အခုလည္း သူ႕အားႏႈတ္ခမ္းတဆူဆူျဖင့္ အရင္လိုမၾကည့္ရဲသည့္ပုံစံေလး မဟုတ္ပဲ ျပန္ေျပာေနသည္မွာ အသည္းယားဖြယ္အတိ...။
မင္းရသဆိုေသာ ေကာင္ေလးသည္ ေယာက္်ားေလးဟုသာ ပုံစံအရယုံရသည္။ မ်က္ႏွာေလးက မိန္းကေလးေတြ ထက္ပင္ခ်စ္ဖို႔ေကာင္းေနသည့္အျပင္ အသားေလးကလည္း ေလတိုက္လွ်င္ပင္ လြင့္ပါသြားမည္စိုးရသည္။ ထိုသည္ကို သူ႕အားသြားေျပာလိုက္လွ်င္ စာအုပ္ႏွင့္ ေကာက္မ်ားအထုခံရေလမလား...။ ထိုေကာင္ေလးသည္ ဝဏၰမင္းထင္အား ေၾကာက္သလိုလိုႏွင့္ ျပန္လုပ္သတ္မည့္ပုံမ်ိဳး...။
TBC.
Thanks a lot.