My Essential Hoon

By _jaehoonpark_

42K 4.4K 2.5K

젴성 #JakeHoon Romance /Drama Age gap love More

Intro
01
02
03
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37

04

1K 148 9
By _jaehoonpark_

Unicode

"မိန်းကလေးသူငယ်ချင်း ရှိမဲ့ပုံမပေါ်ဘူးထင်ထားတာ ရှိတော့ ရှိနေတာပဲ ဘယ်လိုသူငယ်ချင်းမျိုးမို့ အဲ့ဒီလောက်နီးကပ်နေရတာလဲ ဘဝင်မကျဘူး...."

~~~~~~~~

မနေ့ညက အိမ်ပြန်ရောက်‌တော့ ဆက်တိုက် မှဲ့လေးအကြောင်းပဲ စဉ်းစားမိနေတာမို့ စာရွက်အဖြူပေါ်က သူကိုယ်တိုင်ရေးပေးခဲ့တဲ့ ဖုန်းနံပါတ်လေးကို ဆက်သွယ်ကြည့်မိခဲ့သော်လည်း ဖုန်းနံပါတ်ပိုင်ရှင်က မှဲ့လေး မဟုတ်ဘူးတဲ့

အဆိုးကောင်လေးက ကလေးဆိုတော့ ကလေးအကွက်‌တွေပြ‌သွားတာ ကိုယ်ကလဲ လူကြီးအကွက်ပြန်ပြမှ ဖြစ်တော့မည်လေ
ဆက်တိုက်အဆက်အသွယ် ရှိနေချင်တာကြောင့် ကျောင်းအထိ လူကိုယ်တိုင် သွားတွေ့ပီး ဖုန်းနံပါတ်အမှန် ပြန်တောင်းရမည်

သူ့ရောက်လာတာကိုမြင်လျှင် ဖြစ်သွားမည့် ထိုကောင်လေး၏ မျက်နှာလေးက ဘယ်လိုချစ်စရာပုံစံလေးဖြစ်နေလိမ့်မလဲ.....
စိတ်ကူးရင်း တွေးရင်း ကိုယ်တိုင်တောင် မသိလိုက်ခင်မှာတင် မျက်နှာပေါ်မှာ အပြုံးရိပ်တို့ ထပ်ခါထပ်ခါ သမ်းရပါသည်

နောက်နေ့မနက်ရောက်တာနဲ့ အစောကြီး ထပီး အရေးကြီးကိစ္စ ရှိလို့ဆိုတဲ့ ခေါင်းစဉ်တပ်ကာ scheduleတွေ appoinment တွေ အကုန်ဖျက်ထားခိုင်းလိုက်သည်

သူပြောတဲ့ အရေးကြီးကိစ္စဆိုတာကတော့

မနက်အစောကြီး ညက လာဘ်ထိုးပီး လိပ်စာသိထားတဲ့ ကျောင်းရဲ့ လမ်းထောင့်နားလေးမှာ ကားကိုရပ်ကာ ခိုးကြောင်ခိုးဝှက်နှင့် အထက်တန်းကျောင်းသားလေးတစ်ယောက်ကို မြင်ရဖို့အတွက်တဲ့လေ

တစ်အောင့်ကြာတော့ တွေ့လိုက်ပါပီ သူမြင်ချင်တဲ့ မြင်ကွင်းလှလှလေး
ဒါပေမယ့်လဲ ခုလို မနက်အစောကြီးမှာ သူရောက်လာလို့ စိတ်ရှုပ်သွားမှာလဲ စိုးတာကြောင့် ညနေ ကျောင်းဆင်းတဲ့ထိပဲ စောင့်နေဖြစ်လိုက်တော့သည်

စောင့်ရတာမုန်းတယ်ဆိုတဲ့ ရှင်းဂျယ်ယွန်းလိုလူက ခုကျတော့ ညနေကိုတောင် ဘယ်လိုရောက်သွားမှန်း မသိလိုက်
ကျောင်းသူ ကျောင်းသားလေးများ အလျိုလျို ထွက်လာတဲ့အထဲ သူ့ရဲ့ အထက်တန်းကျောင်းသားလေး‌ပေါ်အလာကို ရှာဖွေနေမိသည်
*တွေ့တာနဲ့ သူ့ရှေ့ကိုတန်းသွားပီး ဖုန်းနံပါတ်ပြန်တောင်းမယ် မိတ်ဆွေဖြစ် မုန့်စားဖို့ ခေါ်ရင်းနဲ့ ဖုန်းနံပါတ်အမှားပေးလို့ ခပ်ဖွဖွလေးဆူပစ်အုံးမယ် *

ကိုယ့် အစီစဉ်နဲ့ကိုယ် တွက်သားကိုက်နေပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်......
လမ်းလျှောက်နေတုန်းမှာ ခြေဝင်ထိုးခံလိုက်ရတဲ့ ခံစားချက်လိုပဲ

စောင့်မျှော်နေသူကပေါ်လာပေမယ့် ဘေးကအတူပါလာတဲ့
ကျောင်းသူကြောင့် စိတ်ထဲထင့်သွားသည်
ယောကျာ်းလေးတွေပဲ ရှိတဲ့အဖွဲ့ထဲ မိန်းကလေးက ဘာလို့ပါလာရတာလဲ
ထိုကလေးမကလဲ စိတ်ဘဝင်မကျအောင်ပဲ မှဲ့လေးနားကို ကပ်နေလိုက်တာ သူစိတ်အလိုမကျတော့ပါ

ကိုယ်တိုင်က အစထဲက self controlလုပ်တဲ့‌နေရာမှာ တော်လှတယ်မဟုတ် အမြဲ တစ်ဇွတ်ထိုး လုပ်ချင်တာလုပ်ချတတ်တဲ့လူမျိုး
စိတ်ထဲရှိတဲ့ အတိုင်းဆို ချက်ချင်း ကားပေါ်ကနေ အပြေးဆင်းပီး မှဲ့လေး ဘေးနားမှာကပ်နေတဲ့ ထိုကလေးမကို ဖယ်ထုတ်ပစ်လိုက်ချင်သည်

ဒါပေမယ့်လဲ မှဲ့လေးက သူ့ကို အကြီးအကျယ်စိတ်ဆိုးသွားလောက်မည် ဆိုတဲ့ အတွေးနဲ့ပဲ စိတ်ထဲရှိသမျှ တစ်ဇွတ်ထိုးဖို့ရာ မတတ်သာခဲ့

"တကယ်ပဲ မိန်းကလေးတွေနဲ့တွဲမြင်ရတာမကြိုက်လိုက်တာ"
သူစိတ်မွန်းကြပ်စွာပဲ ငြီးငြူရင်း ကားကို ခပ်ဖြည်းဖြည်းမောင်းကာ နောက်ကနေ မသိမသာ‌လေး
မှေးလိုက်လာခဲ့သည်

*ဘယ်များ ထူးထူးခြားခြား သွားမလို့လဲလို့ တော့ပို့ကီ သွားစားကြတာပဲ တော့ပို့ကီက ဘာတွေအရသာ‌ရှိ‌နေလို့လဲ တစ်ယောက်ထဲထွက်လာရင် ငါက ကောင်းတဲ့ဆိုင်မှာ
steakလိုက်ကျွေးမိမှာကို*

သူငယ်ချင်းတွေနဲ့ ပြူံးပျော်ပီး တော့ပို့ကီကို ချစ်စရာကောင်းအောင်စားပြနေတဲ့ ထိုကောင်လေးကို မြင်မိပြန်တော့လဲ စိတ်အလိုမကျဖြစ်နေရင်းတောင် နူတ်ခမ်းတို့ကပြူံးယောင်ပြမိပြန်သည်

"SungHoon ပါးစပ်ဟ အာ......"
"ရော့ ပါးစပ်ဟလို့ ငါလက်ညောင်းနေပီ"

"ဟေး နင်တို့ တွဲကြတော့မှာလား စုံတွဲဖြစ်တဲ့နေ့ တစ်ဝိုင်းနော်"

ယုမီခွံ့ကျွေးတာကို အလိုက်သင့်စားလိုက်မိတော့ ဘေးကဝိုင်းစတာခံရပီပေါ့
ယုမီကလဲ ဒီနေ့မှ ထူးထူးဆန်းဆန်းတွေဖြစ်လို့

"ဘာတွေလျှောက်ပြော ငါးအူချောင်းနဲ့ ကောက်ရိုက်လိုက်လို့ စားစရာရှိတာစား ငါအိမ်ပြန်နောက်ကျလို့မရဘူး"

ဆောင်ဟွန်းအတွက်တော့ ဒီလိုပဲ အရင်ထဲကလဲ သူငယ်ချင်းတွေက သူတို့ကိုစနောက်နေကျ နောက်ပီး ယုမီနဲ့က သူငယ်ချင်းအရင်းကြီးတွေမို့ ထူးထူးခြားခြားမခံစားရ ဆိုပေမယ့် ယုမီကတော့ တစ်ခါတစ်လေကျရင် ထူးဆန်းတယ်လို့ထင်ရသည်
ခုပဲကြည့် မျက်နှာတွေ နီရဲနေတာ စိတ်တိုလို့များလား

"မင်းတို့နှစ်ယောက် ပေါက်ကရတွေ ဆက်ပြောနေမယ်ဆို ငါခုပြန်တော့မယ်"

"ကဲ မစတော့ပါဘူး ပတ်ဆောင်ဟွန်း ရယ် စိတ်ဆိုးမာန်ဆိုးနဲ့တော့ ပြန်မသွားပါနဲ့ "

"စိတ်မဆိုးနဲ့ စိတ်မဆိုးနဲ့ တော့ပို့ကီဖိုး ဒီHyung ရှင်းမယ် အဲ့တာကြောင့် ဆူကောက်မနေနဲ့တော့ အမြဲဆူကောက်နေတာပဲ ယုမီ နင့်အနာဂတ်ရည်းစားကိုနည်းနည်းဆုံးမအုံးဟာ"

"Yrrrr Park Jeong Seong!!!!"

ပတ်ဆောင်ဟွန်းဆိုတဲ့ လူသားအပေါ်ထားတဲ့ခံစားချက်တွေက သူငယ်ချင်းတစ်ယောက်ထက်မပိုဘူးလို့ပြောရင် ယုမီလိမ်ရာကျမှာပေါ့
အမြဲတမ်း ဆောင်ဟွန်းနဲ့ပတ်သက်လာရင် သူမအရမ်းလောဘတက်မိသည်

ကောင်မလေးတွေနဲ့ ခပ်ကင်းကင်းနေတဲ့ ပတ်ဆောင်ဟွန်းရဲ့ တစ်ဦးတည်း‌သော မိန်းကလေးသူငယ်ချင်းဖြစ်ခွင့်ရတဲ့အပြင်
နေ့စဉ်နေ့တိုင်း သူ့အပြူံးလှလှတွေကို တစ်ဝငေးကြည့်ခွင့်ရှိပီး ကျောင်းသူဘဝတစ်လျှောက် အမြဲအတူသွား အတူလာခွင့် စာအတူလုပ်ခွင့် ဒါတွေ အကုန်လုံးက တစ်ခြားမိန်းကလေးတွေလိုချင်လွန်းပေမယ့် သူမတစ်ယောက်ပဲ ရရှိထားတာတွေ

ပတ်ဆောင်ဟွန်းကို သူ့အပိုင်အဖြစ်လိုချင်မိတဲ့အထိ လောဘတက်မိရင် အရမ်းများသွားမလား
*ဘယ်အချိန်ထိ သူငယ်ချင်းတွေ စလို့ ပျော်နေရတဲ့အဆင့်နဲ့ပဲနေနေရအုံးမှာလဲဟာ
ပိုင်ဆိုင်ချင်တယ် ပတ်ခ်ဆောင်ဟွန်း *

"ငါပြန်တော့မယ် အိမ်ကဒီညနေ လာကြိုမှာမဟုတ်ဘူး busစီးရမှာbyeee"

"SungHoon အတူပြန်ရအောင် ငါလဲ busစီးမှာပဲ"

"ဖြစ်တာပဲလေ
Jong Jung နှစ်ယောက်က မပြန်ဘူးလားဒီမှာပဲ ညအိပ်သွားတော့မလို့လား"

"မင်းတို့ စုံတွဲပဲ ပြန်နှင့်ကြပါနော် ငါတို့က ဂိမ်းဆိုင်သွားအုံးမှာမလို့ အနှောင့်အယှက်မပေးဘူး အေးဆေးပြန် ဟဲဟဲ"

မနိုင်စိန် ဒီနှစ်ယောက်ကိုတော့ ဆောင်ဟွန်းဘာမှရှည်ရှည်ဝေးဝေး ပြန်မပြောချင်တော့လို့ ချာခနဲပဲ လှည့်ထွက်လာခဲ့တော့သည်

သူ့ထွက်သွားတော့ ယုမိကလဲ အိတ်လေးဆွဲကာ သူ့နောက်အပြေးလိုက်သွားသည်

ထိုမြင်ကွင်းအား မီးဟုန်းဟုန်းတောက် မျက်ဝန်းအစုံနှင့် စိုက်ကြည့်နေခဲ့သည့် ကားထဲက လူကိုလဲ ပတ်ဆောင်ဟွန်းတစ်ယောက် မြင်မသွားပြန်ခဲ့ပါ...

တစ်နေကုန် အချိန်ဇယား‌တွေအကုန်ဖျက် အလုပ်ပျက်ခံပီး အရူးလို ထိုင်စောင့်ခဲ့ရတာ ဒီလို စိတ်အနှောက်အယှက် ဖြစ်စရာတွေကို မြင်ရဖို့အတွက်တဲ့လား

"တော့ပို့ကီ ခွံ့ကျွေးပီး အိမ်တောင်အတူပြန်တဲ့ ဆက်ဆံရေးက ဘယ်လို ဆက်ဆံရေးမျိုးဖြစ်မလဲ သိသာနေတာပဲကို "

ထိုကောင်လေးနောက်သို့ ဆက်လိုက်ဖို့လဲ စိတ်မပါတော့
စိတ်မပါတာထက် အားအင်မရှိတော့တာဆိုပိုမှန်မည်
ခုတောင်အရှုံးသမားလို ခံစားနေရတာ ဆက်လိုက်သွားမိလို့ သူမမြင်ချင်တဲ့ မြင်ကွင်းတွေကိုပါ ထပ်မြင်နေရရင်.....

ကားကိုပြန်လှည့်ကာ အရှိန်ပြင်းပြင်းနဲ့ မောင်းလာမိလိုက်တော့သည်
" Hyungဘယ်မှာလဲ? "

"ကုမ္ပဏီမှာ အလုပ်လုပ်နေတယ် ဘာကိစ္စလဲ"

"ဒီတိုင်း အလုပ်ဆင်းလိုက်တော့ clubကိုလာခဲ့ အရက်အရမ်းသောက်ချင်နေတယ် တစ်ယောက်ထဲသောက်ရင် အရှုံးသမားနဲ့တူလို့ ခုလာခဲ့ပေး"

×××××××××××××××

"ပတ်ခ်ဆောင်ဟွန်း! "

အိမ်ထဲ ဝင်ဝင်ချင်း အပေါ်ကနေ လှမ်းခေါ်လိုက်သံကြောင့် သူခြေလှမ်းတွေ ရပ်တန့်သွားသည်

"အမေ ရောက်နေတာပဲ လက်ဖက်ရည်ပြင်ပေးရမလား"

"မလိုဘူး မင်းကောင်းကောင်း လုပ်နေ နေနေရဲ့လား လာစစ်ဆေးတာ ဒီနေ့ စာမေးပွဲ သေချာဖြေခဲ့ရဲ့လား"

"ဟုတ် မဆိုးပါဘူး အဆင်ပြေပါတယ်"

" သေချာလေး လုပ်တာကောင်းမယ် ဘာအမှားအယွင်းမှမရှိစေနဲ့ ဆက်တိုက် အဆင့်တစ်နေရာကို မထိန်းနိုင်ရင် ဘာဖြစ်မလဲ သိတယ်မလား"

"ဟုတ်သိပါတယ် ဒါနဲ့ အဖေ့ကို ဒီလထဲ ထပ်တွေ့လို့ရအုံးမလား သူအခြေအနေတိုးတက်လာလား ကိုယ်တိုင်မြင်ချင်လို့ပါ"

"ဒါကတော့ မင်းရဲ့ ဒီလပတ်စာမေးပွဲresultထွက်ပီးမှပဲ ဆက်ပြောကြတာပေါ့ နောက်ပီး မင်းအဖေအခြေနေကိုက အတွင်းရေးမှုးLeeအမြဲ သတင်းပို့နေကျပဲ လောလောဆယ် စာကိုပဲအာရုံစိုက်ထားတာပဲကောင်းမယ်"

အမေထွက်သွားပီး တစ်ယောက်ထဲကျန်ခဲ့တော့ သူ စိတ်မွန်းကြပ်မှုအကုန်လုံးတို့ကို ဘေးနားက နံရံဆီသို့ လက်သီးအားကုန်သုံးကာ ပုံချပစ်လိုက်မိတော့သည်
လက်ဖြူဖြူနုနုကလေးမှာ သွေးချင်းနီနီ စို့သွားခဲ့
ရင်ထဲကဒဏ်ရာနဲ့ယှဉ်ရင်တော့ ဒီလက်ဒဏ်ရာက မပြောပလောက်ပါဘူး

အေးစက်စက်စကားတွေပဲ အမြဲပြောကာ ထားထားသွားတတ်တဲ့ ထိုပုဂ္ဂိုလ်က သူ့အမေပါတဲ့
အမေဆိုတာ သားသမီးတွေအတွက် အမြဲနွေးထွေးကြင်နာပီး နာခိုရာအိမ်လေးတစ်လုံးလို သိထားခဲ့တာ သူ့အတွက်တော့မဟုတ်ဘူးထင်ပါရဲ့

လွန်ခဲ့တဲ့ ၁၂နှစ်ခန့်က အဖေနဲ့သူ car accidentဖြစ်ခဲ့ပီး ကံကောင်းစွာ သူကဘာမှသိပ်ကြီးကြီးမားမား မထိခိုက်ခဲ့ပေမယ့် အဖေကတော့ Comaဝင်သွားခဲ့သည်

ဖေဖေက အသက်ရှုနေတာကလွဲလို့ ကျန်တာ သေလူတစ်ယောက်လို အိပ်‌ယာပေါ်မှာလဲနေစဥ် မေမေက စီးပွားရေးလုပ်ငန်းတွေအကုန် လက်လွှဲယူထားလိုက်သည် အဆိုးဆုံးက သူ့ဘဝကြီးကိုပါ စိတ်တိုင်းကျ ခြယ်လှယ်စိုးမိုးတော့တာ

ဒီအမျိုးသမီးဟာ ငါ့အမေအရင်းမှ ဟုတ်ရဲ့လားဟု ခနခန စဉ်းစားမိသည်အထိ မေမေ့ကို မုန်းတီးမိပါသည်
ထို့ကြောင့်လဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ဘယ်သူ့အကူညီမှမပါပဲ ရပ်တည်နိုင်သည့်နေ့ ဒီစိတ်ပျက်စရာ ဘဝမှ သူသေချာပေါက် ရုန်းထွက်ပစ်လိမ့်မည်

*katalk noti!

Yumi:
အိမ်ပြန်ရောက်နေပီလား ?

အင်းရောက်ပီ နင်ရော

Yumi:
အွန်းငါလဲပြန်ရောက်ပီ
ဒီနေ့အတွက်ကျေးဇူး.....

ဘာအတွက်လဲ?

Yumi:
အိမ်အတူပြန်ပေးလို့....

ယုမီပို့တဲ့ စာတွေကိုဖတ်ပီး ထူးဆန်းသလိုခံစားရသည်
အမြဲမဟုတ်ပေမယ့် အရင်တုန်းကလဲ အတူအိမ်ပြန်တဲ့နေ့တွေရှိတာပဲကို ဒီနေ့မှ အထူးအဆန်း ကျေးဇူးတွေလာတင်နေတော့

ရည်းစားများရနေတာလား လူတွေက ရည်းစားရသွားရင် မူလပုံစံနဲ့ မတူတော့ပဲ နူးနူညံ့ညံ့ ချိုချိုသာသာလေးတွေဖြစ်သွားတတ်သတဲ့

"ကောင်မစုတ်လေး သူငယ်ချင်းတွေကို လျိုပီး ရည်းစားခိုးထားနေတယ်ပေါ့"

ရည်းစားဆိုလို့ သူကိုယ်တိုင်ရော နေလာတဲ့တစ်လျှောက် တစ်ခါမှ dateမလုပ်ဖြစ်သေးတဲ့အကြောင်း‌တောင်
စဉ်းစားမိသွားသည် ဒီဘဝ ဒီအခြေနေကြီးမှာ ဘာရည်းစားမှတော့ သီးသီးသန့်သန့် လိုအပ်မနေ

သဘောကျ စိတ်ဝင်စားတဲ့လူလဲ မရှိဘူး ဆိုပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် အဆင်ပြေနေတဲ့ အချိန်တစ်ခုကို ရောက်ရင်တော့ သူ တစ်စုံတစ်ယောက်ကို ရူးရူးမိုက်မိုက် ချစ်ပစ်ချင်သေးပါသည်

သူ့အနာဂတ်အကြောင်း အတွေးနယ်ချဲ့နေရင်း ဖြတ်ခနဲ ခေါင်းထဲပေါ်လာတဲ့ ပုံရိပ်ကြောင့်....

"sibal!!! လန့်လိုက်တာ ဘာကြီးလဲ ရုတ်တရက်ဘာလို့ အဲဒီလူအကြောင်းတွေးမိသွားတာပါလိမ့် "

ဒီလူဟာ အတော်ကို အနှောင့်ယှက်ပေးသောပါပဲ ဘယ်အချိန်ထိ သူ့ခေါင်းထဲမှာ ဆက်ရှိနေအုံးမှာလဲ
တစ်ခါလေးပဲ တွေ့လိုက်ရလို့ဆိုပေမယ့် ခုချိန်ထိကို သူ့ခေါင်းထဲမှာ ရစ်သီရစ်သီ လုပ်နေတဲ့ ထိုလူကို တကယ်ပဲ နောက်တစ်ခေါက် ပြန်ဆုံချင်မိနေတာလား မိမိကိုယ်ကိုယ်မိမိ သံသယတွေ အခါခါ ဝင်မိပါသည်

××××××××××××××××××××

စရောက်ထဲက သူ စကားလဲ တစ်ခွန်းမှမပြော အရက်ခွက်ကိုသာ လက်ကမချပဲ ဆက်တိုက်သောက်နေမိသည်

"ဂျယ်ယွန်း ဘာပြဿနာရှိလို့လဲ ဥက္ကဌကြီးနဲ့ တစ်ခုခုဖြစ်လာလို့လား"

မေးတာတွေလဲတစ်ခုမှပြန်မဖြေ
ကြည့်လိုက်တာနဲ့ အတော်သိသိသာသာ စိတ်ညစ်နေပုံပေါက်နေတာကြောင့်
HeeSeungလဲ သိပ်ပီး မေးမနေတော့
အသာအရိပ်အခြည်ကြည့်ကာာသူနဲ့အတူပဲ လိုက်သောက်ပေးလိုက်တော့သည်

ရင်ထဲကအပူမီးတွေကိုငြိမ်းနိုင်ဖို့ရာ အရက်ကလွဲလို့ တစ်ခြားနည်းလမ်း မရှိ
မူးပီး ခနတာ မေ့သွားရင်တောင် သူခံစားရတာ တစ်ဝက်သက်သာသွားမည် ဒါပေမယ့်လဲ
ဒီလောက်ထိ မူးအောင်သောက်ပစ်‌နေတာတောင် ညနေကကြုံခဲ့ရတဲ့ အမှတ်တရဆိုးတွေက နှောင့်ယှက်နေတုန်းပါပဲ

"စိတ်ကူးထဲမှာ ကိုယ့်အပိုင်လို့သတ်မှတ်ထားပီးသားလူက လက်တွေ့မှာသူများအပိုင်ဖြစ်နေတာကို မြင်ရရင် Hyungသာဆို ဘယ်လိုဆက်လုပ်မိမယ်ထင်လဲ"

"ဘာလဲ သဘောကျတဲ့လူတွေ့နေတာလား ရည်းစားရနေလို့လား"

သဘောကျတဲ့လူလားဆိုတော့ ကိုယ်တိုင်လဲ သေချာ မသိပါ
ဒီတိုင်း မှည့်လေးက သူ့အပိုင်လူလို့ပဲ သတ်မှတ်ထားတာ ပတ်ခ်ဆောင်ဟွန်းဆိုတဲ့ ထိုကောင်လေးနဲ့ပတ်သက်ပီး သူ့ခံစားချက်တွေ အပေါ် ဒီလောက်ထိပဲ နားလည်သည်

ထိုကောင်လေးကို သူ့အပိုင်ဖြစ်စေချင်သည်
အမြဲ သူ့ကိုပဲကြည့်နေစေချင်သည်
သူမဟုတ်တဲ့ တစ်ခြားလူကို ပြုံးရီပြနေတာတွေမြင်ရင် စိတ်ဘဝင်မကျသလိုခံစားရသည်
ကောင်းခြင်းဆိုးခြင်း ပျော်ရွှင်ခြင်း စိတ်မချမ်းမြေ့ခြင်း အကုန် သူတစ်ယောက်ထဲကိုပဲပြရမည်
ဒါဟာ လူတစ်ယောက်ကိုသဘောကျရင် ဖြစ်တတ်တာတွေလား

သူ့ရဲ့အတ္တကြီးလွန်းတဲ့ သဘောကျခြင်းတွေကို ထိုကောင်လေးက ခံနိုင်ရည်ရှိပါ့မလား
ဟင့်အင်း အနှေးနဲ့ အမြန် သူ့ဆီက ရုန်းထွက်သွားမှာပဲ

အဲ့ဒီတော့ ဘာဆက်လုပ်ကြမလဲ....
ဒီတိုင်းပဲ အတ္တကြီးစွာ သူ့အပိုင်လို့သတ်မှတ်ထားတဲ့ သူများအပိုင်လေးကို လုယူပစ်လိုက်ရမလား
ဒါကတော့ ရှင်းဂျယ်ယွန်းရဲ့ ပုံစံအစစ်အမှန်ပဲလေ
ကိုယ်လိုချင်တာက ဘာကြီးပဲဖြစ်နေဖြစ်နေ ခက်ခဲနေရင်တောင် မရရအောင် ယူပစ်တတ်တာမျိုး

ဒီလိုဆိုရင်တောင် ကိုယ့်လိုလူမျိုးရဲ့ ဘေးနားမှာ နေရမယ့် မင်းဘဝကလေးကရော ပျော်ရွှင်နိုင်ပါ့မလားကွယ်......

To be continued.....

တောင်းပန်ပါတယ် သုံးရက်တောင်ကြာသွားတယ် အမြန်updateချင်မိတာပါ ဘယ်လိုမှmoodသွင်းမရလို့
ဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ရင်ထဲကနေကျေးဇူးတင်ပါတယ်နော် 🙏

My Essential Hoon (04)
June13/2021
1:50 PM

Zawgyi

"မိန္းကေလးသူငယ္ခ်င္း ရွိမဲ့ပုံမေပၚဘူးထင္ထားတာ ရွိေတာ့ ရွိေနတာပဲ ဘယ္လိုသူငယ္ခ်င္းမ်ိဳးမို႔ အဲ့ဒီေလာက္နီးကပ္ေနရတာလဲ ဘဝင္မက်ဘူး...."

~~~~~~~~

မေန႔ညက အိမ္ျပန္ေရာက္‌ေတာ့ ဆက္တိုက္ မွဲ႕ေလးအေၾကာင္းပဲ စဥ္းစားမိေနတာမို႔ စာရြက္အျဖဴေပၚက သူကိုယ္တိုင္ေရးေပးခဲ့တဲ့ ဖုန္းနံပါတ္ေလးကို ဆက္သြယ္ၾကည့္မိခဲ့ေသာ္လည္း ဖုန္းနံပါတ္ပိုင္ရွင္က မွဲ႕ေလး မဟုတ္ဘူးတဲ့

အဆိုးေကာင္ေလးက ကေလးဆိုေတာ့ ကေလးအကြက္‌ေတြျပ‌သြားတာ ကိုယ္ကလဲ လူႀကီးအကြက္ျပန္ျပမွ ျဖစ္ေတာ့မည္ေလ
ဆက္တိုက္အဆက္အသြယ္ ရွိေနခ်င္တာေၾကာင့္ ေက်ာင္းအထိ လူကိုယ္တိုင္ သြားေတြ႕ပီး ဖုန္းနံပါတ္အမွန္ ျပန္ေတာင္းရမည္

သူ႔ေရာက္လာတာကိုျမင္လၽွင္ ျဖစ္သြားမည့္ ထိုေကာင္ေလး၏ မ်က္ႏွာေလးက ဘယ္လိုခ်စ္စရာပုံစံေလးျဖစ္ေနလိမ့္မလဲ.....
စိတ္ကူးရင္း ေတြးရင္း ကိုယ္တိုင္ေတာင္ မသိလိုက္ခင္မွာတင္ မ်က္ႏွာေပၚမွာ အျပဳံးရိပ္တို႔ ထပ္ခါထပ္ခါ သမ္းရပါသည္

ေနာက္ေန႔မနက္ေရာက္တာနဲ႔ အေစာႀကီး ထပီး အေရးႀကီးကိစၥ ရွိလို႔ဆိုတဲ့ ေခါင္းစဥ္တပ္ကာ scheduleေတြ appoinment ေတြ အကုန္ဖ်က္ထားခိုင္းလိုက္သည္

သူေျပာတဲ့ အေရးႀကီးကိစၥဆိုတာကေတာ့

မနက္အေစာႀကီး ညက လာဘ္ထိုးပီး လိပ္စာသိထားတဲ့ ေက်ာင္းရဲ့ လမ္းေထာင့္နားေလးမွာ ကားကိုရပ္ကာ ခိုးေၾကာင္ခိုးဝွက္ႏွင့္ အထက္တန္းေက်ာင္းသားေလးတစ္ေယာက္ကို ျမင္ရဖို႔အတြက္တဲ့ေလ

တစ္ေအာင့္ၾကာေတာ့ ေတြ႕လိုက္ပါပီ သူျမင္ခ်င္တဲ့ ျမင္ကြင္းလွလွေလး
ဒါေပမယ့္လဲ ခုလို မနက္အေစာႀကီးမွာ သူေရာက္လာလို႔ စိတ္ရႈပ္သြားမွာလဲ စိုးတာေၾကာင့္ ညေန ေက်ာင္းဆင္းတဲ့ထိပဲ ေစာင့္ေနျဖစ္လိုက္ေတာ့သည္

ေစာင့္ရတာမုန္းတယ္ဆိုတဲ့ ရွင္းဂ်ယ္ယြန္းလိုလူက ခုက်ေတာ့ ညေနကိုေတာင္ ဘယ္လိုေရာက္သြားမွန္း မသိလိုက္
ေက်ာင္းသူ ေက်ာင္းသားေလးမ်ား အလ်ိဳလ်ိဳ ထြက္လာတဲ့အထဲ သူ႔ရဲ့ အထက္တန္းေက်ာင္းသားေလး‌ေပၚအလာကို ရွာေဖြေနမိသည္
*ေတြ႕တာနဲ႔ သူ႔ေရွ႕ကိုတန္းသြားပီး ဖုန္းနံပါတ္ျပန္ေတာင္းမယ္ မိတ္ေဆြျဖစ္ မုန႔္စားဖို႔ ေခၚရင္းနဲ႔ ဖုန္းနံပါတ္အမွားေပးလို႔ ခပ္ဖြဖြေလးဆူပစ္အုံးမယ္ *

ကိုယ့္ အစီစဥ္နဲ႔ကိုယ္ တြက္သားကိုက္ေနေပမယ့္ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္......
လမ္းေလၽွာက္ေနတုန္းမွာ ေျခဝင္ထိုးခံလိုက္ရတဲ့ ခံစားခ်က္လိုပဲ

ေစာင့္ေမၽွာ္ေနသူကေပၚလာေပမယ့္ ေဘးကအတူပါလာတဲ့
ေက်ာင္းသူေၾကာင့္ စိတ္ထဲထင့္သြားသည္
ေယာက်ာ္းေလးေတြပဲ ရွိတဲ့အဖြဲ႕ထဲ မိန္းကေလးက ဘာလို႔ပါလာရတာလဲ
ထိုကေလးမကလဲ စိတ္ဘဝင္မက်ေအာင္ပဲ မွဲ႕ေလးနားကို ကပ္ေနလိုက္တာ သူစိတ္အလိုမက်ေတာ့ပါ

ကိုယ္တိုင္က အစထဲက self controlလုပ္တဲ့‌ေနရာမွာ ေတာ္လွတယ္မဟုတ္ အျမဲ တစ္ဇြတ္ထိုး လုပ္ခ်င္တာလုပ္ခ်တတ္တဲ့လူမ်ိဳး
စိတ္ထဲရွိတဲ့ အတိုင္းဆို ခ်က္ခ်င္း ကားေပၚကေန အေျပးဆင္းပီး မွဲ႕ေလး ေဘးနားမွာကပ္ေနတဲ့ ထိုကေလးမကို ဖယ္ထုတ္ပစ္လိုက္ခ်င္သည္

ဒါေပမယ့္လဲ မွဲ႕ေလးက သူ႔ကို အႀကီးအက်ယ္စိတ္ဆိုးသြားေလာက္မည္ ဆိုတဲ့ အေတြးနဲ႔ပဲ စိတ္ထဲရွိသမၽွ တစ္ဇြတ္ထိုးဖို႔ရာ မတတ္သာခဲ့

"တကယ္ပဲ မိန္းကေလးေတြနဲ႔တြဲျမင္ရတာမႀကိဳက္လိုက္တာ"
သူစိတ္မြန္းၾကပ္စြာပဲ ၿငီးျငဴရင္း ကားကို ခပ္ျဖည္းျဖည္းေမာင္းကာ ေနာက္ကေန မသိမသာ‌ေလး
ေမွးလိုက္လာခဲ့သည္

*ဘယ္မ်ား ထူးထူးျခားျခား သြားမလို႔လဲလို႔ ေတာ့ပို႔ကီ သြားစားၾကတာပဲ ေတာ့ပို႔ကီက ဘာေတြအရသာ‌ရွိ‌ေနလို႔လဲ တစ္ေယာက္ထဲထြက္လာရင္ ငါက ေကာင္းတဲ့ဆိုင္မွာ
steakလိုက္ေကၽြးမိမွာကို*

သူငယ္ခ်င္းေတြနဲ႔ ျပဴံးေပ်ာ္ပီး ေတာ့ပို႔ကီကို ခ်စ္စရာေကာင္းေအာင္စားျပေနတဲ့ ထိုေကာင္ေလးကို ျမင္မိျပန္ေတာ့လဲ စိတ္အလိုမက်ျဖစ္ေနရင္းေတာင္ ႏူတ္ခမ္းတို႔ကျပဴံးေယာင္ျပမိျပန္သည္

"SungHoon ပါးစပ္ဟ အာ......"
"ေရာ့ ပါးစပ္ဟလို႔ ငါလက္ေညာင္းေနပီ"

"ေဟး နင္တို႔ တြဲၾကေတာ့မွာလား စုံတြဲျဖစ္တဲ့ေန႔ တစ္ဝိုင္းေနာ္"

ယုမီခြံ့ေကၽြးတာကို အလိုက္သင့္စားလိုက္မိေတာ့ ေဘးကဝိုင္းစတာခံရပီေပါ့
ယုမီကလဲ ဒီေန႔မွ ထူးထူးဆန္းဆန္းေတြျဖစ္လို႔

"ဘာေတြေလၽွာက္ေျပာ ငါးအူေခ်ာင္းနဲ႔ ေကာက္ရိုက္လိုက္လို႔ စားစရာရွိတာစား ငါအိမ္ျပန္ေနာက္က်လို႔မရဘူး"

ေဆာင္ဟြန္းအတြက္ေတာ့ ဒီလိုပဲ အရင္ထဲကလဲ သူငယ္ခ်င္းေတြက သူတို႔ကိုစေနာက္ေနက် ေနာက္ပီး ယုမီနဲ႔က သူငယ္ခ်င္းအရင္းႀကီးေတြမို႔ ထူးထူးျခားျခားမခံစားရ ဆိုေပမယ့္ ယုမီကေတာ့ တစ္ခါတစ္ေလက်ရင္ ထူးဆန္းတယ္လို႔ထင္ရသည္
ခုပဲၾကည့္ မ်က္ႏွာေတြ နီရဲေနတာ စိတ္တိုလို႔မ်ားလား

"မင္းတို႔ႏွစ္ေယာက္ ေပါက္ကရေတြ ဆက္ေျပာေနမယ္ဆို ငါခုျပန္ေတာ့မယ္"

"ကဲ မစေတာ့ပါဘူး ပတ္ေဆာင္ဟြန္း ရယ္ စိတ္ဆိုးမာန္ဆိုးနဲ႔ေတာ့ ျပန္မသြားပါနဲ႔ "

"စိတ္မဆိုးနဲ႔ စိတ္မဆိုးနဲ႔ ေတာ့ပို႔ကီဖိုး ဒီHyung ရွင္းမယ္ အဲ့တာေၾကာင့္ ဆူေကာက္မေနနဲ႔ေတာ့ အျမဲဆူေကာက္ေနတာပဲ ယုမီ နင့္အနာဂတ္ရည္းစားကိုနည္းနည္းဆုံးမအုံးဟာ"

"Yrrrr Park Jeong Seong!!!!"

ပတ္ေဆာင္ဟြန္းဆိုတဲ့ လူသားအေပၚထားတဲ့ခံစားခ်က္ေတြက သူငယ္ခ်င္းတစ္ေယာက္ထက္မပိုဘူးလို႔ေျပာရင္ ယုမီလိမ္ရာက်မွာေပါ့
အျမဲတမ္း ေဆာင္ဟြန္းနဲ႔ပတ္သက္လာရင္ သူမအရမ္းေလာဘတက္မိသည္

ေကာင္မေလးေတြနဲ႔ ခပ္ကင္းကင္းေနတဲ့ ပတ္ေဆာင္ဟြန္းရဲ့ တစ္ဦးတည္း‌ေသာ မိန္းကေလးသူငယ္ခ်င္းျဖစ္ခြင့္ရတဲ့အျပင္
ေန႔စဥ္ေန႔တိုင္း သူ႔အျပဴံးလွလွေတြကို တစ္ဝေငးၾကည့္ခြင့္ရွိပီး ေက်ာင္းသူဘဝတစ္ေလၽွာက္ အျမဲအတူသြား အတူလာခြင့္ စာအတူလုပ္ခြင့္ ဒါေတြ အကုန္လုံးက တစ္ျခားမိန္းကေလးေတြလိုခ်င္လြန္းေပမယ့္ သူမတစ္ေယာက္ပဲ ရရွိထားတာေတြ

ပတ္ေဆာင္ဟြန္းကို သူ႔အပိုင္အျဖစ္လိုခ်င္မိတဲ့အထိ ေလာဘတက္မိရင္ အရမ္းမ်ားသြားမလား
*ဘယ္အခ်ိန္ထိ သူငယ္ခ်င္းေတြ စလို႔ ေပ်ာ္ေနရတဲ့အဆင့္နဲ႔ပဲေနေနရအုံးမွာလဲဟာ
ပိုင္ဆိုင္ခ်င္တယ္ ပတ္ခ္ေဆာင္ဟြန္း *

"ငါျပန္ေတာ့မယ္ အိမ္ကဒီညေန လာႀကိဳမွာမဟုတ္ဘူး busစီးရမွာbyeee"

"SungHoon အတူျပန္ရေအာင္ ငါလဲ busစီးမွာပဲ"

"ျဖစ္တာပဲေလ
Jong Jung ႏွစ္ေယာက္က မျပန္ဘူးလားဒီမွာပဲ ညအိပ္သြားေတာ့မလို႔လား"

"မင္းတို႔ စုံတြဲပဲ ျပန္ႏွင့္ၾကပါေနာ္ ငါတို႔က ဂိမ္းဆိုင္သြားအုံးမွာမလို႔ အေႏွာင့္အယွက္မေပးဘူး ေအးေဆးျပန္ ဟဲဟဲ"

မနိုင္စိန္ ဒီႏွစ္ေယာက္ကိုေတာ့ ေဆာင္ဟြန္းဘာမွရွည္ရွည္ေဝးေဝး ျပန္မေျပာခ်င္ေတာ့လို႔ ခ်ာခနဲပဲ လွည့္ထြက္လာခဲ့ေတာ့သည္

သူ႔ထြက္သြားေတာ့ ယုမိကလဲ အိတ္ေလးဆြဲကာ သူ႔ေနာက္အေျပးလိုက္သြားသည္

ထိုျမင္ကြင္းအား မီးဟုန္းဟုန္းေတာက္ မ်က္ဝန္းအစုံႏွင့္ စိုက္ၾကည့္ေနခဲ့သည့္ ကားထဲက လူကိုလဲ ပတ္ေဆာင္ဟြန္းတစ္ေယာက္ ျမင္မသြားျပန္ခဲ့ပါ...

တစ္ေနကုန္ အခ်ိန္ဇယား‌ေတြအကုန္ဖ်က္ အလုပ္ပ်က္ခံပီး အ႐ူးလို ထိုင္ေစာင့္ခဲ့ရတာ ဒီလို စိတ္အေႏွာက္အယွက္ ျဖစ္စရာေတြကို ျမင္ရဖို႔အတြက္တဲ့လား

"ေတာ့ပို႔ကီ ခြံ့ေကၽြးပီး အိမ္ေတာင္အတူျပန္တဲ့ ဆက္ဆံေရးက ဘယ္လို ဆက္ဆံေရးမ်ိဳးျဖစ္မလဲ သိသာေနတာပဲကို "

ထိုေကာင္ေလးေနာက္သို႔ ဆက္လိုက္ဖို႔လဲ စိတ္မပါေတာ့
စိတ္မပါတာထက္ အားအင္မရွိေတာ့တာဆိုပိုမွန္မည္
ခုေတာင္အရႈံးသမားလို ခံစားေနရတာ ဆက္လိုက္သြားမိလို႔ သူမျမင္ခ်င္တဲ့ ျမင္ကြင္းေတြကိုပါ ထပ္ျမင္ေနရရင္.....

ကားကိုျပန္လွည့္ကာ အရွိန္ျပင္းျပင္းနဲ႔ ေမာင္းလာမိလိုက္ေတာ့သည္
" Hyungဘယ္မွာလဲ? "

"ကုမၸဏီမွာ အလုပ္လုပ္ေနတယ္ ဘာကိစၥလဲ"

"ဒီတိုင္း အလုပ္ဆင္းလိုက္ေတာ့ clubကိုလာခဲ့ အရက္အရမ္းေသာက္ခ်င္ေနတယ္ တစ္ေယာက္ထဲေသာက္ရင္ အရႈံးသမားနဲ႔တူလို႔ ခုလာခဲ့ေပး"

×××××××××××××××

"ပတ္ခ္ေဆာင္ဟြန္း! "

အိမ္ထဲ ဝင္ဝင္ခ်င္း အေပၚကေန လွမ္းေခၚလိုက္သံေၾကာင့္ သူေျခလွမ္းေတြ ရပ္တန႔္သြားသည္

"အေမ ေရာက္ေနတာပဲ လက္ဖက္ရည္ျပင္ေပးရမလား"

"မလိုဘူး မင္းေကာင္းေကာင္း လုပ္ေန ေနေနရဲ့လား လာစစ္ေဆးတာ ဒီေန႔ စာေမးပြဲ ေသခ်ာေျဖခဲ့ရဲ့လား"

"ဟုတ္ မဆိုးပါဘူး အဆင္ေျပပါတယ္"

" ေသခ်ာေလး လုပ္တာေကာင္းမယ္ ဘာအမွားအယြင္းမွမရွိေစနဲ႔ ဆက္တိုက္ အဆင့္တစ္ေနရာကို မထိန္းနိုင္ရင္ ဘာျဖစ္မလဲ သိတယ္မလား"

"ဟုတ္သိပါတယ္ ဒါနဲ႔ အေဖ့ကို ဒီလထဲ ထပ္ေတြ႕လို႔ရအုံးမလား သူအေျခအေနတိုးတက္လာလား ကိုယ္တိုင္ျမင္ခ်င္လို႔ပါ"

"ဒါကေတာ့ မင္းရဲ့ ဒီလပတ္စာေမးပြဲresultထြက္ပီးမွပဲ ဆက္ေျပာၾကတာေပါ့ ေနာက္ပီး မင္းအေဖအေျခေနကိုက အတြင္းေရးမႈးLeeအျမဲ သတင္းပို႔ေနက်ပဲ ေလာေလာဆယ္ စာကိုပဲအာ႐ုံစိုက္ထားတာပဲေကာင္းမယ္"

အေမထြက္သြားပီး တစ္ေယာက္ထဲက်န္ခဲ့ေတာ့ သူ စိတ္မြန္းၾကပ္မႈအကုန္လုံးတို႔ကို ေဘးနားက နံရံဆီသို႔ လက္သီးအားကုန္သုံးကာ ပုံခ်ပစ္လိုက္မိေတာ့သည္
လက္ျဖဴျဖဴႏုႏုကေလးမွာ ေသြးခ်င္းနီနီ စို႔သြားခဲ့
ရင္ထဲကဒဏ္ရာနဲ႔ယွဥ္ရင္ေတာ့ ဒီလက္ဒဏ္ရာက မေျပာပေလာက္ပါဘူး

ေအးစက္စက္စကားေတြပဲ အျမဲေျပာကာ ထားထားသြားတတ္တဲ့ ထိုပုဂၢိဳလ္က သူ႔အေမပါတဲ့
အေမဆိုတာ သားသမီးေတြအတြက္ အျမဲေႏြးေထြးၾကင္နာပီး နာခိုရာအိမ္ေလးတစ္လုံးလို သိထားခဲ့တာ သူ႔အတြက္ေတာ့မဟုတ္ဘူးထင္ပါရဲ့

လြန္ခဲ့တဲ့ ၁၂ႏွစ္ခန႔္က အေဖနဲ႔သူ car accidentျဖစ္ခဲ့ပီး ကံေကာင္းစြာ သူကဘာမွသိပ္ႀကီးႀကီးမားမား မထိခိုက္ခဲ့ေပမယ့္ အေဖကေတာ့ Comaဝင္သြားခဲ့သည္

ေဖေဖက အသက္ရႈေနတာကလြဲလို႔ က်န္တာ ေသလူတစ္ေယာက္လို အိပ္‌ယာေပၚမွာလဲေနစဥ္ ေမေမက စီးပြားေရးလုပ္ငန္းေတြအကုန္ လက္လႊဲယူထားလိုက္သည္ အဆိုးဆုံးက သူ႔ဘဝႀကီးကိုပါ စိတ္တိုင္းက် ျခယ္လွယ္စိုးမိုးေတာ့တာ

ဒီအမ်ိဳးသမီးဟာ ငါ့အေမအရင္းမွ ဟုတ္ရဲ့လားဟု ခနခန စဥ္းစားမိသည္အထိ ေမေမ့ကို မုန္းတီးမိပါသည္
ထို႔ေၾကာင့္လဲ ကိုယ့္ေျခေထာက္ေပၚကိုယ္ဘယ္သူ႔အကူညီမွမပါပဲ ရပ္တည္နိုင္သည့္ေန႔ ဒီစိတ္ပ်က္စရာ ဘဝမွ သူေသခ်ာေပါက္ ႐ုန္းထြက္ပစ္လိမ့္မည္

*katalk noti!

Yumi:
အိမ္ျပန္ေရာက္ေနပီလား ?

အင္းေရာက္ပီ နင္ေရာ

Yumi:
အြန္းငါလဲျပန္ေရာက္ပီ
ဒီေန႔အတြက္ေက်းဇူး.....

ဘာအတြက္လဲ?

Yumi:
အိမ္အတူျပန္ေပးလို႔....

ယုမီပို႔တဲ့ စာေတြကိုဖတ္ပီး ထူးဆန္းသလိုခံစားရသည္
အျမဲမဟုတ္ေပမယ့္ အရင္တုန္းကလဲ အတူအိမ္ျပန္တဲ့ေန႔ေတြရွိတာပဲကို ဒီေန႔မွ အထူးအဆန္း ေက်းဇူးေတြလာတင္ေနေတာ့

ရည္းစားမ်ားရေနတာလား လူေတြက ရည္းစားရသြားရင္ မူလပုံစံနဲ႔ မတူေတာ့ပဲ ႏူးႏူညံ့ညံ့ ခ်ိဳခ်ိဳသာသာေလးေတြျဖစ္သြားတတ္သတဲ့

"ေကာင္မစုတ္ေလး သူငယ္ခ်င္းေတြကို လ်ိဳပီး ရည္းစားခိုးထားေနတယ္ေပါ့"

ရည္းစားဆိုလို႔ သူကိုယ္တိုင္ေရာ ေနလာတဲ့တစ္ေလၽွာက္ တစ္ခါမွ dateမလုပ္ျဖစ္ေသးတဲ့အေၾကာင္း‌ေတာင္
စဥ္းစားမိသြားသည္ ဒီဘဝ ဒီအေျခေနႀကီးမွာ ဘာရည္းစားမွေတာ့ သီးသီးသန႔္သန႔္ လိုအပ္မေန

သေဘာက် စိတ္ဝင္စားတဲ့လူလဲ မရွိဘူး ဆိုေပမယ့္ ကိုယ့္ဘဝနဲ႔ကိုယ္ အဆင္ေျပေနတဲ့ အခ်ိန္တစ္ခုကို ေရာက္ရင္ေတာ့ သူ တစ္စုံတစ္ေယာက္ကို ႐ူး႐ူးမိုက္မိုက္ ခ်စ္ပစ္ခ်င္ေသးပါသည္

သူ႔အနာဂတ္အေၾကာင္း အေတြးနယ္ခ်ဲ႕ေနရင္း ျဖတ္ခနဲ ေခါင္းထဲေပၚလာတဲ့ ပုံရိပ္ေၾကာင့္....

"sibal!!! လန႔္လိုက္တာ ဘာႀကီးလဲ ႐ုတ္တရက္ဘာလို႔ အဲဒီလူအေၾကာင္းေတြးမိသြားတာပါလိမ့္ "

ဒီလူဟာ အေတာ္ကို အေႏွာင့္ယွက္ေပးေသာပါပဲ ဘယ္အခ်ိန္ထိ သူ႔ေခါင္းထဲမွာ ဆက္ရွိေနအုံးမွာလဲ
တစ္ခါေလးပဲ ေတြ႕လိုက္ရလို႔ဆိုေပမယ့္ ခုခ်ိန္ထိကို သူ႔ေခါင္းထဲမွာ ရစ္သီရစ္သီ လုပ္ေနတဲ့ ထိုလူကို တကယ္ပဲ ေနာက္တစ္ေခါက္ ျပန္ဆုံခ်င္မိေနတာလား မိမိကိုယ္ကိုယ္မိမိ သံသယေတြ အခါခါ ဝင္မိပါသည္

××××××××××××××××××××

စေရာက္ထဲက သူ စကားလဲ တစ္ခြန္းမွမေျပာ အရက္ခြက္ကိုသာ လက္ကမခ်ပဲ ဆက္တိုက္ေသာက္ေနမိသည္

"ဂ်ယ္ယြန္း ဘာျပႆနာရွိလို႔လဲ ဥကၠဌႀကီးနဲ႔ တစ္ခုခုျဖစ္လာလို႔လား"

ေမးတာေတြလဲတစ္ခုမွျပန္မေျဖ
ၾကည့္လိုက္တာနဲ႔ အေတာ္သိသိသာသာ စိတ္ညစ္ေနပုံေပါက္ေနတာေၾကာင့္
HeeSeungလဲ သိပ္ပီး ေမးမေနေတာ့
အသာအရိပ္အျခည္ၾကည့္ကာာသူနဲ႔အတူပဲ လိုက္ေသာက္ေပးလိုက္ေတာ့သည္

ရင္ထဲကအပူမီးေတြကိုၿငိမ္းနိုင္ဖို႔ရာ အရက္ကလြဲလို႔ တစ္ျခားနည္းလမ္း မရွိ
မူးပီး ခနတာ ေမ့သြားရင္ေတာင္ သူခံစားရတာ တစ္ဝက္သက္သာသြားမည္ ဒါေပမယ့္လဲ
ဒီေလာက္ထိ မူးေအာင္ေသာက္ပစ္‌ေနတာေတာင္ ညေနကၾကဳံခဲ့ရတဲ့ အမွတ္တရဆိုးေတြက ေႏွာင့္ယွက္ေနတုန္းပါပဲ

"စိတ္ကူးထဲမွာ ကိုယ့္အပိုင္လို႔သတ္မွတ္ထားပီးသားလူက လက္ေတြ႕မွာသူမ်ားအပိုင္ျဖစ္ေနတာကို ျမင္ရရင္ Hyungသာဆို ဘယ္လိုဆက္လုပ္မိမယ္ထင္လဲ"

"ဘာလဲ သေဘာက်တဲ့လူေတြ႕ေနတာလား ရည္းစားရေနလို႔လား"

သေဘာက်တဲ့လူလားဆိုေတာ့ ကိုယ္တိုင္လဲ ေသခ်ာ မသိပါ
ဒီတိုင္း မွည့္ေလးက သူ႔အပိုင္လူလို႔ပဲ သတ္မွတ္ထားတာ ပတ္ခ္ေဆာင္ဟြန္းဆိုတဲ့ ထိုေကာင္ေလးနဲ႔ပတ္သက္ပီး သူ႔ခံစားခ်က္ေတြ အေပၚ ဒီေလာက္ထိပဲ နားလည္သည္

ထိုေကာင္ေလးကို သူ႔အပိုင္ျဖစ္ေစခ်င္သည္
အျမဲ သူ႔ကိုပဲၾကည့္ေနေစခ်င္သည္
သူမဟုတ္တဲ့ တစ္ျခားလူကို ျပဳံးရီျပေနတာေတြျမင္ရင္ စိတ္ဘဝင္မက်သလိုခံစားရသည္
ေကာင္းျခင္းဆိုးျခင္း ေပ်ာ္ရႊင္ျခင္း စိတ္မခ်မ္းေျမ့ျခင္း အကုန္ သူတစ္ေယာက္ထဲကိုပဲျပရမည္
ဒါဟာ လူတစ္ေယာက္ကိုသေဘာက်ရင္ ျဖစ္တတ္တာေတြလား

သူ႔ရဲ့အတၱႀကီးလြန္းတဲ့ သေဘာက်ျခင္းေတြကို ထိုေကာင္ေလးက ခံနိုင္ရည္ရွိပါ့မလား
ဟင့္အင္း အေႏွးနဲ႔ အျမန္ သူ႔ဆီက ႐ုန္းထြက္သြားမွာပဲ

အဲ့ဒီေတာ့ ဘာဆက္လုပ္ၾကမလဲ....
ဒီတိုင္းပဲ အတၱႀကီးစြာ သူ႔အပိုင္လို႔သတ္မွတ္ထားတဲ့ သူမ်ားအပိုင္ေလးကို လုယူပစ္လိုက္ရမလား
ဒါကေတာ့ ရွင္းဂ်ယ္ယြန္းရဲ့ ပုံစံအစစ္အမွန္ပဲေလ
ကိုယ္လိုခ်င္တာက ဘာႀကီးပဲျဖစ္ေနျဖစ္ေန ခက္ခဲေနရင္ေတာင္ မရရေအာင္ ယူပစ္တတ္တာမ်ိဳး

ဒီလိုဆိုရင္ေတာင္ ကိုယ့္လိုလူမ်ိဳးရဲ့ ေဘးနားမွာ ေနရမယ့္ မင္းဘဝကေလးကေရာ ေပ်ာ္ရႊင္နိုင္ပါ့မလားကြယ္......

To be continued.....

ေတာင္းပန္ပါတယ္ သုံးရက္ေတာင္ၾကာသြားတယ္ အျမန္updateခ်င္မိတာပါ ဘယ္လိုမွmoodသြင္းမရလို႔
ဖတ္ေပးတဲ့ တစ္ေယာက္ခ်င္းစီတိုင္းကို ရင္ထဲကေနေက်းဇူးတင္ပါတယ္ေနာ္ 🙏

My Essential Hoon (04)
June13/2021
1:50 PM

Continue Reading

You'll Also Like

235K 8.1K 98
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
595K 9.2K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
803K 29.9K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...