{Unicode🌻}
...အတူယှဥ်တွဲ ...
ကောင်းကင်တစ်ခုကို သိမ်းပိုက်ဖို့
ကြိုးစားဖူးတယ်...။
ဒါပေမယ့်
ကျွန်တော့်အတွက် ကောင်းကင်ငယ်ကတော့..
****
မယားတောသူ🌻
နံနက် ၄နာရီ...။
ဒေါက်!~~
"ဋီကာ.. ဋီကာ... ထ,တော့လေ... မင်းပဲ စာကျက်ဖို့ ငါ့ကို နိူးခိုင်းတာလေ..."
ကျွန်တော့်မှာတော့ သူ့အခန်းတံခါးကို ခေါက်လိုက်ပြီး အသံခပ်အုပ်အုပ်နဲ့ အော်နိူးလိုက်ပေမယ့် အထဲက တုံ့ပြန်သံ မလာသေးသည်မို့...။ နောက်တစ်ကြိမ်....။
ဒေါက်! ~~~
"ဋီကာ... ထ,တော့လေ... မင်း အခုချိန် မထ,လာရင် ငါ မင်းထက် အမှတ်အများကြီး သာသွားမှာနော်..."
ကျွန်တော်က သူမခံချင်သော စကားနဲ့ပင် ပြောလိုက်ပြီး အခြေအနေကို တစ်ချက် အကဲခတ်နေမိသည်...။ ထို့နောက် အတန်ကြာသည့်အထိ ပြောင်းလဲမှု မရှိတာမို့ ထပ်ပြီး တံခါးခေါက်ကာ နိူးမယ် ပြင်လေတော့....။
တံခါးလှပ်သံနဲ့အတူ အတွင်းကျကျ လှည့်ဝင်သွားသော တံခါးနောက်မှာတော့ ညှင်းသိုးမှု အပြည့် လူတစ်ယောက်...။ ရှည်လျားသော အရပ်က တံခါး၏ လေးပုံ ပုံ သုံးပုံနည်းပါး ရှိသည်...။ ကျွန်တော်ကတော့ သူ့လက်မောင်းအောက်၌သာ ရှိသည်...။
"အင်း... လေးနာရီ ရှိနေပြီလား??"
သူကတော့ အခုထက်ထိ မပွင့်သေးဘဲ သည်းကွဲစွာ မမြင်သည့် မျက်လုံးများကို ပွတ်သပ်နေပြီး ခပ်အုပ်အုပ် မေးလေသည်...။ အပေါ်အကျီ် ဗလာကျင်းနဲ့မို့ သူ၏ ခန္ဓာကိုယ် အချိုးအစားကို ကောင်းစွာ မြင်နေရသည်....။ ထို့နောက် ရှင်းလင်းစွာ ပေါ်နေသော သူ့Adam's appleနဲ့အတူ သူ့မျက်နှာကို ပွတ်သပ်နေသည့်လက်တို့၌ veinတို့က ရူးသွပ်စရာပင်...။ ကျွန်တော့်မှာတော့ တစ်ဖြောင့်တည်း ရှိနေသော ခန္ဓာကိုယ်က အမျိုးသမီးများကဲ့သို့ပင် တစ်ဆက်တည်း ပြည့်နေသည့် လက်မောင်းများနှင့်အတူ ယောကျာ်းပီသစွာ မရှိသော အဂါင်္ရပ်များဖြင့်သာ....။
"အင်း.... လေးနာရီ တီးပြီးပြီ..."
"အင်း... ကျေးဇူးပါ... အခု ငါမျက်နှာသစ်ပြီး စာလုပ်လိုက်ဦးမယ်... မင်းလည်း စာလုပ်တော့လေ..."
"အင်း... ငါ သွားပြီနော်... နောက်ပြီး အကျီ်ချွတ်ပြီး Air-con ဖွင့်မထားနဲ့ဦး... နေမကောင်းသလို ဖြစ်နေမယ်..."
ကျွန်တော့်စကားကြောင့် သူက သူ့ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ရှုလိုက်ပြီး ခေါင်းကို ညိမ့်ပြသည်...။ ထို့နောက် ကျွန်တော့်ကို ပြုံးပြပြီး... ။
"ငါက အခုမှ နိုးတာ မဟုတ်ဘူး... သုံးနာရီကတည်းက နိုးနေတာ... မင်းထက် တစ်နာရီလောက် ငါ လေ့ကျင့်ချိန် ရတယ်... အခု ဒီနေ့ ဖြေမယ့် သချ်ာတွေ အကုန်လုံး ငါရပြီ... အခုတစ်ခါတော့ မင်းထက် အမှတ်များစေရမယ်..."
"သြော်... နိုးနေတာလား?? အင်း... အဲ့ဒါဆို ငါသွားတော့မယ်နော်... ငါက မင်းမနိုးဘူး ထင်လို့...ငါ့ကို ခွင့်ပြုပါဦး... "
ထို့နောက်.ကျွန်တော်လည်း သူရှေ့မှပင် ထွက်လာမိသည်...။ ထို့နောက် အခန်းတံခါးကို ပိတ်လိုက်ပြီး အရင်ဆုံး ဘုရားရှိခိုးဖို့ ပြင်မိတော့သည်....။ ဘုရားမီး ပူဇော်ထားသော ရောင်စုံမီးများအောက် သပ္ပါယ်လှသော ကျောက်စိမ်းဆင်းတုလေးကို တစ်ချက်မျှ ကြည့်လိုက်ပြီး ဝတ်ပြုသည့် နေရာ၌ ခြေ၊ လက်၊ နဖူး၊ တံတောင်၊ဒူး.. ထိခြင်း ငါးဖြာနဲ့အတူ ဝတ်ဖြည့်လိုက်ပါသည်...။ ထို့နောက် ဆီမီး၊ အမွှေးတိုင်၊ သောက်တော်ရေချမ်းကပ်ပြီးသည့်နောက် ကျွန်တော့်မှာ စာကြည့်စားပွဲသို့ ထိုင်ပြီး စာလုပ်နေမိသည်....။
ဘာရယ်မှန်းမသိ စိတ်က သိပ်မကြည်ပါလေ... ။ တကယ်ဆို သူက အရင်ခိုးလုပ်ပြီး စာရနေသည် ဖြစ်စေ... ကိစ္စမရှိ...။ အခုဟာက ကျွန်တော်က သူ့ကို စေတနာနဲ့ နိူးသည်ကို သူက ဟန်ဆောင်ပြီး ကျွန်တော့်စေတနာကို စော်ကားသလို ရှိတာမို့....။
နံနက် ၈ နာရီ...။
"အပျိုလေး... မင်းက ဒီအနောက်ကို လာခဲ့လေ... ငါနဲ့ အတူ စီးရအောင်..."
အဲ့လိုပါပဲ... ကျွန်တော့်နာမည်က အဖျားစွတ်ပြီး ခေါ်လိုက်တိုင်း ခံစားလို့ မရတော့...။ ဋီကာကတော့ အမြဲတမ်း ကျွန်တော့်ကို အဲ့နာမည်ကို သုံးပြီး နောက်ပြောင် ခေါ်တတ်သည်...။ တစ်ခါတစ်လေ ဒေါင်းပျိုလေး ဟူ၍လည်း ခေါ်တတ်ပါသေးသည်....။
အခုလည်း ကျွန်တော်က အမြဲတမ်း သူနဲ့ နောက်ဘက်မှာ အေးအေးလူလူ ထိုင်တတ်ပါသည်....။ ရှေ့က ဦးလေးမြဆောင်က သပ်သပ်ပင်...။ အခုတော့ တစ်ခါမှ မထိုင်ဖူးသည့် ရှေ့အခန်းကို ကျွန်တော်က ထိုင်နေတာမို့ သူနှင့်အတူ ဦးလေးမြဆောင်ပါ အံ့သြနေရသည်....။
အမြဲတမ်း ကျောင်းပို့၊ ကျောင်းပြန်ကို ဋီကာတို့ အိမ်က ကားနဲ့ပင် စီစဥ်သည်...။ တစ်ခါတစ်လေ အိမ်ကား မအားတဲ့အချိန်၌ တကူးတက taxiကို လွတ်တတ်သေးသည်...။ သား၊ မွေးချင်းကို
ချစ်တဲ့နေရာမှာတော့ သူ့အကိုနှင့် သူ့အမေကို မီမယ် မထင်ပါ...။ အမြဲတမ်း ဋီကာကို ထိခိုက်မှု မရှိစေရန် တဖွဖွ မှာလွန်းသည်....။
သူပြောနေသည့် စကားကို မကြားချင်ယောင်ဆောင်ပြီး နေလိုက်တော့... ကျွန်တော့်ဘက် လှည့်မရသည့် အဆုံး....။
"ဦးလေးဆောင်... နောက်ခန်းမှာ သား တစ်ယောက်တည်းဆို ကျောင်းကို မမောင်းနဲ့ဦးဗျ..."
"ဟို... ကျောင်းချိန်က နီးနေပြီလေ... ငါတူရယ်..."
"မရဘူး... သား တစ်ယောက်တည်း နောက်မှာ မစီးဘူး..."
"ဟို... အဲ့ဒါက လက်ာချိုး သိရင်တော့ ဦးလေးကို ဆူတော့မှာပဲ..."
ဦးလေးမြဆောင်ကတော့ ကျွန်တော့်ကို ကယ်တင်ရှင်လို ကြည့်လိုက်၊ ဋီကာကို အသနားခံနေရသည့် မျက်နှာနဲ့ပင် နှစ်ယောက်အကြား ဗျာများနေသည်...။ နောက်ပြီး နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် လျှော့ပေးဖို့ စိတ်ကူး မရှိသည်မို့.... အတော်လေးကို ကျောင်းချိန်ကို နီးကပ်ချိန်မှာတော့....ကျွန်တော်ပဲ နောက်ခန်းမှာ ပြောင်းထိုင်ရတော့သည်....။ သူကတော့ သူ့ဘေးနား ရောက်နေသည့် ကျွန်တော့်ကို ပြုံးလျက် ကြည့်နေပြီး...။
"ဦးလေးဆောင် ဒိုးလို့ ရပြီဗျ... ဟင်း.. သားက နောက်မှာ တစ်ယောက်တည်း ဖြစ်ရင် မနေတတ်လို့ပါဗျာ... ဟင်းဟင်း..."
တမင်ကို ကလိနေသော အသံနဲ့ပင်... ကျွန်တော့်မှာ သူ့မျက်နှာကို မမြင်သည့်တိုင် သူ့အသံကြားရုံနဲ့ ထိုမျက်နှာအား လက်သီးတစ်ချက်လောက်နဲ့တော့ နူတ်ဆက်သင့်သည် ထင်သည်...။ သို့သော်....။
"......"
"ကဲပါ စိတ်မဆိုးပါနဲ့... အပျိုလေးကလဲ... ငါ ဘာလုပ်ပေးရမလဲ?? အမှတ်နည်းအောင် ဖြေပေးရမှာက လွဲရင် ကျန်တာ အကုန်ပြောလို့ ရတယ်..."
ကျွန်တော် အထပ်ထပ်အခါခါ ခါချနေသည့်တိုင် သူကတော့ ကျွန်တော့်ပုခုံးပေါ်သို့ လက်ကို မရ ရအောင် တင်သည်...။ နောက်ပြီး ဦးလေးဆောင်ကလည်း အနေအထားကို အကဲခတ်သလို ကြည့်နေတာမို့....။
"မင်း ဘာဖြစ်နေတာလဲ??"
"ဘာဖြစ်နေလို့လဲ?? မင်းကို ချော့နေတာလေ..."
"... ရတယ် ဘာမှ မဖြစ်ဘူး... ငါ တစ်ယောက်တည်း နေချင်လို့..."
"အဲ့ကတည်းက စိတ်ဆိုးနေတာ သေချာပါတယ်... ကဲပါကွာ... အဲ့လိုကြီး မနေပါနဲ့... ဟုတ်ပါတယ်... ငါ လွန်သွားတယ်... ပြော ငါ ဘယ်လိုလုပ်ပေးရမလဲ???"
"ရှိခိုးဆို ရှိခိုးပါ့မယ်... ဋီကာရယ်.. ငါ နားငြီးလို့ပါ... မင်း ဘာမှလုပ်ပေးစရာ မလိုပါဘူး.... ဟုတ်ပြီလား???"
"မရဘူးကွာ... တစ်ခုခု မင်းစိတ်ပြေအောင် တောင်းဆိုလိုက်စမ်းပါ..."
ဆွဲလေ ရှည်လေ ဖြစ်နေသည့် ဒီသားရေပြင်ကောင်ကို ကြည့်မရတော့သည်မို့ တစ်ချက်ကြည့်လိုက်ပြီး သူ့ကို ဆွံ့အစေမည့် စကားတစ်ခွန်းကို စဥ်းစားမိသည်...။ ထို့နောက် စပ်ဖြဲဖြဲ ဖြစ်နေသည့် ဒီမျက်နှာကို ကြောင်သွားစေနိုင်တာက...။
"အေး... အဲ့ဒါဆိုရင် ပရိတ်ကြီး ၁၁ သုတ်ထဲက မေတ္တာသုတ်ကို ရအောင်ကျက်ခဲ့.... မနက်ဖြန် ကားပေါ်မှာ ရွတ်ဖတ်ပေးရမယ်... နော် ဦးလေးဆောင်ရာ..."
"သြော်... အေးအေး... ဒေါင်းပျိုတို့ကတော့ ဋီကာကို စ,နေပြန်ပါပြီ... ကိစ္စမရှိဘူး... ဋီကာ ကျက်ချင်ရင် အသံနေအသံထားကို ဦးလေးဆီက သင်လို့ ရတယ်နော်..."
ကျွန်တော်တို့ နှစ်ယောက် အတိုင်အဖောက် ညီမှုကြောင့် ဋီကာမျက်နှာ ရှုပ်ထွေးပြီး အလိုမကျမှု အထင်းသားနဲ့ပင်...။ ထို့နောက် ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပြီး....။
"မင်းက ဘာလို့ ရယ်နေတာလဲ?? ပုံစံကြည့်ရတာကို သမိုင်းထဲ ပြန်ရောက်သွားသလိုပဲ..."
ကျွန်တော့်ကို သက်သက်မဲ့ ဖဲ့နေတော့ ကျွန်တော်က အထိမခံ ဖြစ်မနေဘဲ ခပ်ပြုံးပြုံး ပုံစံသို့ ပြောင်းကာ...။
"ယဿာနုဘာဝတော.... ယက္ခာ၊... နေဝဒဿန္တီ ဘီသနံ..."
"တော်စမ်းပါကွာ..."
ထို့နောက် ကျွန်တော်တို့ နောက်ထပ်စကားမပြောကြပေမယ့် တစ်ယောက်ကို တစ်ယောက် အကြည့်တစ်ချို့နဲ့ပင် လှောင်နေမိသည်...။
အခြေခံ ပညာ အထက်တန်းကျောင်း...။
အ.ထ.က(...)၊ (........)။
Basic Education High School(.....)
ကျောင်းရှေ့ အပြင်ဘက် အုတ်နံရံဘက်၌ အစိမ်းရောင် အောက်ခံထားပြီး အဖြူစာလုံးများဖြင့်ပင် ရေးထိုးထားသော ထည်ဝါမှု တစ်ခု....။ ကျောင်းအပေါက်ဝ၌ သံပန်းတံခါးကို နှစ်ဖက်လုံး ဖွင့်လျက် ကျောင်းuniformလေးများနဲ့ပင် တဖွဲထွဲ ကျောင်းအတွင်း ဝင်ရောက်နေသည်.....။ ကျွန်တော်လည်း လမ်းဘေးတစ်နေရာသို့ ကားကို ချရပ်လိုက်ပြီး တံခါးကို တစ်ယောက်တစ်ဖက်စီ ဖွင့်၍ အပြင်သို့ ထွက်လာမိသည်....။
ကျောင်းပုရဝုဏ်တစ်ခုလုံး အဖြူရောင် အုတ်တံတိုင်းနဲ့ပင် ကာရံထားသည်...။ ထိုအုတ်တံတိုင်းများက ကျွန်တော့်အရပ် တစ်ရပ်စာနီးပါး ရှိသည်...။ ကျောင်းဘေးနားလမ်းတစ်လျှောက် ရေတမာပင်များ၊ မဥ္ဇူသက နတ်ပန်းပင်များ၊ ပင်လယ်ကဗွီးပင်များ၊ ငုဝါပင်များ၊ ပိတောက်ပင်များ၊ ခရေပင်များ၊ အပေါများဆုံးကတော့ စိန်ပန်းပင်များပင်....။
နွေအကုန် မိုးအကူးမို့ ငုဝါ၊ စိန်ပန်းတို့ အကြိုက်ဖြစ်သည်...။ ထို့နောက် အလံတိုင် အရှေ့တောင်ဘက်တွင် ဧကရာဇ်အုပ်အုပ်ကြီး တစ်ပင်ရှိသည်...။ ငုဝါများကတော့ ဝင်းဝါနေပြီး စိန်ပန်းများကတော့ ရဲရဲတောက် ပွင့်နေလေပြီ...။ သကြ်န်အတွင်း မခ,ခဲ့သော ပိတောက်များကတော့ အခုမှပဲ အင်တိုက် အားတိုက် ပွင့်နေသည်...။ ကျွန်တော်တိုပ ကားပေါ်မှ ဆင်းပြီး ဦးလေးဆောင်ကို နူတ်ဆက်ပြီး အနေအထားပြုပြင်နေတုန်းပင် ဋီကာအနားသို့ ရောက်လာသော သူ့သူငယ်ချင်းတစ်သိုက်....။
မျိုးဇော်ကို၊ သူရ၊ သီဟ....။
သူတို့အကုန်လုံးက ကျွန်တော်နှင့် သူ့တို့သူငယ်ချင်းကို ကြည့်ပြီး စပ်ဖြဲဖြဲနဲ့ပင်.... ဒါကိုသိတော့ ဋီကာက....။
"ဘာဖြစ်လာတာလဲ?? မင်းတို့နှမလေးတွေက ငါ့ကို ကြိုက်လို့တဲ့လား???"
စပ်ဖြီးဖြီးနဲ့ သူ့သူငယ်ချင်း သုံးယောက်မှာတော့ နှမ၊အမထိတော့ နာနေပြီ ဖြစ်သည်...။ ချက်ချင်းဆိုသလို မျက်နှာက မအီမသာနဲ့ပင်... တစ်ခြားသူဆို ထိုးနှက်ပစ်လိုက်ချင်သော်ငြား သူ့ကို ခင်လွန်း၍သာ ဖြစ်ပုံရပါသည်.....။
"မင်းဟာကလဲကွာ... မင်း မသိဘူးလား?? ဒီနေ့ ကြယ်လေးတစ်ပွင့် လွင့်လာတော့မယ်ဆိုတာ..."
"သူ့ဘာသာ ကြယ်ကြွေတာလေ... ငါနဲ့ ဘာဆိုင်လို့လဲ??"
သူတို့စကားဝိုင်းထဲ ကျွန်တော်က အပိုဖြစ်နေသည်ဟု ခံစားနေမိတာကြောင့်...။
"ဋီကာ... ငါသွားနှင့်မယ်နော်..."
သူကတော့ ချက်ချင်းဆိုသလို ကျွန်တော့်ဘက်ကို ကြည့်လာပြီး မျက်မှောင်ကျုံ့ကာ ကျွန်တော့်လက်ကို ဆွဲပြီး တားသည်...။ ကျွန်တော့်ကို သူ့အနားသို့ ပိုတိုးကပ်စေပြီး....။
"နေဦး... ငါ့ထက် အရင်စာလုပ်လို့ မရဘူး... အခုတစ်ခါ ငါ့ထက် အမှတ်များ မခံနိုင်တော့ဘူး..."
တကယ်ကို ယောကျာ်းကြီး မတန်ဘဲ အဲ့လိုပြောနေတာမျိုးက တကယ်ကို လုံးဝ ကျပ်မပြည့်ပါလေ...။ ဒီအတိုင်း ဆုပ်ကိုင်ထားသည့် သူ့လက်ကို ဖြုတ်ဖို့ ပြင်လေတော့ သူက ပိုတင်းပြီး ဆုပ်ကိုင်ထားသည်...။ ကျွန်တော်တို့ အမူအရာများကို သူ့သူငယ်ချင်းများက တစ်စုံတစ်ခုကို တွေးထင်နေကြသည်ဟု ကျွန်တော်ထင်မိသည်... ။
"... မင်း တကယ်ပဲ ဒီကျောင်းက ကြယ်လေးကို မသိဘူးလား??"
"... ဒီကျောင်းမှာ တစ်ခြားကြယ်က လာတဲ့ ဂြိုဟ်သား ရှိနေလို့လား?? သွားရအောင်လေ... တစ်ချက် researchလုပ်လို့ရတာပေါ့..."
ဋီကာ ကတော့ လုံးဝကို စိတ်ကို နစ်ပြီး ထောက်ခံလိုက်တော့ ကျန်တဲ့သူတွေ လုံးဝကို ငိုတော့မယ့် အသွင်နှယ်...။ သူတို့ခေါင်းပေါ်မှ ဆံပင်များအား စိတ်ညစ်ညူးစွာ ပွတ်သပ်လိုက်ပြီး....။
"ချီး! ! ငါတို့အခန်းက ဆည်းလည်းချို ကို ပြောနေတာလေ... တစ်ကျောင်းလိုလိုက ပုရိသတွေရဲ့ ဆည်းလည်းလေးလေ....။ မသိဘူးလို့တော့ မပြောနဲ့နော်..."
သူကတော့ အရေးမပါသလိုပင် သူတို့စကားများအားကြားဟန်မပြု....။ ထို့နောက် ကျွန်တော့်လက်ကို ဆွဲပြီး ကျောင်းခန်းထဲသို့ ဝင်ဖို့ ပြင်လေတော့ ကျွန်တော်က သူ့လက်ထဲက ကျွန်တော့်လက်ကို ဆွဲဖယ်ပါ၏....။ လွတ်ထွက်ထားသော ကျွန်တော့်လက်နောက်သို့ သူ့အကြည့်တို့က ပါလာသည်...။ ထို့နောက် ညစ်ကျယ်ကျယ်နဲ့ ပြုံးလိုက်ပြီး....။
"အပျိုလေးက ရှက်လို့လား???"
"မင်း ပစ္စည်းလို ရှက်..."
"ဟာ... ဘာကြီးလဲ? ငါ့ပစ္စည်းက???"
"မသိဘူး... ငါက အဲ့လိုမရိုင်းဘူး..."
"နေပါဦး... အဲ့တာက ငါ့ပစ္စည်းဆို... မင်းမှာလည်း ပါတာ မဟုတ်ဘူးလား? ဒါမှမဟုတ် မပါလို့များ သူများဆီက ငှားဆဲတာလား???"
"မင်း!!_"
ကျွန်တော့်မှာ ဒီ့ထက်ပိုပြီး သူ့ကို ပြန်ဆဲလိုက်ချင်ပေမယ့် စကားလုံးက ပါးစပ်ကနေ ထွက်ခွင့်မပြု...။ ထို့နောက် တဟီးဟီးနဲ့ နွားပွဲစား ဖြစ်နေသည့် သူ့ကို ထားခဲ့လိုက်ပြီး ထွက်လာမိသည်...။ ဒါကိုပင် သူကတော့ မကြောက်မရွံ့ အရှက်မရှိ၊ ကျောင်းဝန်းအတွင်း လူအများကြီး ရှိတာကိုပင်....။
"ရပါတယ်... အခမဲ့ ငှားရမ်းလို့ ရတယ်... ဒါပေမယ့် ငှားပြီးရင် ပြန်ပြီးတော့ တပ်ပေးပေါ့နော်..."
"........."
နောက်မှာရှိနေသော သူ့ကို ပြန်လှည့်ကြည့်လိုက်ပြီး ပါးစပ်လှုပ်ခါရုံမျှ ဆဲလိုက်မိသည်...။ သို့သော် အိမ်က အဘကို ကြောက်တာမို့ အရမ်းကြီးလည်း မရိုင်းရဲ... သို့သော်...။
"ငါ့မိန်းမ! မပေးတော့ ဘာဖြစ်လဲ ??"....ဟူ၍သာ....။
နေ့လည် ၁၂နာရီ...။
အတန်းဆင်းချိန်နီးပြီမို့ ဆရာမ၏ သြဝါဒစကားကို နာခံပြီး ဖင်တကြွကြွ ဖြစ်နေမိသည်...။ ဒုက္ခပါပဲ.. ဗိုက်ကလဲ အတော်လေး ဆာနေပြီ ဖြစ်သည်.... ။
"ဆရာမ... သားတို့ နူတ်ဆက်တော့မယ်နော်..."
အတန်းခေါင်းဆောင် ဋီကာထံမှ စကားကို ကြာလေတော့ ဆရာမက ချက်ချင်းဆိုသလို ပြောလက်စ စကားကို ရပ်ပြီး လက်နှ နာရီကို ကြည့်သည်.... ။
"နေဦး... ကျောင်းသားအသစ် မိတ်ဆက်ပေးရဦးမယ်..."
ထို့နောက် ဆရာမကြီးက Corriderဘက် ထွက်သွားတော့ ခတ္တမျှ ငြီးငြူသံများ ထွက်သွားမိသည်....။ ထို့နောက် ဆရာမကြီး ပြန်ဝင်လာသည့် အချိန်မှာတော့ အသံအားလုံးတို့ တိတ်သည်....။
"သား... လာလေ... အထဲဝင်ခဲ့..."
ထို့နောက် ဆရာမကြီးက လက်ယပ်ပြီး ခေါ်လေတော့ အတန်းထဲသို့ မဝံ့မရဲ ဝင်လာသည့် ကျောင်းသားတစ်ယောက်.. ။ အရပ်ကတော့ ကျွန်တော်ထက် အနည်းငယ် ရှည်ပြီး ပြည့်ပြည့်ဝဝနဲ့ ဖြစ်သည်...။ ထို့နောက် ကော်ဖီရောင်သန်းနေသော ဆံပင်အုပ်အုပ်လေးများနဲ့ပင် ပြုံးရယ်လိုက်တိုင်း ပါးချိုင့်လေးက ပေါ်လာတတ်သည်...။ မျက်ရည်မရှိ၊ မျက်လုံးမှေးမှေးလေးနဲ့ပင် ထူထဲသော နူတ်ခမ်းတို့နှင့်အတူ ဖြူဖွေးလှစွာသော အသားတို့ကြောင့်.... တကယ်ကို လူမျိုးခြားလေး လိုပါပင်....။
"မဂ်လာပါဗျ... သူငယ်ချင်း အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်ဗျ... သားနာမည်ကတော့ သျှင်မင်းသား ပါဗျ... ကြိုက်သလိုခေါ်လို့ရပါတယ်... "
"ကဲ... ဒီကလေးက ဒီနေ့မှ မန္တလေးဘက်က ပြောင်းလာတာ... ကျောင်းသားသစ်ကို နွေးနွေးထွေးထွေး ဆက်ဆံရမယ်နော်... သြော် ဒါနဲ့ သားထိုင်ရမယ့်နေရာက... ဟော.. ဟိုမှာ အလယ်တန်း လေးတန်းမြောက်က သူငယ်ချင်းဆီ သွားထိုင်လိုက်... သူက အဲ့ဒီမှာ တစ်ယောက်တည်းရယ်..."
အလယ်တန်း လေးတန်းမြောက်က ကျွန်တော်ဆီသို့....။ ထိုကလေးကတော့ ကျွန်တော့်ကို ပြုံးပြလာပြီး ကျွန်တော် ရှိရာသို့ တရွေ့ရွေ့...။ ကျွန်တော်လည်း ထိုကလေးကို ပြုံးပြလိုက်ပြီး ကျွန်တော့်စာအုပ်များကို တစ်ဖက်သို့ သပ်သပ် ကန့်ပေးလိုက်သည်....။ သူကတော့ ကျွန်တော့်ကို ခေါင်းငုံ့အရိုအသေပြကာ အတန်းထဲသို့ ဝင်ထိုင်သည်...။ ထို့နောက် အခုမှ ထုတ်လာပုံ ပေါ်သည့် သူ့စာအုပ်လေးများကို ထုတ်ပြီး ကျွန်တော့်ဘက်သို့ ကပ်လာသည်....။
"သား နာမည်က သျှင်မင်းသားပါ... ဒါနဲ့ အကို့နာမည်က..."
သူက မေးခွန်းတစ်ခုကို အခြေတည်ပြီး မေးလာလေတော့ ကျွန်တော့်မှာ မျက်နှာပေါ် ရှိနေသော မျက်မှန်လေးကို အသာပင့်လိုက်ကာ....။
"ဥဒေါင်းပျိုပါ... မင်း ကြိုက်သလို ခေါ်လို့ရပါတယ်... လွတ်လွတ်လပ်လပ်နေပါ..."
ထို့နောက် ကျွန်တော်တို့ ဆရာမကြီးကို နူတ်ဆက်ပြီး နေ့လည်စာ စားဖို့အချိန်ပင် ဖြစ်သည်...။ ကျွန်တော်လည်း အိမ်ကတည်းက ယူဆောင်လာသော ထမင်းဗူးလေးကို ထုတ်ပြီး စားမယ်ပြင်တော့ ဘေးနားက ကျောင်းသားအသစ်က အခုထက်ထိ အပြင်ကို မထွက်သေး....။ ကျွန်တော်လည်း ဇွန်းကို အသေအချာလေး ကိုင်ပြီး သူ့ဘက်ကို လှည့်ကာ...။
"ထမင်းဗူး ပါတာလား?? အကိုနဲ့ တစ်ခါတည်း စားရအောင်လေ..."
"ဟင့်အင်း ကျွန်တော် ဒီနေ့ ပါမလာခဲ့ဘူး... အိမ်က ခရီးရောက်ရောက်ချင်း ကျောင်းကို လာအပ်တာ မုန့်ပဲ ဝယ်စားတော့မှာ... ဒါနဲ့ သားက ဒီမှာ ကျောင်းသားအသစ်ဆိုတော့ မုန့်ဆိုင်က သေချာလေး မသိတော့လေ... ဟင်း..."
"နေဦး... အကို ထမင်းစားတာ စောင့်လေ... နောက်ပြီးမှ အတူသွားကြတာပေါ့... ဒါမှမဟုတ် အကို့ဆီက တစ်ဝက်ယူစားလေ..."
ထိုသို့ ဧည့်သည်ကို ဖိတ်ခေါ်လိုက်ပေမယ့် လက်က ဇွန်းခရင်းကိုတော့ မချမိသေး...။ နောက်တော့ နံဘေးမှ သူ့ရယ်သံ ဖြည်းညှင်းစွာ ကြားရအပြီးမှာတော့....။
"အကိုစားတာ... ကျွန်တော့်တစ်ဝက်စာတောင် မရှိဘူး... နောက်ပြီး အကို့ထမင်းစားတာလား?? အသီးအရွက်တွေ စားတာလား?? မသဲကွဲဘူး... အကို့ထမင်းဗူးထဲ အသီးအရွက်စိမ်းစိမ်းနဲ့ မုန်လာဥနီတွေပဲ တွေ့တယ်..."
"ဟုတ်တယ်... အကို ငယ်ငယ်လေးကတည်းက အသီးအရွက်ပဲ စားတာများတယ်... အသားငါး တော်တော်များများ ရှောင်တယ်... ပုဇွန်နဲ့ ကြက်သားပဲ စားတာ များတယ်... "
"အဲ့တာကြောင့် နေမယ်... အကို့ အသားအရေက အရမ်းကြီး ကြည်ပြီး လှတယ်... သားတို့လို မျက်နှာမှာ အနီစက်တွေ မရှိဘူး... ဝက်ခြံတွေ မရှိဘူး... နောက်ပြီး အကို့designနဲ့က တကယ်ကို အကို့နာမည်နဲ့ လိုက်ဖက်တယ်.... တကယ်ကို ဥဒေါင်းပျိုလေးပဲ.... ဒါနဲ့ အကို့ပုံစံက first floor ဖြစ်ဖို့ များတယ် ထင်တယ်..."
"First floorက ဘာကြီးလဲ??"
ကျွန်တော့်စကားကို သူက ပြုံးလျက် တုံ့ပြန်လိုက်ပြီး ....။
"အချိန်တန်ရင်... အကို သိလာမှာပါ..."
ကျွန်တော်လည်း စိတ်ထဲ ဘာမှ မထားဘဲ ထမင်းကိုသာ ဆက်စားနေမိသည်...။
"First floorဆိုတာ ဘာကိုပြောတာလဲ???"
တံခါးအကွယ်မှ ရှိနေပြီး နောက်မှ မျိုးဇော်ကို ကို မေးလိုက်တော့... မျိုးဇော်ကို မျက်နှာက စိုးရိမ်တကြီးနဲ့ပင် မအီမသာနဲ့....။
"အဲ့တာက same sex coupleတွေပါ စကားဝှက်အနေနဲ့ သုံးတဲ့ စကားလုံးပါ..."
"အေး... အဲ့ဒါက ဘာကို ပြောတာလဲ??"
"အေး မင်းကတော့ နည်းနည်းစိမ်းလိမ့်မယ်... သူတို့မှာ seme/ ukeဆိုပြီး ရှိတယ်... semeကတော့နားလည်ရဆုံး မှတ်ရရင် ချစ်ပေးတဲ့သူပေါ့ကွာ... ukeကတော့ အချစ်ခံပေါ့... first floorဆိုတာ semeကို ပြောတာ... "
"ဒါဆို နောက်တစ်ခုကရော??"
"Ground floorတဲ့ကွ...."
ဆစ်ခနဲပင်....။
ကြွေကျဖို့ မကြိုးစားပါနဲ့ ကောင်းကင်ငယ်လေး....။
___________________________________________
Take care and safe guys💙
With fully thz,love and respect☘
Zphoowai:6/5/2021:1:05PM:Thursday
{Zawgyi🌻}
...အတူယွဥ္တြဲ ...
ကြိုးစားဖူးတယ်...။
ဒါပေမယ့်
****
မယားတောသူ🌻
နံနက် ၄နာရီ...။
ဒေါက်!~~
"ဋီကာ.. ဋီကာ... ထ,တော့လေ... မင်းပဲ စာကျက်ဖို့ ငါ့ကို နိုးခိုင်းတာလေ..."
ကျွန်တော့်မှာတော့ သူ့အခန်းတံခါးကို ခေါက်လိုက်ပြီး အသံခပ်အုပ်အုပ်နဲ့ အော်နိုးလိုက်ပေမယ့် အထဲက တုံ့ပြန်သံ မလာသေးသည်မို့...။ နောက်တစ်ကြိမ်....။
ဒေါက်! ~~~
"ငါက အခုမှ နိုးတာ မဟုတ်ဘူး... သုံးနာရီကတည်းက နိုးနေတာ... မင်းထက် တစ်နာရီလောက် ငါ လေ့ကျင့်ချိန် ရတယ်... အခု ဒီနေ့ ဖြေမယ့် သခ်ျာတွေ အကုန်လုံး ငါရပြီ... အခုတစ်ခါတော့ မင်းထက် အမှတ်များစေရမယ်..."
နံနက် ၈ နာရီ...။
"......"
"မင်း ဘာဖြစ်နေတာလဲ??"
"... ရတယ် ဘာမှ မဖြစ်ဘူး... ငါ တသ်ယောက်တည်း နေချင်လို့..."
"တော်စမ်းပါကွာ..."
အ.ထ.က(...)၊ (........)။
မျိုးဇော်ကို၊ သူရ၊ သီဟ....။
"မင်း ပစ္စည်းလို ရှက်..."
"မင်း!!_"
"........."
နေ့လည် ၁၂နာရီ...။
"သား... လာလေ... အထဲဝင်ခဲ့..."
"First floorက ဘာကြီးလဲ??"
"ဒါဆို နောက်တစ်ခုကရော??"
"Ground floorတဲ့ကွ...."
ဆစ်ခနဲပင်....။
___________________________________________
Take care and safe guys💙