ဂျီမင် ဆေးရုံက ဆင်းတာ တစ်ပတ်လောက် ရှိပေမဲ့ ထယ်ယောင်းက ကျောင်းမသွားခိုင်းပဲ အိမ်မှပဲ နားနေခိုင်းတယ် သူကိုယ်တိုင်လဲ ကျောင်းမသွားပေ
ဂျွန်ကတော့ စာတွေ လွတ်မှာဆိုးလို့ အိမ်ထိလာပြပေးမယ် ဆိုတာတောင် ထယ်ယောင်းက အလာမခံ သေချာ စဉ်းစားကြည့်တော့ ထယ်ယောင်းအိမ်ကို ကျတော်က လွဲရင် ဘယ်သူမှ လာလို့ မရပေ။
တွေ့ချင်ရင် အပြင်ထွက် တွေ့လေ ရှိတက်တယ် ။
ကျတော် အိပ်ယာထဲ လှဲနေတဲ့ တစ်ချိန်လုံး သူပဲ စားဖို့သောက်ဖို့ လုပ်ပေးတယ် ။ သူမချက်ပေမယ့် အပြင်ကနေ ကိုယ်တိုင် သွား၀ယ်ပေးတယ်
အရင်ကလောက် ကျတော် တို့ မရင်းနှီးကြတော့ဘူး
ဒီထက်ပိုပြီးလဲ မရင်းနှီးသင့်တော့ဘူး မဟုတ်လား ဒီထက်ပို ရင်းနှီးနေရင် သံယောဇဉ် ကြိုးတွေက ဖြတ်ရ ခက်လိမ့်မယ်။ ဒီအတိုင်းဆ်ိုရင်တောင် ကျတော်တို့ နစ်ယောက်က သူငယ်ချင်း ဖစ်နေသေးတယ် မဟုတ်လား
"ဂျီမင် ဒီည ဘာစားမလဲ "
စာကြည့်နေရင်း ထယ်ယောင်း ဂျီမင်ကို မေးလိုက်သည်။
"ရတယ် အဆင်ပြေရာပေါ့ "
"ဒါဆို ငါအပြင်ခဏ သွားလိုက်အုံးမယ် "
"အင်း "
ကားသော့ ယူပြီး ထယ်ယောင်း ထွက်သွားလေသည်။
ကားမောင်းနေရင်း ဖုန်းလာလို့ ကြည့်လိုက်တော့ ရိုစီ
ဖုန်းကို ကိုင်လိုက်တော့
"ဟဲလို ထယ်ယောင်းလား"
"အင်း "
"ရိုစီ ထယ်ယောင်းနဲ့ တွေ့လို့ရမလား အခု "
"ဘယ်မှာလဲ "
" အင်း.........အဲမှာ ရှိတယ် "
"Okလေ ဒါဆိုလဲ လာခဲ့မယ် "
ရိုစီ ချိန်းတဲ့ နေရာကို ထယ်ယောင်းအရင် သွားရင် ခဏ အကြာရောက်လေသည်။
ရိုစီက သူစားနေကျ စားသောက်ဆိုင်မှာ ချိန်းပြီး စောင့်နေလေသည်။
ထယ်ယောင်း စားသောက်ဆိုင်ထဲ ၀င်သွားပြီး ရိုစီရဲ့ နေရာကို သွားလေသည်။ ရိုစီက အရင် လှမ်းတွေ့တော့
"ထယ်ယောင်း ဒီမှာ"
ရိုစီက လက်ပြလိုက်တော့ ထယ်ယောင်းလဲ ရိုစီရဲ့နေရာမှာ သွားထိုင်လေသည်။
" ဘာစားမလဲ ထယ် "
"ပြောစရာရှိလို့လား "
"ပြောစရာရှိမှ ခေါ်ရမှာလား ထယ်ရယ် ကိုယ့်ချစ်သူကို ကိုယ်တွေချင်လို့ပေါ့ အကြောင်းပြချက် ရှိရမှာလား"
ဒီအချိန်မှာ သူနောင်တ အရဆုံးက တွေဝေခဲ့လို့ပဲ ရိုစီကို သူပြောခဲ့ရင် အဲ့လို ဖစ်မှာ မဟုတ်ဘူး အခုတော့
"ကိုယ်က သွားစရာ ရှိလို့ပါ"
"ဂျီမင် ကိစ္စလား "
"အင်း က်ိုယ်တို့ ညစာ စားမလို့ လာ၀ယ်တာပါ "
"ဒါဆိုလဲ ဒီကပဲ မှာလိုက်လေ "
"အင်း "
"ထယ် ....ထယ့်ကိုလေ ရိုစီ မိဘတွေနဲ့ မိတ်ဆက်ပေးချင်လို့ အိမ်လိုက်လည်ပါ့လား "
သေစမ်း ရိုစီ ဘယ်လိုတွေတောင် ဒီလောက် အလျင်လိုနေတာလဲ ဒီအခြေအနေကို သူဘယ်လို ငြင်းရမှာလဲ
" လူကြီးတွေနဲ့ တွေ့ဖို့က စောပါသေးတယ် ကိုယ်တို့တွေက အခုမှ ကျောင်းဆက်နေတုန်း "
"ရိုစီက ထယ်နဲ့ ရိုစီမိဘတွေ ရင်းနှီးစေချင်လို့ပါ "
ဟင့်အင်း မဖစ်တော့ဘူး ဒီအခြေအနေကို ဒီထက် မလွန်ခင် သူတားရမယ် အချိန်တွေ လွန်ကုန်ပြီး ကျတော်တို့တွေ မှားကုန်ကြမယ်
တစ်ချက် အချိန်ယူ ထယ်ယောင်း စဉ်းစားလိုက်ပြီးတော့
"ရိုစီ ကိုယ်ပြောစရာ ရှိတယ် "
"ဟင့် "
"တကယ်တော့ ကိုယ်က ဂျီမင်ကို ..."
"ထယ်ယောင်း ဂျီမင် ဗိုက်ဆာနေမယ် သွားတော့ လေ ဟိုမှာလဲ မှာတာ ရလောက်ပြီး "
"ရိုစီ ကိုယ်ပြောချင်တာ အဲ့တာ မဟုတ်ဘူး "
"ဒါဆိုလဲ နောက်နေ့ကျမှပြော အခုတော့ ရိုစီလဲ သွားစရာရှိတယ် "
ရိုစီစားတောင် မစားတော့ပဲ ထပြီး
"ထယ် ရိုစီ သွားပြီးနော် "
"အင်း "
ရိုစီထထွက်သွားတော့ ထယ်ယောင်း ကျန်ခဲ့လေသည် ။
ရှင် ကျမနဲ့ လမ်းခွဲမလို့ မဟုတ်လား ထယ်ယောင်း ကျမသိပေမယ့် လမ်းမခွဲပေးနိင်ဘူး
ရှင်နဲ့ ဂျီမင် ဆေးရုံမှာ ပြောတဲ့ စကားတွေ အကုန်ကြားတယ် ကျမကော့ ရှင်ကို ပိုင်ဆိုင်ချင်တဲ့သူပါ တကယ်ဆို ကျမက ရှင်ရဲ့ အချစ်တွေကို အရင်ဆုံးရခဲ့ပြီးသား မိန်းမ တစ်ယောက်ပါ ကျမသာ အချိန်မဆွဲခဲ့ရင်ပေါ့ အခုချိန်မှ ရှင့်ကို တက်နိုင်သလောက် အားလေးနဲ့ ဆွဲထားမိယုံလေးပါ
ကျမ သိပ်ပြီးအတ္တကြီးသွားလား
_____
ထယ်ယောင်းလဲ စားစရာတွေ ယူပြီး အိမ်ကို ပြန်လေသည် ။ အိမ်ရဲ့ အခန်းထဲလဲ ရောက်တော့ ဂျီမင် အင်္ကျီ ချွတ်နေတာမို့
" ဘာလုပ်မလို့လဲ ညဘက်ကြီး "
ထယ်ယောင်းလဲ သိချင်ဇောနဲ့ မေးလိုက်လေသည်။
"ရေချိုးမလို့ "
စားစရာတွေ လက်ထဲက ချပြီး
" အနာက သေချာ မကျတ်သေးဘူးမဟုတ်လား"
"ဒါပေမယ့် ငါရေမချိုးရတာ ကြာပြီ "
"မချိုးနဲ့ "
"ရတယ် ဒဏ်ရာနေရာကို မထိအောင် လုပ်မယ် "
ထယ်ယောင်း ပြောနေရင် တန်းလန်း ဂျီမင် ရေချိုးခန်း ၀င်သွားလေသည်။ ထယ်ယောင်းလဲ အနောက်က လိုက်၀င်လေသည် ။
"ထယ်ယောင်း ဘာ၀င်လုပ်တာလဲ ထွက်တော့ "
"ငါချိုးပေးမယ် ဒါမှ မဟုတ်ရင် မချိုးနဲ့ "
"ထယ်ယောင်း "
"ဘယ်လိုလဲ ငါပြောတာ လက်ခံမှလား ဒီအတိုင်းနေကြမှာလား"
ထယ်ယောင်း မျက်ခုံးလေး ပင့်ပြီး ဂျီမင်ကို ပြောလိုက်သည်။
" လုပ်တော့ မင်းစိတ်ကြိုက်သာ ငါလဲ မပြောနိင်တော့ဘူး "
ထယ်ယောင်း သူပဲ နောက်ဆုံး အနိုင်ရတာမို့ မျက်နှာလေး ပြုံးလိုက်ပြီး ရေဂျာလေးကို ယူပြီး
" ဘောင်းဘီ မချွတ်ပဲ ဒီလိုပဲ ချိုးမှလား "
"ဟမ်း မချိုးပါဘူး ဘောင်းဘီ ၀တ်တဲ့အတိုင်းပဲ ချိုးမယ် "
"ဒါဆိုလဲ နောက်လှည့်"
"ဟင့် ဘာလုပ်မလို့လဲ "
"နောက်ကနေ ရေချိုးပေးမလို့လေ မင်းဘာဖစ်နေတာလဲ "
ဂျီမင်ရဲ့ နောက်ကျောကို ထယ်ယောင်းလက်နဲ့ ကိုင်လိုက်တဲ့ အချိန်မှာ ဂျီမင်ရဲ့ ကျောလေး ကော့တက်သွားလေသည်။ထယ်ယောင်းဆပ်ပြာရည် ယူပြီး ကျောလေးကို ညင်သာစွာ ပွတ်ပေးလေသည် ။
"ဂျီမင် အရှေ့လှည့်"
ဒီအချိန်က ဂျီမင် ထယ်ယောင်းကို မငြင်းနိုင်ပေ
နီးကပ်လွန်းလှတဲ့ နှစ်ယောက်သားနဲ့ ခုန်လွန်းလှတဲ့ ရင်တွေ
" အရှေ့ဘက်ကတော့ ငါရေပတ်သုတ်ပေးမယ် "
"နေပါစေ ငါ့ဘာသာ ငါလုပ်လိုက်မယ် "
ထယ်ယောင်း ဂျီမင်ရဲ့ ရင်ဘတ်လေးကိုကြည့်ရင်း ဖစ်လာတဲ့ ရင်ခုန်မှုတွေက ရေချိုးခန်းထဲမှ ကျယ်လောင်လွန်းလှသည်။
ထယ်ယောင်း ဂျီမင် ခါးလေးကို ဆွဲယူလိုက်တဲ့ အချိန်မှ ဂျီမင်ကိုယ်လေးက အသင့်ပါလာလေသည်။
ဂျီမင်လဲ လန့်ရင်း ပါသွားရင်း
"ထယ်ယောင်း ဘာလုပ်တာလဲ လွှတ် "
ထယ်ယောင်း ဘာမှ ပြန်မဖြေပဲ ဂျီမင်ရဲ့ ဖြူနုနေတဲ့ ပခုံးလေးကို ကိုင်ပြီး လက်တွေက တရွေ့ရွေ့ သွားနေလေသည်။
"ထယ်ယောင်း ဘာအရူးထနေတာလဲ လွှတ်လေ "
မျက်နှာ တစ်ခုလုံးတင် မကပဲ ခန္ဓာကိုယ်ထိပါ နီမြန်းလာပြီး ဖစ်တဲ့ ဂျီမင်
ထယ်ယောင်း လက်တွေက ဂျီမင်လည်းပင်နား ပြန်တက်သွားပြီး
"Sorry ..ဂျီမင်"
ဂျီမင်ရဲ့ လည်ပင်းကို နမ်းရှိုက်လိုက်လေသည်။ ဂျီမင် ပြန်လည် တွန်းကန်ပေမယ့် ချုပ်ထားသလို ဖစ်နေတဲ့ ထယ်ယောင်းကြောင့် ဂျီမင် ရုန်းမနိုင်ပေ
ထယ်ယောင်းရဲ့ အနမ်းတွ ကြားမှ သာယာမိနေပြီ ဖစ်တဲ့ ဂျီမင်ကတော့ ရုန်းမနေတော့ပေ
ထယ်ယောင်း ဂျီမင်နားရွက်လေးကို ကိုက်လိုက်ပြီး
"ငါမင်းကို ချစ်တယ် "
ခေါင်းလေး ငုံ့နေတဲ့ ဂျီမင်ကို ထယ်ယောင်းက သူ လက်နဲ့ မေးစိလေးကို ပင့်တင်လိုက်ပြီး ဂျီမင်နှုတ်ခမ်းလေးကို စုတ်ယူလိုက်လေသည်။ ဂျီမင် အစပိုင်း မတုံ့ပြန်ပေမယ့် ခဏအကြာ ဂျီမင်လဲ ထယ်ယောင်းရဲ့ အနမ်းတွေနဲ့ အတူ တုံ့ပြန်လာလေသည်။
ရေချိုးခန်းထဲမှာ မောဟိုက်သံများနဲ့ ထွက်နေပေမယ့် နှစ်ယောက်သာ မလွှတ်သေးပဲ ရမ္မက် ဆန်စွာ အနမ်းတွေက အာခေါင်ထဲ လျှာတွေက ကူးသန်းသွားလေသည် ။ အနမ်းက ချိုမြိန်တယ်လို့ ပြောလို့ရတယ် မဟုတ်လား နမ်းဖူးရင် ထပ်နမ်းချင်တယ်ဆိုတာပဲ
ဂျီမင်ရဲ့ ခါးလေးကို က်ိုင်ထားတဲ့ ထယ်ယောင်းလက်ကလေးနဲ့
ထယ်ယောင်းအင်္ကျီလေးကို ဆုတ်ကိုင်ထားတဲ့ ဂျီမင်ရဲ့ လက်ကလေး
ရေသံလေးတွေက သူတို့နှစ်ယောက်အတွက် သံစဉ်များဖစ်လို့ နေမလား တဖြည်းဖြည်း တအိအိနဲ့ သွားနေတဲ့ သူတို့နစ်ယောက်ရဲ့ ဒုတိယမြောက် အနမ်းလေး
တကယ်ဆို ငါတို့ နစ်ယောက်လုံး ချစ်နေကြတာပဲ မဟုတ်လား ဘာကြောင့် ဝေးရမှာလဲ? 💜
_____________________________________
Zawgyi
"ဂျီမင် ဒီည ဘာစားမလဲ "
"ရတယ် အဆင်ပြေရာပေါ့ "
"အင်း "
"ဟဲလို ထယ်ယောင်းလား"
"အင်း "
"ဘယ်မှာလဲ "
" အင်း.........အဲမှာ ရှိတယ် "
"Okလေ ဒါဆိုလဲ လာခဲ့မယ် "
"ထယ်ယောင်း ဒီမှာ"
" ဘာစားမလဲ ထယ် "
"ပြောစရာရှိလို့လား "
"ဂျီမင် ကိစ္စလား "
"အင်း ကိုယ်တို့ ညစာ စားမလို့ လာဝယ်တာပါ "
"အင်း "
"ဟင့် "
"အင်း "
_____
"ရေချိုးမလို့ "
"မချိုးနဲ့ "
"ထယ်ယောင်း "
"ဒါဆိုလဲ နောက်လှည့်"
"ဟင့် ဘာလုပ်မလို့လဲ "
"ဂျီမင် အရှေ့လှည့်"
"Sorry ..ဂျီမင်"
"ငါမင်းကို ချစ်တယ် "
ဂျီမင်ရဲ့ ခါးလေးကို ကိုင်ထားတဲ့ ထယ်ယောင်းလက်ကလေးနဲ့