Part 24

841 55 0
                                    

Unicode

"ရိပေါ်..."

"ရိပေါ်!!!. .."

တစ်ခွန်းထက်မက သုံးလေးခေါက်လောက်ခေါ်တော့မှပဲ မလွှတ်ချင် လွှတ်ချင်နဲ့ လွှတ်လာတဲ့ရိပေါ်...ဘာမှန်းကိုမသိဘူး

"အယ် sorry..... ငါမင်းလဲမှာစိုးတာနဲ့....."

"ရ...ရပါတယ်....ကျေးဇူး...."

"အဟမ်း...အဟမ်း....အဟမ်း...အာ့ဆို ငါတို့ ဆက်သွားကြတာပေါ့....."

"အော်....အမ်းအမ်းအမ်းးး....."

ရင်တုန်တုန်နဲ့ ရှေ့ဆက်သွားကြတာ တစ်လမ်းလုံးနှစ်ယောက်သား စကားတစ်ခွန်းတောင် ထပ်မပြောကြချေ....

ဟိုကြည့်သလိုလို ဒီကြည့်သလိုလိုနဲ့ မျက်နှာလွှဲထားကြတာ...တစ်နည်း​ပြောရရင် ရှောင်ကျန့်အတွက်တော့ အရှက်ပြေပေါ့နော်......

ခုနက ရှောင်ကျန့်ခမျာ ရင်တေတုန်နေတာ ဘောလုံးပွဲကြည့်နေရတာ ကြနေတာပဲ....လက်တေဆို ချွေးတေစို့နေတုန်း....

"ရှောင်ကျန့်!!!. ..."

"......"

***ငါ့ကို ဘယ်နားက ခေါ်နေတာပါလိမ့်...***

"ရှောင်ကျန့်!!!. ..ဝေ့...!!. .."

မိမိကို တစ်နေရာရာက ခေါ်သံကြားနေရတယ်လို့မှတ်ပါတယ် လက်စသက်တော့ ဇီယီမကိုးးး....

"ငကျန့်!!. .."

"ဇီယီ...."

"ဟဲ့ငကျန့်... နင်တို့က ဘယ်ရောက်သွားတာကြတာတုန်း....ငါ့မှာနင်တို့ကို ရှာလိုက်ရတာ မူးနောက်နေတာပဲ...."

"အော်!!. ..နင်ကပဲ ပြောရတယ်ရှိသေးတယ်....နင်ဇမ်းတေခက်ပြီး ထထွက်သွားလို့ ငါတို့လိုက်ရှာနေရတာလေ....."

"ကြည့်စမ်း...ကြည့်စမ်း...အော်နေတာ.....ငါလုပ်ရင်သေတော့မယ်....ငါ့များအငယ်မှတ်လို့....."

ဇီယီကတော့ သူတို့ငယ်စဉ်ကအတိုင်း ရှောင်ကျန့်ကိုပြောလိုက်တာပေမယ့်လို့ ရိပေါ်ရဲ့မျက်နှာကတော့ သိသိသာငါကို ပျက်သွားသည်....

ဒါကို ဇီယီကလည်း မြင်လိုက်သည်....

"အဟမ်း အဟမ်း....တစ်မျိုးတော့ မထင်နဲ့ ငါတို့ကဒီလိုပဲစနေတာ....တကယ်မလုပ်ကြပါဘူး...."

You're my destinyOpowieści tętniące życiem. Odkryj je teraz