Part 20

1K 68 3
                                    

Unicode

"ရေှာင်ကျန့်!!!.."

"ရိပေါ်...ဒီမှာစကားပြောနေတယ်လေ....ဘယ်လိုဖြစ်နေတာလဲ..... "

"ပြောစရာရှိတာနောက်မှပြော....ကျန်းချန်!!...ငါတို့သွားနှင့်ပြီ...."

ပြောပြောဆိုဆို မိမိလက်ကိုအတင်းဆွဲပြီးထွက်သွားတဲ့ ရိပေါ်ကို ကျန်းချန်တို့က မနိုင်ဆိုတဲ့ ပုံစံနဲ့ပဲ ကြည့်နေရရှာတယ်....

မိမိလက်ကိုအတင်းဆွဲပြီးထွက်လာတဲ့ ရိပေါ်ရဲ့ခြေလှမ်းတွေက စာကြည့်တိုက် အနောက်ဘက်ခြမ်းဆီကို

အာ့ဘက်က လူနည်းနည်းပါးတဲ့အတွက် တော်ရုံဆိုရှောင်ကျန့် အိုက်ဖက်အပိုင်းကို ယောင်လို့တောင်မလှည့်.....ပွင့်ပွင့်လင်းလင်းပြောကြေးဆို ကြောက်လို့....

အခုရိပေါ်က ဘာလုပ်မို့ဒီဘက်ကို လာနေရတာလဲ.....

"ရိပေါ်...."

"....."

"ရိပေါ်!!....ငါခေါ်နေတာ ထူးအုံးလေ....ရိပေါ်!!....."

ကိုယ်တွေပြောနေတုန်းကို ရုတ်တရက်နောက်လှည့်လာတဲ့ ရိပေါ်ကြောင့် မိမိမှာ သူ့ရင်ခွင်ထဲ ဝင်တိုးမိသည်....ဘုရားဘုရား  ကယ်တော်မူပါ....

ရှက်ရှက်နဲ့ နောက်ပြန်ဆုတ်တော့ ကိုယ်တော်ချောက အလိုမကျတဲ့မျက်နှာနဲ့....ဘာတုန်းဟ...ဒီကောင်တော့....

"ရေှာင်ကျန့်!!..."

"ဘာတုန်း..."

"ငါမင်းကို ပြောမို့... သေချာနားထောင်..."

"ပြောလေ...."

"ငါ မင်းကိုချစ်တယ် ရှောင်ကျန့်.... "

"မင်းးး!!..မင်း အာ့ကြီးကို ထပ်ပြောပြန်ပြီလား...."

"မင်း ငါ့ကောင်လေးအဖြစ်နေပေးပါ ရှောင်ကျန့်.... "

"......"

"ငါမင်းကို ချစ်တယ်....မြတ်နိုးတယ်....မဟုတ်ဘူး... တန်ဖိုးထားတယ်....ရှောင်ကျန့်!!...ငါ့ကိုမငြင်းပါနဲ့နော်...."

ပြောရင်းနဲ့ သူ့ကိုဆွဲဖက်လိုက်တဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်ခမျာကြောင်အန်းအန်းနဲ့ ရင်ခွင်ထဲရောက်သွားရပြန်တယ်.....

You're my destinyTahanan ng mga kuwento. Tumuklas ngayon