Part 19

950 63 1
                                    

Unicode

"ဟေ့ရောင် တိုးတိုးလုပ်လေ...."

"ဟ!...ငါလည်း ဖြည်းဖြည်းလေးဖွင့်နေတာပဲလေ....သူ့ဘာသာသူ အသံထွက်....."

"ဟာ....တိုးတိုးပြောစမ်းပါ....ဟိုမှာကြားကုန်တော့မှာပဲ....."

အိုက် သကောင့်သားလေးကျန်းချန်နဲ့လဲ ခိုးစားရင် မိလို့အသတ်ခံနေရလောက်ပြီ....ဘယ့်နဲ့ တိုးတိုးလုပ်ပါဆိုတာကို တံခါးကတော့ ထားပါတော့ ဒင်းအသံကြီးကိုက ပြဲလန်နေတာ....ဟိုဟာတွေသတိမထားမိအောင် လုပ်ပါတယ်ဆို...

"မင်းဖယ်တော့.... ဖယ်!!.....ငါလုပ်မယ်....."

"လုပ်လုပ်လုပ်....မင်းဘာသာမင်းပဲ လုပ်တော့....."

"ကျွီ!!!....."

"အင်!!!...."

"ယွီပင်း!!...ဘာတွေ့လို့တုန်း...မင့်ဟာကလည်းကွာ ငါကြည့်....ဟမ်!!...."

What!!....သောက်ကျိုးနည်းပဲ....ငါ့မှာတော့ ဒင်းတို့တွေ ကြည်နူးတစ်တီတူး နေလောက်ပြီထင်ထားတာ....အခုငါကျောင်းကနေ drama ရိုက်ပြီးလစ်လာရတာ ဒါတွေတွေ့ရဖို့တဲ့လား.....

ငါ့မှာဖြင့်ကျောင်းမှာ

"ဆရာမ သားဗိုက်တွေအောင့်နေတယ်...."

ရုပ်ရှင်ထဲမှာပါပါနေတဲ့ "ဆရာမ သားဗိုက် အောင့်အောင့်နေတယ်" ဆိုတာလေးနဲ့ လုပ်စားကြည့်တာ ၊ ဟဲ့...ငါ့ကိုသနားပြီး ပြန်တော့လို့ ပြောကောင်းပါရဲ့....

"အယ်!...သားမနက်ကတောင် ကောင်းပါတယ်....ဘာအစားမှားစားမိလို့လဲ သား...."
အော် ဆရာမရယ် စားထားတာသိမှတော့ ဆေးသောက်ပြီးနေပြီပေါ့လို့

"အဲတာတော့ သားလည်း မသိဘူး....အခုမှတော်တော်နာနေတာ....."

"အဲ...ဒါနဲ့ သားကျန်းချန်ကြီးရော...."

"သူ ဘယ်သွားလဲမသိပါဘူး ဆရာမရယ်....အာ့...."

"သား ရရဲ့လား..."

"ဒီနားက တော်တော်နာနေတယ်...."

ဗိုက်နာတာကိုတောင် မယုံချင်တဲ့ ဆရာမကို ယုံများသွားမလားလို့ လက်တစ်ဖက်ကို ဗိုက်ပေါ်တင်ထားပြီး နောက်တစ်ဖက်က မသိမသာပေါင်ရင်းနားလောက်ကို ခပ်ပြင်းပြင်းလေး ဆွဲလိမ်လိုက်တာ.....

You're my destinyWhere stories live. Discover now