Unicode
babyရှက်တူတူတူတူတူ babyရှက်တူတူတူတူတူ baby.....
"ဟယ်လို...."
"ဟယ်လို!! မိုင်ဘရားသား.... မွ...."
" နင်တခဏလောက် အိန္ဒြေရရလေးပြောလို့မရဘူးလား ဇီယီ...."
"မိုင်အူကြူးကြူးလေးကလည်း ဒီကလွမ်းလွန်းလို့ပါဆို....."
"အော့...."
"ဟဲ့ ဘယ်နှလလဲ...."
"ကိုးလ!!ကိုးလ!!မနက်ဖြန်ဆိုမွေးပြီ...."
"ဂယ်ကြီးလားဟယ်...."
"မဟုတ်ဖူးဟေ့ သောက်မြင်ကတ်လို့ရွှဲ့နေတာ....ပြော ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ...."
"ငကျန့်!!နင်က စိတ်ဓာတ်ပဲ...ငါကကိစ္စရှိမှဖုန်းခေါ်ရမှာလား..."
"အားရား အရစ်ရှည်လိုက်တာဟာ... ပြောစရာရှိတာပြောစမ်းပါ... ငါဒီမှာအိပ်ချင်နေပြီ...."
"ဟင်း ဘယ်နှစ်နာရီရှိသေးလို့လဲ...."
"ဘာ...ဘယ်နှစ်နာရီရှိသေးလို့လဲ ဟတ်လား ၊ နာရီလေးဘာလေးလည်း ပြူးပြဲကြည့်ကြည့်အုံး ည11နာရီခွဲနေပြီ..."
"11နာရီခွဲတာလေးကိုများ...."
" လုပ်စမ်းပါဟာ.... ပြောစရာရှိတာပြောစမ်းပါ... "
"ပြောမယ်ဟေ့ ပြောမယ်ပြောမယ်....တကတဲ ဖြစ်ပျက်နေတာ ၊ငါနဲ့ဖုန်းပြောလိုက်လို့ နင်သေမှာမို့လို့လား..."
"အဲလိုပြောချင်ရင် စောစောစီးစီးထဲကဆက်ပါလား ၊ အခုညကြီးမိုးချုပ် သူများတကာအိပ်ခါနီးကြီးကျမှလေကြောလာရှည်နေတော့ သာယာနေလားဆိုတာ နင့်ဟာနင်စဥ်းစားကြည့်ပေါ့.... "
"ပြောပြီ ပြောပြီ!!.... ဦးလေးက နင်စာမေးပွဲဖြေပြီးရင် အိမ်ကိုပြန်လာခဲ့တဲ့၊ ပြီးတော့ ဟိုကိစ္စ ၊ အဲတာလည်း စဥ်းစားပေးမယ်တဲ့...."
"ဘယ်ကိစ္စ အော်!..အေးလေ အဲတာကတော့ စဥ်းစားပေးရမှာပေါ့...ငါမှအဲတာကြီးမလုပ်ချင်တာကို...အေးပါ အခုလိုအမှာစကားပါးပေးလို့ ရှဲ့ရှဲ့...."
"မရှဲ့ရှဲ့နဲ့အုံး...ငါမေးမလို့.... နင်နဲ့ရိပေါ်နဲ့က ဟိုဟာဖြစ်သွားပြီဆို...."
YOU ARE READING
You're my destiny
Romance** အူတူတူပုံလေးနဲ့ အိမ်ပြေးလေး xiao zhanကို Yibo ချစ်မိသွားရာမှ yibo အတွက် မမြင်ရတဲ့ ကံကြမ္မာက ဘာဆက်ဖြစ်မလဲ ** **အူတူတူလေး xiao zhanကရော သူ့အပေါ်မှာ ခံစားချက်ရှိနေမှာလား ပြီးတော့ yibo ကိုရောချစ်မိသွားမှာလား**