Part 38

302 23 2
                                    

Unicode

5ရက်လောက်ကြာသည်ထိအောင် ရိပေါ်ပြန်မလာသေးတာကြောင့် ရှောင်ကျန့်တစ်ယောက် ရင်ထဲတွင်မက လူကပါဖင်ဂနာမငြိမ်တော့ပေ။

တစ်ရက်၊နှစ်ရက်လောက်နေရင်ပြန်လာမှာပါလေလို့ ပေါ့ပေါ့လေးတွေးလိုက်မိတာက အခုတော့ 5ရက်ကြီးများတောင်
အစအနရှာမတွေ့တာက လူကိုတော်တော်စိတ်မောစေသည်။

ရိပေါ်ကို သူဒီကြားထဲမှာလိုက်ရှာခဲ့ပေမယ့် အခုထိတောင် အရိပ်အယောင်မတွေ့ရသေး၊ တစ်ယောက်ထဲလိုက်ရှာနေတာကြောင့်လည်းဖြစ်နိုင်သည်။

ကျန်းချန်တို့ကို ရိပေါ်အကြောင်းဖွင့်မပြောပဲနဲ့ တစ်ယောက်ထဲလိုက်ရှာနေတာ မှားပြီလို့တောင်ရှောင်ကျန့်တွေးမိသည်။

စာမေးပွဲလည်း နီးတာကတစ်ကြောင်း၊ ရိပေါ်ကို ခဏပဲစိတ်ဖြေတဲ့အနေနဲ့ ထွက်သွားတာပါလို့ ယူဆမိတာကတစ်ကြောင်း ၊ အဲ့အကြောင်းကြောင်းတွေကြောင့် ကျန်းချန်တို့ကို သူရိပေါ်အကြောင်းအမှန်အတိုင်းမပြောပဲ သူ့အိမ်ကိစ္စရှိလို့ ခဏပြန်တာဘာညာနဲ့ လိမ်ပြောထားခဲ့သည်။

အခုတော့...အခုတော့ သားပျောက်တဲ့အမေကြီးလို ရှောင်ကျန့်တစ်ယောက်ပျာယာတွေခက်လို့.....

"ရှောင်ကျန့် ငါမင်းကိုကြည့်နေတာ၊ မင်းအခုတလော တော်တော်ဂနာမငြိမ်ဘူး...ပြောစမ်း မင်းဘာလုပ်ထားတုန်း...."

"ငါဘာမှမလုပ်ပါဘူး...."

"ဘာကို ဘာမှမလုပ်ရမှာလဲ၊ မင်းတစ်ခုခုလုပ်ထားလို့ အဲ့လို့ဂနာမငြိမ်ဖြစ်နေတာပေါ့၊ပြီးတော့ ငါစိတ်ထဲဘဝင်မကျတာကြာပြီ၊ မင်းနဲ့ရိပေါ်ဘာဖြစ်ထားတာလဲ..ရိပေါ်အိမ်ကိုတကယ်ပြန်တာမဟုတ်ဖူးမလား...."

"အဲ အဲတာက...."

"ရှောင်ကျန့်... မင်းငါတို့ကို သူငယ်ချင်းလို့ရောသတ်မှတ်သေးရဲ့လား...ရတယ်လေ...အယ့်လောက် လျှို့ဝှက်နေရင်လည်း..."

"မဟုတ်ဘူး ကျန်းချန်...မဟုတ်ဘူး...ငါမင်းတို့ကိုမပြောတာက မင်းတို့ကို စိတ်မပူစေချင်လို့၊ပြီးတော့ ငါကလည်း ရိပေါ်ကို အခုလိုပျောက်သွားလိမ့်မယ်လို့ထင်မှမထင်ထားတာ..."

You're my destinyDove le storie prendono vita. Scoprilo ora