Part 33

324 27 2
                                    

Unicode

ရှောင်ကျန့် စိတ်ပေါက်ပေါက်နဲ့ ကန်တင်းကနေ ထွက်လာခဲ့တာ တကယ့်တစ်ကယ် အလှမ်းဝေးလောက်သည့်နေရာရောက်တော့ သူဆက်မသွားနိုင်တော့ပေ

အဘယ်ကြောင့်ဆိုသော် ကျောင်းပေါက်ဝပင် ရောက်နေပြီဖြစ်သောကြောင့်ဖြစ်သည်....ရှေ့သာဆက်သွားလိုက်ပါက ကျောင်းပြေးလိုက်သလိုပင်......

သူကံကောင်း၍ ဆရာတစ်ယောက်နဲ့မှ မတိုးခဲ့ခြင်းသာ၊မသကာတွေ့များတွေ့ခဲ့မိပါက ခံရမယ့်အပြစ်ဒဏ်ကလည်း welcome .... welcome ဟုအသံထွက်မအော်ရုံတစ်မယ် အဆင်သင့်တော့ စောင့်လို့ကြိုနေမည်....

ယခုလိုမတွေ့တာကလည်းတစ်ခုကောင်းပြန်သည်၊ ဟိုကနေ စိတ်ညစ်လို့ ဒီ​ရောက်လာပါတယ်ဆို ဒီကနေပါ အပြစ်ဒဏ်ထပ်ထိရင် မိမိအဖြစ်က "ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ" အဖြစ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်သွားရင်း ကံဆိုးသူဖြစ်သွားပေမည်မဟုတ်ပါလား....ဒါပေမယ့် ထိုသို့မဟုတ်သေးပါ ၊ ကံကောင်းနေပါသေးသည်....

သို့ပေမယ့် သူလည်းအထဲပြန်ဝင်ချင်စိတ်မရှိတာကြောင့် ထိုကံကောင်းမှုလေးကိုသာ အခွင့်အရေးယူရင်း ကျောင်းလစ်ပြေးဖို့ ကြံလိုက်တော့သည်

ဟုတ်သည်လေ.... သူအတန်းပြန်တက်ပြန်ရင်လည်း စိတ်မပါမယ့်အတူတူ ကျောင်းပြေးလိုက်သည်ကပင် ဟုတ်တုတ်တုတ်...

ဒါ့အပြင် ရိပေါ်နဲ့ အကိုရိရှင်းကလည်း သူ့ကိုအရင်းခံပြီးပြဿနာဖြစ်ရတယ်ဆိုတာကို ကျောင်းတစ်ခုလုံးမဟုတ်တောင် တစ်ဝက်နီးပါးလောက်ကတော့ သိပြီးနေလောက်ပြီ....

ကန်တင်းမှာသူတို့အဖြစ်ကို မြင်ခဲ့တဲ့သူတွေကတော့ ဒီလိုဇာတ်လမ်းလေးမျိုးကို ပါးစပ်ဥပုလ်စောင့််ပြီး မြိုသိပ်နေမှာမျိုးတော့မဟုတ်....ယောင်းမရေ ခယ်မရေနဲ့ တစ်နည်းနည်းနဲ့တော့ ပြောကြမှာပဲ....

ဘယ်လောက်ပဲ ကောင်းသတင်း7ရက် မကောင်းသတင်း7ရက်လို့ပြောပြော ကျောင်းသတင်းဆိုတာမျိုးကတော့ ထိုသို့မဟုတ် ၊ ကျောင်းမပြီးမချင်း ဒါမှမဟုတ် သူတို့ကိုယ့်ကိုမေ့မသွားမချင်း တတွတ်တွတ်နဲ့ တွတ်ထိုးနေကြအုံးမည့် အနေအထားမျိုးပင်ဖြစ်သည်.....

You're my destinyWhere stories live. Discover now