Part 10

1.4K 88 0
                                    

Unicode

"ငါဆက်ပြောမယ်၊ဖြတ်မပြောနဲ့ ၊ သေချာနားထောင်"

"အေးပါ...ဖြတ်မပြောတော့ပါဘူး...ဆက်ပြော...ဆက်ပြော... "

" ခုနကပြောခဲ့သလိုပဲ  ငါ့အဖေက companyတစ်ခုမှာအလုပ်လုပ်တယ်၊ ငါ့ကိုလည်း အဲ့အလုပ်ကြီးပဲ လုပ်စေချင်တာလေ၊ ငါကလည်း အဲ့အလုပ်ကို လံုးဝကိုစိတ်မဝင်စားဘူး

အဲ့တာကို အဲ့companyအလုပ်ချည်းပဲ အတင်းလုပ်ခိုင်းနေလို့ ငါတမင်သက်သက်ဒီကိုထွက်လာတာ....

တကယ်ဆိုရင် သူတို့ကငါ့ကို နိုင်ငံခြားကိုပို့ချင်တာ ၊ ငါကအရွှဲ့တိုက်ပြီးဒီကိုထွက်လာလိုက်တာ၊အဲ့လောက်ဆိုရပြီလား..."

"yibo!...မင်းနဲ့ငါ အဲ့တာတော့ တော်တော်တူသွားပြီ၊ငါ့အ​ေဖလည်းအိုက်တိုင်းပဲ.......

ငါ့ကိုလည်း အဲ့companyအလုပ်ကြီးပဲ လာလုပ်ခိုင်းနေလို့ ငါလည်း ဒီကိုထွက်လာတာ

အမှန်အတိုင်းပြောရရင် ငါအိမ်ပေါ်ကနေ ဆင်းလာတာ...ပြီးတော့ရွဲ့ပြီးဒီကိုထွက်လာလိုက်တာ....."

"ဟုတ်တယ် xiao zhan....ဟုတ်တယ်...ငါလည်းအဲ့အတိုင်းပဲ.. ရိုးရိုးတန်းတန်းထွက်လာတာမဟုတ်ဘူး..တစ်ခါတည်း အထုပ်ဆွဲလာတာ.... "

"မှန်တာပေါ့ yiboရာ...မှန်တာပေါ့...မင်းနဲ့ငါ တူချက်.."

အတိုင်အဖောက်အတော်လေးကို ညီနေတဲ့ နှစ်ယောက်သားကိုကြည့်ပြီး ကျန်းချန်နဲ့ယွီပင်းကတော့ မျက်စောင်းတခဲခဲ

***အမလေး..သူ့ဟာလေးနဲ့ကျတော့ ပြုံးလို့...တတူတူထဲနဲ့တောင်နေသေး...ငါတို့များဖြတ်ပြောမိလို့ကတော့....ဟင်းးး..ဟင်းးး..yibo!!...yibo!!...မင်းဟာကြီးကသိပ်မသိသာရှာဘူးနော်...သိပ်မသိတာရှာဘူး...***

မေတ္တာပို့နည်းပေါင်းမျိုးစုံနဲ့ စိတ်ထဲကနေ yiboနဲ့ xiao zhanကို မေတ္တာပို့ပေးနေပါသော သူငယ်ချင်းကောင်းကြီးနှစ်ယောက်ပါ

"yibo!!..မင်းနေတဲ့မြို့နာမည်လည်း ပြောကြည့်လေ...ခုနကမင်းမပြောရသေးဘူး..အာ့တာလေးလည်း ပြောကြည့်ပါလား...တူရင်တူနေနိုင်တယ်..."

"အေးဟုတ်တယ်နော့်.. တူရင်တူနိုင်တယ်... ငါနေတဲ့မြို့က Chongqing...."

You're my destinyWhere stories live. Discover now