Part 26

722 41 1
                                    

Unicode

"ဇီယီ နင်ဟိုရောက်ရင် မာမားတို့ကို ​ပြောလိုက်အုံး၊ငါအဆင်ပြေတယ်လို့..."

"မပြောတော့ ဘာဖြစ်လို့တုန်း..... "

"......"

"ငါမပြောလဲ နင်အဆင်ပြေတာ သူတို့သိပါတယ်၊ နင်အဆင်ပြေနေလို့ မုန့်ဖိုးလှမ်းမတောင်းတာမလား...."

"ဟာ!!. ..ငါ့ဘာသာငါ ရပ်တည်ပြမယ်ဆိုပြီး ပြောခဲ့တာလေ.... အခုမှသွား မုန့်ဖိုးတောင်းရင် ငါ့ပါးရိုက်လွှတ်မှာပေါ့...."

"ရှောင်ကျန့်!!. .ရှောင်ကျန့်!!. ..နင်ကတော့လေ ကဲပါ နင်ကျောင်းပြီးရင်ဘာလုပ်မှာလဲ...."

"ငါလား...အင်း....ငါဘာလုပ်မှာလဲဆိုတော့ကား ပန်းချီဆရာလုပ်မှာ...ပြီးတော့ ငါကင်မရာမန်းလည်း ​လုပ်မယ်...."

"......"

"ဘာလဲ နင့်ကြည့်ပုံက ဘာသဘောလဲ....ငါဖြစ်ချင်တာတွေက နင်တို့အတွက်နိမ့်နေလို့လား....."

"ငါအဲ့လိုမတွေးပါဘူး ကျန့်ကျန့်ရယ်....ဟင်းး...နင်တကယ်ကို အရွယ်ရောက်လာပြီပဲ...... "

"ဟာ!!. ..ဖယ်စမ်းပါ....ငါကလေးမှမဟုတ်တာကို...."

"ကျန့်ကျန့် နင်လုပ်ချင်တာ နင်ဖြစ်ချင်တာကို ဖြစ်အောင်လုပ် ငါမတားဘူး၊ ပြီးတော့ အိမ်ကိုလည်း ပြန်ငဲ့အုံး၊ အိမ်ကလူတွေကိုလည်း ပစ်မထားနဲ့ အန်တီတို့ နင့်ကို စိတ်ပူနေတုန်းပဲ....."

"အင်းပါ ငါသိပါတယ်....ဒီနှစ်ကျောင်းပြီးရင် ငါပြန်မှာပါ....ပြီးရင်တော့ ငါလုပ်ချင်တာ ဆက်လုပ်မှာနော်...အဲကျမှ လာမတားနဲ့.... "

"အခုပြန်လည်း ရတာပဲကို...."

"ပြန်ပါဘူး....ကိုယ်မလုပ်ချင်တာကို အတင်လုပ်ခိုင်းနေကျတဲ့ဟာတေ မှတ်သွားအောင်လို့ ကျောင်းပြီးမှ သွားမှာ....
ငါလေ အဲ့ Company အလုပ်ကြီးကို တကယ်ကို စိတ်မဝင်စားတာပါဟာ"

"ငါသိပါတယ်...ငါဉီးလေးတို့ကို ပြောထားတယ် နင်စိတ်ချမ်းသာရာလုပ်ပလေ့စေလို့....."

"နင့်ပြောပုံကြီးကလည်းဟာ အရူးစိတ်ချမ်းသာ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းတယ်ဆိုသလိုကြီး....."

You're my destinyWhere stories live. Discover now