Unicode
**ငါ့ဘဝကြီး ဒီလိုပဲ အဆုံးသတ်ရတော့မှာလား**
** သောက်ကျိုးနည်းဉီးနှောက်သေရေးရှင်ရေးနဲ့ကြုံေနတာတောင် အကောင်းကိုမတွေးဘူး**
**မဖြစ်ဘူး မဖြစ်ဘူး လွတ်အောင်ပြေးရမယ် ပြေး...ပြေး.. **
"အား..."
Xiao zhan အိပ်မက်ထဲမှာ ကောင်းကျိုးမပေးတဲ့အတွေးတွေကြောင့် လန့်ဖျက်နိုးလာခြင်းပင်
အိပ်မက်ထဲမှာ ကြောက်မက်ဖွယ်ရာ စိတ္တဇအရူးကောင်တစ်ယောက်က သူ့ကိုဆိုင်ကယ်နဲ့ လိုက်တိုက်နေသတဲ့
"ဟာ!!!ငါကွာ မက်လိုက်ရင် ဘာတွေမှန်းကိုမသိဘူး "
xiao zhan စိတ်တောင်ပျက်တယ်
အိပ်မက်ထဲက ဒင်းကြီးကြောင့်ပေါ့ (ဒင်းလေးကြောင့်လို့ မပြောဘူး)
ဘယ့်နဲ့ အသက်ကဖြင့် ဖင်စောင့်နေပြီ ကလေးကလားနဲ့ လက်စားချေတာကို သူ့ဆိုင်ကယ်ကြီးနဲ့ လိုက်တိုက်သတဲ့အိပ်မက်ထဲပါရလောက်အောင်ထိ စိတ်ဆွဲသွားတာကလည်း မှော်ဆန်ချက်၊ ရိုးရိုးတန်းတန်း ဒင်းမျက်ခွပ်ကြီးပဲစွဲတာမဟုတ်ဘဲနဲ့ သူ့ရဲ့ ဖွားဖက်တော် သေဖော်သေဖက် ဆိုင်ကယ်ကြီးတောင် ပါလာတာ ၊ ဒါတော်ရုံနည်းတဲ့ စကေးတော့မဟုတ်
တော်တော့တော်ပါသေးတယ် အိပ်မက်ဖြစ်နေလို့..... တကယ်သာဆို အမလေး ငါလေးရဲ့ အဖြစ်က မတွေးရဲစရာပဲ
ငါကိုက လျှာရှည်တာ သူများပြဿနာဝင်
ပါတော့ ကိုယ်ကျိုုးနည်းပြီလေ ၊ သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်တဲ့ ဘာအကျိုးမှတောင်မရလိုက်တဲ့အဖြစ် ၊ အရေးထဲအိပ်မက်ထဲထိတောင် ဆိုင်ကယ်လိုက်တိုက်တာခံနေရတယ်အေးလေ ဆိုင်ကယ်ရူးကိုမှ သွားစမိတာကို
ဒင်းကြီးအကြောင်းတွေးနေရတာနဲ့ကို အခုပြန်ကောအိပ်ရပါ့အုံးမလားမသိဘူး ၊ ကောင်စုတ်ကြီး
နာရီကိုတစ်ချက်ကြည့်လိုက်တော့ မနက် 3နာရီ ။တော်ပြီ ။ဒင်းအကြောင်းဆက်တွေးမယ့်အစား ဆက်တွေးနေမယ့်အစားပြန်အိပ်တာပဲကောင်းတယ်
YOU ARE READING
You're my destiny
Romance** အူတူတူပုံလေးနဲ့ အိမ်ပြေးလေး xiao zhanကို Yibo ချစ်မိသွားရာမှ yibo အတွက် မမြင်ရတဲ့ ကံကြမ္မာက ဘာဆက်ဖြစ်မလဲ ** **အူတူတူလေး xiao zhanကရော သူ့အပေါ်မှာ ခံစားချက်ရှိနေမှာလား ပြီးတော့ yibo ကိုရောချစ်မိသွားမှာလား**