Part 34

348 26 2
                                    

"ကျွန်တော်စိတ်မဆိုးတော့ပါဘူး....ဒါပေမယ့်...."

"ဒါပေမယ့် ဘာဖြစ်လဲရှောင်ကျန့်...ဆက်ပြောလေ...."

"ဟိုမှာပြောဖို့အချိန်ယူနေတယ်လေ မမြင်ဘူးလား...."

"ကျစ်...အင်းးး!!. .."

" အခုလိုမျိုးကြီးတွေ ထပ်မမြင်ပါရစေနဲ့လား...ကျွန်တော့်ကြောင့်နဲ့ အကိုနဲ့ ရိပေါ် တစ်ယောက်ကိုတစ်ယောက်အမြင်မကြည်ဖြစ်နေတာတွေ မရှိစေချင်ဘူး..."

"အယ် အဲတာက...."

"မအယ်ပါနဲ့ ကျွန်တော်တကယ်ပြောတာပါ...ပြီးတော့ အကို...အကို့ကိုကျွန်တော်တကယ်တောင်းပန်ပါတယ်....ဒါပေမယ့်အကို ကျွန်တော့်မှာလည်း ရွေးချယ်ခွင့်ရှိတယ်မလား...."

"ရှောင်ကျန့်..."

"ကျွန်တော်အကို့ကို တကယ်အားနာမိပေမယ့် ကျွန်တော်တကယ်ချစ်တဲ့သူက ရိပေါ်လေ....ကျွန်တော်..ကျွန်တော်..."
"အကိုနားလည်ပါတယ်..."

"အကိုရိရှင်း..."

"အကိုနားလည်ပါတယ်ရှောင်ကျန့်...အကိုနားလည်တယ်...မင်းအကို့ကိုအားနာနေစရာမလိုပါဘူး... ရပါတယ်...မင်းသူ့ကိုချစ်တယ်မလား...."

ရှောင်ကျန့် ရိရှင်းရဲ့အမေးကိုခေါင်း
လေးငြိမ့်ရင်းပြန်​ဖြေလိုက်သည်

"အင်း.."

"အကို လက်ခံပါတယ်....ပြီးတော့အကိုတောင်းပန်ပါတယ်..."

"ဘာ...ဘာလို့လဲ..... "

"အကိုအစကတည်းက သိခဲ့တယ်ဆိုရင်ကော...."

"ဘာ...ဘာကိုလဲအကို...."

"အစကတည်းက မဖြစ်နိုင်မှန်းသိလျှက်နဲ့ကို အကိုရှေ့ဆက်တိုးခဲ့မိတယ်..
အခုတော့ မင်းကိုစိတ်ရှုပ်စေမိပြီ...အမှန်အတိုင်းပြောရရင် အကိုအစကတည်းက ရိပ်မိပါတယ်....အကို့ထက်စာရင် ရိပေါ်ကပိုသာနေတယ်လေ...ဟင်းး ....

အေးလေ အဲ့တုန်းတည်းကိုက အကိုကအပြင်လူသာသာပဲလို့တွေးပေမယ့် ဘယ်သူသိနိုင်မှာလဲ ရှေ့မှာပြောင်းလဲသွားရင်ပြောင်းလဲသွားမှာပဲလို့ အကိုတွေးခဲ့တာ....ရိပေါ်က ဘယ်လောက်ပဲ ရှောင်ကျန့်နဲ့အနေနီးနေပါစေ ရှောင်ကျန့်သူ့ကိုပဲစိတ်ဝင်စားမယ်လို့ မဆိုလိုနိုင်ဘူးလေ....ဒါပေမယ့်လေ အကိုကြည့်နေခဲ့တာ ရှောင်ကျန့်ကလေ သူ့ကိုဆိုသိပ်အလျော့ပေးလွန်းတယ်.... အမြဲပဲ...

You're my destinyWhere stories live. Discover now