Part 39

337 27 1
                                    

Unicode

"အားယား... စာမေးပွဲကဖြေရတော့မှာပဲ...ငါရတယ် ငါရတယ် ငါစာတွေသေအောင်ရတယ်....."

😽😽ငါစာတွေကြိုးစားနေပြီမို့😽😽...

"ရှောင်ကျန့်ရေ!ရှောင်ကျန့်!ဘာလုပ်နေတာလဲ ပြီးပြီမလား...သွားမယ်လေကွာ..."

"လာပြီ လာပြီ...မုလေးပါတုန်း သီချင်းလေးဆိုပါတယ်ဆို  ဇွတ်တွေကြီးပဲ...."

သူ့ခမျာစာကြိုးစားထားရတာလေးကို သီချင်းလေးလုပ်ပြီး အားတက်အောင် ဆိုကာရှိသေး အခန်းဝရှေ့ကနေ အော်ကာခေါ်နေသည့် ကျန်းချန်နဲ့ယွီပင်း ကြောင့် ဆိုနေတာတောင် နင်သွားရသည်။

"ဟော အခုမှပဲထွက်လာတော့တယ်ကိုယ်တော်...ကိုယ်တော့်ကို ကျွန်တော်မျိုးတို့မျှော်နေရသည်မှာလည်း လည်ပင်းကြီးလည်း ရှည်လှပြီလို့ သိရဲ့လား...."

"အဲတာထက် မင်းကောင် ဟိုကောင်ငပေါ်ခုထိထွက်​တော်မူမလာသေးဘူး ၊ သွားခေါ်တော်မူလိုက်အုံး...."

"မင်းတို့ကလည်းကွာ ခဏလေးစောင့်ရတာကို ဖြစ်ပျက်နေတယ်...."

"မင်းမေကြီးကို မဖြစ်လို့ရမလား၊ စာမေးပွဲက ခဏနေဆိုဖြေရတော့မှာလေ မင်းတို့လုပ်နေပုံနဲ့ဆို ကျောင်းတံခါးနဲ့ပဲ ညားလိမ့်မယ်...စဥ်းစဥ်းစားစားလဲလုပ်အုံး..."

"အေးပါ ခုခေါ်နေပါပြီ......"

"ရိပေါ်!...ရိပေါ်!...."

"လာပြီလာပြီ....ဆောရီး ငါဒီနေ့အိပ်ယာထနည်းနည်းနောက်ကျသွားလို့...."

ဟုတ်တော့ဟုတ်နေပြီဒီအတွဲနဲ့တော့...ဒီနေ့မှဘယ်လိုများဖြစ်နေကြတုန်းမသိဘူး၊ဟိုတစ်ယောက်ကတစ်မျိုး၊ ဒီတစ်ယောက်ကတစ်မျိုးနဲ့ တိုင်များတိုင်ပင်ထားကြလားမသိဘူး....

"အခုနိုးပြီးစာမေးပွဲသွားဖြေတာကိုပဲ ကျေးဇူးတင်ပါတယ်...အိပ်ချင်သေးရင် ပြန်ရောက်ရင်အိပ်လို့ရတယ်နော်...."

"ကဲ ဇာတ်လိုက်ပြီးပြီဆိုတော့ ငါတို့လည်း သွားရအောင်...ဆိုင်မှာမနက်စာလည်းဝင်စားရအုံးမှာ...."

"အင်းအင်း သွာစို့လေ...."

အခုဆိုရင်ဖြင့် ရှောင်ကျန့်တို့အတွက် third year နောက်ဆုံးစာမေးပွဲကြီးက ရောက်ရှိလို့လာလေပြီ၊ရိပေါ်သည်လည်း အလားတူပင်။

You're my destinyWhere stories live. Discover now