part 30

506 31 1
                                    

"​ရှောင်ကျန့် ရော့...... "

"အယ် ရိပေါ် မင်းမစားဘူးလား...."

"ငါလား စားတယ်လေ...."

"မဟုတ်ဖူးလေ ငါပြောတာက...."

"အော် ရှောင်ကျန့်ရယ် မင်းစကားများလိုက်တာ မင်းဥကြိုက်တယ်မလား...."

"ဟမ်!!. "

"ငုံးဥပြောတာ ငုံးဥ.... ငုံးဥ...ကြိုက်တယ်မလား..."

"ကြိုက်တယ်လေ..... ဒါပေမယ့်....."

"အားယား ရှောင်ကျန့်ရာ မင်းအရမ်းမေးတာပဲ ငါကမင်းကိုစားစေချင်လို့ ခွံ့ကျွေးနေတာလေ.... "

"ဒါပေမယ့်..."

"ဒါပေမယ့်မနေနဲ့ ရော့ အာ....."

ရိပေါ်တစ်ယောက် ပါးစပ်ကြီးဟပြီး ကလေးထမင်းကျွေးသလို တအာအာနဲ့သံရှည်ကြီးဆွဲလို့ ရှောင်ကျန့်ကို ငုံးဥခွံလေတယ်......

"ကောင်းလား...."

"အင်း.....အယ် ရော့ မင်းလည်းစား...အာ....."

"ကောင်းလား...."

"အင်း...."

အချစ်ငှက်နှစ်ကောင်ကတော့ တစ်ယောက်တစ်လှည့် ဥခွံကျွေးရင်းကြည်နူးကာတစ်တီတူးနေပေမယ့်လို့ ရှေ့တည့်တည့်ကထိုင်စားနေတဲ့ ကျန်းချန်နဲ့ယွီပင်းဆိုတဲ့ လူသားလေးနှစ်ယောက်မှာတော့ အတော်လေးကိုသောက်မြင်ကတ်နေပြီဖြစ်လေသည်...

ကားဂိတ်မှာတုန်းကတော့ တစ်ယောက်ကိုတစ်ယောက်ရှက်ပြုံးကြီးကိုယ်စီနဲ့ မျက်နှာချင်းဆိုင်ရမှာကိုတောင် ရှက်သလိုလို၊ ခုများကျတော့လည်း တစ်ယောက်တစ်လှည့်ဥခွံကျွေးနေလိုက်ကျတာ နှစ်ယောက်ထဲကမ္ဘာများ တည်နေတယ်ထင်နေကြလားမသိပါဘူး....

အစကတော့ ရိပေါ်ကရှောင်ကျန့်ကိုငုံးဥခွံတော့ ကျန်းချန်တို့က ငြင်းမယ်လို့ထင်လိုက်တာ ဟ်ိုကမငြင်းတဲ့အပြင်ပြုံးပြုံးကြီးနဲ့တောင် ခွံတာကိုစားလိုက်သေးတယ်

မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ စိတ်ထဲမရိုးမယွဖြစ်နေပါတယ်ဆို ငကျန့်လုပ်ပုံကြောင့် ကျန်းချန်ရောယွီပင်းပါ လဲတောင်သေချင်တယ်....သူ့အကောင်ကိုပြန်ခွံ့သတဲ့....

You're my destinyWhere stories live. Discover now