Part 17

1.1K 67 1
                                    

Unicode

"xiaozhan မင်းအဆင်မပြေရင်လည်း...."

***အဆင်မပြေရင်လည်းလို့ မေးနေရအောင် မပြေဘူးပြောရင်ရော ပြန်သွားလို့မှမရတော့ဘဲ ၊ အဆောင်တောင်ပြန်ရောက်လို့ သူ့အခန်းထဲတောင် ရောက်နေပြီဟာကို....ဟိုဟာတွေလည်း ခွင့်တိုင်ပြီးနေလောက်ပြီ.....အင်းးးး....***

"ရပါတယ်...ငါပြေပါတယ်...သိပ်လည်း စာလုပ်စရာမှမရှိတာ..... ဟီး....ဟိုရောက်ရင်လည်း ငါခိုးအိပ်နေတာက များတယ်...ရှူးတိုးတိုး ပြန်မပြောနဲ့နော်....."

ပြောင်စပ်စပ်ရုပ်လေးနဲ့ ကျောင်းမှာသူခိုးအိပ်တာကို ရင်ဖွင့်နေသူယုန်ပေါက်.....
အူယားစရာကောင်းထားတာဆိုတာ....

လုပ်လိုက်သေးတယ်....ရှူး...တိုးတိုးဆိုပဲ...ငါကိုအသည်းယားအောင်လာလုပ်နေတာ....

အိမ်း  ...ငါနော်.....နှစ်ယောက်ထဲရှိနေတဲ့အချိန်မှာ အူယားစရာကောင်းအောင် လုပ်ပြနေတဲ့ ယုန်ပေါက်ကို ဖက်နမ်းပစ်ချင်စိတ်မှတစ်ပါး ကျန်တာအားလုံး ဖြူဖြူစင်စင်လေးပါ......

နှစ်ယောက်သားစကားပြောရတာ အင်တင်တင်နေမှာစိုးလို့ ကျွန်တော့်မှာသာ ပြောင်စပ်စပ်နဲ့ ကျောင်းမှာခိုးအိပ်တဲ့ အကြောင်းပါထည့်ပြောလိုက်ရတာ....အဆင်တော့ပြေသွားပါရဲ့....ဒါပေမယ့်

***အမေရေ....ကုန်ပါပြီဗျာ....ရှိစုမဲ့စုသိက္ခာလေးတွေတော့......***

"Yibo....မင်းလှဲရင်လှဲနေလိုက်လေ...ငါမင်းအတွက် နေ့လည်စာ သွားလုပ်လိုက်မယ်.......ဒါနဲ့... မင်းဘာစားချင်လဲ...."

"အင်...ငါ...ငါခေါက်ဆဲွဲပြုတ်ပဲ စားတော့မယ်....အင်း..အဲ့တာလေးပဲ...."

"ငါလုပ်လိုက်မယ်.....အသီးအရွက်တွေကော..... "

"မင်းလိုတာတွေ ရေခဲသေတ္တာထဲမှာအကုန်ရှိတယ်....အသီးအရွက်တွေကောပဲ....."

"အင်းးး....နားနေလိုက်....ငါသွားပြုတ်လိုက်အုံးမယ်....."

"အင်းးး"

အမှန်အတိုင်းပြောရရင် ဒီနေ့ဟာကျွန်တော့ဘဝမှာ အပျော်ဆုံးနေ့တစ်နေ့ပဲလို့ ပြောရင် ယုံနိုင်ပါ့မလားတောင်မသိဘူး

ကျွန်တော့်အတွက်နဲ့ ကိုယ့်အချိန်တွေကိုဖဲ့သုံးပေးဖူးတာ xiao zhanကပထမဆုံးပဲ
ကျွန်တော့်မျှော်လင့်တောင့်တခဲ့တဲ့ ဂရုစိုက်မှုက အခုအချိန်မှာတော့ ကျွန်​တော်ချစ်တဲ့သူ့ တစ်ယောက်ဆီမှာ အသက်ဝင်သွားပုံပဲ....

You're my destinyWhere stories live. Discover now