Part 44

647 22 8
                                    

Unicode

"ကျစ်! မလာသေးဘူးလားမသိဘူးကွာ..."

နာမည်ကြီးစားသောက်ဆိုင်တစ်ခုရဲ့ ငါးထပ်မြောက်ပြတင်းပေါက်နားမှာထိုင်နေတဲ့ ကောင်လေးတစ်ယောက်ကတော့ လက်ကနာရီလေးတကြည့်ကြည့်နဲ့ လည်ပင်းလေးဆန့်ကာတစ်စုံတစ်ယောက်ယောက်ကို မျှော်နေရှာလေသည်။

ဆိုင်ထဲကိုသူရောက်နေတာ 15မိနစ်လောက်ရှိနေပြီဖြစ်ပေမယ့် သူမျှော်နေတဲ့သူကတော့ အခုထိပေါ်မလာသေးပေ။

"အယ့်လိုမှန်းသိ ငါစောပြီးမလာပါဘူး....အဲ့ရိပေါ်စုတ်!လာမှသေအောင်သတ်အုံးမယ်...."

ဟုတ်ပါတယ်...ဆိုင်ထဲကြိုရောက်နေတဲ့သူကတော့ မောင်စိတ်တိုလေးရှောင်ကျန့်ပဲဖြစ်ပါတယ်။.....

ရိပေါ်နဲ့သူချိန်းထာတဲ့ဆိုင်လေးကနာမည်ကြီးစားသောက်ဆိုင်ဖြစ်တာနဲ့အညီ လူအရမ်းကျတတ်တာကြောင့် ရှောင်ကျန့်တစ်ယောက် တမင်ကြိုလာထားခြင်းပင်...

ဘွတ်ကင်လုပ်ထားပေမယ့်လည်း သူကိုကစောလာချင်တာလည်း ပါသည်။တအားတွေ့ချင်နေလို့မဟုတ်ပါဘူးနော် ဗိုက်ဆာနေလို့ ကြိုလာတာ...

ဒါ့ကြောင့်အရင်လာလိုက်တ.....ခုတော့....သစ်ကုလားအုတ်ဘဝပြောင်းမယ်လို့ သူလည်း ဘယ်ထင်ထားပါ့မလဲ...

စိတ်ပျက်နေလို့လည်းမထူးတာကြောင့် မှာထားတဲ့စားစရာတွေသာအရင်တွယ်ဖို့သာဆုံး​ဖြတ်လိုက်တော့သည်။

အယ့်လောက်နောက်ကျနေမှတော့ ငတ်ပေါ့!!!!...

အပီအပြင်တွယ်တော့မယ်လို့ကျိန်းနေတုန်းမှာပဲ ကံကောင်းသူရိပေါ်တစ်ယောက်အချိန်မှီစွာရောက်လာပါတော့သည်။

"ရှောင်ကျန့်..."

ပါးစပ်ထဲဝင်တော့မယ့်ချိစ့်ကိတ်လေးက ခေါ်သံကြောင့်လန့်ပြီး လက်ချော်ကာဘေးကျသွားလေရဲ့...

***ငါငိုးးး***

ပါးစပ်ထဲကလွှတ်ထွက်သွားတဲ့ချိစ့်ကိတ်​လေးကိုကြည့်ရင်း ရင်နာနာနဲ့ရန်ထောင်မလို့တွေးပြီးမော့ကြည့်တော့ သူမြင်လိုက်ရတာ....

သောက်ရမ်းချောလွန်းတဲ့သူတစ်ယောက်။ဟုတ်တယ် သောက်ရမ်းချောလွန်းတယ်!!

You've reached the end of published parts.

⏰ Last updated: Jun 17, 2022 ⏰

Add this story to your Library to get notified about new parts!

You're my destinyWhere stories live. Discover now