Part 40

336 21 0
                                    

Unicode

"ရိပေါ်...ငါသွားတော့မယ်နော်...ဟိုရောက်ရင်ဖုန်းဆက်လိုက်မယ်...."

"အင်း...ဂရုစိုက်...ညတိုင်းဖုန်းခေါ်မယ်နော်...."

"အင်းအင်းးး...."

"ဟေ့ရောင်တွေ ငါသွားပြီ...."

"တော်သေးတာပေါ့ နှုတ်ဆက်ဖို့သတိရသေးလို့...."

"စိတ်မဆိုးပါနဲ့ကွာ....ဟဲဟဲ....သွားပြီ!!...."

လက်ပြနှုတ်ဆက်ရင်း ကားပေါ်တက်သွားသည့်ရှောင်ကျန့်ကို ကျန်းချန်တို့လက်ပြနှုတ်ပြနေစဥ်မှာပဲ ကားလေးဟာ စတင်ထွက်ခွာသွားတော့သည်။

"အင်းးး ကျန်းချန် ငါတို့လည်း နေ့လည်ဆိုပြန်ရတော့မယ်နော့....ရိပေါ်...မင်းတကယ်ပဲမပြန်ဖူးလား...."

"ပြန်မှာလေ...."

"ဘာ!!..."

"မင်းပြောတော့မပြန်ဘူးဆို!!!"

"အင်းလေ.... ငါလည်း အိမ်ကိုမပြန်ပါဘူး...."

"အာ့ဆိုဘာလို့ပြန်မယ်ပြောနေသေးလဲ....ဘာလဲ တစ်နေရာရာသွားမလို့လား...."

"ငါ့အိမ်ငါပြန်မှာ...."

စိတ်လှုပ်ရှားစွာနဲ့ ရိပေါ်ကိုအ​ဖြေကိုစောင့်နေကြတဲ့ ကျန်းချန်နဲ့ယွီပင်းက ရိပေါ်ဒီလိုကြီးပြန်ဖြေမယ်လို့ မထင်ခဲ့ရိုးအမှန်ပါ။

"ပြီးတော့ ခဏနေထွက်မယ့်ကားက ငါလိုက်ရမယ့်ဟာ...."

"ရိပေါ်! လာနောက်နေတာလား...."

ရုပ်တည်ကြီးနဲ့ခေါင်းရမ်းပြနေတာကြောင့် နောက်နေတာမဟုတ်တာတော့သေချာသည်။

"ခဏနေကားထွက်မှာဆို မင်းအထုတ်တွေကကော ဘယ်မှာလဲ...."

"ဟိုမှာလေ...."

ရိပေါ်ထိုးပြတဲ့ကြည့်လိုက်တော့ တကယ်ကိုခရီးဆောင်အိတ်တစ်လုံးတွေ့လိုက်ရသည်....

***WTF! သူဘယ်တုန်းက ယူလာတာတုန်း!!...***

"ရိပေါ် မင်းဘယ်တုန်းကယူလာတာတုန်း...ခုနက အလာတုန်းကလည်း မင်းဘာမှမသယ်လာဘူးနော်..."

"Taxiကြိုခေါ်ပြီး ပို့ခိုင်းထားတာ...ပြီးတော့ စောင့်ခိုင်းထားလိုက်တယ်...အဲ့လူခုနလေးကမှပြန်သွားတာ...."

You're my destinyWhere stories live. Discover now