Part 41

283 18 1
                                    

Unicode

ခုနှစ်ရက် တစ်ပတ်ဆိုတဲ့အတိုင်းအတာဟာ လွယ်လွယ်ကူကူပဲ ကုန်ဆုံးသွားပြီးတဲ့အခါမှာတော့ ဟောက်ရွှမ်းသွားချင်တဲ့ ပန်းချီပြပွဲရက်လေး ရောက်ရှိလို့လာပါတော့သည်။

"ဟေ့ရောင် ကြည့်စမ်း...ငါမိုက်တယ်မလား..."

ကိုယ်လုံးပေါ်မှန်ရှေ့မှာကိုယ့်ပုံကိုကိုကြည့်ရင်း ဟောက်ရွှမ်းအားရဝမ်းသာပြောလိုက်သည်။

ဖြူဖွေးနေတဲ့အသားရည်ပေါ်မှာ အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားပုံက အလွန်စမတ်ကျသည်ထက်ပင်ပိုနေသည်။ကိုယ်ခန္ဓာအချိုးအစားအရပ်အမောင်းနဲ့ကောဆိုပြောစရာပင်မရှိချေ။ သို့သော်ဂုဏ်ဆာနေသည့်ဟောက်ရွှမ်းကို ရိပေါ်ပေါ့ပေါ့လေးပဲပြန်ပြောလိုက်သည်။

"မိုက်ပါတယ်...ဒါပေမယ့် ငါကပိုမိုက်တယ်..."

ရိပေါ်အပြောကြောင့် ဂုဏ်ဆာနေတဲ့ဟောက်ရွှမ်းလေးမှာမဲ့သွားရသည်။
ကို့ကိုမိုက်လားမေးပါတယ်ဆိုမှ သူ့ကိုယ်ကိုသူပိုမိုက်ကြောင်းပြောသွားတဲ့သကောင့်သားကို ဆောင့်စပ်ဆွဲပစ်ချင်စိတ်ကတဖွားဖွား။

လုပ်ချင်ပေမယ့်လည်း သူပြောတာကလည်းဟုတ်နေသည်လေ၊ ကိုယ်လည်းမိုက်ပေမယ့်လို့သူက ကို့ထက်တောင် စောက်ရမ်းချောနေသေးသည်မလား။ ဒါကြောင့်မဲ့သာမဲ့နေလိုက်သည်။

ဟိုဂရုမစိုက်တဲ့ဘသားမောင်ကတော့မဲ့ရွဲ့ပြီး မှန်ရှေ့ရပ်နေတဲ့ဟောက်ရွှမ်းကိုတွန်းထုတ်ကာ သူကမှန်ရှေ့ဝင်ရပ်ရင်း မှန်ထဲကကိုယ့်ပုံကိုကြည့်ကာ ဂုဏ်ဆာနေတဲ့အပြုံးကြီးပြုံးလို့ မျက်လုံးတောင်မှိတ်ပြလိုက်သေး။...

နောက်ဆုံးမှာတော့ မနေနိုင်တော့တဲ့ဟောက်ရွမ်းလေးကဘေးကဂျယ်ဘူးနဲ့လှမ်းပေါက်လိုက်တော့သည်။ကံဆိုးစွာပဲ ဟိုကအရှောင်ကျွမ်းတော့ ထိမသွားပေ။

"မထိပဲနဲ့ ပစ်နေသေးတယ်၊ ငါ့ဘူးကွဲလို့ကတော့ မင်းအသေပဲ..."

"မင်းပဲသေလိုက်....အခွပ်လာပြောင်လို့ခံရတာလေ၊ သွားခါနီးလာခါနီး ကျက်သရေတုံးအောင်... ဖယ်! ရှေ့က..."

ဘောက်ဆက်ဆက်နဲ့ထွက်သွားတဲ့ဟောက်ရွမ်းကိုကြည့်ရင်း ရိပေါ်မရယ်မိအောင်ထိန်းနေရသည်။အခုတင်သူ့ထက်မိုက်တယ်လို့ပြောလို့ဒေါကန်နေပါတယ်ဆိုထပ်ရယ်မိလို့ကတော့ ဂျယ်ဘူးနဲ့မဟုတ်ပဲ ဓားနဲ့အပေါက်ခံရနိုင်သည်။

You're my destinyWhere stories live. Discover now