Arc 2 အပိုင်း {၂၇} (U)

7K 1.5K 234
                                    

[ကျိုးထုံက ရွံစရာကြီး။]

[ငါရဲ့ယွဲ့ရှုံ့မင်ကို ကိုက်ပစ်တယ်။ သေ
လိုက်စမ်းဟယ်။]

[ဒီအခြေအနေမျိုးမှာတောင် ယွဲ့ရှုံ့မင်ကို
ရအောင် ဆွဲချသွားသေးတယ်။]

[ရှဲ့ချီရဲ့ သွားချေမှုန့်ကတော့ သွားပြီထင်
ပါတယ်။]

[ငါ တိုးတိုးလေးပြောပြမယ်။ ရှောင်ကော
ကော ပြန်ပေးဆွဲလာတာ ဖုတ်နှစ်ကောင်
မလား...?]

[ဟုတ်တယ်။ ရွှမ်ချန်ကို ကယ်ဖို့က ဖုတ်တစ်ကောင်ရဲ့ သွားချေမှုန့်ကိုပဲ လိုတာကို။ အ
ပို တစ်ခုက....]

[ကျိုးထုံ အကိုက်ခံရတာကို သူသိတယ်မ
လား။ အဲ့ဒါဆို ကျိုးထုံအတွက် ပြင်လာ
ပေးတါလား။အဲ့လောက် စိတ်ထားကောင်း
တယ်လား။]

[မဟုတ်ဘူးလားလို့။ သူက အရမ်း မှောင်
တယ်။]

[ကြိုပြင်ထားတာလည်း မဆိုးပါဘူး။သေ
ချာပေါက် နှစ်ကောင်ကိုအသာလေးဖမ်း
လာနိုင်တာပဲ။ ဘာလို့ တစ်ခုပဲ ယူမှာလဲ
တဲ့။ ဆယ်လှမ်းလောက်ကြိုတွေးထား
တာကိုက အကောင်ကြီးတွေရဲ့ အခြေခံ
စွမ်းရည်ပဲဟာ။]

***

ရှဲ့ချီဖက်တွင်ကား လုဝမ်သည် သွားကြိတ်
၍ပြီးသွားသည်။ ဖုတ်ကောင်ရှေ့ရှိ မြေကြီး
ပေါ်တွင်ကား သွားချေမှုန့်အပုံလိုက်ရှိနေ
သည်။ လုဝမ်သည် ဆောင့်ကြောင့်ထိုင်
ကာ လက်ထဲတွင် အမှုန့်များတင်လိုက်ပြီး
အညီအမျှနှစ်ပုံခွဲကာ မနက်ကတည်းက
ကြိုပြင်ထားသည့် ကျောက်စိမ်းပုလင်း
လေးထဲ ထည့်လိုက်သည်။

အဝါရောင် သွားချေမှုန့်က မြေကြီး၊မြက်
များနှင့် ပုရွက်ဆိတ်များပါ ရောနှောနေ
သည်။

လုဝမ်က နောက်သို့လှည့်ပြီး အားမလို
အားမရပြောသည်။ "ငါလည်း အကောင်း
ဆုံး ကြိုးစားခဲ့တာပဲ။"

ဒါကိုက ဖုတ်ကောင် ဇာတ်ကားများ၏
ပြဿနာပင်။ ကောင်းမွန်နေသည့် ခြောက်
ခြားစရာလေထုက အူတူအတမှုများကြောင့်
အမြဲအဖျက်ခံလိုက်ရသည်။ ရွှမ်ချမ်က
ဤသို့သော အမှုန့်အားမျိုချရသည်ကို
တွေးကြည့်မိလျှင်....

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now