အချပ်ပို {တစ်}

1.9K 480 117
                                    

        UNICODE

        ဇာတ်ကားဧကရာဇ်မှာ နှစ်ကြိမ်ပြောင်းသွားပြီး ဖြစ်သည်။ ယခု ထိပ်ဆုံးတွင် ရှိနေသူမှာ App ထဲသို့ ရောက်သည်မှာ ခြောက်လပင် မပြည့်သေးသော အရင်က ဒုတိယတန်းစား သရုပ်ဆောင်တစ်ယောက်သာ ဖြစ်သည်။ ပထမတန်းစားသရုပ်ဆောင် အဖြစ် တစ်နှစ်၊ နှစ်နှစ်ခန့် ကြာပြီဖြစ်ကြသူများက မကျေနပ်ကြသည်ကတော့ သဘာဝပင်။ ထိုသူတို့သည် ဂန္တဝင် အနက်ရောင် ဇာတ်ကားများ မရိုက်ဖူးကြသော်လည်း အနီရောင်ဇာတ်ကားများစွာ ရိုက်ကူးဖူးပြီး အနီရောင် အိုင်တမ်များစွာ ရှိလေသည်။

            ကျန်းရှော့ သေသွားရခြင်းကို အသေးစိတ် ဆန်းစစ်ခဲ့ကြပြိီး ဖြစ်သည်။ တစ်ချက်မှာ ရှဲ့ချီသည် ဇာတ်ကားကို အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။ နောက်တစ်ချက်ကတော့ ကျန်းရှော့၏ ထက်မြက်မှုက နေရာချလွဲ သွားခြင်းပင်။ တိုက်ခိုက်စွမ်းရည် တစ်ခုတည်းနှင့်သာလျှင် ယှဥ်ပါက ရှဲ့ချီမှာ ဘက်စုံထူးချွန်သူ လမ်းကြောင်းကို ရွေးချယ်ထားသည့် ထိပ်ဆုံးရှိ သရုပ်ဆောင်များနှင့် သူမသာ၊ ကိုယ်မသာပင်။

        ထို့အပြင် ရှဲ့ချီသည် ကျန်းရှော့ကို ကိုင်တွယ်ရန်အနီရောင် အိုင်တမ်များစွာကို သုံးခဲ့ပြီး ပြန်အားဖြည့်တင်းဖို့ရာ သေချာပေါက် အချိန်လိုလေသည်။ အခုချိန်က သူအားအနည်းဆုံးနှင့် အထိအရှမခံနိုင်ဆုံး အချိန်ဖြစ်လေသည်။ အခုချက်ချင်းသာ သူ့ကို ရှင်းပစ်ဖို့မလုပ်ဘူးဆိုပါက ရှဲ့ချီသည် ထိုသည်ကို အခွင့်ကောင်းယူကာ သူတို့ဆီမှ ခပ်ဝေးဝေးသို့ ရှောင်သွားမည် ဖြစ်ပြီး သူတို့လိုချင်သော ဇာတ်ကား ဧကရာဇ်နေရာမှာ ပိုပြီးတော့ လက်လမ်းမမှီဖြစ်ပေရော့မည်။

    ရှန်ယိက သူတို့ကို ဖိနှိပ်ထားခဲ့သည်မှာ တစ်နှစ်ကျော်ဖြစ်သည်။ ရှန်ယိမှာ သူ့အင်အားနှင့်သူ ဖြစ်သောကြောင့် လက်မခံချင်လျှင်တောင်မှ နောက်ဆုတ်နေရပေသည်။ ထို့နောက် ရှန်ယိနှင့် အားမကွာလေသည့် ကျန်းရှော့ရောက်ချလာသောကြောင့် သူတို့ကိုယ်သူတို့ တစ်ခါပြန်ထိန်းရပြန်လေသည်။ သို့သော် ဇာတ်ကားဧကရာဇ်အသစ်ကတော့ သေချာပေါက် သူတို့အခွင့်အရေးပင်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now