Arc 7 အပိုင်း {၁၅၃} (Z+U)

5.5K 991 193
                                    

တားရော့ ဂိမ်း (၃)

UNICODE

   ရှဲ့ချီက ရှေ့သို့ခြေလှမ်းလိုက်တော့မည့်အချိန်တွင် ငှက်မွှေးနှင့် အနီးဆုံးနေရာတွင်ရှိနေသော ကူယွီက ခါးငုံ့ကာ ကောက်ယူလိုက်သည်။ ထုံးစံလိုပင် ငှက်မွှေးအား ကျန်းရှော့ဆီသို့ ကမ်းပေးလိုက်လေသည်။ ကျန်းရှော့မှာ အခြားသရုပ်ဆောင်များနှင့် ဝေမျှလိုခြင်းမရှိဘဲ ကူယွီကိုသာ တီးတိုးပြောလိုက်သည်။ ကျန်သရုပ်ဆောင်များမှာ ကျန်းရှော့၏ တစ်ကိုယ်ကောင်းဆန်သည့် အပြုအမူကြောင့် နည်းနည်း မသက်မသာဖြစ်သွားသော်ငြား ထုတ်မပြောရဲကြပေ။

        ရှဲ့ချီမှာ အကြမ်းဖျင်းတော့ လှမ်းမြင်လိုက်ရလေသည်။ ၎င်းမှာ သိပ်လည်းမကြီးမား၊ သိပ်လည်း မရှည်လျားသော အနီရောင်ငှက်မွှေးတစ်ခုဖြစ်သည်။ ငှက်မွှေးနုနုလေးဖြစ်သည်။

        ယဲ့ရှောင့်ရှောင့်မှာ ငှက်မွှေးမပေါ်လာခင် လှုပ်ရှားမှုခပ်ကြီးကြီး အကြောင်းကို တွေးကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလာသည်။ "ခရုစုပ်ငှက်ရဲ့ အမွှေးများလား။"

        ယဲ့ရှောင့်ရှောင့်မှာ ငှက်မွှေးမပေါ်လာခင် လှုပ်ရှားမှုခပ်ကြီးကြီး အကြောင်းကို တွေးကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလာသည်။ "ခရုစုပ်ငှက်ရဲ့ အမွှေးများလား။"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

        ရှဲ့ချီ ပြန်ဖြေလိုက်သည်။ "ဟုတ်လောက်မယ်။"

        ယခုဆိုလျှင် အချိန်ကိုအစိုးရနေသည်မှာ 'ကြယ်' ကတ်ဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။ 'ကြယ်' ကတ်ထဲရှိ သစ်ပင်တွင်မှသာ နားနေသော အနီရောင်အမွှေးများနှင့် ငှက်တစ်ကောင်ရှိလေသည်။ ထိုသည်က ခရုစုပ်ငှက်ဖြစ်လေသည်။ ခရုစုပ်ငှက်သည် နှုတ်သီးရှည်ပြီး အမောက်ပါသည့် အကာကွယ်ခံတိရစ္ဆာန် ဖြစ်သည်။ အဖြူရောင်နှင့် အနီရောင် ငှက်မွှေးရှည်များရှိကာ ကိုယ်ထည်သွယ်လျပြီး ကျော့ရှင်းလေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now