Arc 2 အပိုင်း {၄၃} (Z+U)

7.8K 1.6K 179
                                    

ခြောက်ခြားစရာ ရသစုံရှိုး

ခြောက်ခြားစရာ ရသစုံရှိုး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

U

NICODE

ပကွားက တော်တော်ကိုကြီးနေသည်။ ရှဲ့ချီသည် ဒါကြီးကို ဘယ်လိုသယ်ရပါ့မလဲဟု စဥ်းစားနေစဥ် App မှ အသံမြည်လာပြန်သည်။

[အိုင်တမ်သည် ချိတ်ဆက်ပြီးဖြစ်ကာ App ရှိ သီးသန့် အိတ်ထဲတွင် ပါဝင်ပါသည်။ အသုံးပြုရန်လိုအပ်ပါက App ကိုဖွင့်၍ အိတ်ကိုနှိပ်ကာ ထုတ်ယူနိုင်ပါသည်။]

လုဝမ်၏ ဓားသည်လည်း App ထဲတွင်သာ ပါလောက်သည်ဟု ရှဲ့ချီ ရုတ်တရက် သဘောပေါက်သွားသည်။ သို့သော် လုဝမ်က ဖုတ်ဇာတ်ကားထဲတွင် အမြဲလိုလို သုံးနေရသောကြောင့် အိတ်ထဲသို့ ပြန်မထည့်ထားခြင်းဖြစ်လိမ့်မည်။ ရှဲ့ချီ မွှေနေစဥ်တွင် သူ့ခေါင်းကို မော့ကြည့်မိသောအခါ သူနှင့်မျက်နှာချင်းဆိုင်ရှိ ယန်ကျင်းမှာ ကြေးခေါင်းလောင်းသဖွယ် မျက်လုံးများ ပြူးကျယ်နေလေသည်ကို တွေ့လိုက်ရသည်။

ယန်ကျင်း ရှဲ့ချီ၏ အကြည့်ကို ခံစားမိသည်။ “@*¥&…!!” (အစ်ကို၊ ဒီမှာ လာကြည့်ဦး။)

ရှဲ့ချီ သွားလိုက်သည်။ "ဘာဖြစ်လို့လဲ။"

ယန်ကျင်းက သူ့လက်မောင်းကို ထိုးပေးသည်။ “#…@…¥8@!” (မြန်မြန် ကျွန်တော့်ကို နှိုးပေးစမ်းပါ။ အိပ်မက်မက်နေတယ်ထင်လို့။)

ရှဲ့ချီ  “……”

ယန်ကျင်းသည် ရှဲ့ချီ ဆွံ့အသွားသည်ကို ခံစားမိပြီး ချက်ချင်းပင် ဖုန်းကို ထိုးပေးသည်။ “%@&!” (အစ်ကို ကြည့်ကြည့်ဦး။)

App ကပြနေသည်က ယန်ကျင်းသည် အဆင့်နိမ့် ဖုတ်ကောင်မျိုးနွယ်ဖွား အဖြစ်ရရှိသည်ဟူ၍။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now