Arc 2 အပိုင်း {၄၂} (Z+U) One

6.2K 1.5K 118
                                    

             ဖုတ်သရဲ ချစ်သူ အပိုင်း (၂၅)

ဇာတ်သိမ်းပိုင်း ပထမပိုင်း

UNICODE

[သေသွားပြီလား။]

[သရုပ်ဆောင်တွေကတော့ ကျေနပ်၊ ပရိသတ်တွေက ဆူဆဲချင်တာတောင် ငါကတော့ ကျေနပ်။ ရလဒ်က အရွက်လှီးနေတဲ့အတိုင်းပဲ။]

[မိုက်တယ်လို့ အားးးးးးးး။]

[လူကြီးမင်း:ငရဲလိုစ အိိပ်မက်လိုအဆုံးသတ်။ ဖုတ်ကောင်:အိပ်မက်လိုစ ငရဲလိုအဆုံးသတ်။ အချုပ်ပြောရရင် လူကြီးမင်းက လန်းလွန်းတယ်လို့။]

***

ဇာတ်ကား၏အပြင်ဘက်ရှိ ပိတ်ကားထက်တွင် ဖုတ်ကောင်၏ မျက်လုံးထဲရှိ သားရဲအလား နီရဲနေသည့်အလင်းတန်းပျောက်သွားပြီး အတိတ်ကဖြစ်ရပ်များ လျင်မြန်စွာပင် ထွက်ပေါ်လာသည်။

တောရိုင်းတောင်တန်းတစ်ခုတွင်ဖြစ်သည်။ ကောင်လေးသည် အကောင်တစ်ကောင်၏ အော်သံငယ်ကိုကြားပြီး လိုက်ရှာသည်။ မြက်ပင်ရိုင်းတစ်ချို့ကို ဆွဲဖယ်လိုက်ပြီးနောက် ကျော့ကွင်းတစ်ခုတွင် ​ရှေ့ခြေထောက်က မိနေသည့် မြေခွေးနီလေးကိုတွေ့လိုက်ရသည်။ ကြင်နာတတ်သည့်ကောင်လေးသည် မြေခွေးကိုကယ်ပြီး လွှတ်ပေးလိုက်သည်။ နောက်နှစ်အနည်းငယ်ကြာပြီးနောက် ကောင်လေးလည်း လူငယ်လေးဖြစ်လာသည်။ သူ့မိသားစုက ဆင်းရဲသောကြောင့် မင်္ဂလာမဆောင်နိုင်ရှာပေ။

တစ်နေ့၌ ရွာအဝင်ဝတွင် ဒဏ်ရာရနေသည့် မိန်းမလှလေးတစ်ယောက်ရောက်လာသည်။ စိတ်ကောင်းရှိတဲ့ ရွာသားတွေကလည်း သူ့ကို စောင့်ရှောက်ပေးကြသည်။ မိန်းကလေးက တောင်တန်းတွေဆီ လူကုန်ကူးခံရပြီး ထွက်ပြေးလာခဲ့သည်ဟု ဆိုသည်။ အိမ်အပြန်လမ်းကို မေ့သွားသောကြောင့် ရွာသားများကလက်ခံပေးနိုင်မလားဟုမေးခဲ့သည်။ အားလုံးကလည်း လက်ခံခဲ့သည်။

ထိုမိန်းကလေးသည် ယွီလန်ဟု အမည်ရသည့် လူငယ်လေးကို ဆွဲဆောင်ပြီးနောက် သူဆုတောင်းသည့်အတိုင်း မင်္ဂလာဆောင်ခွင့်ရသွား​တော့သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now