အပိုင်း {၉၇} (Z+U)

7.6K 1.6K 128
                                    

ကိုယ်ရည်ကိုယ်သွေး

UNICODE

"ခုနက အပိုင်းမှာ ဘာဖြစ်သွားတာလဲ။"

"နတ်ဘုရားချီမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိနေသလိုပဲ။"

"သားချီရသွားတဲ့ အိုင်တမ်အကြောင်း နည်းနည်းတော့ သိချင်မိတယ်။"

"အဆိုးထက်အကျိုးသာတဲ့ အိုင်တမ်ဆိုတော့ သာမန်ပဲလို့ မှန်းရတာပဲ။ စောင့်ကြည့်ကြတာပေါ့..."

"ကျောက်ကျင်ဟွာကလေ တကယ်တမ်း သနားစရာကောင်းတယ်။ သူ့ယောက်ျားက သူ့ကို သည်းမခံနိုင်တော့လို့ သူနဲ့ ယိုကျင်ကို ထားခဲ့ပြီး တစ်ခြားတစ်ယောက်နဲ့ ထွက်ပြေးသွားခဲ့တာလို့ ငါကြားတယ်ရော်..."

"အဲ့ဒါဆို သူတို့နှစ်ယောက်လုံး ဝင်လာခဲ့ကြတဲ့ အကြောင်းအရင်းက..."

"ကျောက်ကျင်ဟွာ ဒေါသအရမ်းထွက်လို့လေ။ သူ့သား အရွယ်ရောက်တာနဲ့ သူ့ယောက်ျားကို လက်စားချေဖို့ ဆုတောင်းပြီး ဝင်လာတာပဲ။ ပြီးတော့ ယိုကျင်ကကျတော့ သူ့အမေကို ရှာဖို့ဆိုပြီး ဝင်လာခဲ့တာ..."

"အဲ့ဒါဆို ယိုကျင် ဆန္ဒက သူ့အမေ စိတ်ကျေနပ်အောင်လို့ပေါ့..."

"ဒီလိုကျတော့လည်း ကျောက်ကျင်ဟွာ ဘာလို့ထွက်မသွားချင်တာလဲဆိုတာ ငါနားလည်ပေးလို့ရတယ်။ ယိုကျင့်ဆန္ဒပြည့်သွားအောင်စောင့်ပြီး အတူထွက်ကြမလို့များလား။ ယောက်ျားကို လက်စားချေဖို့က အမှတ်အများကြီး သိပ်မလိုလောက်ဘူးလေ။ ဟုတ်တယ်မလား။"

"အဲ့လိုတော့ရယ်လည်း မဟုတ်ဘူး။ လိုအင်ဆန္ဒဆိုတာ အကန့်အသတ်မရှိဘူး။ ဦးဆုံးဆန္ဒတစ်ခုရသွားတာနဲ့ အမြဲတမ်း နောက်ထပ်ဆန္ဒတွေ ရှိလာဦးမှာပဲ။ ငါသာဆိုရင်ကော။ အရင်ဆုံး ငါ့ကိုယ်ပိုင်အိမ်တစ်ခုလိုချင်မယ်ကွာ။ အဲ့ဒီဆန္ဒပြည့်သွားတာနဲ့ ကားတွေ၊ ဇိမ်ခံပစ္စည်းတွေ၊ မိန်းမလေးတွေ ဒါမှမဟုတ် ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်လာအောင်ပဲ ဖြစ်ဖြစ် လိုချင်လာမှာပဲ..."

"မဟုတ်ဘူးလေ။ ဘာလို့ ထွက်သွားမှာလဲတဲ့။ အပြင်လောကက ဒီနေရာထက် ပိုကောင်းချင်မှကောင်းမှာလေ။ မဟုတ်ဘူးလား။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now