Arc 6 အပိုင်း {၁၃၉} (Z+U)

4.6K 1.1K 177
                                    

ဆေးရုံ (၂၀)

UNICODE

သရဲရှဲ့ချီ၏ မျက်လုံးများမှာ ထိတ်သွားပြီး မေးလိုက်သည်။ "အသက်ရှင်နိုင်မဲ့ နည်းလမ်းက ဘာလဲ။"

ရှဲ့ချီ သူ့ကို ပြောပြသည်။ "အဲ့ဒါကို အတည်ပြုဖို့က မင်း ငါနဲ့လိုက်လာဖို့လိုတယ်။"

သရဲ ရှဲ့ချီ တုံ့ဆိုင်းမနေခဲ့။ "သွားမယ်။"

သူနှင့် သရဲ ရှဲ့ရှင်းလန်မှာ အင်အားအရာတွင် အားသာလေပြီး ရှဲ့ချီက သူတို့ကို လှည့်စားလိမ်လည်သွားမည်ကို မကြောက်ပေ။ ထို့ပြင် ရှဲ့ချီ ဘယ်လိုလူဆိုတာကို သူသိပြီး ရှဲ့ချီ ပြောလိုက်သည်မှာ အမှန်တစ်ဝက်ထက် ပိုနေသည်ကိုလည်း သူသိသည်။ သူသည် App ထက် ရှဲ့ချီကို ပိုယုံလေသည်။

[??? ရှဲ့ချီ သိတယ်လား။ ငါက ဘာလို့မသိလိုက်တာလဲ။]

[ဖာ့ခ် ငါရှုပ်သွားပြီ။ ဒီတစ်ခါ ငါ တကယ်ရှုပ်သွားပြီလို့။]

[ဒါဘယ်သူကြီးလဲ။]

[ ငါ့ ရှဲ့ချီနဲ့ ရှဲ့ရှင်းလန် နှစ်ယောက်က အရမ်းအားကြီးလွန်းတယ်။]

***************

လွန်ခဲ့သော ၁၀ မိနစ်က ယိဟယ်စုန့်သည် ပထမထပ်ရှိ မှန်တစ်ချပ်ရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။ ယိဟယ်စုန့်သည် အရည်အချင်းရှိ ဝါရှိသရုပ်ဆောင်ဖြစ်သည်။ အခြားဘာကိုမှရှာမတွေ့သောအခါ အချိန်တချို့စာ ထိုင်စဥ်းစားလိုက်ပြီး သူသွားနေသည့် အရပ်မျက်နှာမှားနေကြောင်း ခံစားလိုက်ရသည်။

ထို့ကြောင့် သူ့စိတ်ကိုသူ ပြောင်းလဲလိုက်ပြီး ဘာမှန်းမသိပျောက်သွားသော သရဲကို ဆက်​ပြီးလိုက်မရှာတော့ပေ။ ထိုအစား ဆေးရုံနှင့် လများကိုသာ အာရုံစိုက်ထားလိုက်သည်။ မကြာမီတွင် သူလျစ်လျူရှုထားခဲ့သော လများက တစ်ခုခုကို သဲလွန်စပေးနေသည်ကို ယိဟယ်စုန့် ရှာတွေ့သွားတော့သည်။

လများရှိ ပြောင်းလဲမှုနှစ်ခုကို သူအကျဥ်းချုပ်ထားသည်။

ဤပြောင်းလဲမှုနှစ်ခုမှာ ဇာတ်ကားထဲရှိ အဖြစ်အပျက်များနှင့် မသိမသာ ဆက်စပ်နေကြသလိုပင်။ ဥပမာ တိမ်တိုက်ဖြူများကို တိမ်တိုက်နီများက ဝါးမျိုနေခြင်းသည် ကားအက်စီးဒင့်တွင် သေသွားကြသောသရဲများက သူတို့ကိုယ်သူတို့ ပြန်လာသတ်နေကြသည်ကို ကိုယ်စားပြုလောက်သည်။ အဲ့ဒါဆိုရင် တိမ်တိုက်နီတွေက တိမ်တိုက်ဖြူတွေကို အစားထိုးသွားတာကျတော့ရော။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now