Arc 6 အပိုင်း {၁၄၃} (Z+U)

4.7K 1.1K 61
                                    

ဆေးရုံ (၂၄)

UNICODE

[???]

[ရှီးးး...ငါ ကြားလိုက်တာ မှန်ရဲ့လား။]

ရှဲ့ချီ ဘာမှမပြောဘဲ လော်ဘီနှင့် မျက်နှာချင်းဆိုင်တည့်တည့်ရှိ ဧည့်ကြိုကောင်တာဆီ သွားလိုက်သည်။ သစ်သားနှင့်လုပ်ထားသော ဧည့်ကြိုကောင်တာမှာ ပြိုလဲနေပြီး ခုနက တိုက်ပွဲကြောင့် အက်ကြောင်းများထင်သွားသည်။ ရှဲ့ချီ ငုတ်တုတ်ထိုင်ချကာ သူ့ခြေထောက်နားရှိ မှန်ကွဲစ ခပ်ကြီးကြီး နှစ်ခု၊သုံးခုလောက်ကို ကောက်လိုက်ပြီး ယွမ့်ဇျဲနှင့် ယဲ့ရှောင့်ရှောင့် ရှိရာဆီသို့ ပြန်သွားလိုက်သည်။

မှန်ကွဲစ အကြီးကြီးများကို သူတို့ဆီ ​ပေးလိုက်ကာ မေးမော့ရင်း အချက်ပြလိုက်သည်။ "ကြည့်ကြည့်လိုက်။"

ယွမ့်ဇျဲမှာ သူ့လက်ထဲရှိ ညစ်ပေပြီး သွေးစွန်းနေသော မှန်ကွဲစက ဘာတွေထူးခြားနေသည်ကို မမြင်နိုင်သော်လည်း ရှဲ့ချီ ပြောသည့်အတိုင်း လိမ်လိမ်မာမာပင် ကြည့်လိုက်သည်။ သူ၏ မျက်နှာက မှန်ထဲတွင် ပေါ်လာသည်။ သူ မျက်တောင်ခတ်လိုက်သောအခါ မှန်ထဲက သူသည်လည်း မျက်တောင်လိုက်ခတ်သည်။ သာမန်မှန်တစ်ချပ်မှ မှန်ကွဲစတစ်ခုသာပင်။

ယဲ့ရှောင့်ရှောင့်သည်လည်း ဘာမှမမြင်လိုက်ရ၍ ရှဲ့ချီကို နားမလည်စွာ ကြည့်လိုက်သည်။

ရှဲ့ချီ ပြောလိုက်သည်။ "ဒီမှန်စက အက္ခရာ 'c' နှစ်ခု ထွင်းထားတဲ့ မှန်ကနေ ကွဲထားတာ။ အရောင်ပြန်နေတဲ့ပုံရိပ်ကို ကြည့်လိုက်ရင် ပေါ်နေတာ သရုပ်ဆောင်ဟုတ်တယ်မလား။"

ယဲ့ရှောင့်ရှောင့်နှင့် ယွမ့်ဇျဲ ခေါင်းညိတ်ပြလိုက်သည်။

ရှဲ့ချီသည် သူ့ကို စိုက်ကြည့်နေကာ သူရှင်းပြမည်ကို စောင့်နေသော သရဲရှဲ့ယန်ကို လှမ်းကြည့်လိုက်သည်။ "သရဲရှဲ့ယန်ကလည်း သရဲရှဲ့ယန်ကိုပဲ မြင်ရတယ်။"

ယဲ့ရှောင့်ရှောင့်သည် 'အာ' ဟု အသံပြုလိုက်ပြီး သူမ၏ လက်ထဲရှိ မှန်စကို ကြည့်နေသော အမူအရာက ပြောင်းလဲသွားသည်။ "ဒီမှန်က သရဲရဲ့ ပုံစံကို ပြနိုင်တာလား။ မကောင်းဆိုးဝါး မှန်လိုမျိုးလား။ သရုပ်ဆောင်လို ဟန်ဆောင်နေတဲ့ သရဲက ပုန်းနေလို့မရဘူးပေါ့။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now