Arc 6 အပိုင်း {၁၃၅} (Z+U)

5K 1.1K 98
                                    

ဆေးရုံ (၁၆)

UNICODE

ရှဲ့ချီ သူ့ကို ပြန်လှည့်ကြည့်လိုက်ပြီး စိတ်ရင်းဖြင့် ပြောလိုက်သည်။ "ငါစဥ်းစားနေတာ လူတွေကလေ အကြွင်းမဲ့အမှန်တရားဆိုတဲ့ဟာကို ယုံရင်ယုံ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ယုံသင့်တယ်လို့လေ။"

"ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက မင်းရဲ့ အခြားတစ်ဖက်ပဲ​လေ။ ဘယ်လောက်ပဲ ယုတ်မာ၊ မှောင်မိုက်ပြီး မင်းကို သတ်ချင်ကြနေအုံးတော့ မင်းနဲ့ အရင်းနှီးဆုံးလူဆိုရင်လည်း ဟုတ်တယ်။"

ယွမ့်ဇျဲ၏ နှလုံးမှာ အနည်းငယ် တုန်ခါသွားပြီး ပြောပြ၍မရသော ထူးဆန်းသည့် ခံစားချက်တစ်ခုပေါ်လာသည်။

'ငါနဲ့ အရင်းနှီးဆုံးလူတဲ့လား။'

ယွမ့်ဇျဲမှာ ဆယ်ကျော်သက်အရွယ်တုန်းက သူ့ကိုယ်သူ ရွံမုန်းခဲ့ဖူးသည်အား တွေးမိပြီး နည်းနည်းမှင်သက်သွားသည်။

သူက ခြားနားသည်။ သူ့တွင် မိန်းကလေးစရိုက်ခွဲ ရှိနေသည်။ သူ၏ မိမိကိုယ်ကိုတန်ဖိုးထားမှုမှာ ထိုသည်ကြောင့် နည်းပါးခဲ့ပြီး အသင်းအဖွဲ့နှင့် တစ်သားတည်းမဖြစ်နိုင်ခဲ့ပေ။ ယွမ့်ယွမ်၏ တည်ရှိမှုကို အတင်းအဓမ္မဖုံးကွယ်ရန် ကြိုးစားခဲ့ပြီး ယွမ့်ယွမ်ကိုလည်း မုန်းတီးခဲ့သည်။ အချိန်အကြာကြီး ယွမ့်ယွမ်ကို ငြင်းဆန်ခဲ့ကာ သူမအား မှိုချိုးမျှစ်ချိုးပြောခဲ့ဖူးသည်။ ယွမ့်ယွမ်မှာ ဖြူစင်လှပြီး သူ့ကို ပျော်အောင် လုပ်ပေးရန် ဆက်ကြိိုးစားနေခဲ့၍သာ ဖြည်းဖြည်းချင်း သူ့ကြိုးထုံး ပြေသွားခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပက်သက်ပြီး သူအမြဲတမ်း အပြစ်ရှိသလိုခံစားခဲ့ရသည်။

ယွမ့်ဇျဲ ခါးသီးစွာရယ်လိုက်သည်။ "ရှဲ့ချီ၊ လူတိုင်းက သူတို့ကိုယ်သူတို့ သိပြီး ယုံကြည်ကြတာမဟုတ်ဘူး။"

နားလည်ပြီး ယုံကြည်ရန်မပြောလေနှင့် မမုန်းဖို့ရာပင် ခဲယဥ်းလှသည်။

ရှဲ့ချီ အကောင်းဘက်ကတွေးနေဆဲဖြစ်ကာ ပခုံးတွန့်ပြလိုက်သည်။ "ဒါကပဲ ဒီကိစ္စရဲ့ ဖြေရှင်းရခက်တဲ့အဓိကအချက် ​​ဖြစ်​​လောက်တယ်။ သရဲရှဲ့ချီ ငါ့ကိုမသတ်ဘဲ သူကအရင် ငါ့ကိုလာရှာတာက ငါက သူ့ကိုချစ်ပြီး သူ့ကိုယုံတယ်ဆိုတာ သိလို့နေမှာပေါ့။ သူကလည်း ငါ့ကိုချစ်ပြီး ငါ့ကို ယုံတယ်လေ။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now