Arc 3 အပိုင်း {၅၈}(Z+U) Two

7.6K 1.6K 171
                                    

ခြောက်ခြားဖွယ်ရာ အစုံအလင် (၁၃)
ဒုတိယပိုင်း

UNICODE

ရှဲ့ချီ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ၁၀ ကုဗမီတာပတ်လည်အောက်ရှိသော အခန်းကျဥ်းလေးထဲတွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ အခန်းတွင်းရှိ အလင်းရောင်မှာ သိပ်မကောင်းဘဲ မြင်ကွင်းသိပ်မရှင်းပေ။ အခန်းထဲတွင်း အသင့်စားခေါက်ဆွဲနံ့နှင့် မွှန်နေပြီး သူဝတ်ထားသော အဝတ်အစားများက စျေးပေါလှသည်။ ကြည့်ရတာ ဤဇာတ်ကောင်၏ ငွေရေးကြေးရေးမှာ သိပ်အဆင်ပြေပုံမပေါ်။

အခန်းတွင်းရှိ နံရံများတွင် ​ခြောက်ခြားစရာ ပိုစတာများရှိနေသည်။ ခေါင်းပြတ်နေသော ကျောင်းသူများ၊ မြေကြီးပေါ် မြွေလိုတွန့်လိမ်သွားနေသော သရဲမများ၊ ဦးခေါင်းခွံများ....ပြတင်းပေါက်များပေါ်တွင်လည်း ခြောက်ခြားစရာနှင့် ဆက်စပ်နေသော ဓာတ်ပုံလေးများ များစွာရှိနေသည်။

ကြည့်ရုံနှင့်ပင် သူ့အလုပ်အကိုင်ကို မသိနိုင်ဘဲ အတော်လည်း ဆင်းရဲပုံရသည်။

ဖုန်းက အချိန်ကိုက် မြည်လာသည်။

[သင်သည် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သည့် ပလက်ဖောင်းတစ်ခုတွင် ခြောက်ခြားစရာ သဘာလွန်ဖြစ်ရပ်များကို စူးစမ်းလေ့လာသော ခြောက်ခြားဖွယ်ရာ တင်ဆက်သူဖြစ်သည်။ ယခုအချိန်မှာ ည ရှစ်နာရီဖြစ်သည်။ သင် တိုက်ရိုက်ထုတ်လွှင့်နေကျအချိန်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းကို ဖွင့်လိုက်ပါ။]

တိုက်ရိုက်? ရှဲ့ချီ ရပ်သွားသည်။ အဲ့ဒါဆို အခန်းထဲက မီးရောင်နဲ့ နံရံပေါ်က ရှုပ်ယှက်ခတ်နေတာတွေက ကြောက်စရာကောင်းအောင် တမင်လုပ်ထားတာပေါ့။

[သင်တိုက်ရိုက်ထုတ်လွှင့်သည့်အချိန်မှာ ညရှစ်နာရီမှ နောက်နေ့ မနက်လေးနာရီထိဖြစ်သည်။ ဤအချိန်အတွင်းတွင် သင့်ကို အမြင့်ဆုံးလက်ဆောင်ပေးသော ကြည့်ရှူသူသည် သင့်အား သူတို့ပြောသော ကြောက်စရာကောင်းသည့်နေရာသို့ သွားခိုင်း၍ရပြီး ကြောက်မက်ဖွယ်ရာဖြစ်စဥ်ကို ကြုံတွေ့ခိုင်းနိုင်ပါသည်။]

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now