ရှင်လျက်နှင့် ငရဲကျခြင်း (၃)
UNICODE
သူ၏ မျောလွင့်နေသော စိတ်က ဖြည်းဖြည်းချင်း နိုးလာရင်း ရှဲ့ချီ အေးစက်သွားရသည်။ အပြင်မှ လေအေးက ကျူးကျော်လာပြီး သူ၏ အရေပြားထက်တွင် ရေခဲအလွှာပါးလေးဖြစ်ပေါ်နေစေသည်။ ထိုသည်ကြောင့် သူ၏ သွေးစီးဆင်းနှုန်းလည်း နှေးသွားသည်။ အေးခဲမှုက ထိုမျှနှင့် မကျေနပ်နိုင်သေး။ ဆက်လက်ကာ ကျူးကျော်ဝင်ရောက်နေပြန်ပြီး အတိုင်းအဆမရှိသည့် အေးစိမ့်မှုက သွေးကြောများမှတစ်ဆင့် သူ့အရိုးထဲထိ ပျံ့နှံ့လာသည်။ အရမ်းနာကျင်လွန်းသည်မှာ သူ၏ သွေးကို ဖြည်းဖြည်းချင်း ရေခဲရိုက်နေသည့်အတိုင်းပင်။ သူ၏ ခြေလက်များသည်လည်း အအေးဒဏ်ကြောင့် တောင့်တင်းကာ ထုံနေသည်။
ရှဲ့ချီ သူ့မျက်လုံးများကို ဖွင့်လိုက်တော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်အား ဆွဲလှည့်လိုက်သည်ကို သတိထားမိကာ ချက်ချင်းပင် သူ့မျက်လုံး လှုပ်ရှားမှုများကို သေချာထိန်းချုပ်ရင်း အသက်ရှူသံကို နှေးစေပြီး အိပ်ပျော်နေဟန် ဆောင်လိုက်သည်။
"ကြည်တောက်နေတာပဲ။ လူသစ်လား။ ဒါမှမဟုတ် အနိုင်ကျင့်ခံလာရတာလား။ ကံကလည်းဆိုးချက်ပဲ။ လူသစ်က ရှစ်ထပ်မြောက် အအေး ငရဲဆီ ရောက်လာရတယ်လို့။" ထိုသူက အသံတိုးတိုးနှင့် ဆဲရေးလိုက်သည်။ သူ၏ အာငွေ့မှာ အနံ့ဆိုးထွက်နေသည်။
"မင်းကို စားလို့ကတော့ ကောင်းမှာပဲ။"
ရှဲ့ချီ၏ စိတ်ထဲ သတိပေးသံများမြည်သွားသော်လည်း သူစိတ်မညစ်သေး။ သူ့ကို ပွဲဦးထွက်တွင် App က သေခိုင်းရန်မှာ မဖြစ်နိုင်။ သူ စည်းမျဥ်းတွေကိုတောင် မသိရသေး။ ထိုသူက သူ့ကို စားချင်တယ်ဆိုလျှင်တောင်မှ ချက်ချင်းမလုပ်လောက်သေးပေ။ ရှဲ့ချီ တည်ငြိမ်အောင်နေကာ ဆက်စောင့်နေလိုက်သည်။
"မောင်ရင်ရေ ထတော့။" သူ့ခေါင်းထက်က အသံမှာ ညင်သာကာ စိုးရိမ်မှုအပြည့်နှင့်ဖြစ်သည်။ တစ်ယောက်ယောက်က သူ့အား အသာလှုပ်နှိုးနေသည်ကို ရှဲ့ချီ ခံစားမိသည်။ သူ့မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ပါးရေနားရေများတွန့်နေသာ အဘိုးကြီး၏ မျက်နှာကို တွေ့လိုက်ရသည်။
YOU ARE READING
ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]
HorrorMinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Minerva ပါပဲ \(><)/