Arc 5 အပိုင်း {၉၉} (Z+U)

8.9K 1.6K 503
                                    

ရှင်လျက်နှင့် ငရဲကျခြင်း (၁)

UNICODE

ယန်ကျင်း သူ့ကို စာရင်းသွင်းပေးလိုက်သည်။ ထိုနေ့ညတွင် ရှဲ့ချီဆီသို့ ယွမ့်ဇျဲထံမှ စာရောက်လာသည်။

ယွမ့်ဇျဲ: ငါ့အေးဂျင့်ဆီက ကြားတာတော့ အဲ့ဒီလိမ္မော်ရောင်ဇာတ်ကားဆီ မင်းသွားမလို့ဆို။

ရှဲ့ချီ အံ့ဩသွားပြီးမှ အေးအေးသာသာပင် ပြန်ဖြေလိုက်သည်: အင်း။

ယွမ့်ဇျဲ: အထင်မလွဲနဲ့။ ငါမင်းကို သတိထားကြည့်နေတာမဟုတ်ဘူး။ လူတိုင်းက မင်းကို စိုက်ကြည့်နေကြပြီး မင်းအကြောင်း ပြောနေကြတာမို့လို့။ ငါ...ငါ တမင် နားထောင်နေတာမဟုတ်ဘူး။

ရှဲ့ချီ: ...အင်းပါ။

ယွမ့်ဇျဲ: ငါ့အေးဂျင့်ကိုက အမှတ်နဲ့ ငှားထားတာ။ သူက ဝါရင့်အေးဂျင့်မို့လို့ သတင်းတွေ အများကြီးသိတယ်။ ငါမေးကြည့်တော့ လိမ္မော်ရောင် ဇာတ်ကားထဲ ဝင်ဖို့ အခြေအနေနှစ်ခုလိုတယ်လို့ ပြောတယ်။ တစ်ခုက အမှတ် ၃,၀၀၀ ရဖို့နဲ့ တစ်ခုက အရင်ရိုက်ဖူးတဲ့ ဇာတ်ကားက လိမ္မော်ရောင် ပြောင်းသွားဖို့။ ဒီလိုအပ်ချက်က တော်တော်တော့ ရှားတယ်။ အဲ့တော့ အမှတ် ၃,၀၀၀ က မင်းသွားမယ့်ဇာတ်ကားရဲ့ အနည်းဆုံးစည်းပဲ။ မင်းရဲ့ အမှတ်တွေက ပျမ်းမျှကို မရောက်လောက်သေးဘူး။ မင်း တကယ်ကြီး ထပ်ပြီး မစဥ်းစားချင်တော့ဘူးလား။ မင်း အကောင်ကြီးတစ်ကောင်ကောင်နဲ့ တွေ့ရင်...

ရှဲ့ချီ ဂရုမစိုက်ပေ: သူတို့အိုင်တမ်တွေကို ဝင်တာနဲ့ တားမြစ်ခံထားရမှာပဲလေ။ ငါကြောက်စရာ ဘာရှိလို့လဲ။

App တွင် အိုင်တမ်ကို ကန့်သတ်သည့် စနစ်ရှိလေသည်။

အစတွင် သရုပ်ဆောင်များသည် အိုင်တမ်များမရှိကြ (သို့) ရှားကြလေသည်။ ရိုက်ကူးသည့် ဇာတ်ကားအရေအတွက် များလာသည်နှင့်အမျှ အိုင်တမ်များလည်း များလာသည်။ သေချာပေါက် သရုပ်ဆောင်များကို အိုင်တမ်အားလုံး တစ်ပါတည်းယူသွားခွင့်ပြုရန်က App အတွက် မဖြစ်နိုင်ပေ။ ဒါက အမှတ်နည်းသော တက်သစ်စကြယ်ပွင့်များအတွက် မတရားပေ။ ပရိသတ်များသည်လည်း အိုင်တမ်ပေါင်းစုံကို မမြင်ကြပေ။ အကြောင်းကား ဇာတ်ကား၏ ဇာတ်လမ်းသည်သာလျှင် အဓိကသော့ချက် ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် App သည် အိုင်တမ်များကို ကန့်သတ်သည့်စနစ်ကို ထားထားခြင်းဖြစ်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now