Arc 7 အပိုင်း {၁၇၁} (Z+U)

3.8K 910 99
                                    

UNICODE

တားရော့ ဂိမ်း (၂၁)

[ဒါ အရင်တစ်ခါ ကူယွီ ဝင်ပုန်းနေတဲ့ ဗီရိုမဟုတ်ဘူးလား။]

[ဖာ့ခ် ကူယွီက အမှန်တရားနဲ့ ပျဥ်ပြားတစ်ချပ်လေးပဲ ကွာတော့တာပေါ့။ ကံဆိုးချက်ပဲ။]

[အဲဲ့ဒါကြောင့်လဲ သူ ဒီအခန်းထဲကို ခိုးဝင်တော့ စုန်းမက အပြေးရောက်ချလာတာကိုး။ လျှို့ဝှက်လမ်းကြောင်း ပေါ်သွားမှာ ကြောက်နေတာကိုး။ ကူယွီ လျှို့ဝှက်ချက်ကို သိသွားပြီထင်လို့ သေခြင်းအစဥ်ပျက်မှာကိုတောင် မကြောက်ဘဲ ကူယွီကို သတ်ပစ်တော့မလို့လေ။]

[အဲ့ဒီ ရသေ့လဲ တကယ် ကံမကောင်းတာပဲ။ အမှန်တရားနဲ့ ပျဥ်ပြား တစ်ချပ်လေးပဲ ဝေးတော့တာကို။ သူ့နှုတ်သီးကို သုံးပြီး ဗီရိုထဲမှာ အမှတ်အသား ချန်ထားခဲ့ပေမဲ့ ဗီရိုနောက်မှာ လျှို့ဝှက်ချက်ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။]

        ရသေ့သည် ဗီရိုထဲတွင် သူ့နှုတ်သီးဖြင့် နံပါတ်များကို ထွင်းထားခဲ့ပြီး နံပါတ်ကိုးကို စက်ဝိုင်းဖြင့် သက်သက်ဝိုင်းထားခဲ့ကြောင်း ပြောခဲ့ဖူးသည်ကို ရှဲ့ချီ အသေအချာ မှတ်မိနေသည်။

        ဘေးပတ်လည်မှာ တိတ်ဆိတ်နေပြီး သူ့အောက်ရှိ လျှို့ဝှက်လမ်းကြောင်းမှ စုန်းမ၏ ခြေသံများကို အတိအလင်းကြားနေရလေသည်။ ရှဲ့ရှင်းလန် အမြန်ပင် ဗီရိုတံခါးကို ဖွင့်လိုက်ပြီး ခုန်ဆင်းကာ သူ့နောက်ရှိ ဗီရိုကို ပိတ်လိုက်သည်။

        စက္ကန့်အနည်းငယ်ကြာပြီးနောက် ဗီရိုတံခါးနောက်မှ စုန်းမ၏ ဒေါသတကြီးနှင့် တဒုန်းဒုန်းထုနေသံများကို ကြားနေရလေသည်။

            ခပ်ယဲ့ယဲ့ ဗီရိုလေးမှာ ကျိုးကြေကျတော့မတတ်ပင်။ ရှဲ့ရှင်းလန်မှာ သူ့ကိုယ်နှင့် ဖိပိတ်ထားပြီး မနည်းကို ထိန်းထားရသည်။ ဗီရိုတွင်းမှ လှုပ်ရှားသံများက ဖြည်းဖြည်းချင်း တိတ်ကျသွားသည်။ စုန်းမကတော့ ဒီအပေါက်ကို လက်လျှော့သွားပြီး နောက်တစ်ပေါက်ကနေထွက်ရန် လျှို့ဝှက်အခန်းကို ပြန်သွားလောက်ပြီဟု ရှဲ့ရှင်းလန် မှန်းလိုက်သည်။

        ဗီရိုတံခါးနားသို့ကပ်ကာ ကြားဟနေသည့်နေရာမှ သူချောင်းကြည့်လိုက်သည်။ မှုန်မှိုင်းနေသည့် မျက်လုံးတစ်စုံနှင့် အကြည့်ချင်းဆုံမိသွားသောအခါ သူ အထိတ်တလန့်ဖြစ်သွားရသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now