အပိုင်း {၁၁၆} (Z+U)

7K 1.4K 390
                                    

ပထမ

UNICODE

'ဘာ ပေါက်တတ်ကရ ကြေကွဲတာတွေ လာပြောနေတာလဲ' ရှဲ့ချီ တွေးလိုက်သည်။

လက်စွပ်က လိမ္မော်ရောင်အဆင့်အိုင်တမ်ဖြစ်သည်။ အတော်ကို အားကြီးသော်လည်း ကန့်သတ်ချက်များစွာရှိသည်။ သက်ရောက်မှုဖြစ်ပေါ်လာစေရန် တစ်ဖက်လူကရှိနေရမည်ဖြစ်ပြီး ဆက်ဆံရေးပြတ်သွားပါက အိုင်တမ်က ပျက်စီးသွားမည်ဖြစ်သည်။ သို့သော် ထိုကြီးမားသည့် ပြဿနာနှစ်ခုက ရှဲ့ချီအပေါ် သက်ရောက်မှုမရှိပေ။

ရှဲ့ရှင်းလန်နှင့် သူသည် ခန္ဓာကိုယ်တစ်ခုတည်းတွင်ဖြစ်သည်။ ရှဲ့ရှင်းလန်က သူ့ဘေးတွင်မရှိခြင်းနှင့် ဆက်ဆံရေးပြတ်​တောက်သွားနိုင်သည့်အခြေအနေမျိုး မရှိပေ။

အိုင်တမ်၏ သက်ရောက်မှုကို ဆန်းစစ်ပြီးနောက် ရှဲ့ချီ စိတ်ချမ်းသာနေသည်။

အနီးရှိ ဆုချင်းသည်လည်း အိုင်တမ်တစ်ခုနှင့် ချိတ်ဆက်ပြီးသွားသောအခါ ထွက်လာသည်။ သူ၏ အမူအရာက နည်းနည်းထူး​ခြားနေကြောင်း ရှဲ့ချီ သတိထားမိလိုက်သည်။ ဆုချင်းမှာ ရှော့ခ်ရနေပြီး ရှက်နေသည်။ မျက်နှာများပင် နီရဲနေကာ ထိုသည်က သူ့အိုင်တမ်အကြောင်း ရှဲ့ချီကို သိချင်သွားမိစေလေသည်။

ရှဲ့ချီက သူ့အားစိုက်ကြည့်နေသည်ကို ဆုချင်းတွေ့လိုက်ရပြီး ပိုပြီးတောင် ရှက်သွားရလေသည်။ သူ့အင်္ကျီအစွန်းကို ဆုပ်ကိုင်ထားမိလေတော့သည်။

သူ ရလာခဲ့သည့် အိုင်တမ်က... အပျိုစင်မေရီ၏ ရောင်ခြည်စက်ဝန်းဖြစ်သည်။ အခြားသရုပ်ဆောင်များကို ကူညီနေချိန်တွင် အချိန်တိုအတွင်း သူသည် အင်အားအရာ၌ ၅၀% တိုးလာစေနိုင်သည်။

ဆုချင်းရှက်နေသည်ကို ရှဲ့ချီသိသောကြောင့် အကြည့်လွှဲလိုက်သည်။ "အဲ့ဒါဆို ကျွန်တော်တို့ သွားတော့မယ်။ နောက်မှတွေ့ကြတာပေါ့။"

ဆုချင်း အသာခေါင်းငြိမ့်ပြလိုက်သည်။

*************

ရှဲ့ချီနှင့် ရှဲ့ရှင်းလန် ထွက်သွားကြသည့်အချိန်တွင် ရုပ်ရှင်ရုံတွင်း၌ သရုပ်ဆောင်များ၏ ခြုံငုံသုံးသပ်မှု ထွက်လာလေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now