Chapter (18)

6.5K 763 26
                                    

ငါလေးတော်တော်ဘဲကြည်တာပဲ...

Yoongiစိတ်ထဲမှတွေးလိုက်သည်။
တကယ်လဲ သူသည်....
သူမဝတ်ချင်သော ကျပ်ညှပ်နေသော
ထိုကျောင်းသူအင်္ကျီများကိုဝတ်လိုက်သည်နှင့်
သူအမှန်တကယ်ပင် မဟားတအား
အလွန်အကျူး မတရား
အလွန်တရာဘဲကြည်လာသည်။

အပိုပြောခြင်းမဟုတ်ပါ။
ယခုလဲကြည့်!
ခပ်ဆိုးဆိုးပုံစံရှိသော ကျောင်းသားလေး တစ်ယောက်က
သူ့ကို ကျောင်းသွား ကျောင်းပြန် လမ်းတွင် လာလာစောင့်၍
အနောက်ကလိုက်လိုက်လာသည်။
ကြည့်ရသည်မှာ ထိုကျောင်းသားက
သူလာနေကျအချိန်ကို စောင့်၍ မှတ်ထားပုံပေါ်သည်။
တစ်ခါတစ်ရံ အနောက်နီးနီးမှ လိုက်၍ တစ်ခါတစ်ရံ
မသိမသာဝေးဝေးမှလိုက်သည်။

သာမန်ကျောင်းသူလေးသာဆို
ထိုကျောင်းသားရဲ့ မိုက်ကန်းကန်းရုပ်ကြောင့်ပင်
ကြောက်တာတို့ ရင်ခုန်တာတို့ ရင်တုန်တာတို့
ဖြစ်ချင်ဖြစ်နိုင်သော်ငြား
သူကတော့ တစ်ခါတစ်ရံ
"ငါလေးက တော်တော်ချစ်စရာကောင်းနေတာပဲဖြစ်ရမယ်"
ဟူသော အတွေးမှလွဲ၍ ကျန်တဲ့အတွေးမရှိနေ။
သူအတွေးရှိပြီး ဖင်တုန် ရင်ခုန်နေလို့လဲမရ။
သူ ဂရုမစိုက်နိုင်။

သူJeon Jungkookနှင့် အိမ်မျက်စောင်းထိုးတွင်နေပြီး
နေ့စဉ်နေ့တိုင်း Jungkook ကျောင်းသွားတဲ့အချိန်ကစ...
ကျောင်းကပြန်လာပြီး အိမ်ထဲပြန်ဝင်တဲ့ထိ
နောက်ကနေ တကောက်ကောက် မသိသာအောင်လိုက်ပြီး
ဘေးမသီရန်မခပဲပြန်လာနိုင်အောင်
ကြည့်ရူ့ ကာကွယ်နေရသည်လေ။

ကျောင်းသားလေးတွေကိုပြန်ပြီး အီစီကလီလုပ်ရအောင်
ငါကစောက်ရူးလားလို့...!

သို့သော် တစ်စုံတစ်ယောက်ကတော့
အဲ့လိုတွေးပုံမရ။
သူ့ကိုလိုက်ကြောင်နေသော
အတန်းထဲကကောင်လေးတွေကိုရော
တခြား စီနီယာတန်းက ကောင်လေးတွေကိုပါ
သူ့ထက်ပို၍ သတိထားနေသည့်အပြင်
မြင်တာနဲ့ရုပ်က ချက်ချင်း moodပြောင်းသွားသော
ကောင်လေးတစ်ယောက်လဲရှိနေသေးသည်။

ထိုကောင်လေးအကြောင်း တွေးမိတော့
Yonngiအသာရယ် မိသည်။
ထိုကောင်လေးက ချစ်စရာကောင်းသည်။
ထိုကလေးလေးသာ
သူ့ရဲ့ ပုံစံအမှန်ကိုသိသွားရင်
အတော်လေး စိတ်ပျက်သွားမည်ထင်သည်။
သနားစရာကောင်းလွန်းသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က
အစထဲက တွေ့ကိုမတွေ့မိသင့်တဲ့လူတွေပဲလေ။

Magic In The MoonlightWhere stories live. Discover now