Chapter(1)

18.7K 1.3K 231
                                    

Unicode
နီညိုရောင်နေလုံးသည် တိမ်စိုင်တို့ကိုခွဲ၍ပေါ်ထွက်လာသည်။
မြူနှင်းဝေ့ဝေ့တို့သည်လဲ ကွယ်ပျောက်၍
ပတ်ဝန်းကျင်သည်ကား လင်းလင်းထင်းထင်း ဖြစ်လာချေပြီ။

မနက်ခင်း အချိန်သို့ကျရောက်လာပြီ။

ပြတင်းပေါက်မှ တိုးဝင်လာသော
နေရောင်ခြည် နုနုသည်
နိုဝင်ဘာလရဲ့ အအေးဒဏ်ကိုတော့
ကာကွယ်ပေးနိုင်စွမ်းမရှိသေး။

ချမ်းစိမ့်စိမ့်ရာသီဥတုကြောင့်
ဂျီမင် တစ်ယောက် အိပ်ကောင်းကောင်းနှင့် အိပ်နေရာမှ
နာရီနိုးစက် သံကြောင့် မျက်လုံးပွင့်လာသည်။

ေဩာ်...ဒီနေ့ကျောင်းဖွင့်တာပဲလေ။

ကျောင်းတတ်ရမည်ဖြစ်သောကြောင့်
အိပ်ယာမှ ထလိုက်ကာ မျက်မှန်ကောက်တပ် ၊ အကြောဆန့်၍
မျက်နှာ သစ်ရန်  သန့်စင်ခန်းဆီသို့ ခြေလှမ်းများ လှမ်းလိုက်သည်။

ဘေစင်တွင် မျက်နှာသစ်ရန် မှန်ထဲသို့ ကြည့်လိုက်သောအခါမှ
ကိုယ့်ကိုယ်ကိုယ်ပင် လန့်ချင်သွားသည်။

ခေါင်းမွှေးစုတ်ဖွား၊ ဖောင်းနေသော မျက်နှာ၊ မျက်ခွံ ၊
နဂိုကထူသော နှုတ်ခမ်းတို့ဟာလဲ ပို၍ ပင်ဖောင်းကားကာ
မျက်နှာလား ပူဖောင်းလား မသည်းကွဲသော မျက်နှာသည်
လန့်လဲလန့်ချင်စရာ။

ဟုတ်ပါသည်။
ဂျီမင်သည် ရုပ်မဆိုးသော်လဲ
ကြည့်မကောင်းသော ကောင်လေးတစ်ယောက်ဖြစ်နေသည်။

ဂျီမင်သည်လဲ ကိုယ့်ကိုယ်ကိုယ်
ရုပ်ရည်ပိုင်းနှင့် ပက်သတ်၍ ယုံကြည်မူ့မရှိပါ။

ပါးဖောင်းဖောင်း မျက်ခွံဖောင်းဖောင်းနှင့် မျက်လုံးမမြင်ရသော..
နှုတ်ခမ်းလုံးလုံး ခပ်ဝတုတ်တုတ် ခန္ဓာကိုယ် ရှိသော...ဂျီမင်ကို
ဆံပင်ဝိုင်းအုပ်အုပ်နှင့် ခပ်ဝိုင်းဝိုင်းမျက်မှန်ကပါ
ကြည့်မကောင်းမူ့ဖြင့် ထောက်ပံပေးနေသည်။

ထို့ကြောင့်လဲ ကျောင်းတွင်လဲ အမြဲ အစခံရ အနိုင်ကျင့်ခံရသည်..။
အနှိမ်ခံရခြင်းများလဲရှိသည်။

မှန်ထဲသို့ မိမိရုပ်ကို စိတ်ပျက်စွာဖြင့် တစ်ချက်ကြည့်လိုက်၍
မျက်နှာသစ် သွားတိုက် ကိစ္စအဝ ဝကို ပြုမူလိုက်သည်။

Magic In The MoonlightWhere stories live. Discover now