Chapter(15)

7.1K 810 37
                                    

ဒီနေ့ကJungkookအတန်းမတတ်ရသောနေ့ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူသည်
လောလောလတ်လတ်ကပင်
ကျောင်းဆေးပေးခန်းမှ
အကိုNamjoonပြန်ခေါ်လာ၍
အိမ်တွင်အနားယူရန်
ကျောင်းကပြန်လွှတ်လိုက်ခြင်းဖြစ်သည်။
မနေ့ညတစ်ညလုံးစတိုခန်းထဲတွင်
ပိတ်မိနေသောကျောင်းသားကို
ဘယ်ကျောင်းကနောက်နေ့အထိ
ကျောင်းဆက်တတ်ခိုင်းနေဦးမည်နည်း။

သူအိမ်သို့ရောက်သော် မနေ့ကမနက်ကနေ
ယခုအချိန်ထိ ဝတ်ဆင်ထားသော
ကျောင်းဝတ်စုံကိုချွတ်လိုက်သည်။
အအေးသိပ်မကဲတော့သော်ငြား
ရာသီဥတုက ချမ်းအေးနေသောကြောင့်
သူbathtub ထဲတွင်ရေနွေးနွေးနှင့် ရေစိမ်ရန်
ဆုံးဖြတ်လိုက်သည်။

ရေပူတချို့ကို Bathtubထဲဖွင့်ချပြီး
ခန္တာကိုယ်ပေါ်ရှိကိုချွတ်ပြီးနောက်
တောင့်တင်းပြည့်ဝသော
အထက်တနိးကျောင်းသား တစ်ဦး၏
ခန္တာကိုယ်သည် ဖွင့်လစ်ပြသလာသည်။

ထိုနောက် ရေပူတွေထဲဝင်စိမ်ရင်း
Jungkookတစ်ယောက်
အတွေးတော်ပုံခန်းစဖွင့်တော့သည်။
သူ့အတွေးတော်ပုံ၏ ဇာက်လိုက်ကား
Jiminဆိုသော ကောင်ကလေးပင်ဖြစ်သည်။

ထိုကောင်ကလေးသည်
အဘယ့်ကြောင့် ထိုကဲ့သို့
အနိုင်ကျင့်တိုင်းခံနေရသည်
သူမတွေးတတ်တော့။
ကိုယ့်အသက်အန္တာရယ်ထိပါ
ခြိမ်းခြောက်လာနိုင်သော
Bullyမူ့များအပေါ်
Jiminကမည်ကဲ့သို့ ခန္နီနှင့်ရှေ့ဆက်နေပါသနည်းဟု
သူမေးခွန်းထုတ်ရသည်။

ထိုကောင်လေးသည်
အလွန်ကြင်နာတတ်သည်။
ထို့ပြင် စိတ်သဘောထားလဲအလွန်ကောင်းသည်ကို
Jungkook၏ဖေဖေလို သူတစ်ခါမှမြင်ဖူးသောလူစိမ်းကို မာဖလာပေးလိုက်ကထဲကသူရိပ်မိသည်။
ဒီကြားထဲကျောင်းတွင်လဲ ထိုကောင်လေးပုံစံက
ခပ်မှိန်မှိန်သာရှိသောကြောင့်
ထိုကောင်လေး၏ အမူအကျင့်နှင့်
စိတ်နေစိတ်ထားဘာကိုမှ
ရေရေရာရာမပြောနိုင်။
သူထိုကောင်လေးနှင့် ရင်းနှီးချင်သည်။
ထိုကောင်လေး၏စိတ်ကိုသူသိချင်သည်။
သူဒီနေ့ကစပြီး ထိုကောင်လေးနှင့်
ရင်းနှီးအောင်ကြိုးစားဖို့ဆုံးဖြတ်ထားသည်။

ယခင်က သူသည်ထိုကောင်လေးအပေါ်
အလွန်စိတ်ဝင်စားသည် သို့သော်ငြား
ကံကြမ္မာက မစုံစည်းခဲ့သော်
သူသည်လဲ သူ့ဘာသာ
ဖာသိဖာသာနေရန်ဆုံးဖြတ်ထားခဲ့သည်။
အကယ်၍ ကံကြမ္မာက မျက်နှာသာပေး၍
ထိုကောင်လေးနှင့် သိကျွမ်းနိုင်မည့်အခွင့်ရေးပေါ်ပါက
ထိုကောင်လေးနှင့် သူခင်ချင်သည်။
ထိုကောင်လေး၏ အကြောင်းရာတိုင်းကိုသိချင်သည်။
သူသည် တစ်ပါးသူ၏ ကိစ္စထဲတွင်
တော်ရုံဝင်ပါတတ်သူမဟုတ်ငြား ယခုတွင်
ထိုကောင်လေးကိုတတ်နိုင်သမျှ
ယခုအခြေနေမှဆွဲထုတ်ပေးချင်သည်။
သူတွေးထားသလို မည်သည့်အရာကိုမှ
သူမလုပ်နိုင်လျှင်တောင်
အနည်းဆုံးတော့
ကူညီရာလက်တစ်စုံတော့ဖြစ်ချင်သေးသည်။

Magic In The MoonlightWhere stories live. Discover now