Chapter (14)

7K 849 48
                                    

ရာသီဥတုက ဆောင်းကုန်လာ၍လားမသိ
အချမ်းသိပ်မပိုတော့ပဲ နေရောင်နွေးနွေးကလေးက
လူတိုင်းရဲ့နှလုံးသားကိုထွေးပွေ့ထားသည်။
ကောင်းမွန်နွေးထွေးသော ရာသီဥတု၌
လူတိုင်းဟာ စိတ်ပျော်ရွှင်နေကြသည်။

လူမရှိတော့သော စာသင်ခန်း၏
ပြတင်းပေါက်ဝလေးတွင်
လူနှစ်ဦးသည် တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ ရီမော ပျော်ပါးရင်း
ထိုင်နေကြသည်။

ထိုလူနှစ်ဦးမှာ Jungkookနှင့် Jiminပင်ဖြစ်သည်။

Jungkookက ဒီရက်ပိုင်းအတွင်း
သူပြောထားသည့်အတိုင်း
Music classမရှိသည့်
ညနေကျောင်းဆင်းချိန်များတွင်
Jiminကိုပွဲတော်နေ့မရောက်ခင်အထိ
သီချင်းဆိုရာတွင် ကူညီပေးနေခြင်းဖြစ်သည်။
သီချင်း၏ သံစဉ် အသွားအလာကို
ယခင်နေ့တွေတုန်း ကJimin အိမ်မှာနားထောင်ခဲ့ပြီးပြီ။
အရင်ကလောက် အခြေနေမဆိုးတော့သော်ငြား
အဆိုကောင်းသော Jungkook၏အကူညီကြောင့်
သူတဖြည်းဖြည်းတိုးတတ်လာသည်။

သူယခုတလော စိတ်ပျော်ရွှင်ရသည်။
အဘယ့်ကြောင့်ဆိုသော်
သူသဘောကျသောသူ့idolကြီးက
သူ့ကိုအမြဲဂရုစိုက်၍ attentionပေးနေသည်။
ထိုသူက သူ့ကိုနေ့လည်စာ အတူစားရန်လဲ
အမြဲလာခေါ်တတ်ပြီး။
စာသင်နေချိန်မှာတွင်လဲ အမြဲရင်းရင်းနှီးနှီးနေကာ
ဟာသတွေပြောနေတတ်သည်။
သူJungkookနှင့် ပေါင်းမိမှသိရတာက
Jungkookက မသိသေးခင်ကတော့
တည်ငြိမ်၍ ရှိန်စရာကောင်းသော်ငြား
တကယ်တမ်း ရင်းနှီးသွားလျှင်တော့
မထင်ထားလောက်အောင်ထိ
လူကို comfortableဖြစ်စေသော
ငပေါလေးပင်ဖြစ်သည်။

"Jiminကိုယ်ပြောနေတာ ကြားလားလို့"

"ဟင်...ဘာကြီး?"

Jiminသူ့အတွေးနှင့် သူမို့
Jungoookပြောတာကိုသူသေချာမကြားလိုက်မိ။
မျက်မှန်ကို အသာယာ မတင်ပြီး
သူ့ရှေ့က လူကိုကြည့်လိုက်တော့
မျက်မှောင်ကြီးကိုကျုံ့၍ လူကိုကြည့်နေသော
Jungkookက သူဆော့နေကျGameအကြောင်း
Jiminကို ရှင်းပြနေခြင်းဖြစ်သည်။

"Jiminကော ဆော့မလားလို့"

"အဲ့Gameလား"

"အင်း ဟုတ်တယ်"

Magic In The MoonlightWhere stories live. Discover now