/နေ့လည်က ကောင်လေးက ဘယ်သူလဲ?/
ဖုန်း Notification barမှာတတ်လာတဲ့ msgကြောင့်
အိပ်ရာထဲမှာ Jimin စာဖတ်နေရင်းမှ စာအုပ်ကိုချလိုက်ပြီး
ဖုန်းကိုတစ်ချက်လှမ်းရိုးလိုက်တယ်။ပေးပို့သူ- *နှလုံးသားလေးကုကု*
ဘုရား တရား ကြွ!
ငါဒီnicknameကြီးကိုမပြောင်းရသေးဘူးလား?
ကြိုက်နေတုန်းကရူးပြီးပြောင်းထားတဲ့ Nnကြီး!
သူချက်ချင်းပဲ conversationထဲဝင်ပြီး
nicknameကို clearလုပ်ပစ်လိုက်တယ်။သူseenပြပြီး nicknameကိုclearလုပ်လိုက်တာ
Jungkookမြင်သွားတော့ သူ့ဆီကိုချက်ချင်းပဲ
ဖုန်းဝင်လာတယ်။ဘယ်သူ့ဆီကလဲ...?
Jungkookဆီကပဲ..။
မကိုင်ဘူး လုံးဝ မကိုင်ဘူး!
မကိုင်နိုင်ဖူးးး
ရူးနေလို့ ကိုင်ရမှာလားလို့တွေးပြီး လက်ကအဆော့သန်တော့ ဖုန်းကိုခါချလိုက်တာ
လက်ခံတဲ့ ခလုပ်ကလေးကို မတော်တဆနှိပ်မိသွားလေရှာတယ်။"ဟယ်လို Jimin"
တစ်ဖက်ကအသံထွက်လာတော့ Jiminလေးတော်တော်
နောင်တရနေပြီ.။ကိုယ့်ကိုယ်ကိုယ်ပဲ ကျိန်ဆဲလိုက်တယ်။
ချီးမို့လို့ လက်ကခါရတာလား သောက်ပေါJimin
စပ်စလူးစိန်Jimin!ကဲ မထူးဇာက်ခင်းကြတာပေါ့
ဖုန်းကိုပဲ လက်ခံဖို့ သူစိတ်သွင်းလိုက်ပြီး
နားနားမှာကပ်လိုက်တယ်။"အင်း.."
"နေ့လည်ကကောင်လေးကဘယ်သူလဲ Jimin !"
စလာကထဲက စလာကထဲက အမလေး
အဲ့ဘက်ကနေ ဓားနဲ့လှမ်းခုတ်တော့မယ့်လေသံနဲ့!သူဟွန့်ခနဲ တစ်ချက် အသံပြုကာ
စိတ်မပါလက်မပါ လေသံတမင်လုပ်ပြီးဖြေလိုက်တယ်။"ဘယ်လိုလုပ်သိမလဲ"
အေး ဘယ်လိုလုပ်သိမှာတုန်း
ဘယ်သူ့ကိုပြောမှန်းလဲမသိ
သောက်ကျိုးနည်းတွေလာမေးနေတာပဲ!"Jimin.."
တစ်ဖက်လူကအဲ့တော့မှ လေသံကိုလျော့ပြီး
တည်ငြိမ်တဲ့အသံနဲ့ သူ့နာမည်ကိုခေါ်တယ်။ဒီကောင်ဘာတွေဖြစ်နေပြန်ပြီလဲ
ဝက်ရူးပြန်တာလား ပန်းသေတာလား
ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ကလဲ မမှန်ရှာဘူး။
ВИ ЧИТАЄТЕ
Magic In The Moonlight
Фанфікиရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... ရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... Jungkook X Jimin paring ...