Final Chapter (31)

9K 696 51
                                    


Unicode

"Yoonji Hobi ​မင်းတို့​တွေ Jiminကို​တွေ့လိုက်မိ​သေးလား"

"ဟင့်အင်း မ​တွေ့မိဘူး သူကမင်းနဲ့တူတူရှိ​နေတယ် ထင်တာ"

"မဟုတ်ဘူး သူက ငါနဲ့လဲ တူတူမရှိဘူး"

#Phone Vibrate#

"ဟယ်လို"

"ဘယ်သူ့ကိုမှစကားမ​ပြောပဲနဲ့ အဲ့​နေရာက​နေ ထွက်လာခဲ့"

တစ်ဖက်ဖုန်းက​နေ သူဘယ်တုန်းကမှ မကြားဖူးတဲ့အသံတစ်ခုထွက်လာတယ်။

"တစ်​ယောက်​ယောက်ကို တစ်ခုခု​ပြောလိုက်လို့က​တော့ မင်းရဲ့ချစ်လှပါချည်ရဲ့ဆိုတဲ့​ကောင်​လေး ​သေပြီသာမှတ်လိုက်​တော့"

သူ​ဘေးက Yoonjiနဲ့ Hopeကို တစ်ချက်ကြည့်ရုံပဲကြည့်လိုက်​တယ်။ ပြီး​တော့ လူသူရှင်း​နေတဲ့ ​နေရာတစ်ခုဆီကို ခပ်မြန်မြန်ပဲ ​သွားပြီး ဖုန်းကိုအသံကြိတ်​ပြောလိုက်တယ်။

"ခင်ဗျား ဘာကိုလိုချင်တာလဲ? သူတစ်ခုခုဖြစ်တာလဲ ခင်ဗျား လိုချင်တာလဲ ဘယ်​တော့မှ မရ​တော့ဘူးလို့ မှတ်လိုက်​တော့"

"ဟား ဟား ငါလိုချင်တာက မင်းပဲ"

"ခင်ဗျား ရူး​နေပြီပဲ"

"ထားပါ​တော့ ရူး​နေတယ်​ပေါ့.. မင်းတို့ Campအဝင်မှာ ကားတစ်စီးရပ်ထားတယ် အဲ့ကားနဲ့ ငါပို့တဲ့လိပ်စာအတိုင်း​တစ်​ယောက်ထဲ မောင်းလာခဲ့ မင်း​လူကို ပြန်လိုချင်​သေးရင်​ပေါ့"

Jungkook ဖုန်းကို ချပြီး​​​တော့ ချက်ချင်းပဲ Campအဝင်ဝဆီကို သွားလိုက်​တော့ တကယ်ပဲ ကားအမည်းတစ်စီးကရှိ​နေခဲ့တယ်။ သူခပ်မြန်မြန်ပဲတတ်လိုက်ပြီး​တော့ ကားရဲ့GPSမှာ ​ပေါ်လာတဲ့လိပ်စာအတိုင်း သူ​မောင်းသွားလိုက်တယ်။

ဒီဖြစ်စဥ်ကြီးတစ်ခုလုံးကို တခြားတစ်​ယောက်​တော့မသိ​ပေမဲ့ Yoongiက​တော့ အစအဆုံးမြင်လိုက်တယ်။ သူကဘယ်သူမို့လို့လဲ Jungkookရဲ့ Bodyguardပဲ​လေ။ သူချက်ချင်းပဲ သူ့လက်​အောက်ငယ်သား​တွေကို ဖုန်း​ခေါ်လိုက်တယ်။

"Alpha ငါအခုချက်ချင်း ကားတစ်စီးလိုတယ် ပြီး​တော့ Jungkook အခု​လေးတင်ပဲ Campက​နေထွက်သွားတယ် သူဘယ်သွားလဲဆိုတာ Track​ပေး ပြီးရင် ငါ့ဆီပြန်ပို့"

Magic In The MoonlightWhere stories live. Discover now