"ဘာတွေဖြစ်နေတာလဲ"
အခု သူနဲ့Jungkook ဒီစတိုခန်းထဲမှာ
နှစ်ယောက်ထဲ အပိတ်ခံလိုက်ရတာလား??"Jungkook?? မင်းက ဒီထဲမှာဘယ်လိုလုပ်ရောက်နေတာလဲ!!"
သူ့၏ နူတ်မှ ထို နာမည်နှစ်လုံးကိုပြောရာတွင်
နှလုံးသားလေးက အနည်းငယ်တုံလူပ်နေသည်ကို
သူကိုယ်တိုင်သတိထားမိသည်။
မျက်မှန်ဝိုင်းဝိုင်းအောက်က
Jimin၏မျက်ဝန်းကျဉ်းကျဉ်းများသည်
အတော်လေး ပြူးကျယ်နေသည်။
လောကကြီးတွင် ဤကဲ့သို့အဖြစ်များလဲရှိသေးသည်လား သူမခွဲခြားတတ်တော့။
သူ့ခေါင်းသည် လေဟာနယ်ထဲရောက်သွားသလိုမျိုး အရာအားလုံးဟာ ဗလာကျင်း သွားသလိုမျိုး
သူခံစားနေရသည်။
ပထမဆုံး အနေဖြင့် သူ့ကို တစ်ယောက်ယောက်က
ဘယ်သူမှမရှိတော့သော ကျောင်းထဲ၌ စတိုခန်း
မှောင်မှောင်မဲမဲတွင် အပြင်မှ သော့ခတ်သွားသည်။
ဒုတိယ အနေဖြင့် ဤအခန်းထဲ၌ သူတစ်ယောက်ထဲမဟုတ် တခြားတစ်ယောက်လဲရှိနေသည်။
ထိုတခြားတစ်ယောက်မှာလဲ
"ကြီးမြတ်လှသော Jeon Jungkook" ဖြစ်နေသည်။"ကျွန်တော့် နာမည်ရင်ထိုး နေ့လည်က
ဒီမှာပြုတ်ကျကျန်ခဲ့လို့
လာပြန်ရှာတာ အခုပြန်တွေ့ပြီ အပြင်ပြန်ထွက်မလို့!
Jimin shiက ဘာလို့ တံခါးဝမှာ ရပ်နေတာလဲ?"Jungkook၏ မျက်လုံးဝိုင်းဝိုင်းများက Jimin၏
အနောက်ရပ်ဝန်းတည့်တည့်ရှိ
စေ့စေ့ပိတ်ထားသော တံခါးကိုကြည့်ရင်း မေးလာသည်။
ထို့နောက် အထိုလူသားသည်
မျက်ခုံးထူထူတို့ကို တစ်ချက်
မျက်မှောင်ကျုံ့ရင်း Jiminကိုကျော်ကာ တံခါးဆီသို့
ခြေလှမ်းခပ်ကျဲကျဲတစ်ချက်လှမ်းကာ
သွားရောက်လေသည်။ထို့နောက် တံခါးကို သူ၏ တုတ်ခိုင်လှသော
ခွန်အားဗလဖြင့် တိုးဖွင့်ကြည့်သည်။
တံခါးသည် ပွင့်မလာချေ။
ခန္တာကိုယ်ဖြင့် တိုးဖွင့်ကြည့်သည်။ ဖွင့်မရ။
Jungkookသည် ဒေါသလေး စွန်းစွန်းထွက်လာသည်။
Jungkookတံခါးကို အားနှင့် အပြင်ကိုတွန်းဖွင့်ကြည့်ရင်း
အပြင်ကတစ်ယောက်ယောက်က သော့ခတ်သွားသည်ကို
ရိပ်မိသလိုလိုရှိလာသည်။"တံခါးက ဘယ်လိုဖြစ်ပြီးဖွင့်မရတာလဲ တစ်ယောက်ယောက်မှားပြီး သော့ခတ်သွားတာလား?"
YOU ARE READING
Magic In The Moonlight
Fanfictionရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... ရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... Jungkook X Jimin paring ...