တကယ်ပါပဲ!
လူတွေက သူ့ကိုမမှတ်မိတဲ့အပြင် တခြားတစ်ယောက် ကျောင်းလာတတ်နေတယ်လို့ထင်နေကြတာတဲ့။အတန်းထဲမှာထိုင်ပြီး စာသင်ရင်းနေ့လည်ခင်းlunch
breakရောက်တော့အတန်းထဲက
ခါတိုင်းဆိုသူ့ကိုစောက်ဖက်တောင်မလုပ်တဲ့
ကောင်လေးတစ်ယောက်ကလာမေးရှာတယ်။Jiminအစား ကျောင်းလာတတ်တာလား
ဘယ်သူလဲဟင်တဲ့။
ငါလေး အံဩ စွံအ!အံကြိတ်ပြီး မျက်လုံးပဲပြူးပြလိုက်တယ်။
စာလာသင်တဲ့ဆရာမကစ
သားလေး တစ်ခါမှမမြင်ဖူးဘူးနော်
အတန်းမှားတာလားလို့ ပြုံးပြုံးလေးမေးတော့
သူလဲ မခံစားနိုင်တော့ဘူး
မက်တပ်ရပ်ပြီး အသံပြဲကြီးနဲ့"ကျွန်တော့်နာမည် Park Jiminလို့ခေါ်ပါတယ်
ဒီအတန်းမှာတတ်နေတာ နှစ်တစ်ဝက်ရှိပါပြီ" လို့
တစ်တန်းလုံးကြားအောင်ထဖြေပေးလိုက်တယ်။
အေးတာပဲ။
သောက်ကျိုးနည်းလူမှားခံရတဲ့
ဒုက္ခတွေ အေးတာပဲပေါ့။ညနေခင်းကျောင်းဆင်းချိန်ရောက်တော့
သူခပ်သွက်သွက်ပဲ ပြန်ဆင်းဖို့ကြိုးစားလိုက်တယ်။
အခုမှပဲ သူ့မှာလဲ Jeon Jungkookရဲ့ ဒုက္ခတွေကို
ကိုယ်တိုင်ခံစားရတော့တယ်။
ရုပ်ချောရတဲ့ ဒုက္ခတွေလေ။ဒီနေ့အဲ့ သကောင့်သားက အခန်းထဲမှာ ခပ်တည်တည်နဲ့
သူ့ကို တစ်စက်ကလေးမှမကြည့်ဘူး။
သူတောင်မကြည့်မှတော့ ကိုယ်ကရော
ဘာကိစ္စအဖက်လုပ်ပြီးကြည့်ရမှာတဲ့တုန်း
သောက်ရူးကောင်။လွယ်အိပ်ကိုခပ်မြန်မြန်ကောက်လွယ်ပြီး
ဘေးနားက Hobiကိုနူတ်ဆက်ရင်း
အခန်းပြင်ကိုပဲခြေလှမ်းသွက်သွက်တွေနဲ့ ထွက်လာခဲ့တယ်။
ဟူး ခုမှတစ်ရက်လေးပဲရှိသေးတယ်။"ဒုန်း"
ထောင့်တစ်နေရာရောက်တော့
ခပ်မြန်မြန်လျှောက်လာတဲ့ သူဟာ
ထောင့်ဟိုဘက်ကနေထွက်လာတဲ့
ကောင်လေးတစ်ယောက်နဲ့ ဝင်တိုက်မိတယ်။နှဖူးက ခပ်မာမာ တစ်ခုနဲ့တိုက်မိတာကြောင့်
သူတော်တော်ကို အီစိမ့်သွားတယ်။
နံရံများလား..?ဒါမှမဟုတ် ဟိုဘက်ကျောင်းသားနဲ့
နှဖူးချင်းများဆောင့်မိတာလား
YOU ARE READING
Magic In The Moonlight
Fanfictionရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... ရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... Jungkook X Jimin paring ...