Chapter(10)

7.6K 979 54
                                    

(Double updateပါ ဟုတ်ပါတယ်
မယုံသင်္ကာဖြစ်နေစရာမလိုပါဘူး ရဲရဲသာဖတ်ချပါ)

ဟင်း...Jungkookကဘယ်လိုဖြစ်လို့
အခန်းထောင့်ကနေ ဒီဘက်ကပ်လာတာလဲ?
ဒါမှမဟုတ် ငါပဲစိတ်ထင်နေတာများလား?
ဒါပေမဲ့ သူအစကအဲ့နေရာမှာမဟုတ်ပါဘူး

တစ်ခုခုကတော့ အသေချာကိုထူးခြားနေသည်။
ဒီအတိုင်းနေရင်းထိုင်ရင်းရောက်သလိုမျိုး
ဟုဆိုရအောင်လဲသူတို့နှစ်ယောက်သည် တောင်နှင့်မြောက်။
Jungkookထိုင်နေသည်က အခန်းဟိုဘက်ထောင့်ခြမ်း
Jiminကအခန်းအလယ်ရှိစားပွဲခုံကြီးကြီးအောက်တွင်
ကတ်ထူစက္ကူများကိုအထပ်လိုက်ထပ်၍
ထိုင်နေခြင်းဖြစ်သည်။
အခုကဖြေးဖြေးချင်းဆီအမှောင်ထဲမှ
ရိပ်ရိပ်နှင့်တိုးလာခြင်းဖြစ်သည်။

ငလျှင်တွေဘာတွေလူပ်နေလို့Jungkookက
ဒီဘက်ကို တဖြည်းဖြည်းလျှောပြီး
ရောက်လာတာတော့မဟုတ်ဘူးမလား!

ထူးဆန်းနေသောအခြေနေကြောင့်
Jiminပေါက်ပေါက်ရှာရှာအတွေးတွေကိုပါ
တွေးနေမိသည်။မည်သို့ပင်ဆိုစေကာမူ
ထူးဆန်းနေသည်မဟုတ်ပါလော။
Jungkookကိုကြည့်ပြန်တော့လဲ
ရုပ်က ခံစားချက်ပျောက်နေသလို
ခေါင်းထဲဘာမှမရှိသလို မအူမလည်ရုပ်ကို
လရောင်အောက်တွင် ဝိုးတဝါးမြင်ရသည်။။

နေပါဦး! သူ့ရုပ်ကပိုထူးဆန်းနေတာမဟုတ်ဘူးလား??

ဤကဲ့သို့ ဘာဖြစ်နေမှန်းမသိသောအခြေနေကြီးကို
Jiminလုံးဝမကြိုက်
အဆုံးတွင် သူပွင့်ပွင်းလင်းမေးရန်ဆုံးဖြတ်လိုက်သည်။

"Jungkook shi မင်းအဆင်ပြေရဲ့လား??"

"ဟင် ကျွန်တော့်ကိုပြောတာလား??"

နဂိုဝိုင်းသော မျက်လုံးဝိုင်းဝိုင်းတို့ကို
ပို၍ပြူးကျယ်ရင်း သူ့ကိုယ်သူလက်ညိုးထိုးကာ
Jungkookက အမေးကိုအမေးနဲ့ပြန်ဖြေလေသည်။

နှစ်ယောက်ထဲရှိတဲ့ အခန်းထဲမှာ
မင်းကိုပြောတာမဟုတ်မှ ထူးဆန်းနေမှာလေကွာ!
ပြောရင်းတောင် ကျောချမ်းလာပြီ အူးဟူး!

"အင်းလေ အဆင်ပြေရဲ့လား...
Jungkook ကိုကြည့်ရတာ ဒီဘက်တိုးတိုးလာသလိုလိုပဲ"

"အာ..အဲ့လိုလား ဟားဟား ကျွန်တော်တောင်
သတိမထားမိဘူး"

ထိုသို့ပြောပြီးနောက် မအူမလည် emotionless
ရုပ်ဖြင့်ဟိုဘက်သို့တစ်ဖန်ပြန်လည့်သွားတော့သည်။

Magic In The MoonlightWhere stories live. Discover now