Chapter (5)

9.2K 1K 114
                                    

ဂျီမင်သည် ခေါင်းပေါ်သို့ လျှပ်စီးနဲ့မိုးကြိုးများ
အတောင့်လိုက် ပစ်ချခံနေရသလို ချက်ချင်းပင်ခံစားလိုက်ရသည်။
မျက်လုံးများပါပြာ၍ မွှေးညင်းများပါ ထောင်တတ်လာသည်အထိ။

ဘုရားရေ!!!!! ငါအခု ဘာလုပ်မိလိုက်တာလဲ??

အရှေ့မှ ဗလတောင့်တောင့်
ဗိုက်ကလေး ပဲပင်ပေါက်ကြောင်ချေးသုတ် ဆံပင်ကေနဲ့ကျောင်းသားက သူ့ကို အမဲဖျက်တော့မည့် မျက်လုံး
စူးစူးများနှင့် ကြည့်နေသည်မှာ ခန္တာကိုယ် တစ်ခုလုံးလောင်ကျွမ်းသွားတော့မည့်နှယ်.....

အင်းပေါ့ အဲ့လိုကြောက်စရာအကြည့်ကြီးနဲ့ကြည့်နေမှာပေါ့ ငါကသူ့နေ့လည်စာအပေါ် သောက်ကျိုးနည်း လက်တစ်ခုလုံးနဲ့ထောက်ထားမိနေတာကြီးကို!!!!!

ဘေးရှိ ကျောင်းသားများကလဲ လုပ်လက်စအလုပ်များကို တခနရပ်ကာ သူတို့အပေါ် attentionတစ်ပိုင်းတစ်စပေးနေကြသည်။

အမှန်တော့ အဲ့လို လူအများစုက ဝိုင်းကြည့်နေရင်
ပက်ဂျီမင်တအားရှက်သည်။
ပြီးတော့ ဟိုတစ်ယောက် ပန်းကန်ထဲ
လက်ကြီးကလဲရောက်နေသည်ကို။
အရှက်ရစရာကိစ္စကြောင့်
လူဝိုင်းကြည့်ခံရတာက ပိုဆိုးသည်။
အရှေ့ရှိကျောင်းသား၏ ပန်းကန်ထဲမှ
လက်ကိုထုတ်လိုက်ရင်း....

ငါတောင်းပန်ပါတယ်......

ဒါအမှန်တော့ စိတ်ထဲကပြောလိုက်ချင်း တကယ်တမ်း ပါးစပ်ကနေထွက်မလာခဲ့....
လက်တွေ့မှာပါးစပ်လေး ဟပြီး တကယ်ပြောတော့မယ့်ဆဲဆဲမှာ

"မင်းအခုဘာလုပ်လိုက်တာလဲ???".......နှုတ်ခမ်းတစ်ဖက်မဲ့ရွဲ့ပြီးပြောလာတဲ့ အဲ့ဗိုက်ကလေး ကြောင်ချီးသုတ်ကေနဲ့ကောင်.။

"ငါတမင်လုပ်တာမဟုတ်ပါဘူး....." အသံတွေက တုန်တုန်ယင်ယင်နဲ့ ကယောင်ခြောက်ခြားတွေ
ပါခ့်ဂျီမင်း ပါးစပ်ကနေ ထွက်လာပါပြီ။

ဒါနဲ့ ဒီကျောင်းသားက တကယ်တော့ မနှစ်က ရန်ဖြစ်လို့ ကျောင်း ၆လနားခံရတဲ့ ကျောင်းသား မဟုတ်လား?

မော့ကြည့်နေရတဲ့ပက်ဂျီမင် မျက်နှာရှေ့ကို ငုံပြီးလက်ညိုးတည့်တည့်ထိုးထိုးပြီး ထိုကျောင်းသားကပြောလာသည်။

Magic In The MoonlightWhere stories live. Discover now