Chapter (11)

7.4K 870 13
                                    

နေရောင်ခြည် ဖွဲဖွဲလေးက
ဆောင်းကုန်ရာသီ၏
ညနေခင်းတရီတရာ် အလှလေးကို
လှပစွာပံပိုးထားလေ၏

နွေဦးရောက်လျှင် မြက်ခင်းနုနုကလေးများ
ပေါက်ရမည့် တောင်ကုန်း၏
မြေကွက်ကလေးများတွင် ယခုတော့
မြေသားခြောက်ခြောက်သွေသွေ့တို့ကသာ
ဦးစွာနေရာယူထားလေ၏။

ထိုတောင်ကုန်းကလေးပေါ်တွင်
လူတစ်ယောက်ရပ်နေသည်။
ထိုသူသည် သူ၏ အရှေ့မှ
အုတ်ဂူဟုထင်ရသော မြေအပုံကလေးနှင့်
စတုရန်း ကျောက်တိုင်လေးကို
တည်ငြိမ်သောမျက်လုံးများဖြင့်
မူန်မူန်တွေတွေကလေး စိုက်ကြည့်နေလေ၏။

"ဦးလေး ထွက်သွားတာ နှစ်အတော်တောင်ကြာပြီနော်
ကျွန်တော့်ကို ဘာအသိမှမပေးပဲထားသွားပြီး
ကောင်းကင်ဘုံမှာရော ပျော်နေရဲ့လား?"

Yoongiနူတ်မှ ထိုစကားတို့ကို
စကား ပြန်မပြောနိုင်သော
မြေပုံကလေး၌ကြည့်ပြီး
ပြောနေလေသည်။
ထိုနောက် သူ့လက်ထဲမှ ကိုင်ထားသော
ပန်းဖြူဖြူဖွေးဖွေးတို့ကို မြေပုံကလေး၏ဘေး
အသာယာချလိုက်သည်။

ထို့နောက် သူ့ထံသို့ ဖုန်းတစ်ကော ဝင်လာသည်။

"ကလင် ကလင်!! ကလင် ကလင်!!"

ဖုန်း၏ဖန်သားပြင်ကို
သူအသာယာကြည့်လိုက်တော့
သူJungkook နားတွင်
စောင့်ရှောက်ရန်ထားခဲ့သော
Bodyguardများမှဝင်လာသော
ဖုန်းဖြစ်သည်။

အရေးကြီးကိစ္စမဟုတ်ရင် ဖုန်းမခေါ်ဖို့
သေချာ ပြောထားခဲ့တာ...
အခုဖုန်းခေါ်တယ်ဆိုတော့ ဘာလို့များပါလိမ့်!

"Hello Alpha ဘာဖြစ်လို့လဲ?"

"Jungkookကို ကျွန်တော်တို့
အိမ်အပြန်လိုက်ပို့ဖို့
တချိန်လုံးအပြင်မှာစောင့်နေခဲ့ပေမဲ့
သူထွက်လာတာ မတွေ့ဘူး
Suga hyung"

"ဘာ?? လာနောက်နေတာလား??"

Yoongiအလွန်တရာ ဒေါသထွက်သွားသည်။

ဒီနေ့က သူ၏ဆရာ ဆုံးသည့် နှစ်ပတ်လည်၊
သူနှစ်တိုင်း ဒီအချိန်တိုင်း
သူ့ဘဝ၏အရေးကြီးသောသူ ဖြစ်သည့်
သူ့၏ ငယ်ဘဝ သူ့မိဘများဆုံးသွားသည့်အချိန်က
သူလူမမည်သေးသောအချိန်တွင်
သူ့အား ကောက်ယူမွေးစားကာ၊
ကျွေးမွေးခဲ့သော၊ပညာရပ်များသင်ပေးခဲ့သော
Careerလမ်းကြောင်းပေါ်တင်ပေးခဲ့သော
သူ၏ အသက်သခင်ကျေးဇူးရှင်
သူ့ဆရာဦးလေး၏ အုတ်ဂူမြေပုံသို့
အမြဲလာရောက်ကာ ပန်းစည်းများ
ဖယောငိးတိုင်များ ယူလာကာ
ဝတ်ပြုတတ်သည်။

Magic In The MoonlightWhere stories live. Discover now