Chapter (7)

7.9K 922 113
                                    

"Yoonji~~shiဒီနေ့ နေ့လည်စာ ဘာစားမလဲဟင်?"

ဘေးနားကနေ မျက်လုံးလေးတွေကို လခြမ်းပုံလေးဖြစ်သွားသည်အထိ
လေးထောင့်အပြုံးလေးနှင့် ရယ်ပြုံးကာ
လူမရှိသေးသော ဘေးခုံတွင်ဝင်ထိုင်ပြီး
လက်ပေါ်မေးထောက်၍ Kim Taehyungကမေးလာသည်။

မနက်ခင်း ကျောင်းတတ်စ အချိန်ဖြစ်သည်။
Yoonjiအတန်းထဲကို ဝင်ပြီး လွယ်အိပ်ချချချင်းတွင် အနောက်မှ အရှေ့တန်းကို သက်သက်ကြီးရောက်လာ၍ Kim Taehyungက အထူးတလည်မေးခြင်းဖြစ်သည်။

Kim Taehyungဆိုသည့် တစ်ယောက်
ဤကဲ့သို့ထူးဆန်းစွာ ရစ်သီ ရစ်သီ လုပ်နေသည်မှာ
သူတို့ ဒီအတန်းကို စရောက်လာကထဲကပင်ဖြစ်သည်။

သူ့ဘာသာ နေ့လည်စာကို ဘာစားစား အဲ့တစ်ယောက်အရေးလဲမဟုတ်

သူ Taehyungကို မည်သည့် ခွန်းတုံ့မှ မပြန်ပဲ မျက်လုံးများဖြင့် ခပ်ပျင်းပျင်း တစ်ချက်ကြည့်ကာ
လွယ်အိပ်ထဲမှ စာအုပ်အချို့ကိုထုတ်လိုက်သည်။

"Yoonji ဘာစားမလဲဟင်...?ကျွန်တော် ဝယ်ကျွေးမယ်လေ တူတူစားကြမလား?.. နော် နော်"

"အင်း" 

Yoonji အသာတကြည်သာ သဘောတူလိုက်သည်။
အဘယ့်ကြောင့် ဆိုသော် ဤKim Taehyungဆိုသော
ကလေးသည် သူသဘောမတူမချင်း ဘေးနားကနေ နားပူနားဆာ လာလုပ်နေဦးမည်ဖြစ်သည်။

အထက်တန်းကျောင်းစာတွေပြန်လုပ်နေရုံမပြီးဘူး
ဒီဒုက္ခတွေပါ ခံနေရဦးမှာလားကွာ! ချီးထဲမှပဲ

Yoonjiစိတ်ထဲမှသာ ခပ်နာနာကြိမ်ဆဲလိုက်သည်။
ယခုတွင် သူ့စိတ်၌ အလွန်တရာ စိတ်ပျက် စိတ်ညစ် စိတ်ကုန် ကာလာရောင်စုံများဖြစ်နေသည်။
ဒီMissionကိုပေးလိုက်သည့် ခေါင်းဆောင်ကိုသာ
မေတ္တာ ခပ်နာနာအကြိမ်ကြိမ်ထိုင်ပို့နေရသည်။

ဟုတ်ပါသည်။ Yoonjiသည် ဆယ်ကျော်သက်
သာမန် အထက်တန်း ကျောင်းသူတစ်ယောက် မဟုတ်ချေ။
မဟုတ်သည့်အချက်များတွင် မိန်းခလေးမဟုတ်သော အချက်ကထိပ်ဆုံးကဖြစ်မည်။ သူသည်
Sugaအမည်ရ ကျန်းမာသန်စွမ်းသော
အသက် 25နှစ်အရွယ် Adultတစ်ယောက်, ထို့အပြင်
KBI မှ အထူးသူလျို တစ်ယောက်ဖြစ်သည်။

Magic In The MoonlightWhere stories live. Discover now