Chapter(30)

6.7K 670 83
                                    

Unicode

မျက်လုံး​တွေကိုJiminအသာယာဖွင့်ကြည့်လိုက်​တော့  အဖြူ​ရောင်မျက်နှာကြက်တစ်ခုရယ် ​တန်းလန်းကျ​နေတဲ့ ရွှေ​ရောင် မီးဆိုင်​လေးတစ်ခုရယ်ကို​ ​တွေ့လိုက်ရတယ်။ ပြတင်း​ပေါက်က​နေ ဝင်လာတဲ့ အလင်း​ရောင်နုနုကြောင့် ဒါဟာ မနက်ခင်း​မှောင်ရီးပျိုးစချိန်မှန်း ဦး​နှောက်ကအလိုလို အသိမှတ်ပြုတယ်။

လှဲအိပ်​နေတဲ့ ခန္ဓါကိုယ်ကို ထထိုင်ဖို့ကြံရွယ်လိုက်​တော့ ခါးမှာတင်းတင်းဖတ်တွယ်ထားတဲ့ လက်တစ်စုံ​ကြောင့် ​ဘေးနားမှာ အင်္ကျီဗလာနဲ့ Jungkookကအိပ်​နေတယ်ဆိုတာကို သိလိုက်ရတယ်။ ညကအ​ကြောင်းပြန်​တွေးလိုက်မိ​တော့ ​သောက်ရမ်းမျက်နှာပူလာတာပဲ။ သူနဲ့ Jungkookကဘာ​တွေကို လုပ်ခဲ့တာတဲ့လဲ အိုးမိုင်​​ဂေါ့!

သူလူပ်လူပ်ရွရွဖြစ်လာ​တော့ Jungkookက နိုးလာတယ်ထင်ပါတယ်။

"Mochi နိုး​နေပြီလား အ​စောကြီးပဲရှိ​သေးတယ်"

"အွန်း

"ပြန် အိပ်ပါဦး"

စကား​​တွေကို အိပ်ချင်မူးတူးဝူးတူး ဝါးတား​တွေ​ပြောပြီး​တော့ Jungkookက​တော့ ပြန်အိပ်သွားတယ်။ သူလဲပြန်ပဲအိပ်လိုက်ရ​တော့မလိုလို ထပြီးထွက်​ပြေးရ​တော့မလိုလိုနဲ့ ​လမ်း​တွေပါ​ပျောက်ကုန်​တာ။ မထူး​တော့ပါဘူးဆိုပြီး ပြန်အိပ်ဖို့ပဲ လုပ်လိုက်​ပေမဲ့လဲ အိပ်မ​ပျော်ပါဘူး ရှက်ပြီး​တော့ ​စောင်ပုံကြီးထဲ မျက်နှာတိုးဝင်ပြီး ၁ ၂ ၃​ ၄ ပဲထိုင်​ရေ​နေရတယ်။မဟုတ်ရင်...
မဟုတ်က ဟုတ်ကအ​တွေး​တွေက ​ခေါင်းထဲဝင်​နေဦးမှာ။

​နေ​ရောင်က လိုက်ကာစ​တွေကို​ဖောက်ပြီး အခန်းထဲဝင်လာတဲ့အချိန်ဟာ သူ​နောက်တစ်​ခေါက် ပြန်နိုးတဲ့အချိန်ပဲ။ ​နေ​ရောင်ဟာ သိပ်ကိုစူးလွန်း​နေ​တော့
မျက်လုံး​တွေကို မပွင့်တပွင့်ဖွင့်ကြည့်လိုက်ရတယ်။ ​ဝေတဝါး အမြင်အာရုံမှာ တစ်စုံတစ်​ယောက်ရဲ့ မျက်နှာ ပုံရိပ်ဟာ သူ့မျက်လုံးထဲမှာ နူးနူးညံညံ​လေး ​နေရာယူလာ​တော့တယ်။

"အသည်း​လေး..က​လေး​လေး..ထ​​တော့​ကွာ ​မနက်စာစားကြမယ်"

သိပ်ကို ချိုမြ​နေတဲ့အသံက​လေးပါပဲ။ တည်တည်ငြိမ်ငြိမ်က​လေးနဲ့ ချိုချိုသာသာ​လေး နားထဲကိုစီးဆင်းလာတယ်။

Magic In The MoonlightUnde poveștirile trăiesc. Descoperă acum